iMyanmarHouse.com - Best Property Website for Myanmar
×

ေတာင္ကိုရီးယားမင္းသမီး လီဆီေယာင္းနဲ႔ သူမရဲ႕အမ်ဳိးသား စီးပြားေရးလုပ္ငန္းရွင္ ဂ်ဳိေဆာင္ဟြန္းတို႔ဟာ သားဦးရတနာေလး ရရွိသြားၿပီျဖစ္ပါတယ္။

ဇန္နဝါရီလ ၇ ရက္ေန႔ မြန္းလြဲပိုင္းက ဆိုးလ္ၿမိဳ႕ရွိ ေဆး႐ံုတစ္႐ံုမွာ က်န္းမာသန္စြမ္းတဲ့ သားေလးကို လီဆီေယာင္းက ေမြးဖြားလိုက္ၿပီျဖစ္ေၾကာင္း သူမရဲ႕ေအဂ်င္စီက ဇန္နဝါရီလ ၈ ရက္ေန႔မွာ ေၾကညာလိုက္တာ ျဖစ္ပါတယ္။

"လီဆီေယာင္းနဲ႔ သူမရဲ႕မိသားစုက အရမ္းကို ေပ်ာ္ရႊင္ေနၾကပါတယ္" လို႔ ေအဂ်င္စိက ေျပာၾကားရင္း လီဆီေယာင္းအတြက္ ေႏြးေထြးတဲ့ ေမတၱာနဲ႔ ဂုဏ္ယူစကားေျပာၾကားဖို႔ ေတာင္းဆုိလိုက္ပါတယ္။

လီဆီေယာင္းကေတာ့ သူမရဲ႕သားေလးကို ျပဳစုဂ႐ုစိုက္ဖုိ႔ အဓိကထားၿပီး အႏုပညာအလုပ္ေတြကို ေခတၱနားထားဦးမွာ ျဖစ္ပါတယ္။

အသက္ ၃၅ ႏွစ္အရြယ္ လီဆီေယာင္းဟာ ၿပီးခဲ့တဲ့ ေဆာင္းဦးပိုင္းကစလို႔ နာမည္ႀကီးမဟုတ္တဲ့ စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္နဲ႔ လူသိရွင္ၾကား တြဲခဲ့ပါတယ္။ မၾကာေသးခင္က ၿပီးဆံုးခဲ့တဲ့ သူမရဲ႕ဇာတ္လမ္းတြဲ Lookout ကို ႐ိုက္ကူးစဥ္မွာပဲ သူမမွာ ကိုယ္ဝန္ရွိေနၿပီလို႔ ေတြ႕ရွိခဲ့ရတာ ျဖစ္ပါတယ္။ ဒါေပမဲ့ သူမပါဝင္ရမယ့္ အက္ရွင္ခန္းေတြကိုေတာ့ ၿပီးဆံုးေအာင္ ႐ိုက္ကူးခဲ့ပါတယ္။

သူမရဲ႕မဂၤလာပြဲကိုေတာ့ စက္တင္ဘာလ ၃၀ ရက္ေန႔မွာ ျပဳလုပ္ခဲ့ပါတယ္။

Source : soompi
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
တောင်ကိုရီးယားမင်းသမီး လီဆီယောင်းနဲ့ သူမရဲ့အမျိုးသား စီးပွားရေးလုပ်ငန်းရှင် ဂျိုဆောင်ဟွန်းတို့ဟာ သားဦးရတနာလေး ရရှိသွားပြီဖြစ်ပါတယ်။

ဇန်နဝါရီလ ၇ ရက်နေ့ မွန်းလွဲပိုင်းက ဆိုးလ်မြို့ရှိ ဆေးရုံတစ်ရုံမှာ ကျန်းမာသန်စွမ်းတဲ့ သားလေးကို လီဆီယောင်းက မွေးဖွားလိုက်ပြီဖြစ်ကြောင်း သူမရဲ့အေဂျင်စီက ဇန်နဝါရီလ ၈ ရက်နေ့မှာ ကြေညာလိုက်တာ ဖြစ်ပါတယ်။

"လီဆီယောင်းနဲ့ သူမရဲ့မိသားစုက အရမ်းကို ပျော်ရွှင်နေကြပါတယ်" လို့ အေဂျင်စိက ပြောကြားရင်း လီဆီယောင်းအတွက် နွေးထွေးတဲ့ မေတ္တာနဲ့ ဂုဏ်ယူစကားပြောကြားဖို့ တောင်းဆိုလိုက်ပါတယ်။

လီဆီယောင်းကတော့ သူမရဲ့သားလေးကို ပြုစုဂရုစိုက်ဖို့ အဓိကထားပြီး အနုပညာအလုပ်တွေကို ခေတ္တနားထားဦးမှာ ဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ် လီဆီယောင်းဟာ ပြီးခဲ့တဲ့ ဆောင်းဦးပိုင်းကစလို့ နာမည်ကြီးမဟုတ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်နဲ့ လူသိရှင်ကြား တွဲခဲ့ပါတယ်။ မကြာသေးခင်က ပြီးဆုံးခဲ့တဲ့ သူမရဲ့ဇာတ်လမ်းတွဲ Lookout ကို ရိုက်ကူးစဉ်မှာပဲ သူမမှာ ကိုယ်ဝန်ရှိနေပြီလို့ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူမပါဝင်ရမယ့် အက်ရှင်ခန်းတွေကိုတော့ ပြီးဆုံးအောင် ရိုက်ကူးခဲ့ပါတယ်။

သူမရဲ့မင်္ဂလာပွဲကိုတော့ စက်တင်ဘာလ ၃၀ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

Source : soompi

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top