ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

အမ်ိဳးသမီးအမ်ားစုသည္ တစ္ႏွစ္လွ်င္ 11 ႀကိမ္မွ 13 ႀကိမ္ထိ ဓမၼတာလာေလ့ရွိပါတယ္။ တစ္ခါတစ္ရံမွာေတာ့ ထုိ႔ထက္ပိုမ်ားႏုိင္သလို ပိုလည္းနည္းႏိုင္ပါတယ္။ မိမိရဲ႕ဓမၼတာပံုမွန္ဟုတ္/မဟုတ္ကို သိေစႏိုင္ဖုိ႔အတြက္ ရာသီေသြးမမွန္တာေတြ၊ ေပ်ာက္သြားတာေတြကို ေစာင့္ၾကည့္ဖို႔လိုအပ္ပါတယ္။

 ဓမၼတာစတင္ၿပီး ႏွစ္အနည္းငယ္အတြင္းမွာေတာ့ မၾကာခဏဆုိသလို ရာသီေသြးမမွန္မႈေတြၾကံဳေတြ႔ရႏုိင္ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ဓမၼတာေသြးမွန္ေစရန္ ေဟာ္မုန္းထိန္းညႇိျခင္းကို ျပဳလုပ္ရာမွာ ႏွစ္ေပါင္းမ်ားစြာၾကာႏုိင္လို႔ပဲျဖစ္ပါတယ္။

ထုိ႔ျပင္ ေသြးဆံုးခါနီးအခ်ိန္မ်ားတြင္လည္း ဓမၼတာေသြးမမွန္တာေတြျဖစ္ႏိုင္ပါတယ္။ ထုိ႔ေၾကာင့္ အမ်ိဳးသမီးအမ်ားစုဟာ ဓမၼတာေသြးမမွန္ေတာ့တဲ့အခါမွာ ေသြးဆံုးခါနီးၿပီးဟု ကိုယ့္ကိုကိုယ္သိၾကပါတယ္။ ေသြးဆံုးျခင္းဆုိသည္မွာ အၾကမ္းဖ်ဥ္းအားျဖင့္10 လတိုင္ေအာင္ ရာသီေသြးမေပၚျခင္းျဖစ္ပါတယ္။

ကိုယ္ဝန္ရွိျခင္းကေတာ့ ဓမၼတာမလာျခင္းအျဖစ္အမ်ားဆံုးအေၾကာင္းအရင္းတစ္ခုျဖစ္ပါတယ္။ ကိုယ္ဝန္ရွိတယ္လို႔ မေသခ်ာေသးသည့္တုိင္ေအာင္ မိမိကိုယ္ကိုကိုယ္ဝန္ေဆာင္သည္တစ္ေယာက္ကဲ့သို႔ ျပဳမူေနထုိင္သင့္ပါတယ္။ ပထမဆံုးအေနျဖင့္ အိမ္၌ကိုယ္ဝန္စစ္ေဆးျခင္းကိုျပဳလုပ္၍ ကိုယ္ဝန္ရွိ/မရွိကို သိႏုိင္ပါတယ္။

ကိုယ္ဝန္မရွိဘူးဆိုပါက အျခားျဖစ္ႏုိင္တဲ့အေၾကာင္းအရင္းေတြကေတာ့ -

1. အလြန္အကၽြံကိုယ္အေလးခ်ိန္တိုးလာျခင္း (သို႔) က်သြားျခင္း - ကိုယ္အေလးခ်ိန္နည္းလြန္းျခင္းဟာ ဓမၼတာမမွန္ျခင္းရဲ႕ ျဖစ္ေလ့ရွိတဲ့အေၾကာင္းအရင္းတစ္ခုျဖစ္ေသာ္လည္း အဝလြန္ျခင္းဟာလည္း ရာသီေသြးဆုိင္ရာ ျပႆနာေတြျဖစ္ေစႏုိင္ပါတယ္။

2. အစားအေသာက္ဆိုင္ရာ မူမမွန္မႈမ်ား (ဥပမာ - ပိန္လိုေသာေၾကာင့္ အစားအငတ္ခံေသာေရာဂါ၊ စားၿပီးအန္သည့္ေရာဂါ)

3. ေလ့က်င့္ခန္းအလြန္အကၽြံျပဳလုပ္ျခင္း - ဓမၼတာေသြးမေပၚျခင္းကို အားကစားသမားအမ်ားစုတြင္ ေတြ႔ရေလ့ရွိပါတယ္။

4. စိတ္ပိုင္းဆုိင္ရာဖိစီးမႈမ်ား

5. ဖ်ားနာျခင္း

6. ခရီးသြားျခင္း

7. ပဋိသေႏၶတားေဆးမ်ား - ဓမၼတာနည္းျခင္း၊ မမွန္ျခင္းနဲ႔ ေနာက္ဆံုးရာသီေသြးလံုးဝမေပၚျခင္းတို႔အထိ ျဖစ္ႏုိင္ပါတယ္။

