မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

သရုပ္ေဆာင္အကယ္ဒမီလူမင္းကေတာ့ ကုိယ္ပုိင္ထုတ္လုပ္ေရးျဖစ္တဲ့ ဧဝရက္ရုပ္ရွင္ထုတ္လုပ္ေရးကေန ရုိက္ကူးေနတဲ့ ညစ္တြန္းရုပ္ရွင္ ဇာတ္ကားႀကီးရဲ႕ ဇာတ္ညႊန္းကုိ အိႏၵိယႏုိင္ငံကေန တရားဝင္ခြင့္ျပဳခ်က္နဲ႔ ဝယ္ယူထားတာျဖစ္ၿပီး ကိုယ္ႀကိဳက္တဲ့ ဇာတ္ညႊန္းဇာတ္ကြက္ ေတြကုိ လည္း လိပ္ျပာသန္႔သန္႔နဲ႔ ရုိက္ခြင့္ရွိတယ္လုိ႔ Duwun Media ကေနေျပာျပခဲ့ပါတယ္။

'' အိႏၵိယက ဇာတ္ညႊန္းကုိ တရားဝင္ခြင့္ျပဳခ်က္ယူၿပီးမွ ျမန္မာမႈျပဳ ျဖည့္စြက္ျပင္ဆင္ၿပီးမွ ရုိက္တာေပါ့၊ Copy ဆုိတာက မသိမသာတုလုိက္တာ နဲ႔ သိသိသာသာတုတာနဲ႔ပဲ ကြာပါတယ္။ ဒါေပမယ့္လည္း အျပန္အလွန္ေလးစားမႈေပါ့ေနာ္ တရားဝင္ခြင့္ျပဳခ်က္ယူလုိက္ေတာ့ သူကလည္း ဒီထဲက ႀကိဳက္တဲ့ဇာတ္ညႊန္းဇာတ္ကြက္ေတြကုိ တိတိက်က် လိပ္ျပာသန္႔သန္႔ရုိက္ခြင့္ရွိတယ္'' လုိ႔ သူကဆုိပါတယ္။

လက္ရွိမွာ ႏႈတ္ခမ္းေမႊး၊ မုတ္ဆိတ္ေမႊးေတြနဲ႔ အသက္ႀကီးႀကီး လူႀကီးတစ္ေယာက္ပုံစံ ကာရုိက္တာအျဖစ္ရွိေနပုံကုိလည္း အခုလုိေျပာျပခဲ့ပါ တယ္။

'' အစ္ကုိ အခု ရုိက္ေနတဲ့ ညစ္တြန္းဇာတ္ကားအတြက္ ဒီဇာတ္ရုပ္ကိုေမြးထားတာပါ။ သူကတကၠစီေမာင္းတဲ့လူႀကီးတစ္ေယာက္၊ ဘာကုိမွ အေကာင္းမျမင္ တတ္တဲ့လူႀကီးတစ္ေယာက္ေပါ့။  ညစ္ေနတဲ့လူ အားအားရွိ ဘယ္သူ႔ကုိမွ အေကာင္းမျမင္ဘူး ထီထုိးၿပီး ထီမေပါက္ရင္ေတာင္ ထီဆုိင္ကုိသြားၿပီး ျပႆနာရွာတဲ့လူမ်ဳိးဆုိေတာ့ အဲ့ဒီလုိရုပ္ေပါက္ေအာင္လုပ္ထားတာပါ'' လုိ႔ ဆုိပါတယ္။

ညစ္တြန္းရုပ္ရွင္ဇာတ္ညႊန္းကုိ အိႏၵိယႏုိင္ငံကေန တရားဝင္ခြင့္ျပဳခ်က္နဲ႔ ဝယ္ခဲ့တဲ့ လူမင္းရဲ႕ ဆႏၵကုိလည္း အခုလုိသိခြင့္ရခဲ့ပါတယ္။

'' အိႏၵိယ ကားေတြက ဇာတ္ညႊန္းအရမ္းေကာင္းတယ္။ အဲ့ဒီဇာတ္ညႊန္းေကာင္းေကာင္းကုိကုိင္ၿပီးေတာ့ ဒါရုိက္တာတစ္ေယာက္အေနနဲ႔ ရုိက္ခ်င္တဲ့စိတ္ အဓိက နံပတ္ ၁ေပါ့။ ေနာက္ၿပီးေတာ့ ဖားတုလုိ႔ခရုခုံေပ့ါေနာ္ သူတို႔က ေဒၚလာသန္းေပါင္းမ်ားစြာ အကုန္က်ခံရင္းႏွီး ျမဳပ္ႏွံတဲ့ကား၊ ကုိယ္ေတြက ကုိယ့္အထြာနဲ႔ကုိယ္ ရုိက္လုိ႔ရႏုိင္မယ့္ ဇာတ္လမ္းအမ်ဳိးအစားလည္းျဖစ္ရဦးမယ္ေပါ့၊ အဲ့ဒါကုိေရြးခ်ယ္ၿပီးေတာ့ ျမန္မာပရိသတ္အတြက္လည္း အရသာဆန္းဆန္းေလး ေပးခ်င္တဲ့ဆႏၵေၾကာင့္ရုိက္ျဖစ္တာပါ'' လုိ႔ လူမင္းက ေျပာပါတယ္။

