န၀ဒေးရုပ်ရှင်ရုံ နှင့် ဗဟိုမီးသတ်အနီး Facility ပြည့်စုံသည့် အသင့်နေ Real Home ကွန်ဒိုအရောင်းပြပွဲ
×


Image result for Pablo Escobar
Image result for Pablo Escobar
Image result for Pablo Escobar

Source – cantwait2say

Credit: millionlike

# Unicode Version ဖြင့် ဖတ်ပါ #
1970 ခုနှစ် နဲ့ 1980 ခုနှစ်ဝန်းကျင်မှာ အကြီးမားဆုံး မူးယစ်ဆေးဝါးဖြန့်ချိမှုဖြစ်တဲ့ နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ ကိုလံဘီယာသား မူးယစ်ရာဇာကြီး Pablo Escobar ရဲ့ မူးယစ်ဆေးဝါးတွေကို ရေငုပ်သင်္ဘောတွေနဲ့ ဖြန့်ချိခဲ့တာဖြစ်ပါတယ်။ကိုကင်းတွေကို ရေငုပ်သင်္ဘောတွေနဲ့ တင်သွင်းခဲ့တယ်လို့ CIA အေးဂျင့်တွေက ဆိုခဲ့ပြီး Colombia ကနေ Puerto Rico ကို သွားတဲ့ လမ်းကြောင်းလို့ သိရပါတယ်။

အေးဂျင့်တွေဖြစ်တဲ့ Doug Laux နဲ့ Ben Smith တို့ဟာ ကိုလံဘီယာရေပိုင်နက်မှာ Escobar ရဲ့ ဝှက်ထားတဲ့ မူးယစ်တင်ဆောင်ထားတဲ့ ရေငုပ်သင်္ဘောကြီးကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ Escobar ဟာ မူးယစ်ကုန်သွယ်ရေးကို လေကြောင်းမှာတင်မဟုတ်ပဲ ရေကြောင်းကနေ ရေငုပ်သင်္ဘောကြီးနဲ့ ပို့ဆောင်ခဲ့တဲ့ ကြီးကျယ်ခမ်းနားလွန်းတဲ့ မူးယစ်ရာဇာကြီး ဖြစ်သလို သူ့ရဲ့ ပိုင်ဆိုင်မှုတွေကိုတွက်ဖို့ မဆိုထားနဲ့ Laux နဲ့ Smith တို့ ပင်လယ်ရေနက်ပိုင်းမှာတွေ့ခဲ့တဲ့ မူးယစ်ဆေးနဲ့ သင်္ဘောကြီးရဲ့ တန်ကြေးတင် 50 ဘီလျံရှိနေတာဖြစ်ပါတယ်။

ဒီထဲမှာ မူးယစ်ဆေးတင်မကပဲ လက်နက်တွေ၊လက်ဝတ်ရတနာတွေ၊ငွေသားတွေနဲ့ ရွှေတွေပါ ပါတာဖြစ်ပါတယ်။Discobery TV Show မှာ Escobar ရဲ့ မီလျံပေါင်းများစွာ ထပ်မံရှာဖွေတွေ့ရှိခြင်းဆိုပြီး ရေငုပ်သမားတွေရဲ့ ရှာပုံတော်ခရီးကို တင်ဆက်ခဲ့တာဖြစ်ပါတယ်။ရေငုပ်သမား CIA အေးဂျင့်တွေဟာ ရေအောက်မှာ ဖွင့်လို့မရတဲ့ သံသေတ္တာကြီးတွေကိုပါ တွေ့ရှိထားတာဖြစ်ပြီး Escobar ရဲ့ မူးယစ်ဈေးကွက်ကြီးဟာ ောကာက်မက်ဖွယ် လက်တံရှည်ခဲ့ကြောင်းတွေ့ရတာဖြစ်ပါတယ်။

သမိုင်းမှာတော့ နိုင်ငံတည်နိုင်တဲံ စစ်တပ်ကြီးထောင်လို့ ရတဲ့ မူးယစ်ရာဇာတစ်ယောက်ပဲ။သူ့အရှိန်အဝါ အဲ့ခေတ်က အဲ့လောက်ကြီးမှန်းသတိထားမိရင် သူ့ကို နိုင်ငံတကာဝရမ်းတွေ ထုတ်ဖို့တောင် ခက်လိမ့်မယ်။သူ့ကို ပစ်သတ်သူလည်း လက်တွန့်ကောင်းလက်တွန့်နေလိမ့်မယ်။ကျွန်တော်ထင်တာကတော့ ဒါက Escobar ပိုင်တဲ့ ရေငုပ်သင်္ဘောတွေထဲက တစ်စီးလောက်ပဲလို့ထင်တယ်။ထပ်ရှိဦးမယ် လို့ Ben Smith ပြောကြားခဲ့ပါတယ်။

ကိုလံဘီယာမှာသာမက ကမ္ဘာ မူယစ်ဘုရင်ကြီးဖြစ်ခဲ့တဲ့ Escobar ကို 1993 ခုနှစ်မှာ မူးယစ်အထူးအဖွဲ့က ပစ်သတ်ဖမ်းဆီးလို့ သေဆုံးခဲ့သူဖြစ်ပါတယ်။ Escobar အကြောင်းကို အခြေခံရိုက်ကူးထားတဲ့ ရုပ်ရှင်တွေလည်း များစွာရှိခဲ့သူဖြစ်ပါတယ်။

Source – cantwait2say

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top