ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ပန္းေရာင္သမ္းေနတဲ့ ပါးေလးက မိန္းကေလးတစ္ေယာက္ အတြက္ ခ်စ္စရာေကာင္းတဲ့ အလွတ ရား တစ္ရပ္ပါပဲ။ ဒါ့ေၾကာင့္လည္း မိန္းကေလးေတြက မိတ္ကပ္လိမ္းတဲ့အခါမွာ ပါးနီကို မျဖစ္မေန ျခယ္သၿပီး ရွက္ေသြးျဖာတဲ့ ပန္းႏုေရာင္ပါးေလးရရွိဖို႔ ဖန္တီးၾကရပါတယ္။ မိတ္ကပ္ျပင္ ဆင္ျခယ္ သတဲ့ အခါမွာလည္း ပါးနီမပါဘူးဆိုရင္ အသက္မဝင္ေတာ့ပါဘူး။ ဒါေပမယ့္ ရွက္ေသြးျဖာတဲ့ ပန္းႏုေရာင္ပါး ရဲရဲေလးကို ပါးနီျခယ္သစရာမလိုဘဲ သဘာဝအတိုင္း ရရွိႏုိင္မယ့္ နည္းလမ္း ေကာင္းကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) မ်က္ႏွာဂ်ီးခၽြတ္ပါ

မ်က္ႏွာျပင္ေပၚက ဆဲလ္ေသမ်ားနဲ႔ အညစ္အေၾကးမ်ား ကပ္ၿငိေနရင္ အသားအေရက ၾကည္ လင္ဝင္းပ မႈမရွိေတာ့ပါဘူး။ ဒါ့ေၾကာင့္ ရွက္ေသြးျဖာတဲ့ ပန္းႏုေရာင္ပါးကို ရရွိဖို႔ဆိုရင္ မ်က္ႏွာ ဂ်ီးခၽြတ္ေပးဖို႔ လိုပါတယ္။ အသားအေရအတြင္းပိုင္းအလႊာက အညစ္အေၾကးမ်ားနဲ႔ ဆဲလ္ေသ မ်ားကို ဖယ္ရွားသန္႔စင္ဖုိ႔ အတြက္ အုတ္ဂ်ံဳနဲ႔ ႏြားႏုိ႔ကိုအသံုးျပဳႏုိင္ပါတယ္။ အုတ္ဂ်ံဳနဲ႔ ႏြားႏုို႔ကို ေရာစပ္လိုက္ၿပီး မ်က္ႏွာျပင္ေပၚ သုတ္လိမ္းၿပီး ၁၅မိနစ္ခန္႔ ေပါင္းတင္ေပးပါ။ ဒီနည္းလမ္းအတုိင္း ပံုမွန္ျပဳလုပ္ေပးသြား မယ္ဆိုရင္ သဘာဝအတိုင္း ပန္းႏုေရာင္သမ္းတဲ့ ပါးကို ေတြ႔ရမွာပါ။

(၂) ေရေႏြးနဲ႔ မ်က္ႏွာသစ္ပါ

ေရေႏြးနဲ႔ မ်က္ႏွာသစ္တာက ၂မိနစ္အတြင္း ပါးရဲရဲေလးကို ရရွိႏိုင္မယ့္ သဘာဝ နည္းလမ္း ေကာင္း ေလးပါပဲ။ မ်က္ႏွာေပါင္းတင္ၿပီးတဲ့ အခါတိုင္းနဲ႔ Scrub လုပ္ၿပီးတဲ့ အခါတိုင္းမွာ ၾကက္ သီးေရေႏြးေလးနဲ႔ မ်က္ႏွာသစ္ေပးရမွာပါ။ အထူးသတိျပဳရမွာက ပူလြန္းတဲ့ ေရကိုအသံုးမျပဳမိဖို႔ ပါပဲ။ ေရေႏြးနဲ႔ မ်က္ႏွာေပါင္းတင္လိုက္တဲ့အခါမွာ ေခၽြးေပါက္တြင္းက အညစ္အေၾကးမ်ား သန္႔စင္ သြားၿပီး မ်က္ႏွာၾကည္လာတဲ့အတြက္ ပန္းေရာင္သမ္းလာပါလိ့မ္မယ္။ ေရေႏြးနဲ႔ မ်က္ႏွာသစ္ၿပီး ရင္ေတာ့ Moisturizer လိမ္းဖို႔ မေမ့ပါနဲ႔ေနာ္။

