ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

10.Cow dung and urine

ႏြားရဲ႕ မစင္နဲ႕ က်င္ငယ္ရည္ကို အိႏၵိယမွာ အလွအပအတြက္ ေရွးယခင္ထဲက အသံုးျပဳလာတာျဖစ္ပါတယ္။

အရင္ကေတာ့ သာမာန္ပံုစံနဲ႕သာ အေရျပားျပႆနာေတြကို ေျဖရွင္းလာျပီး အခုေနာက္ပိုင္းမွာေတာ့ ထုတ္ပိုးမႈနဲ႕ ဖန္တီးမႈစနစ္ျမင့္လာကာ ေဆးဝါးေဖာ္စပ္မႈေတြပါ သံုးလာၾကတာျဖစ္ပါတယ္။အေရျပားေပၚက ဘက္တီးရီးယားေတြကို ရွင္းေပးျပီး အေရျပားေသြ႕ေျခာက္မႈမျဖစ္ေအာင္ ကာကြယ္ေပးႏိုင္တာျဖစ္ပါတယ္။

9.Betel Leaves

ကြမ္းရြက္ကို အိႏၵိယမွာ ေဆးဝါးလို အလွအပအတြက္ သံုးပါတယ္။ျမန္မာမွာေတာ့ အပူျငိမ္းေအာင္နဲ႕ ေခ်ာင္းဆိုးေပ်ာက္ေအာင္ သံုးပါတယ္။အိႏၵိယက ကြမ္းရာ္ကို ယူျပီး အေရျပားေပၚမွာ ျဖစ္တဲ့ အနာေရာဂါကို လိမ္းက်ံျပီး အသားစအေရျဖဴဖို႕လဲ အသံုးျပဳပါတယ္။

8.Curry leaves

ဟင္းခတ္ရြက္ကိုေတာ့ ျမန္မာျပည္မွာ ဟင္းခ်က္တဲံ ေနရာပဲတြင္တြင္က်ယ္က်ယ္သံုးပါတယ္။အိႏၵိယမွာေတာ့ မ်က္ႏွာအတြက္ေရာ ဆံပင္သန္စြမ္းမႈအတြက္ပါ အသံုးျပဳၾကတာျဖစ္ပါတယ္။

7.Pearls

ပုလဲကို အလွဆင္ပစၥည္းေလာက္သာ ႏိုင္ငံတကာမွာ သံုးေပမယ့္ အိႏၵိယမွာေတာ့ ပုလဲစစ္ကို ေသြးျပီး အေရျပားေပၚ လိမ္းက်ံျပီး အသားအေရျဖဴဝင္းလာေအာင္ လုပ္ေဆာင္မႈဟာ ေရွးယခင္ထဲက ရွိတာျဖစ္ပါတယ္။

6.Sesame

ႏွမ္းဟာ အျဖဴနဲ႕အနက္ဆိုျပီး ႏွစ္မ်ိဳးရွိပါတယ္။ျမန္မာမွာေရာ အိႏၵိယမွာပါ ႏွမ္းဟာ အသံုးဝင္တာျဖစ္ျပီး အိႏၵိယမွာဆို ႏွမ္းဆီကို လိမ္းက်ံျခင္းက အေရျပားကို စိုေျပလွပေစျပီး အနာညေရာဂါကင္းရွင္းေစတယ္လို႕ ယူဆထားတာျဖစ္ပါတယ္။

5.Red lentil flour

ပဲနီေလးဆိုရင္ ပဲဟင္းေလာက္ပဲ ျမန္မာႏိုင္ငံမွာ အသံုးျပဳတာျဖစ္ပါတယ္။အိႏၵိယမွာေတာ့ ပဲနီေလးကို အမႈန္႕လုပ္ျပီး ေရနဲ႕ ပ်စ္ပ်စ္ေဖ်ာ္ကာ အေရျပားျဖဴဝင္းလွပဖို႕ လိမ္းက်ံၾကပါတယ္။

