စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

ေဗဒင္လာေမးသည့္ အမ်ဳိးသမီးမ်ားကို ကာယိေျႏၵပ်က္ျပားေအာင္ ျပဳမူခဲ့သည္ဟု အြန္လိုင္း(ေဖ့စ္ ဘြတ္ခ္) ေပၚ တြင္ စြပ္စဲြခ်က္မ်ားထြက္ေပၚေနသည့္ ေဗဒင္ဆရာေအာင္ခ်စ္ပိုသည္ ဇန္န၀ါရီ ၂၅ ရက္တြင္ ေဟာခန္း (ဆိုင္ခန္း)ပိတ္ထားၿပီး ထြက္ေပၚေနသည့္ စြပ္စဲြခ်က္မ်ားအေပၚ အေျခခံကာ ေအာင္ခ်စ္ပိုကို အေရးယူမႈတခုခု ျပဳလုပ္ရန္ ဆံုးျဖတ္ထားသည္ဟု ကိုးထပ္ႀကီးဘုရားေဂါပကအဖဲြ႕က ေျပာၾကားသည္။

”ဆရာႀကီးမင္းသိခၤ၏ တပည့္ရင္း ဆရာေအာင္ခ်စ္ပို”ဟု ဆိုင္းဘုတ္တင္ထားသည့္ ေဗဒင္ဆရာေအာင္ခ်စ္ပို၏ ေဟာခန္းသည္ ရန္ကုန္ၿမိဳ႕ စမ္းေခ်ာင္းၿမိဳ႕နယ္ ဗားကရာလမ္းေပၚရိွ ကိုးထပ္ႀကီးဘုရား၏ အေရွ႕ဘက္မုခ္ ကားရပ္နားကြင္းေရွ႕တြင္ရိွၿပီး ဇန္န၀ါရီ ၂၅ ရက္တြင္ ေဟာခန္းပိတ္ထားေၾကာင္း၊ ေဖ့စ္ဘြတ္ခ္ေပၚတြင္ ပ်ံ႕ႏွံ႔ေနသည့္ စြပ္စဲြခ်က္(သတင္း) မ်ားကိုလည္း ေဂါပကအဖဲြ႕က ေလ့လာသိရိွထားေၾကာင္း၊ ယင္းစြပ္စဲြခ်က္မ်ား သည္ အတည္ျပဳရန္လည္း လိုအပ္ေနေသးၿပီး ဇန္န၀ါရီ ၂၅ ရက္ နံနက္ပိုင္းက ျပဳလုပ္ခဲ့သည့္ ေဂါပကအဖဲြ႕ အစည္းအေ၀းတြင္ အေရးယူမႈတခုခုျပဳလုပ္ရန္ ဆံုးျဖတ္ခဲ့ေၾကာင္း ယင္းဘုရားေဂါပကအဖဲြ႕ စီမံေရးရာမွ ဦးေဇာ္ လြင္ထြန္းက ဇန္န၀ါရီ ၂၅ ရက္ ေန႔လယ္ပိုင္းတြင္ News Watch သို႔ ေျပာၾကားခဲ့သည္။

”ေဖ့စ္ဘြတ္ခ္မွာ ပ်ံ႕ေနတယ္ဆိုတာေတာ့ ဘဘတို႔လည္းပဲ ၾကည့္တယ္၊ ရႈတယ္၊ ေလ့လာၿပီးၿပီ။ အဓိကကေတာ့ သူ႕ရဲ႕စာရိတၱပိုင္းဆိုင္ရာ အားနည္းခ်က္လို႔ သံုးသပ္လို႔ရတယ္။ ဒါကို အတည္ျပဳဖို႔လိုတယ္။ ေဖ့စ္ဘြတ္ခ္ေပၚမွာ ပ်ံ႕ႏွံ႕ေနတဲ့အတိုင္း ဒီလူသည္ စာရိတၱပိုင္းခ်ဳိ႕ယြင္းတယ္။ ေဗဒင္ကို အေၾကာင္းျပဳၿပီးေတာ့ အမ်ဳိးသမီးေတြရဲ႕ ကာယိေျႏၵထိခိုက္ေအာင္ လုပ္႐ိုးမွန္ရင္ အျပစ္တစံုတရာေပးဖို႔ ဒီမနက္ပဲ ေဂါပကေတြ တိုင္ပင္လိုက္တယ္။ အဲဒီေတာ့ သူက ဒီေန႔ဆိုင္ပိတ္ထားတယ္။ မလာဘူး” ဟု ဦးေဇာ္လြင္ထြန္းက ေျပာၾကားသည္။