(၃) ေရမ်ားမ်ားေသာက္ပါ

ခႏၶာကိုယ္တြင္းက အဆိပ္အေတာက္မ်ားက အသားအေရကို တိုက္ရိုက္သက္ေရာက္မႈ ရွိေနပါ တယ္။ အဆိပ္အေတာက္ေတြ မ်ားေနတယ္ဆိုရင္ အသားအေရက ၾကည္လင္ဝင္းပမႈ မရွိေတာ့ တာေၾကာင့္ ရွက္ေသြးျဖာတဲ့ပါးနီနီေလးကို မရရွိႏုိင္ေတာ့ပါဘူး။ ဒါ့ေၾကာင့္ ခႏၶာကိုယ္ တြင္းက အဆိပ္အေတာက္ မ်ားကို အလ်င္ျမန္ဆံုး ရွင္းထုတ္ေပးႏုိင္ဖု႔ိအတြက္ ေရမ်ားမ်ား ေသာက္သံုးသင့္ ပါတယ္။

(၄) massage လုပ္ေပးပါ

မ်က္ႏွာျပင္ေပၚ ေသြးလည္ပတ္မႈ ေကာင္းမြန္ေစဖို႔အတြက္ massage ျပဳလုပ္ဖို႔ လိုပါတယ္။ ညအိပ္ရာဝင္ခါနီးတုိင္း Moisturizer လိမ္းၿပီး မ်က္ႏွာျပင္တစ္ဝုိက္ စက္ဝုိင္းျခမ္းပံုစံ ညင္သာစြာ ႏွိပ္နယ္ေပးပါ။ မ်က္ႏွာကို Massage လုပ္ေပးတာက ေသြးလည္ပတ္မႈကို ေကာင္းမြန္ေစတဲ့ အတြက္ သဘာဝအတုိင္း ပန္းႏုေရာင္သမ္းေစမယ့္ နည္းလမ္းေကာင္းပါပဲ။

(၅) အာဟာရမွ်တစြာစားသံုးပါ

အသားအေရလွပဖို႔အတြက္ အေထာက္အကူျပဳမယ့္ အစားအစာမ်ားကို သင့္တင့္မွ်တစြာ စားသံုးသင့္ပါတယ္။ အထူးသျဖင့္ ဗီတာမင္စီနဲ႔ ဗီတာမင္အီးက သဘာအတုိင္း ပန္းႏုေရာင္ ပါးေလး ျဖစ္ေစဖို႔ ကူညီေပးပါလိမ့္မယ္။ ဒါ့ေၾကာင့္ မက္မြန္သီး၊ ငရုတ္ပြသီး၊ မုန္လာဥနီနဲ႔ ခရမ္းခ်ဥ္သီး စတဲ့ အသီးအရြက္မ်ားကို ပံုမွန္စားသံုးေပးသင့္ပါတယ္။

(၆) သဘာဝအတိုင္းပါးနီျပဳလုပ္နည္း

ဓာတုပစၥည္းေတြ ပါဝင္တဲ့ ပါးနီကို အသံုးမျပဳခ်င္ဘူးဆိုရင္ေတာ့ သဘာအတိုင္း ပန္းေရာင္သမ္းတဲ့ ပါးကိုရရွိဖုိ႔အတြက္ အိမ္မွာရွိတဲ့ အရာေတြနဲ႔ပဲ ျပဳလုပ္ႏိုင္တဲ့ နည္းလမ္းေကာင္းေလးကို ေျပာျပခ်င္ ပါတယ္။ သံလြင္ဆီနဲ႔ ႏွင္းဆီရိုးတံ ကိုအသံုးျပဳရမွာပါ။ လတ္ဆတ္တဲ့ ႏွင္းဆီရိုးတံကို ႀကိတ္ လိုက္ၿပီး ရရွိလာတဲ့ အႏွစ္ကို သံလြင္ဆီအနည္းငယ္နဲ႔ ေရာစပ္ၿပီး မ်က္ႏွာေပါင္းတင္ေပးရမွာပါ။ အသားထဲ စိမ့္ဝင္သြားေစဖို႔အတြက္ လက္ေခ်ာင္းကေလးနဲ႔ ညင္သာစြာ ႏွိပ္နယ္ေပးၿပီး နာရီဝက္ ေလာက္ထားပါ။ ၿပီးရင္ေတာ့ ေရေအးေအးေလးန႔ဲ မ်က္ႏွာသစ္လိုက္ရံုပါပဲ။ ဒီနည္း လမ္းကလည္း လြယ္ကူရိုးရွင္းတဲ့ နည္းလမ္းေကာင္းေလးပါပဲေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform

