×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ဘယ္သူကထင္မလဲ?ဘာမွမျဖစ္ေလာက္ဘူးထင္ျပီး က်ြန္မတို့လ်စ္လ်ဴရွဳထားမိတဲ့ အခ်ိဳ့အရာေတြဟာ က်ြန္မတို့က်န္းမာေရးနဲ့တစ္ဖက္တလွမ္းကေန သက္ဆိုင္ေနမယ္လို့…။ဆိုေတာ့ ဒီတစ္ခါမွာေတာ့ ရပ္တန့္လိုက္တာနဲ့ အက်ိဳးထူးလာနိုင္မယ့္ သင္ရပ္တန့္လိုက္သင့္တဲ့ လဲြမွားတဲ့အက်င့္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။   ။

1.လက္သည္းကိုက္ျခင္း

တစ္ခါတေလမွာ လက္သည္းကိုက္ျခင္းဟာ စိတ္ခံစားမွဳ၊စိတ္ဖိစိးမွဳေတြကို ခဏတာမ်ွေပါ့ပါးလြတ္ေျမာက္သြားေစတယ္လို့ဆိုၾကေပမယ့္ သင့္က်န္းမာေရးအတြက္ေရာ၊သြင္ျပင္အတြက္ေရာ ဘာေကာင္းက်ိဳးမွမေပးပါဘူး။ဒီအက်င့္ဟာ ဂုဏ္ယူစရာကိစၥရပ္မဟုတ္သလို စြန့္လြွတ္လိုက္သင့္တဲ့ အက်င့္ဆိုးျဖစ္ပါတယ္။

2.အိမ္သာတက္ျပီးရင္လက္မေဆးျခင္း

ေလ့လာေတြ့ရွိခ်က္အရ လူမ်ားစုဟာ အိမ္သာသြားျပီးေနာက္ လက္ေဆးေလ့ေဆးထမရွိပါဘူး။လက္ေဆးျခင္းဟာ အေရးပါတဲ့ကိစၥရပ္မဟုတ္ပဲ သက္သက္အခ်ိန္ျဖဳန္းျခင္းသာျဖစ္တယ္လို့ ခံယူထားၾကပါတယ္။တကယ္တမ္းေတာ့ အေပါ့သြားသည္ျဖစ္ေစ၊အေလးသြားသည္ျဖစ္ေစ အိမ္သာအသံုးျပဳျပီဆိုတာနဲ့ လက္ေဆးသင့္ျပီး ဒိအေလ့အက်င့္ဟာ သင္ဖ်ားနာျခင္းမွကာကြယ္ဖို့အတြက္ အထိေရာက္ဆံုးနဲ့အလြယ္ကူဆံုးနည္းလမ္းျဖစ္ပါတယ္။

3.သင့္သြားတိုက္တံကို ရွည္ၾကာစြာမလဲပဲအသံုးျပဳေနျခင္း

စိုထိုင္းေနတဲ့သြားတိုက္တံေတြဟာ သင့္က်န္းမာေရးကိုထိခိုက္ေစနိုင္တဲ့ ဘက္တီးရီးယားပိုးမြွားမ်ိဳးစံုကို စုေဆာင္းသိမ္းဆည္းထားနိုင္တာေၾကာင့္ အခ်ိန္အတိုင္းအတာတစ္ခုထိပဲ အသံုးျပဳျပီး မၾကာမၾကာလဲေပးသင့္ပါတယ္။ရွည္ၾကာစြာမလဲပဲအသံုးျပဳျခင္းေၾကာင့္ ဆိုး၀ါးတဲ့ေရာဂါမ်ားျဖစ္ေပၚလာနိုင္ျပီး နွလံုးေရာဂါအဆင့္ထိျဖစ္ေပၚေစနိုင္ပါတယ္။

4.သြားတိုက္နည္း

သြားတိုက္တဲ့အခါမွာလည္း သြားအျပင္ ခံတြင္းတစ္ခုလံုးနွ့ံေအာင္ နည္းမွန္လမ္းမွန္နဲ့တိုက္ဖို့လိုပါေသးတယ္။ေနာက္ သြားတိုက္ခ်ိန္ကိုလည္း ၂မိနစ္ခန့္တိုက္ေပးဖို့ သြားဆရာ၀န္မ်ားက အၾကံျပဳထားပါတယ္။ျပည့္စုံတဲ့သြားတိုက္နည္းနဲ့တိုက္ဖို့ ပ်င္းေနလို့မရပါဘူး။