ေဗဒင္လာေမးသည့္ အမ်ဳိးသမီးမ်ားကို ေဗဒင္ဆရာေအာင္ခ်စ္ပိုက ကာယိေျႏၵပ်က္ျပားေအာင္ ျပဳမူခဲ့သည္ဟူ ေသာ စြပ္စဲြခ်က္မ်ား ဇန္န၀ါရီ ၂၄ ရက္မွစတင္ကာ ေဖ့စ္ဘြတ္ခ္ေပၚတြင္ ပ်ံ႕ႏွံ႔ခဲ့ျခင္းျဖစ္သည္။ သို႔ေသာ္ ေဂါပကအဖဲြ႕သို႔ လာေရာက္တိုင္ၾကားသူတဦးတေယာက္မွမရိွဟု ဦးေဇာ္လြင္ထြန္းက ေျပာၾကားသည္။

”အခုေဖ့စ္ဘြတ္ခ္ေပၚမွာ တက္တာက တေယာက္မဟုတ္ဘူး။ ႏွစ္ေယာက္တို႔၊ သံုးေယာက္တို႔ ေတြ႕မွာေပါ့။ ေကာင္းၿပီ။ ဘဘတို႔မွာအုပ္ခ်ဳပ္တဲ့ ေဂါပက႐ံုးေတြရိွပါလ်က္နဲ႔ သူတို႔က ဘာလို႔လာမတိုင္တာတံုး။ တကယ္လို႔ သာ အဲဒီအခိ်န္မွာ လာတိုင္လိုက္ရင္ ၿပီးၿပီ။ ပဲြကျပတ္သြားၿပီ။ တို႔လည္း ေဖ့စ္ဘြတ္ခ္ေပၚမွာ ပံ်႕မွ သိရတယ္ဆို ေတာ့ အမ်ားသိသလိုပဲ ေနာက္က်ပါတယ္။ အဲဒီအေပၚမွာေတာ့ အားမရဘူး။ တကယ္တမ္း ဒီလိုကိစၥေတြ ျဖစ္ေပၚခဲ့သည္ရိွေသာ္ ေဂါပကမွာ အခ်ိန္မီလာေရာက္တိုင္ၾကားႏိုင္ပါတယ္။ တိုင္ၾကားရင္ ထိထိေရာက္ေရာက္ အေရးယူေပးပါမယ္လို႔ ေျပာလိုပါတယ္။ ေဖ့စ္ဘြတ္ခ္မွာ ပါတာပဲကြာ၊ ဟုတ္ခ်င္မွ ဟုတ္မွာေပါ့လို႔ ေပါ့ပ်က္ပ်က္အေတြးမ်ဳိးတို႔မွာ မရိွဘူး။ ဒီကိစၥကို ေတာ္ေတာ္ေလး အေလးအနက္ထားတယ္။ ေလာေလာဆယ္ ဆိုင္ပိတ္ႏိုင္တဲ့ အခြင့္အေရးရိွတယ္။ ဆိုင္ပိတ္တာကာလ အပိုင္းအျခားအရေသာ္လည္းေကာင္း၊ အၿမဲတမ္း ေသာ္လည္းေကာင္း ျဖစ္စဥ္ရဲ႕အတိမ္အနက္၊ သူက်ဴးလြန္ထားတဲ့ကိစၥရဲ႕ အတိမ္အနက္အေပၚမွာ မူတည္ၿပီး ေတာ့ တခုခုေတာ့လုပ္ရမယ္”ဟု ၎က ေျပာၾကားခဲ့သည္။

