iMyanmarHouse.com - Best Property Website for Myanmar
×

ဇာတ္ပြဲၾကည့္ေနသည့္ (၁၉)ႏွစ္အရြယ္ သမီးကုိ ဖခင္ ျဖစ္သူက ေခၚထုတ္ၿပီး အဓမၼျပဳ က်င့္သျဖင့္ ဇန္နဝါရီ ၃ ရက္က အမႈဖြင့္အေရးယူခဲ့ေၾကာင္း ျပည္ ထဲေရး ဝန္ႀကီးဌာနက သတင္း ထုတ္ျပန္သည္။

ဇန္နဝါရီ ၁ ရက္ နံနက္ ၃ နာရီခန္႔က ေလာင္းလံုးၿမိဳ႕နယ္ စမ္းလွန္းေက်းရြာတြင္ ျပဳလုပ္ သည့္ဇာတ္ပြဲ၌  ပြဲၾကည့္ေနစဥ္ ဖခင္က အရက္ဝယ္ရန္ လာေခၚသျဖင့္ လိုက္သြားရာမွ ေစ်းဆိုင္ေဘး ခ်ဳံပုတ္တြင္ က်ဴးလြန္ခဲ့ေၾကာင္း ေလာင္းလံုးၿမိဳ႕မ ရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

‘‘ပထမေတာ့ တရားခံက ျငင္းေသးတယ္။ ေနာက္ဆံုးက်မွ အရက္အမူးလြန္ၿပီး ျဖစ္သြား တယ္ဆိုၿပီး ဝန္ခံတာ။ ပြဲခင္းထဲမွာ ပြဲၾကည့္ရင္း အရက္ဝယ္ဖို႔ သူ႔ သမီးကို ေခၚသြားၿပီး လမ္းမွာ ျပစ္ မႈက်ဴးလြန္ခဲ့မိတာလို႔ ေျပာတယ္’’ ဟု ၎ကရွင္းျပသည္။

သမီးအရင္းကို အဓမၼျပဳက်င့္ခဲ့သည့္ (၃၇)ႏွစ္ အရြယ္ အမ်ဳိးသားကို ေလာင္းလံုးၿမိဳ႕မ ရဲစခန္းက အဓမၼျပဳက်င့္မႈပုဒ္မ ၃၇၆ျဖင့္ အမႈဖြင့္ကာ ဖမ္းဆီးစစ္ေဆးေနေၾကာင္း ၎က ဆက္လက္ေျပာသည္။

ၿပီးခဲ့သည့္ ၂၀၁၇ ဒီဇင္ဘာ ၂၃ ရက္ကလည္း ပဲခူးၿမိဳ႕ ဟသၤာ ကုန္းရပ္ကြက္ ဂဝံသံပတ္ဘုန္း ႀကီးေက်ာင္းဝင္းအတြင္းရွိ ဘုရား လိုဏ္ဂူ၌  (၄၇)ႏွစ္အရြယ္ အမ်ဳိး သားသည္ (၈)ႏွစ္အရြယ္ သမီးအရင္းကို ႏွစ္ႀကိမ္အဓမၼျပဳက်င့္ခဲ့ေၾကာင္း မိန္းကေလး၏ မိခင္က လာေရာက္တိုင္တန္းသျဖင့္ ပဲခူးၿမိဳ႕မ ရဲစခန္းက ဇန္္နဝါရီ ၃ ရက္၌ အမႈဖြင့္ကာ တရားခံကို  ဖမ္းဆီးအေရးယူခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#

ဇာတ်ပွဲကြည့်နေသည့် (၁၉)နှစ်အရွယ် သမီးကို ဖခင် ဖြစ်သူက ခေါ်ထုတ်ပြီး အဓမ္မပြု ကျင့်သဖြင့် ဇန်နဝါရီ ၃ ရက်က အမှုဖွင့်အရေးယူခဲ့ကြောင်း ပြည် ထဲရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

ဇန်နဝါရီ ၁ ရက် နံနက် ၃ နာရီခန့်က လောင်းလုံးမြို့နယ် စမ်းလှန်းကျေးရွာတွင် ပြုလုပ် သည့်ဇာတ်ပွဲ၌  ပွဲကြည့်နေစဉ် ဖခင်က အရက်ဝယ်ရန် လာခေါ်သဖြင့် လိုက်သွားရာမှ ဈေးဆိုင်ဘေး ချုံပုတ်တွင် ကျူးလွန်ခဲ့ကြောင်း လောင်းလုံးမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ပထမတော့ တရားခံက ငြင်းသေးတယ်။ နောက်ဆုံးကျမှ အရက်အမူးလွန်ပြီး ဖြစ်သွား တယ်ဆိုပြီး ဝန်ခံတာ။ ပွဲခင်းထဲမှာ ပွဲကြည့်ရင်း အရက်ဝယ်ဖို့ သူ့ သမီးကို ခေါ်သွားပြီး လမ်းမှာ ပြစ် မှုကျူးလွန်ခဲ့မိတာလို့ ပြောတယ်’’ ဟု ၎င်းကရှင်းပြသည်။

သမီးအရင်းကို အဓမ္မပြုကျင့်ခဲ့သည့် (၃၇)နှစ် အရွယ် အမျိုးသားကို လောင်းလုံးမြို့မ ရဲစခန်းက အဓမ္မပြုကျင့်မှုပုဒ်မ ၃၇၆ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးနေကြောင်း ၎င်းက ဆက်လက်ပြောသည်။

ပြီးခဲ့သည့် ၂၀၁၇ ဒီဇင်ဘာ ၂၃ ရက်ကလည်း ပဲခူးမြို့ ဟင်္သာ ကုန်းရပ်ကွက် ဂဝံသံပတ်ဘုန်း ကြီးကျောင်းဝင်းအတွင်းရှိ ဘုရား လိုဏ်ဂူ၌  (၄၇)နှစ်အရွယ် အမျိုး သားသည် (၈)နှစ်အရွယ် သမီးအရင်းကို နှစ်ကြိမ်အဓမ္မပြုကျင့်ခဲ့ကြောင်း မိန်းကလေး၏ မိခင်က လာရောက်တိုင်တန်းသဖြင့် ပဲခူးမြို့မ ရဲစခန်းက ဇန်နဝါရီ ၃ ရက်၌ အမှုဖွင့်ကာ တရားခံကို  ဖမ်းဆီးအရေးယူခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top