5.ေန့စဥ္အသံုးျပဳေနတဲ့အရာေတြကို မသန့္စင္ေပးျခင္း

ေန့စဥ္နဲ့အမ်ွထိေတြ့ေနတဲ့ပစၥည္းေတြဟာ အေရးမၾကီးေလာက္ဘူးလို့မ်ား သင္ထင္ေနသလား?တကယ္တမ္းေတာ့ သင္ထိေတြ့ေနက် တံခါးဘု၊ကြန္ပ်ဴတာကီးဘုတ္၊ခလုတ္၊လက္ကိုင္ဖုန္းအစရွိတဲ့အရာေတြဟာ ဘက္တီးရီးယားအေျမာက္အမ်ား စုေ၀းေနနိုင္တဲ့ေနရာေတြျဖစ္ပါတယ္။

6.ဂြမ္းေခါင္းအံုးဖံုးစြပ္ကိုအသံုးျပဳျခင္း

ဂြမ္းထည္ေတြဟာ သင့္မ်က္နာကို၀က္ျခံေတြပြားေစ၊အသားအေရကိုေျခာက္ေသြ့ေစျပီး သင့္ကိုၾကီးရင့္ေစနိုင္သလို သင့္ဆံနြယ္ေတြကို ပ်က္စီးေစနိုင္ပါတယ္။ေခါင္းအံုးစြပ္အျဖစ္အသံုးျပဳဖို့ အသင့္ေတာ္ဆံုးကေတာ့ ပိုးသားျဖစ္ပါတယ္။

7.မၾကာမၾကာဖုန္စုပ္ျခင္း

သန့္ရွင္းေရးအတြက္ဆိုေပမယ့္ ဖုန္စုပ္ျခင္းဟာ သင့္က်န္းမာေရးကို ထိခိုက္ေစနိုင္ပါတယ္။ေနာက္ တကယ္လို့ သင္ဟာစက္ကိုသန့္ရွင္းေရးမလုပ္ေပးဘူးဆိုရင္လည္း သင့္ရဲ့ေကာ္ေဇာနဲ့ၾကမ္းျပင္ဟာ ဖုန္မွဳန့္နဲ့အညစ္အေၾကးအမွဳန္အမြွားေတြေၾကာင့္ ပ်က္စီးနိုင္ပါတယ္။

8.ေျခသည္းေတြကို လြန္က်ြံစြာညွပ္ျခင္း

တကယ္လို့ သင္ဟာ ေျခသည္းေတြကို အလြန္တိုေအာင္ညွပ္ပစ္မယ္ဆိုရင္ ေျခအိတ္စြပ္လမ္းေလ်ွာက္ျခင္းေတြမွာ အခက္ေတြ့ေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: cantwait2say

# Unicode Version ဖြင့် ဖတ်ပါ #

ဘယ်သူကထင်မလဲ?ဘာမှမဖြစ်လောက်ဘူးထင်ပြီး ကျွန်မတို့လျစ်လျူရှုထားမိတဲ့ အချို့အရာတွေဟာ ကျွန်မတို့ကျန်းမာရေးနဲ့တစ်ဖက်တလှမ်းကနေ သက်ဆိုင်နေမယ်လို့…။ဆိုတော့ ဒီတစ်ခါမှာတော့ ရပ်တန့်လိုက်တာနဲ့ အကျိုးထူးလာနိုင်မယ့် သင်ရပ်တန့်လိုက်သင့်တဲ့ လွဲမှားတဲ့အကျင့်တွေကို ဖော်ပြပေးချင်ပါတယ်။   ။

1.လက်သည်းကိုက်ခြင်း

တစ်ခါတလေမှာ လက်သည်းကိုက်ခြင်းဟာ စိတ်ခံစားမှု၊စိတ်ဖိစိးမှုတွေကို ခဏတာမျှပေါ့ပါးလွတ်မြောက်သွားစေတယ်လို့ဆိုကြပေမယ့် သင့်ကျန်းမာရေးအတွက်ရော၊သွင်ပြင်အတွက်ရော ဘာကောင်းကျိုးမှမပေးပါဘူး။ဒီအကျင့်ဟာ ဂုဏ်ယူစရာကိစ္စရပ်မဟုတ်သလို စွန့်လွှတ်လိုက်သင့်တဲ့ အကျင့်ဆိုးဖြစ်ပါတယ်။

