ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

မိမိဆိုဖာထိုင္ခံုေပၚအိပ္စက္အနားယူခြင့္ေပးသည့္အျပင္ ေကာ္ဖီတစ္ခြက္ပါတိုက္လိုက္တဲ့ စိတ္ထားေကာင္းလြန္းလွေသာ တံငါတည္ႀကီး အဖိုးၾကီး ျဖစ္ပါတယ္။ သူစိမ္းတစ္ေယာက္ကို သူ႔ရဲ႕ဆိုဖာထိုင္ခံုေပၚ အိပ္ခြင့္ေပးလိုက္တဲ့ နယူးဇီလန္ႏို္င္ငံသားတစ္ဦးရဲ႕ လုပ္ရပ္ေတြကို လူေတြကခ်ီးမြမ္းၾသဘာေပးေနၾကပါတယ္။

Auckland ႏွင့္ Whangarei အၾကားရိွ မန္ေဂါဟိုင္တြင္ေနထိုင္သူ ဂိုဒြန္ ပရိုး အမည္ရိွအဘိုးႀကီးတစ္ေယာက္ စေနေန႔မနက္ အိပ္ရာမွထလိုက္ရာ သူ၏ဧည့္ခန္းထဲတြင္ လူငယ္အမ်ဳိးသားတစ္ေယာက္အိပ္ေမာက် ေနတာကို ေတြ႔လိုက္ရပါတယ္။ ပဲအိတ္အလြတ္တစ္ခုကို ေစာင္အျဖစ္ၿခံဳလ်က္ အိပ္ေနတဲ့အဆိုပါသူစိမ္းကို ႏိုးလိုက္သည့္အစား အသက္ ၆၀ ရိွၿပီျဖစ္တဲ့ မစ္စတာ ပရိုးဟာ ေအးေအးေဆးေဆးေကာ္ဖီေဖ်ာ္လိုက္ကာ ဆက္ၿပီးအိပ္ခြင့္ေပးလိုက္ပါတယ္။
Instead of waking the stranger, who had taken a bean bag and used it as a blanket while he slept, Mr Pryor let the young man sleep for a while
မစ္စတာ ပရိုးအေနျဖင့္ ၄င္းသူစိမ္းလူငယ္ေလးကို ဓာတ္ပံုႏွစ္ပံုရိုက္လိုက္ၿပီး သူ႔ရဲေဖစ့္ဘုတ္စာမ်က္ႏွာ ေပၚတင္ထားလိုက္ရင္း ဖိတ္ေခၚထားျခင္းမဟုတ္တဲ့ သူ႔ဧည့္သည္ေတာ္ႀကီးအေၾကာင္းသိတဲ့သူမွ ေျပာျပေပးဖို႔ပန္ၾကားလိုက္ပါတယ္။
The fishing charter skipper said he wasn't 'unduly concerned' at letting the young man sleep, but he was curious
လူေတာ္ေတာ္မ်ားမ်ားကေနၿပီး ယင္းကဲ့သို႔ အသက္ ၆၀ ရိွအဘိုးႀကီးရဲ႕ဂရုဏာရိွမႈကို ခ်ီးက်ဴးေနစဥ္မွာဘဲ ညသန္းေခါင္ယံႀကီးမွာ ေက်းလက္အိမ္တစ္အိမ္အတြင္း အဆိုပါလူငယ္ေလး ဘယ္လိုလမ္းေပ်ာက္သြားတယ္ ဆိုတာကလည္း စိတ္၀င္စားစရာျဖစ္ေနတာပါ။

