မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×



ပုလဲမြ

အုန်းမောင်




Credit: Kyi Phyo Maung

# Unicode Version ဖြင့် ဖတ်ပါ#
သတင်းစာထဲမှာ ပါတဲ့စာကို ကြည့်ပီး ပထမက
ဟာသလုပ်ပီးရေးတယ်ထင်လို့
”ကျွန်တော်တို့သည် အုန်းမောင်များသာဖြစ်သည်ဟု”ဆိုပီး
ဟာသ သဘောနဲ့ fbမှာ တင်ခဲ့တယ်

အဘဦးအုန်းမောင် fbထဲဝင်ကြည့်ပီး
အဘရေးထားတဲ့စာတွေကို တွေ့တော့မှ တော်တော်လေး ဝမ်းနည်းမိသွားတယ်

ပုလဲမြ

ဇန်နဝါရီ17ရက်မှာမင်းမွေးနေ့ရောက်ပြန်ပြီ
မင်းမရှိတော့မှ ကိုယ့်ဘဝတစ်ခြမ်းပဲကျန်တော့တယ် ဆိုတာသိတယ်  ခံရပေဦးမှပေါ့တစ်သက်တာ
အုန်းမောင်

မင်းကိုမွေးတော့နှစ်တစ်နှစ်ရဲ့ပထမလ
အိမ်ထောင်ပြုတော့နောက်ဆုံးလ
တပေါင်းလထူးခြားချက်မှာ

အေးတစ်ဝက်ပူတစ်ဝက် အဟောင်းတွေလွင့်လို့ အသစ်တွေပြူထွက်ချိန်
သဲပုံစေတီတည်လို့ ဗုဒ္ဓဘုရားရှင် ကို အာရုံပြုဖူးမျှော်သည့်လ
ဘုရားရှင်လူ့ပြည်သို့ကြွရောက်တော်မူပြီးတရားဟောကြားတော်မူသည့်လ
ရဟန်းအဆိုရှင်မှတပေါင်းလရဲ့ထူးခြားမူ့ ကိုစာဖွဲ့ချီးကျူး းထားမှု့ မှာလည်း စာပေမှာအထင်အရှား
မြန်မာသမိုင်းတွင်လည်း ဖက်စစ်ဂျပန်ကိုတိုက်ထုတ်ခဲ့တဲ့ အတိတ်နိမိတ်ကောင်းတွေဝေဆာတဲ့လတပေါင်းမှာ
ကိုယ်တောလူနှင့်မမြို့ သူတို့ဘဝစခဲ့တာပေါ့

သို့သော်…..ဘဝခရီးကြမ်းကိုဆက်ကြရာမှာ
ရှင်ကွဲ ကွဲ ရတာက1953သြဂုတ်လ
သေကွဲ ကွဲ ရတာက2012သြဂုတ်လ
ကြုံကြိုက်တာလား ဘဝကံကြမ္မာလားမပြောတတ်

ဖိုးသူတော် (www.phothutaw.com)
Credit: Kyi Phyo Maung
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top