စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

# Zawgyi ျဖင့္ဖတ္ရန္ #

မႏၲေလးၿမိဳ႕ေတာ္ စည္ ပင္သာယာနယ္နိမိတ္အတြင္းရွိ အလံုပိတ္တဲမ်ားထည့္သြင္းတည္ ေဆာက္ထားေသာ ဆိုင္မ်ားကို စီမံခ်က္ခ်အေရးယူေနရာ ဇန္န၀ါရီ ၁၃ ရက္က တစ္ေန႔တည္း ဆိုင္ကိုးဆိုင္ဖမ္းဆီးအေရးယူခဲ့ေၾကာင္း စည္ပင္ သာယာရဲတပ္ဖြဲ႕(မႏၲေလး)တာ၀န္ရွိသူမ်ားက ေျပာသည္။
မႏၲေလးၿမိဳ႕ ကန္ေတာ္ႀကီး အေနာက္ဘက္ျခမ္းရွိ အလံုပိတ္ တဲမ်ားထည့္သြင္းတည္ေဆာက္ ထားေသာ အေအးဆိုင္မ်ားကို လိုက္လံစစ္ေဆးၿပီး တိုင္ၾကား သည့္ ဆိုင္စာရင္းတြင္ပါ၀င္သည့္ ခုနစ္ဆိုင္ႏွင့္ တုိင္ၾကားသည့္ စာရင္း၌ မပါ၀င္သည့္ ဆိုင္ႏွစ္ဆိုင္၊ စုစုေပါင္း ကိုးဆိုင္ကိုဖမ္းဆီး အေရးယူခဲ့သည္။

ဖမ္းဆီးခဲ့သည့္ ဆိုင္မ်ားကို ဇန္န၀ါရီ ၂၀ ရက္ ေနာက္ဆံုးထား ဖ်က္သိမ္းရန္ စည္ပင္သာယာအ ခြန္ဌာနႏွင့္ အေဆာက္အအံုႏွင့္ ကုန္႐ုံဌာနမ်ားက ၫႊန္ၾကားခဲ့ ေၾကာင္း စည္ပင္သာယာရဲတပ္ဖြဲ႕ ရဲအုပ္သဲဦးလိႈင္က ေျပာသည္။

‘‘သတင္းအရသြားစစ္တာ ဆိုင္ သံုးဆိုင္က ပိတ္ထားတယ္။ အမရပူရဘက္ကို သြားစစ္ေတာ့ လည္း ဆိုင္ေတြ ဖ်က္ထားတာ ေတြ႕တယ္။ ဖမ္းမိတဲ့ထဲက တခ်ဳိ႕ ဆိုင္ေတြကိုေတာ့ ခ်က္ခ်င္းဖ်က္ သိမ္းခဲ့တယ္။ တခ်ဳိ႕ဆိုင္ေတြကို ေတာ့ ၂၀ ရက္ေန႔ ေနာက္ဆံုးထားဖ်က္ဖို႔ စာထုတ္ထားတယ္’’ဟု ၎က ေျပာသည္။

ဖမ္းဆီးခဲ့သည့္ ဆိုင္မ်ားကို စည္ပင္သာယာဥပေဒပုဒ္မ ၁၁၈အရ အေရးယူမည္ျဖစ္ေၾကာင္း ရဲအုပ္ သဲဦးလိႈင္က ဆိုသည္။

စည္ပင္သာယာအေနျဖင့္ အလံုပိတ္တဲမ်ားထည့္သြင္းတည္ ေဆာက္ထားသည့္ ဆိုင္ငယ္မ်ား ႏွင့္ လမ္းေဘးဆိုင္မ်ားကို အေရး ယူေနေသာ္လည္း မႏၲေလးၿမိဳ႕ အတြင္း ဖြင့္လွစ္ထားသည့္ အလံုပိတ္အခန္းမ်ားပါ၀င္သည့္ ဆိုင္ႀကီးမ်ားကို အေရးယူမႈအားနည္းေၾကာင္း မႏၲေလးၿမိဳ႕ခံမ်ားက ေ၀ဖန္သည္။

သို႔ေသာ္ ၿမိဳ႕ေတာ္၀န္ႏွင့္စည္ ပင္သာယာ တာ၀န္ရွိသူမ်ားက မႏၲေလးၿမိဳ႕တြင္ အလံုပိတ္ခန္း မ်ား ပါ၀င္သည့္ ဆိုင္မ်ားေတြ႕ရွိပါ က သတင္းေပးတိုင္ၾကားရန္ ေျပာၾကားထားသည္။

