×

သူမ မိသားစုကလည္း သေဘာမတူခဲ့ေပမယ့္

တစ္ေယာက္ရဲ ႔အျပစ္ တစ္ေယာက္လက္ခံႏုိင္မွသာ ၾကာ႐ွည္ခိုင္ျမဲတဲ့ ဆက္ဆံေရးတစ္ခုျဖစ္ႏုိင္မယ္လို႔ လူအမ်ားကေျပာၾကတယ္။ အခုေျပာျပမယ့္စံုတဲြကေတာ့ အားလံုးကို မ်က္ခံုးပင့္သြားပါေစလိမ့္မယ္။ အခ်စ္မွာ အသက္ရြယ္က အဓိကမဟုတ္ဘူးဆိုေပမယ့္လည္း ဒီစံုတဲြကေတာ့ နည္းနည္းမ်ားတယ္။

အသက္ ၁၉ႏွစ္ Selma Teichmann နဲ႔ အသက္ ၅၂ႏွစ္ Maik Lier တို႔ဟာ ေဖ့ဘုတ္စ္မွာ သိကၽြမ္းခဲ့ၾကတယ္။ မၾကာခဏ စကားေတြေျပာျဖစ္ျပီး ရင္းႏွီးမႈကေန အဆင့္ထပ္တက္ခဲ့တယ္။” ျမင္ျမင္ခ်င္းအခ်စ္လို႔ပဲ ေျပာရမလား… Maik က ကၽြန္မကိုလာအပ္ျပီး ရက္အနည္းငယ္ၾကာေတာ့ ေဖ့ဘုတ္စ္မွာစကားလာေျပာခဲ့တယ္” လို႔ Selma ကဆိုပါတယ္။ အစကေတာ့ သူပို႔တဲ့စာေတြကို ဖြင့္မဖတ္ခဲ့ဘူး။ သူကလည္း အရမ္းဇဲြၾကီးတယ္.. ေန႔တုိင္းပဲ သူမဆီစာေတြ ဆက္တိုက္ေရးတယ္လို႔သိရပါတယ္။

အဲ့ဒီကေန တစ္ဆင့္ခ်င္းတက္ခဲ့တာပါ။ သူတို႔ႏွစ္ေယာက္ သံုးလေလာက္ စကားေတြေျပာျပီးမွ အျပင္မွာေတြ႔ဆံုခဲ့တယ္။ ၆လၾကာတဲြခဲ့ၾကပါတယ္။ သူမမိသားစုကေတာ့ အျပင္းထန္ကန္႔ကြက္တာေပါ့။ အရမ္းကိုအသက္ကြာလြန္းတာေၾကာင့္ ဘယ္ေလာက္ပဲခ်စ္ခ်စ္ မျဖစ္ႏုိင္ဘူးလို႔ တားဆီးတယ္။

အသက္အရမ္းကြာေနေပမယ့္ သူတို႔ႏွစ္ေယာက္အခ်စ္က ခုိင္ျမဲပါတယ္တဲ့။ သူတို႔ကို၀ိုင္းေျပာေနတဲ့ ေ၀ဖန္စကားေတြဟာ အမွားေတြျဖစ္ေၾကာင္း သက္ေသျပမယ္လို႔ဆိုပါတယ္။ အခုေလာေလာဆယ္ သူမက Maik နဲ႔အတူေနေနပါတယ္။ သူမမိသားစုက သူမကိုျမင္တာနဲ႔ ဆူေငါက္ျပီး ခ်စ္သူနဲ႔ ခဲြဖို႔ၾကိဳးစားေနတာေၾကာင့္ အိမ္ကေန သူမထြက္လာခဲ့တယ္။ အခ်ိန္ေတြၾကာလာရင္ေတာ့ သူမတို႔ခ်စ္ျခင္းကုိ မိသားစု၀င္ေတြနားလည္လိမ့္မယ္လုိ႔ သူမေမွ်ာ္လင့္ပါတယ္တဲ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: buzzy

# Unicode Version ျဖင့္ ဖတ္ပါ #
သူမ မိသားစုကလည်း သဘောမတူခဲ့ပေမယ့်

တစ်ယောက်ရဲ့အပြစ် တစ်ယောက်လက်ခံနိုင်မှသာ ကြာရှည်ခိုင်မြဲတဲ့ ဆက်ဆံရေးတစ်ခုဖြစ်နိုင်မယ်လို့ လူအများကပြောကြတယ်။ အခုပြောပြမယ့်စုံတွဲကတော့ အားလုံးကို မျက်ခုံးပင့်သွားပါစေလိမ့်မယ်။ အချစ်မှာ အသက်ရွယ်က အဓိကမဟုတ်ဘူးဆိုပေမယ့်လည်း ဒီစုံတွဲကတော့ နည်းနည်းများတယ်။

အသက် ၁၉နှစ် Selma Teichmann နဲ့ အသက် ၅၂နှစ် Maik Lier တို့ဟာ ဖေ့ဘုတ်စ်မှာ သိကျွမ်းခဲ့ကြတယ်။ မကြာခဏ စကားတွေပြောဖြစ်ပြီး ရင်းနှီးမှုကနေ အဆင့်ထပ်တက်ခဲ့တယ်။” မြင်မြင်ချင်းအချစ်လို့ပဲ ပြောရမလား… Maik က ကျွန်မကိုလာအပ်ပြီး ရက်အနည်းငယ်ကြာတော့ ဖေ့ဘုတ်စ်မှာစကားလာပြောခဲ့တယ်” လို့ Selma ကဆိုပါတယ်။ အစကတော့ သူပို့တဲ့စာတွေကို ဖွင့်မဖတ်ခဲ့ဘူး။ သူကလည်း အရမ်းဇွဲကြီးတယ်.. နေ့တိုင်းပဲ သူမဆီစာတွေ ဆက်တိုက်ရေးတယ်လို့သိရပါတယ်။

အဲ့ဒီကနေ တစ်ဆင့်ချင်းတက်ခဲ့တာပါ။ သူတို့နှစ်ယောက် သုံးလလောက် စကားတွေပြောပြီးမှ အပြင်မှာတွေ့ဆုံခဲ့တယ်။ ၆လကြာတွဲခဲ့ကြပါတယ်။ သူမမိသားစုကတော့ အပြင်းထန်ကန့်ကွက်တာပေါ့။ အရမ်းကိုအသက်ကွာလွန်းတာကြောင့် ဘယ်လောက်ပဲချစ်ချစ် မဖြစ်နိုင်ဘူးလို့ တားဆီးတယ်။

အသက်အရမ်းကွာနေပေမယ့် သူတို့နှစ်ယောက်အချစ်က ခိုင်မြဲပါတယ်တဲ့။ သူတို့ကိုဝိုင်းပြောနေတဲ့ ဝေဖန်စကားတွေဟာ အမှားတွေဖြစ်ကြောင်း သက်သေပြမယ်လို့ဆိုပါတယ်။ အခုလောလောဆယ် သူမက Maik နဲ့အတူနေနေပါတယ်။ သူမမိသားစုက သူမကိုမြင်တာနဲ့ ဆူငေါက်ပြီး ချစ်သူနဲ့ ခွဲဖို့ကြိုးစားနေတာကြောင့် အိမ်ကနေ သူမထွက်လာခဲ့တယ်။ အချိန်တွေကြာလာရင်တော့ သူမတို့ချစ်ခြင်းကို မိသားစုဝင်တွေနားလည်လိမ့်မယ်လို့ သူမမျှော်လင့်ပါတယ်တဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit: buzzy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top