စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

တရုတ္ႏိုင္ငံမွ အသက္ ၄၆ ႏွစ္ အရြယ္ရွိ ဆြံ အ နားမၾကားတဲ့အျပင္ ေျခေထာက္တစ္ဖက္သာရွိတဲ့လူတစ္ဦး ဟာ လမ္းသန္႔ရွင္းေရးလုပ္ငန္းကို ေနစဥ္ နံနက္ ၄ နာရီတည္းကအလုပ္သိမ္းခ်ိန္အထိ လုပ္ကိုင္ႏိုင္ၿပီး သူ ဟာေနပူမေရွာင္ မိုးရြာမေရွာင္ နားရက္မယူဘဲ ႏွစ္ေပါင္း ၁၂ ႏွစ္ၾကာလုပ္ကိုင္ႏုိင္ခဲ့တယ္လို႔ သိရပါတယ္။

Shang Wuyi, ဆိုသူ ဟာ နားမၾကား စကားမေျပာ ႏိုင္တဲ့အျပင္ ေျခေထာက္တစ္ဖက္သာရွိေပမယ့္လည္း သူရဲ႕ လမ္းသန္႔ရွင္းေရးလုပ္တဲ့ အလုပ္ကို နားခဲ့တာမရွိခဲ့ဘူး၊ Shang Wuyi, ရဲ႕ မိတ္ေဆြတစ္ဦးက Shang Wuyi, ဟာ တရုတ္ႏိုင္ငံ Xi’an, ၿမိဳ႕ က လမ္း ၄ လမ္းကို တံျမက္စည္း လွည္း ၊ သန္ရွင္းေရးအလုပ္ကိုရရွိၿပီးခ်ိန္ေနာက္ပိုင္းတည္းက တစ္ရက္မွ အနားမယူခဲ့ဘူးလို႔ ေျပာခဲ့ပါတယ္။ Mr Shang ဟာအျခား လုပ္ေဖာ္ကိုင္ဖက္ေတြထက္ အလုပ္ကို ပိုမုိလုပ္ကိုင္ခဲ့တာျဖစ္ပါတယ္။

Mr Shang ဟာလမ္းသန္႔ရွင္းေရး တံျမက္စည္း လွည္းခ်ိန္မွာ လမ္းေလွ်ာက္တုတ္ေခ်ာင္းအကူညီနဲ႔ တံျမက္စည္းလွည္းတာေတြလုပ္ခဲ့တယ္လို႔သိရပါတယ္၊ Mr Shang ရဲ႕ ဇနီးျဖစ္သူ Wang Yaqin ကလည္းခင္ပြန္းျဖစ္သူနဲ႔အတူ လမ္းတံျမက္စည္း လွည္းအလုပ္ကိုအတူ လုပ္ကိုင္ခဲ့ျဖစ္ၿပီး သူတုိ႔ ႏွစ္ဦး ဟာ ၿပီးခဲ့တဲ့ ၂၁ ႏွစ္ေက်ာ္ကလက္ထပ္ခဲ့တာျဖစ္ပါတယ္။

Mr Shang တို႔ ဇနီးေမာင္ႏွံ ဟာ ၁၀၀၀ မီတာ ရွိ လမ္း ၄ လမ္းကို တံျမက္စည္းလွည္းရတာျဖစ္ပါတယ္။ Mr Shang ရဲ႕မိခင္ျဖစ္သူကလည္း ံနားမၾကားျဖစ္တာေၾကာင့္ Mr Shang နဲ႔ အမ ျဖစ္သူတုိ႔ဟာလည္းေမြးဖြားခ်ိန္မွာ နားမၾကားတဲ့ေရာဂါရခဲ့တာျဖစ္ပါတယ္။ Mr Shang ဟာ အသက္ ၇ ႏွစ္ အရြယ္မွာ ရထားေအာ္သံကို မၾကားတာေၾကာင့္ ရထားတုိက္မီခဲ့ၿပီး ဘယ္ေျခေထာက္တစ္ဖက္ ဆံုးရွံုးခဲ့ပါတယ္၊

Mr Shang တို႔ ဇနီးေမာင္ႏွံ ဟာ မသန္စြမ္းေပမယ္လည္း အလုပ္ ကို အျခားသူေတြထက္ ေစာစီးစြာ ေရာက္ရွိၿပီးအျခားသူေတြ ေရာက္ရွိလာခ်ိန္မွာ အလုပ္ကို စတင္လုပ္ကိုင္ခဲ့ပါတယ္။ Mr Shang ဇနီးေမာင္နွံ ရဲ႕ဘ၀ ရပ္တည္မႈ ဟာ အလုပ္ေပၚမွာမူတည္ေနတယ္လုိ႔ Mr Shang ရဲ႕ ဇနီးျဖစ္သူကေျပာခဲ့ပါတယ္။

