မြန်မာတစ်နိုင်ငံလုံးမှာ Facility အများဆုံးပါတဲ့ ကမ္ဘာ့အဆင့်မီ Diamond Inya Palace ကွန်ဒို အထူးအရောင်းပြပွဲကြီး
×










Credit: 7daydaily

# Unicode Version ဖြင့် ဖတ်ပါ"
တိုက်ကြီးမြို့ရှိ ကုန်စုံ ရောင်းချသည့် နေအိမ်အတွင်း၌ အမျိုးသမီးတစ်ဦးတည်း ရှိနေစဉ်  အမျိုးသားနှစ်ဦး ဝင်ရောက်လာ ပြီး လည်ပင်းကိုဓားဖြင့်ထောက် ကာ ဝတ်ဆင်ထားသည့် ရွှေထည် ပစ္စည်းများကို အနုကြမ်းစီးမှု ဖြစ် ပွားခဲ့သည်။

အနုကြမ်းစီးခံရသည့် ကုန်စုံ ဆိုင်တွင် ဇန်နဝါရီ ၂၈ ရက် ည ၇ နာရီကျော်က အိမ်ရှင်မ တစ်ဦးတည်း ရှိနေစဉ် အမျိုး သားနှစ်ဦးရောက်ရှိလာပြီး တစ်ဦး က အမျိုးသမီး၏ ပါးစပ်နှင့်လက် တို့ကို တိပ်ဖြင့်ကပ်ခဲ့ကြောင်း မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအ ရာရှိတစ်ဦးက ပြောသည်။

‘‘ယောက်ျားပြန်ရောက်လာ တော့ မိန်းမကိုတိပ်နဲ့ပတ်ထား တာတွေ့ရတာပါ။ ဘာဖြစ်တာလဲ မေးတော့မှ အလုခံရတာသိရ တာ’’ ဟု ၎င်းကပြောသည်။

အနုကြမ်းစီးသူများက အမျိုး သမီးတွင် ဝတ်ဆင်ထားသည့် ရွှေဆွဲကြိုးတစ်ကုံးနှင့် လက်ကောက်သုံးကွင်း ဖြုတ်ယူခဲ့ပြီး ကာလတန်ဖိုးကျပ်သိန်း ၃၀ ခန့်လုယက် ယူဆောင်ခဲ့ကြောင်း သိရသည်။

အမှုနှင့်ပတ်သက်၍ တိုက် ကြီးရဲစခန်းက အမှုဖွင့်ကာ ပြစ်မှု ကျူးလွန်သူများကို လိုက်လံရှာ ဖွေနေသည်။

‘‘အဲဒီန့က လူနှစ်ယောက်ဝင် လာတယ်။ မုန့်ဆိုင်လည်းဖွင့်ထား သလို ဘိလိယက်ခုံလည်းရှိတယ်။ သူတို့က ကွမ်းပေးပါဆိုပြီးတော့ တစ်ယောက်က ဓားနဲ့ထောက်ပြီး လုတာပါ။ သူတို့နှစ်ယောက်လုတဲ့ အချိန်မှာ မီးပြတ်သွားတယ်။ ဒါ ကြောင့် သမီးမှာ ဝတ်ထားတာ တွေ ယူသွားတယ်’’ ဟု မိခင်ဖြစ် သူက ပြောသည်။

လုယက်သူနှစ်ဦးသည်  အ သက် (၂၀) နှင့်  (၃၀) ဝန်းကျင် ရှိ အမျိုးသားနှစ်ဦးဖြစ်ပြီး အနု ကြမ်းစီးခံရသည့် နေအိမ်တွင် ဇနီးမောင်နှံနှစ်ဦးနှင့် (၁)နှစ်အ ရွယ်သားငယ်တစ်ဦး  နေထိုင် ကြောင်း ၎င်းက ဆိုသည်။

‘‘ပါသွားတာလက်ကောက် ငါးကွင်း၊ ရွှေဆွဲကြိုးနဲ့လော့ကတ် သီးတစ်ခု ပါသွားတယ်။ မီးပြတ် နေတော့ကလေးမှာ ဆင်ထားတဲ့ ရွှေတွေတော့ မပါသွားဘူး။ ရွှေ အားလုံးသုံးကျပ်သုံးမတ်သားပါ သွားတယ်။ သမီးကိုလည်းဒီအိမ် ကို ငါတို့စောင့်နေတာ တစ်လ ကျော်လောက်ရှိပြီလို့ တစ် ယောက်က ပြောသွားတယ်’’ ဟု ၎င်း၏မိခင်က ဆက်လက်ပြော သည်။

အမျိုးသမီးကို တစ်ဦးက ဓား ဖြင့်ထောက်ပြီး နောက်နစ်ဦးက လက်ဝတ်လက်စားများ ချွတ်ယူခဲ့ ကာ ပါးစပ်နှင့်လက်တို့တွင် တိပ် ကပ်ခဲ့ပြီးနောက် ကြိုးဖြင့် တုပ် နှောင်ခဲ့ကာ ‘‘လူတော့မ သတ်ဘူး ငါတို့က ပစ္စည်းပဲယူမှာ’’ ဟု ပြောဆိုကာ လုယက်ခဲ့ကြောင်း  ညီမတော်စပ်သူက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top