8. မူးယစ္ေဆးဝါးမ်ားသံုးစြဲျခင္း

9.ဆီးခံုအဂၤါမ်ားတြင္ ျပႆနာရွိျခင္း (ဥပမာ - မိန္းမကိုယ္လမ္းေၾကာင္းပိတ္ေနျခင္း၊ သားဥအိမ္တြင္ ေရအိမ္မ်ားစြာ တည္ေသာေရာဂါ)

10. ႏုိ႔ခ်ိဳတိုက္ေကၽြးျခင္း - အမ်ိဳးသမီးအမ်ားစုတြင္ ကေလးႏို႔ျဖတ္ၿပီးသည့္တိုင္ေအာင္ ဓမၼတာမမွန္ၾကေပ။

အသက္ 40 မတိုင္မီ ဓမၼတာေသြးရပ္သြားပါက အရြယ္မတိုင္မီ သားဥအိမ္အလုပ္မလုပ္ေတာ့ျခင္းဟုေခၚပါတယ္။ ခြဲစိတ္ကုသျခင္း၊ ဓာတုေဆးမ်ားျဖင့္ ကုသျခင္း၊ ဝမ္းဗုိက္ (သို႔) ဆီးခံုကို ဓာတ္ေရာင္ျခည္ျဖင့္ ကုသျခင္းတို႔ေၾကာင့္ အရြယ္မတိုင္မီ သားဥအိမ္အလုပ္မလုပ္ေတာ့တာျဖစ္ႏုိင္ပါတယ္။

အျခားေရာဂါမ်ားျဖစ္တဲ့ အူသိမ္အူမေရာဂါ၊ ေခ်ာင္းဆိုးေသြးပါေရာဂါ၊ အသည္းေရာဂါနဲ႔ ဆီးခ်ိဳေရာဂါေတြေၾကာင့္ ဓမၼတာမမွန္တာျဖစ္ႏုိင္ေပမယ့္လည္း ရွားပါးပါတယ္။ ဒါေပမယ့္ ထုိေရာဂါေတြရွိပါက ရာသီေသြးမမွန္ျခင္းအျပင္ အျခားေရာဂါလကၡဏာေတြလည္းရွိပါတယ္။

ရာသီမေပၚတာမ်ိဳးႀကံဳေတြ႔ခံစားရပါက တတ္ႏုိင္သမွ် စိတ္ကိုေလွ်ာ့ခ်ပါ။ စိတ္ပိုင္းဆုိင္ရာနဲ႔ ခႏၶာကိုယ္ပိုင္းဆုိင္ရာ မွ်ေျခအေနအထားေရာက္ေအာင္ ျပန္လည္ရယူပါ။ အမ်ိဳးသမီးအမ်ားစုဟာ ဓမၼတာေသြးမေပၚတာကို မၾကာခဏခံစားရတတ္ပါတယ္။ ကိုယ္ဝန္ရွိတာမဟုတ္ဘူးဆိုပါက ေနာက္လေတြမွာ ပံုမွန္အတိုင္းရာသီလာဖို႔ အခြင့္အလမ္းရွိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Thinzar Wynn (drmyanmar)

# Unicode Version ျဖင့္ ဖတ္ပါ #
အမျိုးသမီးအများစုသည် တစ်နှစ်လျှင် 11 ကြိမ်မှ 13 ကြိမ်ထိ ဓမ္မတာလာလေ့ရှိပါတယ်။ တစ်ခါတစ်ရံမှာတော့ ထို့ထက်ပိုများနိုင်သလို ပိုလည်းနည်းနိုင်ပါတယ်။ မိမိရဲ့ဓမ္မတာပုံမှန်ဟုတ်/မဟုတ်ကို သိစေနိုင်ဖို့အတွက် ရာသီသွေးမမှန်တာတွေ၊ ပျောက်သွားတာတွေကို စောင့်ကြည့်ဖို့လိုအပ်ပါတယ်။

 ဓမ္မတာစတင်ပြီး နှစ်အနည်းငယ်အတွင်းမှာတော့ မကြာခဏဆိုသလို ရာသီသွေးမမှန်မှုတွေကြုံတွေ့ရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဓမ္မတာသွေးမှန်စေရန် ဟော်မုန်းထိန်းညှိခြင်းကို ပြုလုပ်ရာမှာ နှစ်ပေါင်းများစွာကြာနိုင်လို့ပဲဖြစ်ပါတယ်။

ထို့ပြင် သွေးဆုံးခါနီးအချိန်များတွင်လည်း ဓမ္မတာသွေးမမှန်တာတွေဖြစ်နိုင်ပါတယ်။ ထို့ကြောင့် အမျိုးသမီးအများစုဟာ ဓမ္မတာသွေးမမှန်တော့တဲ့အခါမှာ သွေးဆုံးခါနီးပြီးဟု ကိုယ့်ကိုကိုယ်သိကြပါတယ်။ သွေးဆုံးခြင်းဆိုသည်မှာ အကြမ်းဖျဉ်းအားဖြင့်10 လတိုင်အောင် ရာသီသွေးမပေါ်ခြင်းဖြစ်ပါတယ်။