# Unicode Version ျဖင့္ ဖတ္ပါ #
ပန်းရောင်သမ်းနေတဲ့ ပါးလေးက မိန်းကလေးတစ်ယောက် အတွက် ချစ်စရာကောင်းတဲ့ အလှတ ရား တစ်ရပ်ပါပဲ။ ဒါ့ကြောင့်လည်း မိန်းကလေးတွေက မိတ်ကပ်လိမ်းတဲ့အခါမှာ ပါးနီကို မဖြစ်မနေ ခြယ်သပြီး ရှက်သွေးဖြာတဲ့ ပန်းနုရောင်ပါးလေးရရှိဖို့ ဖန်တီးကြရပါတယ်။ မိတ်ကပ်ပြင် ဆင်ခြယ် သတဲ့ အခါမှာလည်း ပါးနီမပါဘူးဆိုရင် အသက်မဝင်တော့ပါဘူး။ ဒါပေမယ့် ရှက်သွေးဖြာတဲ့ ပန်းနုရောင်ပါး ရဲရဲလေးကို ပါးနီခြယ်သစရာမလိုဘဲ သဘာဝအတိုင်း ရရှိနိုင်မယ့် နည်းလမ်း ကောင်းကို ဖော်ပြပေးချင်ပါတယ်။

(၁) မျက်နှာဂျီးချွတ်ပါ

မျက်နှာပြင်ပေါ်က ဆဲလ်သေများနဲ့ အညစ်အကြေးများ ကပ်ငြိနေရင် အသားအရေက ကြည် လင်ဝင်းပ မှုမရှိတော့ပါဘူး။ ဒါ့ကြောင့် ရှက်သွေးဖြာတဲ့ ပန်းနုရောင်ပါးကို ရရှိဖို့ဆိုရင် မျက်နှာ ဂျီးချွတ်ပေးဖို့ လိုပါတယ်။ အသားအရေအတွင်းပိုင်းအလွှာက အညစ်အကြေးများနဲ့ ဆဲလ်သေ များကို ဖယ်ရှားသန့်စင်ဖို့ အတွက် အုတ်ဂျုံနဲ့ နွားနို့ကိုအသုံးပြုနိုင်ပါတယ်။ အုတ်ဂျုံနဲ့ နွားနို့ကို ရောစပ်လိုက်ပြီး မျက်နှာပြင်ပေါ် သုတ်လိမ်းပြီး ၁၅မိနစ်ခန့် ပေါင်းတင်ပေးပါ။ ဒီနည်းလမ်းအတိုင်း ပုံမှန်ပြုလုပ်ပေးသွား မယ်ဆိုရင် သဘာဝအတိုင်း ပန်းနုရောင်သမ်းတဲ့ ပါးကို တွေ့ရမှာပါ။

(၂) ရေနွေးနဲ့ မျက်နှာသစ်ပါ

ရေနွေးနဲ့ မျက်နှာသစ်တာက ၂မိနစ်အတွင်း ပါးရဲရဲလေးကို ရရှိနိုင်မယ့် သဘာဝ နည်းလမ်း ကောင်း လေးပါပဲ။ မျက်နှာပေါင်းတင်ပြီးတဲ့ အခါတိုင်းနဲ့ Scrub လုပ်ပြီးတဲ့ အခါတိုင်းမှာ ကြက် သီးရေနွေးလေးနဲ့ မျက်နှာသစ်ပေးရမှာပါ။ အထူးသတိပြုရမှာက ပူလွန်းတဲ့ ရေကိုအသုံးမပြုမိဖို့ ပါပဲ။ ရေနွေးနဲ့ မျက်နှာပေါင်းတင်လိုက်တဲ့အခါမှာ ချွေးပေါက်တွင်းက အညစ်အကြေးများ သန့်စင် သွားပြီး မျက်နှာကြည်လာတဲ့အတွက် ပန်းရောင်သမ်းလာပါလိ့မ်မယ်။ ရေနွေးနဲ့ မျက်နှာသစ်ပြီး ရင်တော့ Moisturizer လိမ်းဖို့ မမေ့ပါနဲ့နော်။