ညစ္တြန္းရုပ္ရွင္ဇာတ္ကားႀကီးကုိေတာ့ ဧဝရက္ရုပ္ရွင္ထုတ္လုပ္ေရးက ထုတ္လုပ္တာျဖစ္ၿပီး သရုပ္ေဆာင္အကယ္ဒမီလူမင္းကုိယ္တုိင္ ဒါရုိက္တာအျဖစ္ရုိက္ကူးပုံေဖာ္ေနတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးတစ္ကားျဖစ္ပါတယ္။ ဒီရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ လူမင္း၊ ေျပတီဦး၊ အိျႏၵာေက်ာ္ဇင္၊ ခုိင္သင္းၾကည္၊ ထက္ထက္ထြန္းတုိ႕က အဓိက ပါဝင္ရုိက္ကူးေနတယ္လုိ႔ သိရပါတယ္။

Photo: လူမင္းေဖ့ဘုတ္
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
သရုပ်ဆောင်အကယ်ဒမီလူမင်းကတော့ ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ ဧဝရက်ရုပ်ရှင်ထုတ်လုပ်ရေးကနေ ရိုက်ကူးနေတဲ့ ညစ်တွန်းရုပ်ရှင် ဇာတ်ကားကြီးရဲ့ ဇာတ်ညွှန်းကို အိန္ဒိယနိုင်ငံကနေ တရားဝင်ခွင့်ပြုချက်နဲ့ ဝယ်ယူထားတာဖြစ်ပြီး ကိုယ်ကြိုက်တဲ့ ဇာတ်ညွှန်းဇာတ်ကွက် တွေကို လည်း လိပ်ပြာသန့်သန့်နဲ့ ရိုက်ခွင့်ရှိတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

'' အိန္ဒိယက ဇာတ်ညွှန်းကို တရားဝင်ခွင့်ပြုချက်ယူပြီးမှ မြန်မာမှုပြု ဖြည့်စွက်ပြင်ဆင်ပြီးမှ ရိုက်တာပေါ့၊ Copy ဆိုတာက မသိမသာတုလိုက်တာ နဲ့ သိသိသာသာတုတာနဲ့ပဲ ကွာပါတယ်။ ဒါပေမယ့်လည်း အပြန်အလှန်လေးစားမှုပေါ့နော် တရားဝင်ခွင့်ပြုချက်ယူလိုက်တော့ သူကလည်း ဒီထဲက ကြိုက်တဲ့ဇာတ်ညွှန်းဇာတ်ကွက်တွေကို တိတိကျကျ လိပ်ပြာသန့်သန့်ရိုက်ခွင့်ရှိတယ်'' လို့ သူကဆိုပါတယ်။

လက်ရှိမှာ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတွေနဲ့ အသက်ကြီးကြီး လူကြီးတစ်ယောက်ပုံစံ ကာရိုက်တာအဖြစ်ရှိနေပုံကိုလည်း အခုလိုပြောပြခဲ့ပါ တယ်။

'' အစ်ကို အခု ရိုက်နေတဲ့ ညစ်တွန်းဇာတ်ကားအတွက် ဒီဇာတ်ရုပ်ကိုမွေးထားတာပါ။ သူကတက္ကစီမောင်းတဲ့လူကြီးတစ်ယောက်၊ ဘာကိုမှ အကောင်းမမြင် တတ်တဲ့လူကြီးတစ်ယောက်ပေါ့။  ညစ်နေတဲ့လူ အားအားရှိ ဘယ်သူ့ကိုမှ အကောင်းမမြင်ဘူး ထီထိုးပြီး ထီမပေါက်ရင်တောင် ထီဆိုင်ကိုသွားပြီး ပြဿနာရှာတဲ့လူမျိုးဆိုတော့ အဲ့ဒီလိုရုပ်ပေါက်အောင်လုပ်ထားတာပါ'' လို့ ဆိုပါတယ်။

ညစ်တွန်းရုပ်ရှင်ဇာတ်ညွှန်းကို အိန္ဒိယနိုင်ငံကနေ တရားဝင်ခွင့်ပြုချက်နဲ့ ဝယ်ခဲ့တဲ့ လူမင်းရဲ့ ဆန္ဒကိုလည်း အခုလိုသိခွင့်ရခဲ့ပါတယ်။

'' အိန္ဒိယ ကားတွေက ဇာတ်ညွှန်းအရမ်းကောင်းတယ်။ အဲ့ဒီဇာတ်ညွှန်းကောင်းကောင်းကိုကိုင်ပြီးတော့ ဒါရိုက်တာတစ်ယောက်အနေနဲ့ ရိုက်ချင်တဲ့စိတ် အဓိက နံပတ် ၁ပေါ့။ နောက်ပြီးတော့ ဖားတုလို့ခရုခုံပေ့ါနော် သူတို့က ဒေါ်လာသန်းပေါင်းများစွာ အကုန်ကျခံရင်းနှီး မြုပ်နှံတဲ့ကား၊ ကိုယ်တွေက ကိုယ့်အထွာနဲ့ကိုယ် ရိုက်လို့ရနိုင်မယ့် ဇာတ်လမ်းအမျိုးအစားလည်းဖြစ်ရဦးမယ်ပေါ့၊ အဲ့ဒါကိုရွေးချယ်ပြီးတော့ မြန်မာပရိသတ်အတွက်လည်း အရသာဆန်းဆန်းလေး ပေးချင်တဲ့ဆန္ဒကြောင့်ရိုက်ဖြစ်တာပါ'' လို့ လူမင်းက ပြောပါတယ်။

ညစ်တွန်းရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဧဝရက်ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး သရုပ်ဆောင်အကယ်ဒမီလူမင်းကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးပုံဖော်နေတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ခိုင်သင်းကြည်၊ ထက်ထက်ထွန်းတို့က အဓိက ပါဝင်ရိုက်ကူးနေတယ်လို့ သိရပါတယ်။

Photo: လူမင်းဖေ့ဘုတ်

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top