4.Coriander seeds

နံနံေစ့ကို ျမန္မာႏိုင္ငံမွာ ရံဖန္ရံခါေလာက္ပဲ ဟင္းခ်က္ရင္ ထည့္သံုးတာျဖစ္ပါတယ္။အိႏၵိယမွာေတာ့ ဒါကို အမႈန္႕ၾကိတ္ပါေသးတယ္။ျပီးေတာ့ ဆီတမ်ိဳးနဲ႕ ေရာကာ လိမ္းက်ံျခင္းမ်ိဳး လုပ္ၾကပါတယ္။ဆဲလ္ေသေတြနဲ႕ ဝက္ျခံေတြ ဖယ္ရွားႏိုင္ျခင္း အေရျပားေျခာက္ေသြ႕မႈကိုလည္း ကာကြယ္ျခင္းအတြက္ ေကာင္းမြန္ထိေရာက္ပါတယ္။

3.Fenugreek seeds

ပဲနံ႕သာေစ့ဟာလည္း ဒီလိုပါပဲ။ဟင္းခ်က္မႈအတြက္ပဲ သံုးတာမဟုတ္ပဲ ဒါကို ၾကိတ္ျပီး မုန္႕ညင္းဆီနဲ႕ စိမ္ကာ လိမ္းက်ံၾကပါတယ္။မ်က္ႏွာကိ္ု ျဖဴဝင္းေစသလို ဆံပင္ကို သန္စြမ္းေစတာျဖစ္ပါတယ္။

2.Chickpea flour

ဆင္ေခါင္းပဲကို အိႏၵိယက အင္မတန္စားသံုးသလို ဒါကို အမႈန္႕လုပ္ျပီး အေရျပားကုထံုးအတြက္လဲ သံုးပါတယ္။အေရျပားေရာဂါအမ်ားစုကို အိႏၵိယဟာ ဒီနည္းစနစ္နဲ႕ ကုသသလို အလွအပအတြက္လဲ အသံုးျပဳၾကတာျဖစ္ပါတယ္။

  1. Turmeric

နႏြင္းဟာ အိႏၵိယနဲ႕ ခြဲျခားမရေအာင္ အတူရွိေနတဲ့ အရာျဖစ္ျပီး လြန္ခဲ့တဲ့့ ႏွစ္ 5000 ေလာက္ထဲက အသံုးျပဳခဲ့တာျဖစ္ပါတယ္။အေရျပားကို သန္႕စင္ေစျပီး အဆိပ္အေတာာက္ကို ပယ္ရွားေပးႏိုင္သလို ပ်ားရည္နဲ႕ ေရာစပ္လိမ္းရင္ ခ်က္ခ်င္း ျဖဴဝင္းတဲ့ အသားအေရကို ရရွိေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: cantwait2say

# Unicode Version ျဖင့္ ဖတ္ပါ #
10.Cow dung and urine

နွားရဲ့ မစင်နဲ့ ကျင်ငယ်ရည်ကို အိန္ဒိယမှာ အလှအပအတွက် ရှေးယခင်ထဲက အသုံးပြုလာတာဖြစ်ပါတယ်။

အရင်ကတော့ သာမာန်ပုံစံနဲ့သာ အရေပြားပြဿနာတွေကို ဖြေရှင်းလာပြီး အခုနောက်ပိုင်းမှာတော့ ထုတ်ပိုးမှုနဲ့ ဖန်တီးမှုစနစ်မြင့်လာကာ ဆေးဝါးဖော်စပ်မှုတွေပါ သုံးလာကြတာဖြစ်ပါတယ်။အရေပြားပေါ်က ဘက်တီးရီးယားတွေကို ရှင်းပေးပြီး အရေပြားသွေ့ခြောက်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်တာဖြစ်ပါတယ်။

9.Betel Leaves

ကွမ်းရွက်ကို အိန္ဒိယမှာ ဆေးဝါးလို အလှအပအတွက် သုံးပါတယ်။မြန်မာမှာတော့ အပူငြိမ်းအောင်နဲ့ ချောင်းဆိုးပျောက်အောင် သုံးပါတယ်။အိန္ဒိယက ကွမ်းရာ်ကို ယူပြီး အရေပြားပေါ်မှာ ဖြစ်တဲ့ အနာရောဂါကို လိမ်းကျံပြီး အသားစအရေဖြူဖို့လဲ အသုံးပြုပါတယ်။

8.Curry leaves

ဟင်းခတ်ရွက်ကိုတော့ မြန်မာပြည်မှာ ဟင်းချက်တဲံ နေရာပဲတွင်တွင်ကျယ်ကျယ်သုံးပါတယ်။အိန္ဒိယမှာတော့ မျက်နှာအတွက်ရော ဆံပင်သန်စွမ်းမှုအတွက်ပါ အသုံးပြုကြတာဖြစ်ပါတယ်။