ဦးေဇာ္လြင္ထြန္း(ဘုရားေဂါပကအဖဲြ႕၀င္)
ယင္းစြပ္စဲြခ်က္မ်ားႏွင့္ပတ္သက္၍ ဇန္န၀ါရီ ၂၄ ရက္တြင္ ေဖ့စ္ဘြတ္ခ္၌ ကနဦး ပို႔စ္ေရးတင္ခဲ့သည့္ အမ်ဳိးသမီး က ပထမတြင္ ေခါင္းကိုဂါထာရြတ္ၿပီး သပ္ခ်ေၾကာင္း၊ ၿပီးလွ်င္ နားရြက္ကိုပြတ္ေၾကာင္း၊ တျဖည္း ျဖည္းနွင့္ ရင္ဘတ္ကို ကိုင္လာေၾကာင္း၊ ဗိုက္ႏွင့္ေပါင္ကိုလည္းပြတ္ေၾကာင္း ေရးသားေဖာ္ျပခဲ့သည္။

”ဘယ္သူ႕ကိုမွေတာ့ ရွက္ၿပီးတိုင္ခဲ့ျခင္း မရိွပါဘူး။ ျဖစ္ပ်က္ခဲ့တာ လည္း တလေက်ာ္ေလာက္ရိွၿပီဆိုေပမဲ့ စဥ္းစားမိတိုင္း ေဒါသထြက္တာရယ္၊ ေနာင္မိန္းကေလးေတြ ယံုစားမိမွာရယ္၊ စိုးရိမ္တာေၾကာင့္ အရဲစြန္႔ၿပီး တင္လိုက္တာပါ။ ဒီလိုအျဖစ္အပ်က္ကိုခံရတာ ညီမတေယာက္တည္း မဟုတ္ဘူး။ comment ေတြမွာလည္း သူတို႔အျဖစ္အပ်က္ကို ေျပာထားၾကသလို ညီမကိုလည္း ကိုယ္တိုင္လာေျပာျပၾကတာေတြရိွပါတယ္။ ညီမဘက္ က မဟုတ္မမွန္ စြပ္စဲြၿပီးေျပာတာမ်ဳိး မဟုတ္ဘူးဆိုတာကိုေတာ့ တာ၀န္ယူပါတယ္”ဟု ယင္းအမ်ဳိးသမီးက News Watch သို႔ ေျပာၾကားခဲ့သည္။
ယင္းအမ်ဳိးသမီး၏ပို႔စ္ကို ျပန္ရွယ္ၿပီး အေတြ႕အႀကံဳကို ျပန္လည္ေရးသားေဖာ္ျပခဲ့သည့္ တျခားအမ်ဳိးသမီးတဦး က ”ကိုယ္တိုင္အျဖစ္အပ်က္ပါ။ ဆိုင္နာမည္က ေအာင္ခ်စ္ပို။ ကိုးထပ္ႀကီးဘုရားေထာင့္ စြန္းအခန္းပါ။ အခု သူက TV မွာေတာင္ပါေနၿပီ”ဟု ေရးသားေဖာ္ျပခဲ့သည္။

”ညီမလည္း ရွက္ေတာ့ ဘယ္သူမွေတာင္ ျပန္မေျပာရဲခဲ့ဘူး။ ကိုယ္တေယာက္တည္း ျဖစ္ခဲ့၊ ႀကံဳခဲ့ရတယ္ ထင္လို႔။ အခုမွ ဒီလိုေတြျဖစ္ၾကတယ္ဆိုတာ သိလို႔ေျပာျပလိုက္ရတာ။ ေလး၊ ငါးလေလာက္ေတာ့ရိွၿပီ။ အစ္မနဲ႔ သြားေမးတာ။ သူက အစ္မကို အျပင္ခဏထြက္ခိုင္းၿပီး ညီမကိုေမးတာ။ အခု အဲဒီလူကို တရားစဲြဖို႔အကုန္၀ိုင္း စဥ္းစားထားၾကတယ္”ဟု ယင္းအမ်ဳိးသမီးက ထပ္မံအတည္ျပဳေျပာၾကားခဲ့သည္။