2.အိမ်သာတက်ပြီးရင်လက်မဆေးခြင်း

လေ့လာတွေ့ရှိချက်အရ လူများစုဟာ အိမ်သာသွားပြီးနောက် လက်ဆေးလေ့ဆေးထမရှိပါဘူး။လက်ဆေးခြင်းဟာ အရေးပါတဲ့ကိစ္စရပ်မဟုတ်ပဲ သက်သက်အချိန်ဖြုန်းခြင်းသာဖြစ်တယ်လို့ ခံယူထားကြပါတယ်။တကယ်တမ်းတော့ အပေါ့သွားသည်ဖြစ်စေ၊အလေးသွားသည်ဖြစ်စေ အိမ်သာအသုံးပြုပြီဆိုတာနဲ့ လက်ဆေးသင့်ပြီး ဒိအလေ့အကျင့်ဟာ သင်ဖျားနာခြင်းမှကာကွယ်ဖို့အတွက် အထိရောက်ဆုံးနဲ့အလွယ်ကူဆုံးနည်းလမ်းဖြစ်ပါတယ်။

3.သင့်သွားတိုက်တံကို ရှည်ကြာစွာမလဲပဲအသုံးပြုနေခြင်း

စိုထိုင်းနေတဲ့သွားတိုက်တံတွေဟာ သင့်ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားမျိုးစုံကို စုဆောင်းသိမ်းဆည်းထားနိုင်တာကြောင့် အချိန်အတိုင်းအတာတစ်ခုထိပဲ အသုံးပြုပြီး မကြာမကြာလဲပေးသင့်ပါတယ်။ရှည်ကြာစွာမလဲပဲအသုံးပြုခြင်းကြောင့် ဆိုးဝါးတဲ့ရောဂါများဖြစ်ပေါ်လာနိုင်ပြီး နှလုံးရောဂါအဆင့်ထိဖြစ်ပေါ်စေနိုင်ပါတယ်။

4.သွားတိုက်နည်း

သွားတိုက်တဲ့အခါမှာလည်း သွားအပြင် ခံတွင်းတစ်ခုလုံးနှံ့အောင် နည်းမှန်လမ်းမှန်နဲ့တိုက်ဖို့လိုပါသေးတယ်။နောက် သွားတိုက်ချိန်ကိုလည်း ၂မိနစ်ခန့်တိုက်ပေးဖို့ သွားဆရာဝန်များက အကြံပြုထားပါတယ်။ပြည့်စုံတဲ့သွားတိုက်နည်းနဲ့တိုက်ဖို့ ပျင်းနေလို့မရပါဘူး။

5.နေ့စဉ်အသုံးပြုနေတဲ့အရာတွေကို မသန့်စင်ပေးခြင်း

နေ့စဉ်နဲ့အမျှထိတွေ့နေတဲ့ပစ္စည်းတွေဟာ အရေးမကြီးလောက်ဘူးလို့များ သင်ထင်နေသလား?တကယ်တမ်းတော့ သင်ထိတွေ့နေကျ တံခါးဘု၊ကွန်ပျူတာကီးဘုတ်၊ခလုတ်၊လက်ကိုင်ဖုန်းအစရှိတဲ့အရာတွေဟာ ဘက်တီးရီးယားအမြောက်အများ စုဝေးနေနိုင်တဲ့နေရာတွေဖြစ်ပါတယ်။

6.ဂွမ်းခေါင်းအုံးဖုံးစွပ်ကိုအသုံးပြုခြင်း

ဂွမ်းထည်တွေဟာ သင့်မျက်နာကိုဝက်ခြံတွေပွားစေ၊အသားအရေကိုခြောက်သွေ့စေပြီး သင့်ကိုကြီးရင့်စေနိုင်သလို သင့်ဆံနွယ်တွေကို ပျက်စီးစေနိုင်ပါတယ်။ခေါင်းအုံးစွပ်အဖြစ်အသုံးပြုဖို့ အသင့်တော်ဆုံးကတော့ ပိုးသားဖြစ်ပါတယ်။

7.မကြာမကြာဖုန်စုပ်ခြင်း

သန့်ရှင်းရေးအတွက်ဆိုပေမယ့် ဖုန်စုပ်ခြင်းဟာ သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။နောက် တကယ်လို့ သင်ဟာစက်ကိုသန့်ရှင်းရေးမလုပ်ပေးဘူးဆိုရင်လည်း သင့်ရဲ့ကော်ဇောနဲ့ကြမ်းပြင်ဟာ ဖုန်မှုန့်နဲ့အညစ်အကြေးအမှုန်အမွှားတွေကြောင့် ပျက်စီးနိုင်ပါတယ်။

8.ခြေသည်းတွေကို လွန်ကျွံစွာညှပ်ခြင်း

တကယ်လို့ သင်ဟာ ခြေသည်းတွေကို အလွန်တိုအောင်ညှပ်ပစ်မယ်ဆိုရင် ခြေအိတ်စွပ်လမ်းလျှောက်ခြင်းတွေမှာ အခက်တွေ့စေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: cantwait2say

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top