ေနာက္ဆံုးေတာ့ မစ္စတာ ပရိုးက ထိုလူငယ္ေလးကို ႏိုးလိုက္ၿပီး၊ သူ႔ပခံုးေတြကိုပုပ္ကာေကာ္ဖီတိုက္ေကၽြးလိုက္ပါတယ္။ ႏွစ္ဦးစလံုးအတူထိုင္ရင္း စကားေတြေျပာၾကရာ အိမ္ရွင္မွ ၄င္းလူငယ္ေလးရဲ႕အေၾကာင္းစံုကို ေမးလိုက္သည့္အခါ နာမည္ကေတာ့ လူး၀ီစ္ ကိုဇီး ျဖစ္ၿပီး တာရာနာကီတြင္ေနထိုင္သူ ကန္တာဘာရီ သကၠသိုလ္တြင္ အင္ဂ်င္နီယာပညာဆည္းပူးေနတဲ့ ေက်ာင္းသားတစ္ဦးျဖစ္ေၾကာင္းသိလိုက္ရပါေတာ့တယ္။

မစ္စတာ ကိုဇီးအေနျဖင့္ ကိုင္၀ါကာရိွ Northern Bass ပြဲသို႔သြားခဲ့တာျဖစ္ၿပီး လြန္းျပန္ဘစ္ကားတစ္စီးျဖင့္ သူေနတဲ့ေနရာ ၀ိုင္ပူးေရာက္မယ္လို႔အထင္နဲ႔ အိမ္ျပန္ခဲ့တာပါ။ ဘစ္ကားကသူထင္တဲ့အတိုင္းမဟုတ္ပဲ အိမ္ကိုမေရာက္မွန္းသိလိုက္ရၿပီး ကားေပၚမွဆင္းကာ လယ္ေတာေတြ၊ ခ်ဴံပုပ္ေတြကိုျဖတ္ေက်ာ္လာရင္း ေနာက္ဆံုး တံခါးမပိတ္ထားတဲ့ မစ္စတာ ပရိုးအိမ္ကို ေရာက္သြားတယ္လို႔ဆိုပါတယ္။

မစ္စတာ ကိုဇီးကို သူငယ္ခ်င္းတစ္ေယာက္ျဖစ္သူမွ လာေခၚသြားၿပီး ထိုသို႔လာမေခၚခင္ အိမ္ရွင္ျဖစ္သူမစ္စတာ ပရိုးက သူ႔ထံအခုလိုေျပာလိုက္ပါတယ္ “ မင္းကိုသူတို႔ေနအိမ္မွာ တည္းေစခ်င္တဲ့ေကာင္မေလးတစ္ခ်ဳိ႕ရိွတယ္ေနာ္” တဲ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: OP

# Unicode Version ျဖင့္ ဖတ္ပါ #
မိမိဆိုဖာထိုင်ခုံပေါ်အိပ်စက်အနားယူခွင့်ပေးသည့်အပြင် ကော်ဖီတစ်ခွက်ပါတိုက်လိုက်တဲ့ စိတ်ထားကောင်းလွန်းလှသော တံငါတည်ကြီး အဖိုးကြီး ဖြစ်ပါတယ်။ သူစိမ်းတစ်ယောက်ကို သူ့ရဲ့ဆိုဖာထိုင်ခုံပေါ် အိပ်ခွင့်ပေးလိုက်တဲ့ နယူးဇီလန်နိုင်ငံသားတစ်ဦးရဲ့ လုပ်ရပ်တွေကို လူတွေကချီးမွမ်းသြဘာပေးနေကြပါတယ်။

Auckland နှင့် Whangarei အကြားရှိ မန်ဂေါဟိုင်တွင်နေထိုင်သူ ဂိုဒွန် ပရိုး အမည်ရှိအဘိုးကြီးတစ်ယောက် စနေနေ့မနက် အိပ်ရာမှထလိုက်ရာ သူ၏ဧည့်ခန်းထဲတွင် လူငယ်အမျိုးသားတစ်ယောက်အိပ်မောကျ နေတာကို တွေ့လိုက်ရပါတယ်။ ပဲအိတ်အလွတ်တစ်ခုကို စောင်အဖြစ်ခြုံလျက် အိပ်နေတဲ့အဆိုပါသူစိမ်းကို နိုးလိုက်သည့်အစား အသက် ၆၀ ရှိပြီဖြစ်တဲ့ မစ်စတာ ပရိုးဟာ အေးအေးဆေးဆေးကော်ဖီဖျော်လိုက်ကာ ဆက်ပြီးအိပ်ခွင့်ပေးလိုက်ပါတယ်။