ယင္းစြပ္စဲြခံရသည့္ ေဗဒင္ Aung Chit Po အမည္ျဖင့္ ေဖ့စ္ဘြတ္ခ္အေကာင့္ဖြင့္ထားၿပီး ၎တင္ထားသည့္ ပို႔စ္တခ်ဳိ႕ေအာက္တြင္ ”တဏွာ ႐ူးႀကီး၊ မိန္းကေလးေတြေရြးၿပီး မေတာ္ရာ ႏွမခ်င္းမစာနာ ပြတ္ခ်င္တဲ့ တဏွာ႐ူး၊ သူေတာင္းစား ေဗဒင္ဆရာ၊ နင့္အေၾကာင္း လူေတြအကုန္သိေနၿပီ။ fb ေပၚပံ်႕ေနၿပီ”ဟု comment ၀င္ေရးထား သည့္ အမ်ဳိးသမီးတဦးကိုလည္း ေတြ႕ရသည္။ ထို႔အျပင္ ၎အေကာင့္တြင္ Channal 9 အတြက္ ေဗဒင္ဆရာ ေအာင္ခ်စ္ပိုကိုယ္တိုင္႐ိုက္ကူးေရးလုပ္ေနသည့္ပံုမ်ား တင္ထားသည္ကိုလည္း ေတြ႕ရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin

#Unicode Version#
ဗေဒင်လာမေးသည့် အမျိုးသမီးများကို ကာယိနြေ္ဒပျက်ပြားအောင် ပြုမူခဲ့သည်ဟု အွန်လိုင်း(ဖေ့စ် ဘွတ်ခ်) ပေါ် တွင် စွပ်စွဲချက်များထွက်ပေါ်နေသည့် ဗေဒင်ဆရာအောင်ချစ်ပိုသည် ဇန်နဝါရီ ၂၅ ရက်တွင် ဟောခန်း (ဆိုင်ခန်း)ပိတ်ထားပြီး ထွက်ပေါ်နေသည့် စွပ်စွဲချက်များအပေါ် အခြေခံကာ အောင်ချစ်ပိုကို အရေးယူမှုတခုခု ပြုလုပ်ရန် ဆုံးဖြတ်ထားသည်ဟု ကိုးထပ်ကြီးဘုရားဂေါပကအဖွဲ့က ပြောကြားသည်။

”ဆရာကြီးမင်းသိင်္ခ၏ တပည့်ရင်း ဆရာအောင်ချစ်ပို”ဟု ဆိုင်းဘုတ်တင်ထားသည့် ဗေဒင်ဆရာအောင်ချစ်ပို၏ ဟောခန်းသည် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ဗားကရာလမ်းပေါ်ရှိ ကိုးထပ်ကြီးဘုရား၏ အရှေ့ဘက်မုခ် ကားရပ်နားကွင်းရှေ့တွင်ရှိပြီး ဇန်နဝါရီ ၂၅ ရက်တွင် ဟောခန်းပိတ်ထားကြောင်း၊ ဖေ့စ်ဘွတ်ခ်ပေါ်တွင် ပျံ့နှံ့နေသည့် စွပ်စွဲချက်(သတင်း) များကိုလည်း ဂေါပကအဖွဲ့က လေ့လာသိရှိထားကြောင်း၊ ယင်းစွပ်စွဲချက်များ သည် အတည်ပြုရန်လည်း လိုအပ်နေသေးပြီး ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် ဂေါပကအဖွဲ့ အစည်းအဝေးတွင် အရေးယူမှုတခုခုပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ယင်းဘုရားဂေါပကအဖွဲ့ စီမံရေးရာမှ ဦးဇော် လွင်ထွန်းက ဇန်နဝါရီ ၂၅ ရက် နေ့လယ်ပိုင်းတွင် News Watch သို့ ပြောကြားခဲ့သည်။

”ဖေ့စ်ဘွတ်ခ်မှာ ပျံ့နေတယ်ဆိုတာတော့ ဘဘတို့လည်းပဲ ကြည့်တယ်၊ ရှုတယ်၊ လေ့လာပြီးပြီ။ အဓိကကတော့ သူ့ရဲ့စာရိတ္တပိုင်းဆိုင်ရာ အားနည်းချက်လို့ သုံးသပ်လို့ရတယ်။ ဒါကို အတည်ပြုဖို့လိုတယ်။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့နေတဲ့အတိုင်း ဒီလူသည် စာရိတ္တပိုင်းချို့ယွင်းတယ်။ ဗေဒင်ကို အကြောင်းပြုပြီးတော့ အမျိုးသမီးတွေရဲ့ ကာယိနြေ္ဒထိခိုက်အောင် လုပ်ရိုးမှန်ရင် အပြစ်တစုံတရာပေးဖို့ ဒီမနက်ပဲ ဂေါပကတွေ တိုင်ပင်လိုက်တယ်။ အဲဒီတော့ သူက ဒီနေ့ဆိုင်ပိတ်ထားတယ်။ မလာဘူး” ဟု ဦးဇော်လွင်ထွန်းက ပြောကြားသည်။

