စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

အၿမဲတမ္း ႏႈတ္ခမ္းေတြကေျခာက္ေသြ႕ၿပီး အဖတ္ေတြကြာေနတယ္။ ႏႈတ္ခမ္းေျခာက္ေတာ့ လွ်ာနဲ႔သပ္မိ၊ အဲ့လိုနဲ႔ ပိုပိုၿပီး ဆိုးလာတာမ်ိဳးေလ။ ႏႈတ္ခမ္းေပၚက ေျခာက္ေနတဲ့အဖတ္ေလးကို ခြာလိုက္မိတာ ေသြးေတြထြက္လာတာမ်ိဳးကလည္း ခဏခဏပဲ ဆုိတဲ့ မဒီေလးတုိ႔အတြက္ ဒါေလးကို ေရးေပးလိုက္တယ္ေနာ္။ ႏႈတ္ခမ္းသားေတြ ေျခာက္ေသြ႕ေနရင္ ဘယ္လိုလုပ္ၾကမလဲေပါ့။

သၾကားအညိဳဟာ အေရျပားေပၚက ေျခာက္ေသြ႕ေနတဲ့ ဆဲလ္ေသေတြကို ဖယ္ရွားဖုိ႔ အေကာင္းဆံုးအရာပါ။ သၾကားညိဳကို ပ်ားရည္ေလးနဲ႔ေရာၿပီး ႏႈတ္ခမ္းကို ဖြဖြေလးပြတ္ေပးပါ။ ၅ မိနစ္ေလာက္ ပြတ္ေပးၿပီးမွ ေရေႏြးေလးနဲ႔ ေဆးေပးလိုက္လို႔ရတယ္။

ႏႈတ္ခမ္းေပၚက ေျခာက္ကပ္ၿပီး လန္ေနတဲ့ အဖတ္ေတြ ႐ွိေနလို႔ ပိုပိုၿပီး ဆိုးေနရတာေလ။ သြားတိုက္တံေလးနဲ႔ ေရခ်ိဳးတိုင္း ႏႈတ္ခမ္းေလးကို ခပ္ဖြဖြ ပြတ္တိုက္ေပးၾကည့္ရင္ အဖတ္ေတြ မလန္ေတာ့ဘူး။ ၿပီးရင္ေတာ့ ႏႈတ္ခမ္းလိမ္းတဲ့ အဆီတစ္မ်ိဳးမ်ိဳး လိမ္းထားလိုက္ရင္ သိသာတယ္။

ပ်ားရည္နဲ႔ သံလြင္ဆီကို ေရာၿပီးလိမ္းေပးရင္လည္း ႏႈတ္ခမ္းသားေလးေတြ အိၿပီးစိုလာတယ္။ ႏႈတ္ခမ္းမေျခာက္ေတာ့ဘူး။ အိပ္ရာမဝင္ခင္မွာ ပ်ားရည္ ထမင္းစားဇြန္း ၁ ဇြန္းကို သံလြင္ဆီ လက္ဖက္စားဇြန္း ၁ ဇြန္းနဲ႔ ေရာၿပီး ႏႈတ္ခမ္းေတြေပၚကို ခပ္ထူထူေလး လိမ္းေပးပါ။ ဒီႏွစ္မ်ိဳးလံုးမွာ ႏႈတ္ခမ္းသားကို ႏူးညံ့စိုေျပေစႏိုင္တဲ့ အာနိသင္ေတြ ရွိတယ္ေလ။

Source : She Finds

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

# Unicode Version ဖြင့် ဖတ်ပါ #

အမြဲတမ်း နှုတ်ခမ်းတွေကခြောက်သွေ့ပြီး အဖတ်တွေကွာနေတယ်။ နှုတ်ခမ်းခြောက်တော့ လျှာနဲ့သပ်မိ၊ အဲ့လိုနဲ့ ပိုပိုပြီး ဆိုးလာတာမျိုးလေ။ နှုတ်ခမ်းပေါ်က ခြောက်နေတဲ့အဖတ်လေးကို ခွာလိုက်မိတာ သွေးတွေထွက်လာတာမျိုးကလည်း ခဏခဏပဲ ဆိုတဲ့ မဒီလေးတို့အတွက် ဒါလေးကို ရေးပေးလိုက်တယ်နော်။ နှုတ်ခမ်းသားတွေ ခြောက်သွေ့နေရင် ဘယ်လိုလုပ်ကြမလဲပေါ့။

သကြားအညိုဟာ အရေပြားပေါ်က ခြောက်သွေ့နေတဲ့ ဆဲလ်သေတွေကို ဖယ်ရှားဖို့ အကောင်းဆုံးအရာပါ။ သကြားညိုကို ပျားရည်လေးနဲ့ရောပြီး နှုတ်ခမ်းကို ဖွဖွလေးပွတ်ပေးပါ။ ၅ မိနစ်လောက် ပွတ်ပေးပြီးမှ ရေနွေးလေးနဲ့ ဆေးပေးလိုက်လို့ရတယ်။

နှုတ်ခမ်းပေါ်က ခြောက်ကပ်ပြီး လန်နေတဲ့ အဖတ်တွေ ရှိနေလို့ ပိုပိုပြီး ဆိုးနေရတာလေ။ သွားတိုက်တံလေးနဲ့ ရေချိုးတိုင်း နှုတ်ခမ်းလေးကို ခပ်ဖွဖွ ပွတ်တိုက်ပေးကြည့်ရင် အဖတ်တွေ မလန်တော့ဘူး။ ပြီးရင်တော့ နှုတ်ခမ်းလိမ်းတဲ့ အဆီတစ်မျိုးမျိုး လိမ်းထားလိုက်ရင် သိသာတယ်။

ပျားရည်နဲ့ သံလွင်ဆီကို ရောပြီးလိမ်းပေးရင်လည်း နှုတ်ခမ်းသားလေးတွေ အိပြီးစိုလာတယ်။ နှုတ်ခမ်းမခြောက်တော့ဘူး။ အိပ်ရာမဝင်ခင်မှာ ပျားရည် ထမင်းစားဇွန်း ၁ ဇွန်းကို သံလွင်ဆီ လက်ဖက်စားဇွန်း ၁ ဇွန်းနဲ့ ရောပြီး နှုတ်ခမ်းတွေပေါ်ကို ခပ်ထူထူလေး လိမ်းပေးပါ။ ဒီနှစ်မျိုးလုံးမှာ နှုတ်ခမ်းသားကို နူးညံ့စိုပြေစေနိုင်တဲ့ အာနိသင်တွေ ရှိတယ်လေ။

Source : She Finds

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top