မစ်စတာ ပရိုးအနေဖြင့် ၎င်းသူစိမ်းလူငယ်လေးကို ဓာတ်ပုံနှစ်ပုံရိုက်လိုက်ပြီး သူ့ရဲဖေစ့်ဘုတ်စာမျက်နှာ ပေါ်တင်ထားလိုက်ရင်း ဖိတ်ခေါ်ထားခြင်းမဟုတ်တဲ့ သူ့ဧည့်သည်တော်ကြီးအကြောင်းသိတဲ့သူမှ ပြောပြပေးဖို့ပန်ကြားလိုက်ပါတယ်။

လူတော်တော်များများကနေပြီး ယင်းကဲ့သို့ အသက် ၆၀ ရှိအဘိုးကြီးရဲ့ဂရုဏာရှိမှုကို ချီးကျူးနေစဉ်မှာဘဲ ညသန်းခေါင်ယံကြီးမှာ ကျေးလက်အိမ်တစ်အိမ်အတွင်း အဆိုပါလူငယ်လေး ဘယ်လိုလမ်းပျောက်သွားတယ် ဆိုတာကလည်း စိတ်ဝင်စားစရာဖြစ်နေတာပါ။

နောက်ဆုံးတော့ မစ်စတာ ပရိုးက ထိုလူငယ်လေးကို နိုးလိုက်ပြီး၊ သူ့ပခုံးတွေကိုပုပ်ကာကော်ဖီတိုက်ကျွေးလိုက်ပါတယ်။ နှစ်ဦးစလုံးအတူထိုင်ရင်း စကားတွေပြောကြရာ အိမ်ရှင်မှ ၎င်းလူငယ်လေးရဲ့အကြောင်းစုံကို မေးလိုက်သည့်အခါ နာမည်ကတော့ လူးဝီစ် ကိုဇီး ဖြစ်ပြီး တာရာနာကီတွင်နေထိုင်သူ ကန်တာဘာရီ သက္ကသိုလ်တွင် အင်ဂျင်နီယာပညာဆည်းပူးနေတဲ့ ကျောင်းသားတစ်ဦးဖြစ်ကြောင်းသိလိုက်ရပါတော့တယ်။

မစ်စတာ ကိုဇီးအနေဖြင့် ကိုင်ဝါကာရှိ Northern Bass ပွဲသို့သွားခဲ့တာဖြစ်ပြီး လွန်းပြန်ဘစ်ကားတစ်စီးဖြင့် သူနေတဲ့နေရာ ဝိုင်ပူးရောက်မယ်လို့အထင်နဲ့ အိမ်ပြန်ခဲ့တာပါ။ ဘစ်ကားကသူထင်တဲ့အတိုင်းမဟုတ်ပဲ အိမ်ကိုမရောက်မှန်းသိလိုက်ရပြီး ကားပေါ်မှဆင်းကာ လယ်တောတွေ၊ ချူံပုပ်တွေကိုဖြတ်ကျော်လာရင်း နောက်ဆုံး တံခါးမပိတ်ထားတဲ့ မစ်စတာ ပရိုးအိမ်ကို ရောက်သွားတယ်လို့ဆိုပါတယ်။

မစ်စတာ ကိုဇီးကို သူငယ်ချင်းတစ်ယောက်ဖြစ်သူမှ လာခေါ်သွားပြီး ထိုသို့လာမခေါ်ခင် အိမ်ရှင်ဖြစ်သူမစ်စတာ ပရိုးက သူ့ထံအခုလိုပြောလိုက်ပါတယ် “ မင်းကိုသူတို့နေအိမ်မှာ တည်းစေချင်တဲ့ကောင်မလေးတစ်ချို့ရှိတယ်နော်” တဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit: OP
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top