ဗေဒင်လာမေးသည့် အမျိုးသမီးများကို ဗေဒင်ဆရာအောင်ချစ်ပိုက ကာယိနြေ္ဒပျက်ပြားအောင် ပြုမူခဲ့သည်ဟူ သော စွပ်စွဲချက်များ ဇန်နဝါရီ ၂၄ ရက်မှစတင်ကာ ဖေ့စ်ဘွတ်ခ်ပေါ်တွင် ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။ သို့သော် ဂေါပကအဖွဲ့သို့ လာရောက်တိုင်ကြားသူတဦးတယောက်မှမရှိဟု ဦးဇော်လွင်ထွန်းက ပြောကြားသည်။

”အခုဖေ့စ်ဘွတ်ခ်ပေါ်မှာ တက်တာက တယောက်မဟုတ်ဘူး။ နှစ်ယောက်တို့၊ သုံးယောက်တို့ တွေ့မှာပေါ့။ ကောင်းပြီ။ ဘဘတို့မှာအုပ်ချုပ်တဲ့ ဂေါပကရုံးတွေရှိပါလျက်နဲ့ သူတို့က ဘာလို့လာမတိုင်တာတုံး။ တကယ်လို့ သာ အဲဒီအချိန်မှာ လာတိုင်လိုက်ရင် ပြီးပြီ။ ပွဲကပြတ်သွားပြီ။ တို့လည်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပံျ့မှ သိရတယ်ဆို တော့ အများသိသလိုပဲ နောက်ကျပါတယ်။ အဲဒီအပေါ်မှာတော့ အားမရဘူး။ တကယ်တမ်း ဒီလိုကိစ္စတွေ ဖြစ်ပေါ်ခဲ့သည်ရှိသော် ဂေါပကမှာ အချိန်မီလာရောက်တိုင်ကြားနိုင်ပါတယ်။ တိုင်ကြားရင် ထိထိရောက်ရောက် အရေးယူပေးပါမယ်လို့ ပြောလိုပါတယ်။ ဖေ့စ်ဘွတ်ခ်မှာ ပါတာပဲကွာ၊ ဟုတ်ချင်မှ ဟုတ်မှာပေါ့လို့ ပေါ့ပျက်ပျက်အတွေးမျိုးတို့မှာ မရှိဘူး။ ဒီကိစ္စကို တော်တော်လေး အလေးအနက်ထားတယ်။ လောလောဆယ် ဆိုင်ပိတ်နိုင်တဲ့ အခွင့်အရေးရှိတယ်။ ဆိုင်ပိတ်တာကာလ အပိုင်းအခြားအရသော်လည်းကောင်း၊ အမြဲတမ်း သော်လည်းကောင်း ဖြစ်စဉ်ရဲ့အတိမ်အနက်၊ သူကျူးလွန်ထားတဲ့ကိစ္စရဲ့ အတိမ်အနက်အပေါ်မှာ မူတည်ပြီး တော့ တခုခုတော့လုပ်ရမယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ဦးဇော်လွင်ထွန်း(ဘုရားဂေါပကအဖွဲ့ဝင်)
ယင်းစွပ်စွဲချက်များနှင့်ပတ်သက်၍ ဇန်နဝါရီ ၂၄ ရက်တွင် ဖေ့စ်ဘွတ်ခ်၌ ကနဦး ပို့စ်ရေးတင်ခဲ့သည့် အမျိုးသမီး က ပထမတွင် ခေါင်းကိုဂါထာရွတ်ပြီး သပ်ချကြောင်း၊ ပြီးလျှင် နားရွက်ကိုပွတ်ကြောင်း၊ တဖြည်း ဖြည်းနှင့် ရင်ဘတ်ကို ကိုင်လာကြောင်း၊ ဗိုက်နှင့်ပေါင်ကိုလည်းပွတ်ကြောင်း ရေးသားဖော်ပြခဲ့သည်။

