စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

အိပ္ေရးမ၀ျခင္းဟာ လူတစ္ေယာက္ရဲ႕ကိုယ္ရည္ကိုယ္ေသြးေတြကို ၀ါးၿမိဳပစ္ႏုိင္ပါတယ္။ အိပ္ခ်ိန္ဆင္းရဲျခင္းေၾကာင့္ ပိုၿပီးစိတ္လိုက္မာန္ပါလုပ္တတ္လာသလို အာ႐ံုစူးစိုက္ႏုိင္စြမ္းမရွိေတာ့တဲ့အျပင္ ေတြေ၀စိတ္ေတြသာႀကီးစိုးၿပီး ျပတ္သားစြာဆံုးျဖတ္ႏိုင္စြမ္းမရွိေတာ့ပါဘူး။ ဒါေၾကာင့္ အိပ္စက္ျခင္းကစိတ္ထိန္းခ်ဳပ္ႏုိင္စြမ္းအေပၚ လႊမ္းမုိးထားႏိုင္တယ္ဆိုတာ သိသာထင္ရွားပါတယ္။

 အိပ္ခ်ိန္မလံုေလာက္တာ၊ အိပ္ခ်ိန္မမွန္တာေတြက အိပ္ေရးမ၀ေစတဲ့ အဓိကအေၾကာင္းရင္းေတြပါ။ ဒီလိုေန႔စဥ္ရက္ဆက္ အိပ္ခ်ိန္ကစဥ့္ကလ်ားျဖစ္တာမ်ားလာတာနဲ႔အမွ် ကိုယ္အေလးခ်ိန္တက္တာ၊ ေသြးေပါင္ တက္တာေတြျဖစ္လာေစႏုိင္ၿပီး ကိုယ္ခံအားမေကာင္းေစတဲ့အတြက္ ေရာဂါပိုးေတြကို တြန္းလွန္ႏိုင္စြမ္း မရွိေတာ့ပါဘူး။ စြမ္းအင္ျပည့္၀ေစဖို႔အတြက္ လံုလံုေလာက္ေလာက္အိပ္စက္ဖို႔လိုအပ္ပါတယ္။ လူတစ္ေယာက္မွာစြမ္းအင္ျပည့္၀ေလ ပိုၿပီးခက္ခဲ့တဲ့ေရြးခ်ယ္မႈဘက္ကိုအားသန္ေလျဖစ္တာေၾကာင့္ စိတ္ဓာတ္ပိုမိုႀကံ့ခိုင္သူတစ္ေယာက္ျဖစ္လာႏုိင္ကာ ျပတ္သားစြာဆံုးျဖတ္ခ်က္ခ်ႏိုင္သူအျဖစ္ရပ္တည္လာႏုိင္မွာပါ။ ဒါေၾကာင့္ က်န္းမာေရးမထိခိုက္ေစဖို႔၊ ကိုယ္ပုိင္စြမ္းရည္မက်ဆင္းဖုိ႔အတြက္ လူတစ္ေယာက္ဟာ ညဘက္မွာေကာင္းမြန္စြာအိပ္စက္ေပးရန္ မျဖစ္မေနလိုအပ္ပါတယ္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit: CMS(drmyanmar)

# Unicode Version ျဖင့္ ဖတ္ပါ #
အိပ်ရေးမဝခြင်းဟာ လူတစ်ယောက်ရဲ့ကိုယ်ရည်ကိုယ်သွေးတွေကို ဝါးမြိုပစ်နိုင်ပါတယ်။ အိပ်ချိန်ဆင်းရဲခြင်းကြောင့် ပိုပြီးစိတ်လိုက်မာန်ပါလုပ်တတ်လာသလို အာရုံစူးစိုက်နိုင်စွမ်းမရှိတော့တဲ့အပြင် တွေဝေစိတ်တွေသာကြီးစိုးပြီး ပြတ်သားစွာဆုံးဖြတ်နိုင်စွမ်းမရှိတော့ပါဘူး။ ဒါကြောင့် အိပ်စက်ခြင်းကစိတ်ထိန်းချုပ်နိုင်စွမ်းအပေါ် လွှမ်းမိုးထားနိုင်တယ်ဆိုတာ သိသာထင်ရှားပါတယ်။

 အိပ်ချိန်မလုံလောက်တာ၊ အိပ်ချိန်မမှန်တာတွေက အိပ်ရေးမဝစေတဲ့ အဓိကအကြောင်းရင်းတွေပါ။ ဒီလိုနေ့စဉ်ရက်ဆက် အိပ်ချိန်ကစဉ့်ကလျားဖြစ်တာများလာတာနဲ့အမျှ ကိုယ်အလေးချိန်တက်တာ၊ သွေးပေါင် တက်တာတွေဖြစ်လာစေနိုင်ပြီး ကိုယ်ခံအားမကောင်းစေတဲ့အတွက် ရောဂါပိုးတွေကို တွန်းလှန်နိုင်စွမ်း မရှိတော့ပါဘူး။ စွမ်းအင်ပြည့်ဝစေဖို့အတွက် လုံလုံလောက်လောက်အိပ်စက်ဖို့လိုအပ်ပါတယ်။ လူတစ်ယောက်မှာစွမ်းအင်ပြည့်ဝလေ ပိုပြီးခက်ခဲ့တဲ့ရွေးချယ်မှုဘက်ကိုအားသန်လေဖြစ်တာကြောင့် စိတ်ဓာတ်ပိုမိုကြံ့ခိုင်သူတစ်ယောက်ဖြစ်လာနိုင်ကာ ပြတ်သားစွာဆုံးဖြတ်ချက်ချနိုင်သူအဖြစ်ရပ်တည်လာနိုင်မှာပါ။ ဒါကြောင့် ကျန်းမာရေးမထိခိုက်စေဖို့၊ ကိုယ်ပိုင်စွမ်းရည်မကျဆင်းဖို့အတွက် လူတစ်ယောက်ဟာ ညဘက်မှာကောင်းမွန်စွာအိပ်စက်ပေးရန် မဖြစ်မနေလိုအပ်ပါတယ်။

 ဖိုးသူတော် (www.phothutaw.com)
Credit: CMS(drmyanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top