7.Pearls

ပုလဲကို အလှဆင်ပစ္စည်းလောက်သာ နိုင်ငံတကာမှာ သုံးပေမယ့် အိန္ဒိယမှာတော့ ပုလဲစစ်ကို သွေးပြီး အရေပြားပေါ် လိမ်းကျံပြီး အသားအရေဖြူဝင်းလာအောင် လုပ်ဆောင်မှုဟာ ရှေးယခင်ထဲက ရှိတာဖြစ်ပါတယ်။

6.Sesame

နှမ်းဟာ အဖြူနဲ့အနက်ဆိုပြီး နှစ်မျိုးရှိပါတယ်။မြန်မာမှာရော အိန္ဒိယမှာပါ နှမ်းဟာ အသုံးဝင်တာဖြစ်ပြီး အိန္ဒိယမှာဆို နှမ်းဆီကို လိမ်းကျံခြင်းက အရေပြားကို စိုပြေလှပစေပြီး အနာညရောဂါကင်းရှင်းစေတယ်လို့ ယူဆထားတာဖြစ်ပါတယ်။

5.Red lentil flour

ပဲနီလေးဆိုရင် ပဲဟင်းလောက်ပဲ မြန်မာနိုင်ငံမှာ အသုံးပြုတာဖြစ်ပါတယ်။အိန္ဒိယမှာတော့ ပဲနီလေးကို အမှုန့်လုပ်ပြီး ရေနဲ့ ပျစ်ပျစ်ဖျော်ကာ အရေပြားဖြူဝင်းလှပဖို့ လိမ်းကျံကြပါတယ်။

4.Coriander seeds

နံနံစေ့ကို မြန်မာနိုင်ငံမှာ ရံဖန်ရံခါလောက်ပဲ ဟင်းချက်ရင် ထည့်သုံးတာဖြစ်ပါတယ်။အိန္ဒိယမှာတော့ ဒါကို အမှုန့်ကြိတ်ပါသေးတယ်။ပြီးတော့ ဆီတမျိုးနဲ့ ရောကာ လိမ်းကျံခြင်းမျိုး လုပ်ကြပါတယ်။ဆဲလ်သေတွေနဲ့ ဝက်ခြံတွေ ဖယ်ရှားနိုင်ခြင်း အရေပြားခြောက်သွေ့မှုကိုလည်း ကာကွယ်ခြင်းအတွက် ကောင်းမွန်ထိရောက်ပါတယ်။

3.Fenugreek seeds

ပဲနံ့သာစေ့ဟာလည်း ဒီလိုပါပဲ။ဟင်းချက်မှုအတွက်ပဲ သုံးတာမဟုတ်ပဲ ဒါကို ကြိတ်ပြီး မုန့်ညင်းဆီနဲ့ စိမ်ကာ လိမ်းကျံကြပါတယ်။မျက်နှာကို ဖြူဝင်းစေသလို ဆံပင်ကို သန်စွမ်းစေတာဖြစ်ပါတယ်။

2.Chickpea flour

ဆင်ခေါင်းပဲကို အိန္ဒိယက အင်မတန်စားသုံးသလို ဒါကို အမှုန့်လုပ်ပြီး အရေပြားကုထုံးအတွက်လဲ သုံးပါတယ်။အရေပြားရောဂါအများစုကို အိန္ဒိယဟာ ဒီနည်းစနစ်နဲ့ ကုသသလို အလှအပအတွက်လဲ အသုံးပြုကြတာဖြစ်ပါတယ်။

  1. Turmeric

နနွင်းဟာ အိန္ဒိယနဲ့ ခွဲခြားမရအောင် အတူရှိနေတဲ့ အရာဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် 5000 လောက်ထဲက အသုံးပြုခဲ့တာဖြစ်ပါတယ်။အရေပြားကို သန့်စင်စေပြီး အဆိပ်အတောာက်ကို ပယ်ရှားပေးနိုင်သလို ပျားရည်နဲ့ ရောစပ်လိမ်းရင် ချက်ချင်း ဖြူဝင်းတဲ့ အသားအရေကို ရရှိစေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: cantwait2say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top