”ဘယ်သူ့ကိုမှတော့ ရှက်ပြီးတိုင်ခဲ့ခြင်း မရှိပါဘူး။ ဖြစ်ပျက်ခဲ့တာ လည်း တလကျော်လောက်ရှိပြီဆိုပေမဲ့ စဉ်းစားမိတိုင်း ဒေါသထွက်တာရယ်၊ နောင်မိန်းကလေးတွေ ယုံစားမိမှာရယ်၊ စိုးရိမ်တာကြောင့် အရဲစွန့်ပြီး တင်လိုက်တာပါ။ ဒီလိုအဖြစ်အပျက်ကိုခံရတာ ညီမတယောက်တည်း မဟုတ်ဘူး။ comment တွေမှာလည်း သူတို့အဖြစ်အပျက်ကို ပြောထားကြသလို ညီမကိုလည်း ကိုယ်တိုင်လာပြောပြကြတာတွေရှိပါတယ်။ ညီမဘက် က မဟုတ်မမှန် စွပ်စွဲပြီးပြောတာမျိုး မဟုတ်ဘူးဆိုတာကိုတော့ တာဝန်ယူပါတယ်”ဟု ယင်းအမျိုးသမီးက News Watch သို့ ပြောကြားခဲ့သည်။
ယင်းအမျိုးသမီး၏ပို့စ်ကို ပြန်ရှယ်ပြီး အတွေ့အကြုံကို ပြန်လည်ရေးသားဖော်ပြခဲ့သည့် တခြားအမျိုးသမီးတဦး က ”ကိုယ်တိုင်အဖြစ်အပျက်ပါ။ ဆိုင်နာမည်က အောင်ချစ်ပို။ ကိုးထပ်ကြီးဘုရားထောင့် စွန်းအခန်းပါ။ အခု သူက TV မှာတောင်ပါနေပြီ”ဟု ရေးသားဖော်ပြခဲ့သည်။

”ညီမလည်း ရှက်တော့ ဘယ်သူမှတောင် ပြန်မပြောရဲခဲ့ဘူး။ ကိုယ်တယောက်တည်း ဖြစ်ခဲ့၊ ကြုံခဲ့ရတယ် ထင်လို့။ အခုမှ ဒီလိုတွေဖြစ်ကြတယ်ဆိုတာ သိလို့ပြောပြလိုက်ရတာ။ လေး၊ ငါးလလောက်တော့ရှိပြီ။ အစ်မနဲ့ သွားမေးတာ။ သူက အစ်မကို အပြင်ခဏထွက်ခိုင်းပြီး ညီမကိုမေးတာ။ အခု အဲဒီလူကို တရားစွဲဖို့အကုန်ဝိုင်း စဉ်းစားထားကြတယ်”ဟု ယင်းအမျိုးသမီးက ထပ်မံအတည်ပြုပြောကြားခဲ့သည်။

ယင်းစွပ်စွဲခံရသည့် ဗေဒင် Aung Chit Po အမည်ဖြင့် ဖေ့စ်ဘွတ်ခ်အကောင့်ဖွင့်ထားပြီး ၎င်းတင်ထားသည့် ပို့စ်တချို့အောက်တွင် ”တဏှာ ရူးကြီး၊ မိန်းကလေးတွေရွေးပြီး မတော်ရာ နှမချင်းမစာနာ ပွတ်ချင်တဲ့ တဏှာရူး၊ သူတောင်းစား ဗေဒင်ဆရာ၊ နင့်အကြောင်း လူတွေအကုန်သိနေပြီ။ fb ပေါ်ပံျ့နေပြီ”ဟု comment ဝင်ရေးထား သည့် အမျိုးသမီးတဦးကိုလည်း တွေ့ရသည်။ ထို့အပြင် ၎င်းအကောင့်တွင် Channal 9 အတွက် ဗေဒင်ဆရာ အောင်ချစ်ပိုကိုယ်တိုင်ရိုက်ကူးရေးလုပ်နေသည့်ပုံများ တင်ထားသည်ကိုလည်း တွေ့ရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top