န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

လိပ္ကၽြန္းလူသတ္မႈေၾကာင့္ ေသဒဏ္က်ခံေနရတဲ့ ျမန္မာလုပ္သားႏွစ္ဦးအတြက္ တင္သြင္းထားတဲ့ အယူခံကို ေခ်ဖ်က္တဲ့ အယူခံ ေလွ်ာက္လဲခ်က္ တင္သြင္းဖုိ႔ ထိုင္းရဲတပ္ဖြဲ႕က အခ်ိန္တစ္လ ထပ္တိုးေတာင္းခံခဲ့တယ္လုိ႔ ျမန္မာလုပ္သားႏွစ္ဦးအေရး ကူညီေပးေနတဲ့ ျမန္မာသံ႐ံုး အထူးအဖြဲ႕မွ ေရွ႕ေနဦးေအာင္မ်ိဳးသန္႔က ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဩဂုတ္က ျမန္မာဘက္မွ တင္သြင္းထားတဲ့ အယူခံကို ထုိင္းရဲတပ္ဖြဲ႕ဘက္ကေန ျပန္လည္ေခ်ဖ်က္တဲ့ ေလွ်ာက္လဲခ်က္အယူခံကို ထိုင္းႏိုင္ငံ အယူခံတရား႐ံုးက ၂၀၁၇ စက္တင္ဘာ ၂၂ ရက္မွာ တင္သြင္းဖုိ႔ အမိန္႔ခ်ထားတာ ျဖစ္ပါတယ္။

တရားလို ထိုင္းရဲတပ္ဖြဲ႕က သတ္မွတ္ကာလအတြင္း တင္သြင္းႏိုင္တာမရွိလို႔ တစ္လတစ္ႀကိမ္ ထပ္တိုးေပးဖုိ႔ ေတာင္းဆုိခဲ့ရာမွာ ဇန္နဝါရီ ၂၄ ရက္မွာ ငါးႀကိမ္ေျမာက္အျဖစ္ အခ်ိန္တစ္လထပ္ တုိးေပးဖုိ႔ ထပ္မံေတာင္းဆုိခဲ့တာ ျဖစ္ပါတယ္။

‘‘ဒါကေတာ့ ကြၽန္ေတာ္တုိ႔ တင္တုန္းကလည္း တိုးေပးဖို႔ေတာင္းဆိုခဲ့တာပဲ။ သူတုိ႔ဘက္ကလည္းေတာင္း ဆိုပိုင္ခြင့္ရွိတယ္။  အဲဒါေၾကာင့္ ေတာင္းဆုိတာေပါ့။ တရားခံဘက္က ငါးႀကိမ္ေျမာက္ ေတာင္းခြင့္ရွိ သလို တရားလိုဘက္က ရွစ္ႀကိမ္ ေျမာက္ထိ ေတာင္းခြင့္ရွိတယ္လို႔ သိရပါတယ္’’လုိ႔ ဦးေအာင္မ်ိဳးသန္႔က ေျပာပါတယ္။

လိပ္ကြၽန္းလူသတ္မႈနဲ႔ ပတ္သက္ၿပီး ျမန္မာလုပ္သားႏွစ္ဦးရဲ႕ အက်ိဳးေဆာင္ေရွ႕ေနေတြျဖစ္တဲ့ ထိုင္းႏုိင္ငံေရွ႕ေနမ်ားေကာင္စီမွ ေရွ႕ေနေတြက စာ မ်က္ႏွာ ၃၁၈ မ်က္ႏွာပါတဲ့ ေနာက္ဆံုးအယူခံကို ၂၀၁၇ ဩဂုတ္ ၂၁ ရက္က ထုိင္းႏုိင္ငံ ေကာ့စမြီတရား႐ံုးကုိ တင္သြင္းထားတာျဖစ္ၿပီး အယူခံမေအာင္ျမင္ရင္ ထိုင္းဘုရင္ဆီကုိ အသနားခံစာ တင္ရေတာ့မွာ ျဖစ္ပါတယ္။

Source : 7DayDaily
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
လိပ်ကျွန်းလူသတ်မှုကြောင့် သေဒဏ်ကျခံနေရတဲ့ မြန်မာလုပ်သားနှစ်ဦးအတွက် တင်သွင်းထားတဲ့ အယူခံကို ချေဖျက်တဲ့ အယူခံ လျှောက်လဲချက် တင်သွင်းဖို့ ထိုင်းရဲတပ်ဖွဲ့က အချိန်တစ်လ ထပ်တိုးတောင်းခံခဲ့တယ်လို့ မြန်မာလုပ်သားနှစ်ဦးအရေး ကူညီပေးနေတဲ့ မြန်မာသံရုံး အထူးအဖွဲ့မှ ရှေ့နေဦးအောင်မျိုးသန့်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်က မြန်မာဘက်မှ တင်သွင်းထားတဲ့ အယူခံကို ထိုင်းရဲတပ်ဖွဲ့ဘက်ကနေ ပြန်လည်ချေဖျက်တဲ့ လျှောက်လဲချက်အယူခံကို ထိုင်းနိုင်ငံ အယူခံတရားရုံးက ၂၀၁၇ စက်တင်ဘာ ၂၂ ရက်မှာ တင်သွင်းဖို့ အမိန့်ချထားတာ ဖြစ်ပါတယ်။

တရားလို ထိုင်းရဲတပ်ဖွဲ့က သတ်မှတ်ကာလအတွင်း တင်သွင်းနိုင်တာမရှိလို့ တစ်လတစ်ကြိမ် ထပ်တိုးပေးဖို့ တောင်းဆိုခဲ့ရာမှာ ဇန်နဝါရီ ၂၄ ရက်မှာ ငါးကြိမ်မြောက်အဖြစ် အချိန်တစ်လထပ် တိုးပေးဖို့ ထပ်မံတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

‘‘ဒါကတော့ ကျွန်တော်တို့ တင်တုန်းကလည်း တိုးပေးဖို့တောင်းဆိုခဲ့တာပဲ။ သူတို့ဘက်ကလည်းတောင်း ဆိုပိုင်ခွင့်ရှိတယ်။  အဲဒါကြောင့် တောင်းဆိုတာပေါ့။ တရားခံဘက်က ငါးကြိမ်မြောက် တောင်းခွင့်ရှိ သလို တရားလိုဘက်က ရှစ်ကြိမ် မြောက်ထိ တောင်းခွင့်ရှိတယ်လို့ သိရပါတယ်’’လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။

လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး မြန်မာလုပ်သားနှစ်ဦးရဲ့ အကျိုးဆောင်ရှေ့နေတွေဖြစ်တဲ့ ထိုင်းနိုင်ငံရှေ့နေများကောင်စီမှ ရှေ့နေတွေက စာ မျက်နှာ ၃၁၈ မျက်နှာပါတဲ့ နောက်ဆုံးအယူခံကို ၂၀၁၇ ဩဂုတ် ၂၁ ရက်က ထိုင်းနိုင်ငံ ကော့စမွီတရားရုံးကို တင်သွင်းထားတာဖြစ်ပြီး အယူခံမအောင်မြင်ရင် ထိုင်းဘုရင်ဆီကို အသနားခံစာ တင်ရတော့မှာ ဖြစ်ပါတယ်။

Source : 7DayDaily

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top