Source – pthonlinemedia & dailymail

ဖိုးသူေတာ္ (www.phothutaw.com)
Credit: millionlike

# Unicode Version ျဖင့္ ဖတ္ပါ #
တရုတ်နိုင်ငံမှ အသက် ၄၆ နှစ် အရွယ်ရှိ ဆွံ အ နားမကြားတဲ့အပြင် ခြေထောက်တစ်ဖက်သာရှိတဲ့လူတစ်ဦး ဟာ လမ်းသန့်ရှင်းရေးလုပ်ငန်းကို နေစဉ် နံနက် ၄ နာရီတည်းကအလုပ်သိမ်းချိန်အထိ လုပ်ကိုင်နိုင်ပြီး သူ ဟာနေပူမရှောင် မိုးရွာမရှောင် နားရက်မယူဘဲ နှစ်ပေါင်း ၁၂ နှစ်ကြာလုပ်ကိုင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Shang Wuyi, ဆိုသူ ဟာ နားမကြား စကားမပြော နိုင်တဲ့အပြင် ခြေထောက်တစ်ဖက်သာရှိပေမယ့်လည်း သူရဲ့ လမ်းသန့်ရှင်းရေးလုပ်တဲ့ အလုပ်ကို နားခဲ့တာမရှိခဲ့ဘူး၊ Shang Wuyi, ရဲ့ မိတ်ဆွေတစ်ဦးက Shang Wuyi, ဟာ တရုတ်နိုင်ငံ Xi’an, မြို့ က လမ်း ၄ လမ်းကို တံမြက်စည်း လှည်း ၊ သန်ရှင်းရေးအလုပ်ကိုရရှိပြီးချိန်နောက်ပိုင်းတည်းက တစ်ရက်မှ အနားမယူခဲ့ဘူးလို့ ပြောခဲ့ပါတယ်။ Mr Shang ဟာအခြား လုပ်ဖော်ကိုင်ဖက်တွေထက် အလုပ်ကို ပိုမိုလုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

Mr Shang ဟာလမ်းသန့်ရှင်းရေး တံမြက်စည်း လှည်းချိန်မှာ လမ်းလျှောက်တုတ်ချောင်းအကူညီနဲ့ တံမြက်စည်းလှည်းတာတွေလုပ်ခဲ့တယ်လို့သိရပါတယ်၊ Mr Shang ရဲ့ ဇနီးဖြစ်သူ Wang Yaqin ကလည်းခင်ပွန်းဖြစ်သူနဲ့အတူ လမ်းတံမြက်စည်း လှည်းအလုပ်ကိုအတူ လုပ်ကိုင်ခဲ့ဖြစ်ပြီး သူတို့ နှစ်ဦး ဟာ ပြီးခဲ့တဲ့ ၂၁ နှစ်ကျော်ကလက်ထပ်ခဲ့တာဖြစ်ပါတယ်။

Mr Shang တို့ ဇနီးမောင်နှံ ဟာ ၁၀၀၀ မီတာ ရှိ လမ်း ၄ လမ်းကို တံမြက်စည်းလှည်းရတာဖြစ်ပါတယ်။ Mr Shang ရဲ့မိခင်ဖြစ်သူကလည်း ံနားမကြားဖြစ်တာကြောင့် Mr Shang နဲ့ အမ ဖြစ်သူတို့ဟာလည်းမွေးဖွားချိန်မှာ နားမကြားတဲ့ရောဂါရခဲ့တာဖြစ်ပါတယ်။ Mr Shang ဟာ အသက် ၇ နှစ် အရွယ်မှာ ရထားအော်သံကို မကြားတာကြောင့် ရထားတိုက်မီခဲ့ပြီး ဘယ်ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ပါတယ်၊

Mr Shang တို့ ဇနီးမောင်နှံ ဟာ မသန်စွမ်းပေမယ်လည်း အလုပ် ကို အခြားသူတွေထက် စောစီးစွာ ရောက်ရှိပြီးအခြားသူတွေ ရောက်ရှိလာချိန်မှာ အလုပ်ကို စတင်လုပ်ကိုင်ခဲ့ပါတယ်။ Mr Shang ဇနီးမောင်နှံ ရဲ့ဘ၀ ရပ်တည်မှု ဟာ အလုပ်ပေါ်မှာမူတည်နေတယ်လို့ Mr Shang ရဲ့ ဇနီးဖြစ်သူကပြောခဲ့ပါတယ်။

Source – pthonlinemedia & dailymail

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top