န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ေမတၱာစစ္ဆုိတာ ..

ေကာင္ေလးက ေကာင္မေလးကုိ လက္ထပ္ခြင့္ေတာင္းတုန္းက စကားလုံး ၅ လုံးပဲ ေျပာခဲ့တယ္။

" ကုိယ့္ကုိယုံၾကည္ပါ"

အိမ္ေထာင္က်ျပီး ေကာင္မေလးက ကုိယ္ဝန္ရ၊ သမီးေလးေမြးေပး တဲ့ အခါက်ေတာ့ ေကာင္ေလးက "ခ်စ္ ပင္ပန္းသြားၿပီ" လုိ႔ေျပာၿပီး ႏွစ္သိမ့္ ေက်းဇူးတင္ စကားေျပာခဲ့တယ္။

သမီးေလးအရြယ္ေရာက္လာၿပီး အိမ္ေထာင္က်ေတာ့ လင္ ေယာက်္ားေနာက္ လုိက္သြားရတဲ့ သမီးေလးကုိၾကည့္ၿပီး မ်က္ရည္က်ေနတဲ့ ဇနီးသည္ရဲ႕ ပခုံးေလးကုိဖက္ကာ "ခ်စ္... ကုိယ္က်န္ေသးတယ္" လုိ႔ေျပာၿပီး ဇနီးသည္ရဲ႕ လြမ္းေဆြးမႈကုိ ေျဖေဖ်ာက္ေပးခဲ့တယ္။

အသက္​အရြယ္​ေတြႀကီးရင့္လာၿပီး ေရာဂါေဝဒနာ ဖီစီးမႈေၾကာင့္အိပ္ရာထဲလဲေန႐ွာတဲ့ ဇနီးသည္ရဲ႕ လက္ကေလးကုိင္ကာ "ခ်စ္....အားမငယ္နဲ႔ "ဆုိၿပီး အားအင္သစ္ေတြ ျဖည့္တင္းေပးခဲ့တယ္။

မီးစာကုန္​ ဆီခန္းၿပီး ဘဝကူးေတာ့မယ့္ ဇနီးသည္ကုိ
လင္ေယာက်္ားျဖစ္သူက အငုိမ်က္ႏွာနဲ႔ နဖူးေလးနမ္းၿပီး

"ကုိယ့္ကုိ ေစာင့္ေနေနာ္"လုိ႔ေျပာၿပီး ေနာက္ဆုံးထြက္သက္အထိသူ၏ ေမတၱာစစ္ကုိ ခ်စ္ဇနီးသည္အေပၚ သက္ေသျပခဲ့တယ္။

ခ်စ္ျခင္းေမတၱာဆုိတာ" ခ်စ္တယ္"လုိ႔ ပါးစပ္ကေျပာေန႐ုံနဲ႔ မရဘဲရင္ထဲအေသြးအသားထဲက ကုိယ့္ဘဝရဲ႕ လက္တြဲေဖာ္ကုိေနာက္ဆုံးထြက္သက္အထိ ေႏြးေထြးၾကင္နာျခင္းပါ။

ခ်စ္တယ္လုိ႔ပါးစပ္ကေျပာကာ ေလထဲမွာ အခ်စ္ရဲ႕စြမ္းအင္ေတြ ေပ်ာက္ကြယ္သြားၿပီး အရြယ္က်လာေလေလ ေမတၱာခန္းလာခဲ့ရင္ ေမတၱာစစ္မဟုတ္ပါ။

လူတစ္ေယာက္ကုိ နက္နက္႐ိႈင္း႐ိႈင္းခ်စ္ခဲ့မိရင္ ကုိယ္ခ်စ္ရသူရဲ႕ အားသာခ်က္ေတြကုိ ေလးစားလာသလုိ အားနည္းခ်က္ေတြကုိလည္း ခ်စ္တတ္ လာပါလိမ့္ မယ္။

ေမတၱာစစ္တုိ႔မည္သည္ အသက္ႀကီးလာေလ ပုိေလးနက္လာၿပီး
ေနာက္ဆုံးေသကြဲ ကြဲခဲ့ရတဲ့အခါမွာလည္း ရင္ထဲမွာ တမ္းတေနတာမ်ဳိးပါ... ။

ကုိယ့္အေပၚ ေမတၱာစစ္နဲ႔ ခ်စ္တဲ့သူတစ္ေယာက္ကုိ နားလည္မႈ အလြဲတစ္ခုေၾကာင့္ အေဝးကို ေမာင္းထုတ္လုိက္သလုိ မျဖစ္ပါေစနဲ႔ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ႏုိင္းႏုိင္းစေန

#Unicode Version#
မေတ္တာစစ်ဆိုတာ ..

