စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

”ၾကက္​ဥတစ္​လုံးဘယ္​​ေလာက္​လဲ”လုိ႔ အမ်ိဳးသမီးတစ္​​ေယာက္​က ၾကက္​ဥသည္​ အဘုိးအုိကုိ​ေမးတယ္​။ အဘုိးအုိက “ၾကက္​ဥတစ္​လုံး ၁၀၀ပါ”တဲ့။

အဲဒီအမ်ိဳးသမီးက အဘုိးအုိကုိ “ကြၽန္​မ ၁၀လုံးယူမယ္​​ေလ။ ၉၀၀ ပဲထား။ မရရင္​​ေတာ့ မယူ​ေတာ့ဘူး”လုိ႔ဆစ္​​ေတာ့အဘုိးအုိက”​ေစ်းဦး​ေပါက္​မုိ႔ ယူသြားပါသမီးရယ္​၊ ဒီေန႔တစ္​လုံးမွ မ​ေရာင္​းရ​ေသးလုိ႔ပါ”လုိ႔ျပန္​​ေျဖတယ္​။

အမ်ိဳးသမီးက ၾကက္​ဥ​ေတြယူၿပီး ​ေအာင္​ပဲြခံခဲ့ၿပီဆုိတဲ့ ဟန္​ပန္​နဲ႔ ႀကက္​ဥသည္​ အဘုိးအုိ​ေရွ႕က ထြက္​သြားတယ္​။

ၿပီး​ေတာ့ လွပတဲ့ကားက​ေလး​ေပၚတက္​ၿပီး အ​ေဖာ္​နဲ႔ တန္​ဖုိးႀကီးတဲ႔ စား​ေသာက္​ဆုိင္​ သြားစားၾကတယ္​။ သူတုိ႔ၾကဳိက္​တာ​ေတြမွာစား​ၾကတယ္​။ နည္​းနည္​းသာ စားၿပီး ခ်န္​ထားခဲ့တာ​ေတြကအမ်ားႀကီးပဲ။

​ေငြရွင္​း​ေတာ့ ၃၂၄၀၀ က်တယ္​။ ဆုိင္​ရွင္​ကုိ ၃၃၀၀၀ ​ေပးၿပီး ပုိတာျပန္​မအမ္​းနဲ႔​ေတာ့လုိ႔​ ေျပာရင္​း ခပ္​ႂကြားႂကြား ထြက္လာခဲ့ၾက တယ္​။ ပုိတဲ့ပုိက္​ဆံျပန္​မအမ္​းခုိင္​းတာက ဆုိင္​ရွင္​​အတြက္ ဘာမွ မထူးျခားတဲ့ တကယ္​့ျဖစ္​ရုိးျဖစ္​စဥ္​ပါပဲ။ ဒါ​ေပမဲ့ ဆင္းရဲတဲ့ ႀကက္​ဥ သည္​ အဘုိးအုိအတြက္​က​ေတာ့ အင္​မတန္​နာက်င္​ဖြယ္​ရာ​ေပါ့။

​ေမးခြန္​း(၁) ။
ခ်ိဳ႔တဲ႔ၿပီး​ ေငြလုိအပ္​​ေနသူ​ေတြဆီက တစ္​ခုခုဝယ္​ယူတဲ့အခါ
ဘာလုိ႔ ကြၽန္​​ေတာ္​တုိ႔အာဏာ ျပရတာလဲ။
​ေမးခြန္​း(၂)။
ကြၽန္​​ေတာ္​တုိ႔ဆီက ရက္​​ေရာမႈကုိ​ မလုိ​အပ္​တဲ့
သူ​ေတြကုိ ဘာလုိ႔ ကြၽန္​​ေတာ္​တုိ႔က ​ေစတနာျပခ်င္​
ရတာလဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Orginal Writer
# Unicode Version ျဖင့္ ဖတ္ပါ"
”ကြက်ဥတစ်လုံးဘယ်လောက်လဲ”လို့ အမျိုးသမီးတစ်ယောက်က ကြက်ဥသည် အဘိုးအိုကိုမေးတယ်။ အဘိုးအိုက “ကြက်ဥတစ်လုံး ၁၀၀ပါ”တဲ့။

အဲဒီအမျိုးသမီးက အဘိုးအိုကို “ကျွန်မ ၁၀လုံးယူမယ်လေ။ ၉၀၀ ပဲထား။ မရရင်တော့ မယူတော့ဘူး”လို့ဆစ်တော့အဘိုးအိုက”ဈေးဦးပေါက်မို့ ယူသွားပါသမီးရယ်၊ ဒီနေ့တစ်လုံးမှ မရောင်းရသေးလို့ပါ”လို့ပြန်ဖြေတယ်။

အမျိုးသမီးက ကြက်ဥတွေယူပြီး အောင်ပွဲခံခဲ့ပြီဆိုတဲ့ ဟန်ပန်နဲ့ ကြက်ဥသည် အဘိုးအိုရှေ့က ထွက်သွားတယ်။

ပြီးတော့ လှပတဲ့ကားကလေးပေါ်တက်ပြီး အဖော်နဲ့ တန်ဖိုးကြီးတဲ့ စားသောက်ဆိုင် သွားစားကြတယ်။ သူတို့ကြိုက်တာတွေမှာစားကြတယ်။ နည်းနည်းသာ စားပြီး ချန်ထားခဲ့တာတွေကအများကြီးပဲ။

ငွေရှင်းတော့ ၃၂၄၀၀ ကျတယ်။ ဆိုင်ရှင်ကို ၃၃၀၀၀ ပေးပြီး ပိုတာပြန်မအမ်းနဲ့တော့လို့ ပြောရင်း ခပ်ကြွားကြွား ထွက်လာခဲ့ကြ တယ်။ ပိုတဲ့ပိုက်ဆံပြန်မအမ်းခိုင်းတာက ဆိုင်ရှင်အတွက် ဘာမှ မထူးခြားတဲ့ တကယ့်ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ ဒါပေမဲ့ ဆင်းရဲတဲ့ ကြက်ဥ သည် အဘိုးအိုအတွက်ကတော့ အင်မတန်နာကျင်ဖွယ်ရာပေါ့။

မေးခွန်း(၁) ။
ချို့တဲ့ပြီး ငွေလိုအပ်နေသူတွေဆီက တစ်ခုခုဝယ်ယူတဲ့အခါ
ဘာလို့ ကျွန်တော်တို့အာဏာ ပြရတာလဲ။
မေးခွန်း(၂)။
ကျွန်တော်တို့ဆီက ရက်ရောမှုကို မလိုအပ်တဲ့
သူတွေကို ဘာလို့ ကျွန်တော်တို့က စေတနာပြချင်
ရတာလဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: Orginal Writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top