ကိုယ်ဝန်ရှိခြင်းကတော့ ဓမ္မတာမလာခြင်းအဖြစ်အများဆုံးအကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ ကိုယ်ဝန်ရှိတယ်လို့ မသေချာသေးသည့်တိုင်အောင် မိမိကိုယ်ကိုကိုယ်ဝန်ဆောင်သည်တစ်ယောက်ကဲ့သို့ ပြုမူနေထိုင်သင့်ပါတယ်။ ပထမဆုံးအနေဖြင့် အိမ်၌ကိုယ်ဝန်စစ်ဆေးခြင်းကိုပြုလုပ်၍ ကိုယ်ဝန်ရှိ/မရှိကို သိနိုင်ပါတယ်။

ကိုယ်ဝန်မရှိဘူးဆိုပါက အခြားဖြစ်နိုင်တဲ့အကြောင်းအရင်းတွေကတော့ -

1. အလွန်အကျွံကိုယ်အလေးချိန်တိုးလာခြင်း (သို့) ကျသွားခြင်း - ကိုယ်အလေးချိန်နည်းလွန်းခြင်းဟာ ဓမ္မတာမမှန်ခြင်းရဲ့ ဖြစ်လေ့ရှိတဲ့အကြောင်းအရင်းတစ်ခုဖြစ်သော်လည်း အဝလွန်ခြင်းဟာလည်း ရာသီသွေးဆိုင်ရာ ပြဿနာတွေဖြစ်စေနိုင်ပါတယ်။

2. အစားအသောက်ဆိုင်ရာ မူမမှန်မှုများ (ဥပမာ - ပိန်လိုသောကြောင့် အစားအငတ်ခံသောရောဂါ၊ စားပြီးအန်သည့်ရောဂါ)

3. လေ့ကျင့်ခန်းအလွန်အကျွံပြုလုပ်ခြင်း - ဓမ္မတာသွေးမပေါ်ခြင်းကို အားကစားသမားအများစုတွင် တွေ့ရလေ့ရှိပါတယ်။

4. စိတ်ပိုင်းဆိုင်ရာဖိစီးမှုများ

5. ဖျားနာခြင်း

6. ခရီးသွားခြင်း

7. ပဋိသန္ဓေတားဆေးများ - ဓမ္မတာနည်းခြင်း၊ မမှန်ခြင်းနဲ့ နောက်ဆုံးရာသီသွေးလုံးဝမပေါ်ခြင်းတို့အထိ ဖြစ်နိုင်ပါတယ်။

8. မူးယစ်ဆေးဝါးများသုံးစွဲခြင်း

9.ဆီးခုံအင်္ဂါများတွင် ပြဿနာရှိခြင်း (ဥပမာ - မိန်းမကိုယ်လမ်းကြောင်းပိတ်နေခြင်း၊ သားဥအိမ်တွင် ရေအိမ်များစွာ တည်သောရောဂါ)

10. နို့ချိုတိုက်ကျွေးခြင်း - အမျိုးသမီးအများစုတွင် ကလေးနို့ဖြတ်ပြီးသည့်တိုင်အောင် ဓမ္မတာမမှန်ကြပေ။

အသက် 40 မတိုင်မီ ဓမ္မတာသွေးရပ်သွားပါက အရွယ်မတိုင်မီ သားဥအိမ်အလုပ်မလုပ်တော့ခြင်းဟုခေါ်ပါတယ်။ ခွဲစိတ်ကုသခြင်း၊ ဓာတုဆေးများဖြင့် ကုသခြင်း၊ ဝမ်းဗိုက် (သို့) ဆီးခုံကို ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းတို့ကြောင့် အရွယ်မတိုင်မီ သားဥအိမ်အလုပ်မလုပ်တော့တာဖြစ်နိုင်ပါတယ်။

အခြားရောဂါများဖြစ်တဲ့ အူသိမ်အူမရောဂါ၊ ချောင်းဆိုးသွေးပါရောဂါ၊ အသည်းရောဂါနဲ့ ဆီးချိုရောဂါတွေကြောင့် ဓမ္မတာမမှန်တာဖြစ်နိုင်ပေမယ့်လည်း ရှားပါးပါတယ်။ ဒါပေမယ့် ထိုရောဂါတွေရှိပါက ရာသီသွေးမမှန်ခြင်းအပြင် အခြားရောဂါလက္ခဏာတွေလည်းရှိပါတယ်။

ရာသီမပေါ်တာမျိုးကြုံတွေ့ခံစားရပါက တတ်နိုင်သမျှ စိတ်ကိုလျှော့ချပါ။ စိတ်ပိုင်းဆိုင်ရာနဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ မျှခြေအနေအထားရောက်အောင် ပြန်လည်ရယူပါ။ အမျိုးသမီးအများစုဟာ ဓမ္မတာသွေးမပေါ်တာကို မကြာခဏခံစားရတတ်ပါတယ်။ ကိုယ်ဝန်ရှိတာမဟုတ်ဘူးဆိုပါက နောက်လတွေမှာ ပုံမှန်အတိုင်းရာသီလာဖို့ အခွင့်အလမ်းရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Thinzar Wynn (drmyanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top