ကောင်လေးက ကောင်မလေးကို လက်ထပ်ခွင့်တောင်းတုန်းက စကားလုံး ၅ လုံးပဲ ပြောခဲ့တယ်။

" ကိုယ့်ကိုယုံကြည်ပါ"

အိမ်ထောင်ကျပြီး ကောင်မလေးက ကိုယ်ဝန်ရ၊ သမီးလေးမွေးပေး တဲ့ အခါကျတော့ ကောင်လေးက "ချစ် ပင်ပန်းသွားပြီ" လို့ပြောပြီး နှစ်သိမ့် ကျေးဇူးတင် စကားပြောခဲ့တယ်။

သမီးလေးအရွယ်ရောက်လာပြီး အိမ်ထောင်ကျတော့ လင် ယောကျ်ားနောက် လိုက်သွားရတဲ့ သမီးလေးကိုကြည့်ပြီး မျက်ရည်ကျနေတဲ့ ဇနီးသည်ရဲ့ ပခုံးလေးကိုဖက်ကာ "ချစ်... ကိုယ်ကျန်သေးတယ်" လို့ပြောပြီး ဇနီးသည်ရဲ့ လွမ်းဆွေးမှုကို ဖြေဖျောက်ပေးခဲ့တယ်။

အသက်အရွယ်တွေကြီးရင့်လာပြီး ရောဂါဝေဒနာ ဖီစီးမှုကြောင့်အိပ်ရာထဲလဲနေရှာတဲ့ ဇနီးသည်ရဲ့ လက်ကလေးကိုင်ကာ "ချစ်....အားမငယ်နဲ့ "ဆိုပြီး အားအင်သစ်တွေ ဖြည့်တင်းပေးခဲ့တယ်။

မီးစာကုန် ဆီခန်းပြီး ဘဝကူးတော့မယ့် ဇနီးသည်ကို
လင်ယောကျ်ားဖြစ်သူက အငိုမျက်နှာနဲ့ နဖူးလေးနမ်းပြီး

"ကိုယ့်ကို စောင့်နေနော်"လို့ပြောပြီး နောက်ဆုံးထွက်သက်အထိသူ၏ မေတ္တာစစ်ကို ချစ်ဇနီးသည်အပေါ် သက်သေပြခဲ့တယ်။

ချစ်ခြင်းမေတ္တာဆိုတာ" ချစ်တယ်"လို့ ပါးစပ်ကပြောနေရုံနဲ့ မရဘဲရင်ထဲအသွေးအသားထဲက ကိုယ့်ဘဝရဲ့ လက်တွဲဖော်ကိုနောက်ဆုံးထွက်သက်အထိ နွေးထွေးကြင်နာခြင်းပါ။

ချစ်တယ်လို့ပါးစပ်ကပြောကာ လေထဲမှာ အချစ်ရဲ့စွမ်းအင်တွေ ပျောက်ကွယ်သွားပြီး အရွယ်ကျလာလေလေ မေတ္တာခန်းလာခဲ့ရင် မေတ္တာစစ်မဟုတ်ပါ။

လူတစ်ယောက်ကို နက်နက်ရှိုင်းရှိုင်းချစ်ခဲ့မိရင် ကိုယ်ချစ်ရသူရဲ့ အားသာချက်တွေကို လေးစားလာသလို အားနည်းချက်တွေကိုလည်း ချစ်တတ် လာပါလိမ့် မယ်။

မေတ္တာစစ်တို့မည်သည် အသက်ကြီးလာလေ ပိုလေးနက်လာပြီး
နောက်ဆုံးသေကွဲ ကွဲခဲ့ရတဲ့အခါမှာလည်း ရင်ထဲမှာ တမ်းတနေတာမျိုးပါ... ။

ကိုယ့်အပေါ် မေတ္တာစစ်နဲ့ ချစ်တဲ့သူတစ်ယောက်ကို နားလည်မှု အလွဲတစ်ခုကြောင့် အဝေးကို မောင်းထုတ်လိုက်သလို မဖြစ်ပါစေနဲ့နော်။

ဖိုးသူတော် (www.phothutaw.com)
Credit: နိုင်းနိုင်းစနေ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top