(၃) ရေများများသောက်ပါ

ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်များက အသားအရေကို တိုက်ရိုက်သက်ရောက်မှု ရှိနေပါ တယ်။ အဆိပ်အတောက်တွေ များနေတယ်ဆိုရင် အသားအရေက ကြည်လင်ဝင်းပမှု မရှိတော့ တာကြောင့် ရှက်သွေးဖြာတဲ့ပါးနီနီလေးကို မရရှိနိုင်တော့ပါဘူး။ ဒါ့ကြောင့် ခန္ဓာကိုယ် တွင်းက အဆိပ်အတောက် များကို အလျင်မြန်ဆုံး ရှင်းထုတ်ပေးနိုင်ဖု့ိအတွက် ရေများများ သောက်သုံးသင့် ပါတယ်။

(၄) massage လုပ်ပေးပါ

မျက်နှာပြင်ပေါ် သွေးလည်ပတ်မှု ကောင်းမွန်စေဖို့အတွက် massage ပြုလုပ်ဖို့ လိုပါတယ်။ ညအိပ်ရာဝင်ခါနီးတိုင်း Moisturizer လိမ်းပြီး မျက်နှာပြင်တစ်ဝိုက် စက်ဝိုင်းခြမ်းပုံစံ ညင်သာစွာ နှိပ်နယ်ပေးပါ။ မျက်နှာကို Massage လုပ်ပေးတာက သွေးလည်ပတ်မှုကို ကောင်းမွန်စေတဲ့ အတွက် သဘာဝအတိုင်း ပန်းနုရောင်သမ်းစေမယ့် နည်းလမ်းကောင်းပါပဲ။

(၅) အာဟာရမျှတစွာစားသုံးပါ

အသားအရေလှပဖို့အတွက် အထောက်အကူပြုမယ့် အစားအစာများကို သင့်တင့်မျှတစွာ စားသုံးသင့်ပါတယ်။ အထူးသဖြင့် ဗီတာမင်စီနဲ့ ဗီတာမင်အီးက သဘာအတိုင်း ပန်းနုရောင် ပါးလေး ဖြစ်စေဖို့ ကူညီပေးပါလိမ့်မယ်။ ဒါ့ကြောင့် မက်မွန်သီး၊ ငရုတ်ပွသီး၊ မုန်လာဥနီနဲ့ ခရမ်းချဉ်သီး စတဲ့ အသီးအရွက်များကို ပုံမှန်စားသုံးပေးသင့်ပါတယ်။

(၆) သဘာဝအတိုင်းပါးနီပြုလုပ်နည်း

ဓာတုပစ္စည်းတွေ ပါဝင်တဲ့ ပါးနီကို အသုံးမပြုချင်ဘူးဆိုရင်တော့ သဘာအတိုင်း ပန်းရောင်သမ်းတဲ့ ပါးကိုရရှိဖို့အတွက် အိမ်မှာရှိတဲ့ အရာတွေနဲ့ပဲ ပြုလုပ်နိုင်တဲ့ နည်းလမ်းကောင်းလေးကို ပြောပြချင် ပါတယ်။ သံလွင်ဆီနဲ့ နှင်းဆီရိုးတံ ကိုအသုံးပြုရမှာပါ။ လတ်ဆတ်တဲ့ နှင်းဆီရိုးတံကို ကြိတ် လိုက်ပြီး ရရှိလာတဲ့ အနှစ်ကို သံလွင်ဆီအနည်းငယ်နဲ့ ရောစပ်ပြီး မျက်နှာပေါင်းတင်ပေးရမှာပါ။ အသားထဲ စိမ့်ဝင်သွားစေဖို့အတွက် လက်ချောင်းကလေးနဲ့ ညင်သာစွာ နှိပ်နယ်ပေးပြီး နာရီဝက် လောက်ထားပါ။ ပြီးရင်တော့ ရေအေးအေးလေးနဲ့ မျက်နှာသစ်လိုက်ရုံပါပဲ။ ဒီနည်း လမ်းကလည်း လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းကောင်းလေးပါပဲနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top