ၿပီးခဲ့သည့္ ဒီဇင္ဘာက မႏၲေလးၿမိဳ႕အေနာက္ဘက္ ၿမိဳ႕ပတ္လမ္းတြင္ရွိသည့္ အလံုပိတ္ဆိုင္တစ္ခု၌ အရြယ္မေရာက္ေသးသည့္ မိန္းကေလးတစ္ဦးကို အဓမၼျပဳက်င့္မႈျဖစ္ပြားခဲ့ေၾကာင္း စည္ပင္သာယာရဲတပ္ဖြဲ႕ မွတ္တမ္းမ်ားတြင္ ေဖာ္ျပထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin

# Unicode ဖြင့်ဖတ်ရန် #

မန္တလေးမြို့တော် စည် ပင်သာယာနယ်နိမိတ်အတွင်းရှိ အလုံပိတ်တဲများထည့်သွင်းတည် ဆောက်ထားသော ဆိုင်များကို စီမံချက်ချအရေးယူနေရာ ဇန်နဝါရီ ၁၃ ရက်က တစ်နေ့တည်း ဆိုင်ကိုးဆိုင်ဖမ်းဆီးအရေးယူခဲ့ကြောင်း စည်ပင် သာယာရဲတပ်ဖွဲ့(မန္တလေး)တာဝန်ရှိသူများက ပြောသည်။
မန္တလေးမြို့ ကန်တော်ကြီး အနောက်ဘက်ခြမ်းရှိ အလုံပိတ် တဲများထည့်သွင်းတည်ဆောက် ထားသော အအေးဆိုင်များကို လိုက်လံစစ်ဆေးပြီး တိုင်ကြား သည့် ဆိုင်စာရင်းတွင်ပါဝင်သည့် ခုနစ်ဆိုင်နှင့် တိုင်ကြားသည့် စာရင်း၌ မပါဝင်သည့် ဆိုင်နှစ်ဆိုင်၊ စုစုပေါင်း ကိုးဆိုင်ကိုဖမ်းဆီး အရေးယူခဲ့သည်။

ဖမ်းဆီးခဲ့သည့် ဆိုင်များကို ဇန်နဝါရီ ၂၀ ရက် နောက်ဆုံးထား ဖျက်သိမ်းရန် စည်ပင်သာယာအ ခွန်ဌာနနှင့် အဆောက်အအုံနှင့် ကုန်ရုံဌာနများက ညွှန်ကြားခဲ့ ကြောင်း စည်ပင်သာယာရဲတပ်ဖွဲ့ ရဲအုပ်သဲဦးလှိုင်က ပြောသည်။

‘‘သတင်းအရသွားစစ်တာ ဆိုင် သုံးဆိုင်က ပိတ်ထားတယ်။ အမရပူရဘက်ကို သွားစစ်တော့ လည်း ဆိုင်တွေ ဖျက်ထားတာ တွေ့တယ်။ ဖမ်းမိတဲ့ထဲက တချို့ ဆိုင်တွေကိုတော့ ချက်ချင်းဖျက် သိမ်းခဲ့တယ်။ တချို့ဆိုင်တွေကို တော့ ၂၀ ရက်နေ့ နောက်ဆုံးထားဖျက်ဖို့ စာထုတ်ထားတယ်’’ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခဲ့သည့် ဆိုင်များကို စည်ပင်သာယာဥပဒေပုဒ်မ ၁၁၈အရ အရေးယူမည်ဖြစ်ကြောင်း ရဲအုပ် သဲဦးလှိုင်က ဆိုသည်။

စည်ပင်သာယာအနေဖြင့် အလုံပိတ်တဲများထည့်သွင်းတည် ဆောက်ထားသည့် ဆိုင်ငယ်များ နှင့် လမ်းဘေးဆိုင်များကို အရေး ယူနေသော်လည်း မန္တလေးမြို့ အတွင်း ဖွင့်လှစ်ထားသည့် အလုံပိတ်အခန်းများပါဝင်သည့် ဆိုင်ကြီးများကို အရေးယူမှုအားနည်းကြောင်း မန္တလေးမြို့ခံများက ဝေဖန်သည်။

သို့သော် မြို့တော်ဝန်နှင့်စည် ပင်သာယာ တာဝန်ရှိသူများက မန္တလေးမြို့တွင် အလုံပိတ်ခန်း များ ပါဝင်သည့် ဆိုင်များတွေ့ရှိပါ က သတင်းပေးတိုင်ကြားရန် ပြောကြားထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာက မန္တလေးမြို့အနောက်ဘက် မြို့ပတ်လမ်းတွင်ရှိသည့် အလုံပိတ်ဆိုင်တစ်ခု၌ အရွယ်မရောက်သေးသည့် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း စည်ပင်သာယာရဲတပ်ဖွဲ့ မှတ်တမ်းများတွင် ဖော်ပြထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top