ေလဆိပ္အနီး ေျမပိုင္ဆိုင္မႈရမည့္ လံုးခ်င္း အေရာင္းျပပြဲ
×

ဆံပင္မကၽြတ္ေအာင္ ေငြကုန္ေၾကးက်မ်ားေသာ အလွျပင္ဆုိင္၌ ကုထုံးမ်ားခံယူရန္သြားသည္ထက္ သဘာဝထုတ္ကုန္မ်ားကုိ အသုံးျပဳျခင္းကပုိ၍ေကာင္းပါသည္။ အလွျပင္ဆုိင္ကုထုံးမွာ ျပႆနာကုိ အကူအညီမေပးပါ။ အိမ္တြက္ေအာက္ပါလြယ္ကူေသာ အခ်က္အလက္မ်ားကုိလုိက္နာရန္ ႀကိဳးစား ၾကည့္ၿပီး ၎အခ်က္မ်ားက ဆံပင္ကၽြတ္ျခင္းကုိ ေလ်ာ့ပါးေအာင္ျပဳလုပ္ရာတြင္ မည္သုိ႔မည္ပုံအက်ဳိး အာနိသင္ရွိပုံကုိၾကည့္႐ႈပါ-

-အဆီေပးထားေသာ အဆီကုထုံး

သဘာဝအဆီတစ္မ်ဳိးမ်ဳိးကုိယူပါ။ သံလြင္ဆီ၊ အုန္းဆီ၊ ကင္ႏုိလာဆီစသည့္ အဆီတုိ႔ကုိေႏြးလာေအာင္ အပူေပးပါ။ သုိ႔ေသာ္သိပ္အပူႀကီး မျဖစ္ေစရ။ ထုိ႔ေနာက္သင့္ဦးေရျပားကုိ အသာအယာႏွိပ္ေပးပါ။ ေရခ်ဳိးရာတြင္ေဆာင္းေသာ ဦးထုပ္ကုိေဆာင္းၿပီး တစ္နာရီေလာက္ၾကာမွ သင့္ဆံပင္ကုိ ေခါင္းေလွ်ာ္ပါ။

-သဘာဝအရည္မ်ား

သင္သည္သင္၏ဦးေရျပားကုိ ၾကက္သြန္ျဖဴအရည္၊ ၾကက္သြန္နီအရည္ သုိ႔မဟုတ္ ဂ်င္းအရည္တုိ႔ျဖင့္ ပြတ္တိုက္ေပးပါ။ သင့္ဦးေခါင္းကုိ သဘာဝအရည္ျဖင့္ပြတ္တုိက္ၿပီး တစ္ညတာထားၿပီးေနာက္ တစ္ေန႔ နံနက္တြင္ ႏွံ႔ႏွံ႔စပ္စပ္ေခါင္းေလွ်ာ္ပါ။

-ဦးေခါင္းကုိ ႏွိပ္ေပးပါ

သင့္ဦးေခါင္းအေရျပားကုိ ေန႔စဥ္ မိနစ္အနည္းကယ္ႏွိပ္ေပးျခင္းျဖင့္ ဦးေရျပားရွိေသြးသြားလာမႈကုိ လႈံေဆာ္ေပးသည္။ ဦးေခါင္း၏ အေရျပားတြင္ ေသြးသြားလာမႈေကာင္းမြန္ျခင္းက ဆံပင္အရင္းအျမစ္ မ်ားကုိ လႈပ္ရွားေစသည္။ လာဗန္ဒါအဆီ သုိ႔မဟုတ္ အက္စင္ရွင္အဆီ၊ ဗာဒံေစ့အဆီ သို႔မဟုတ္ ႏွမ္းဆီအစက္အနည္းငယ္ကုိ အသုံးျပဳၿပီးႏွိပ္ေပးျခင္းက ဦးေရျပားေသြးလွည့္ပတ္မႈကုိ တုိးတက္ ေကာင္းမြန္ေစသည္။

-အင္တီေအာက္ဆီးဒင့္

ပူေႏြးေသာ လက္ဖက္စိမ္း (ေရတစ္ဖန္ခြက္တြင္ လက္ဖက္စိမ္းႏွစ္ထုပ္ကုိႏွပ္ပါ) ကုိသင့္ဦးေခါင္းအေရ ျပားကုိလိမ္းပါ။ ၎လက္ဖက္စိမ္းကုိ ဦးေရျပားတြင္ တစ္နာရီခန္႔ထားၿပီးမွ ေရျဖင့္ေဆးေၾကာပါ။ လက္ ဖက္စိမ္းတြင္ အင္တီေအာက္ဆီးဒင့္ပါဝင္ေသာ ၎ဓာတ္ပစၥည္းက ဆံပင္ကၽြတ္ျခင္းကုိ ကာကြယ္ၿပီး ဆံပင္ေပါက္ဖြားမႈကုိ တုိးပြားေစသည္။

-တရားထုိင္ပါ

ယုံခ်င္ယုံမယုံခ်င္ေန။ အခ်ိန္ကာလအမ်ားတြင္ ဆံပင္ကၽြတ္ျခင္း၏ အရင္းအျမစ္အေၾကာင္းရင္းမွာ စိတ္ဖိစီးမႈႏွင့္ စိတ္တင္းက်ပ္မႈတို႔ျဖစ္ၾကသည္။ တရားထုိင္ျခင္းက ေဟာ္မုန္းဟန္ခ်က္ကုိ ညီေအာင္ျပဳ လုပ္ေပးသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: စံေတာ္ခ်ိန္သတင္းစာ

#Unicode Version#
ဆံပင်မကျွတ်အောင် ငွေကုန်ကြေးကျများသော အလှပြင်ဆိုင်၌ ကုထုံးများခံယူရန်သွားသည်ထက် သဘာဝထုတ်ကုန်များကို အသုံးပြုခြင်းကပို၍ကောင်းပါသည်။ အလှပြင်ဆိုင်ကုထုံးမှာ ပြဿနာကို အကူအညီမပေးပါ။ အိမ်တွက်အောက်ပါလွယ်ကူသော အချက်အလက်များကိုလိုက်နာရန် ကြိုးစား ကြည့်ပြီး ၎င်းအချက်များက ဆံပင်ကျွတ်ခြင်းကို လျော့ပါးအောင်ပြုလုပ်ရာတွင် မည်သို့မည်ပုံအကျိုး အာနိသင်ရှိပုံကိုကြည့်ရှုပါ-

-အဆီပေးထားသော အဆီကုထုံး

သဘာဝအဆီတစ်မျိုးမျိုးကိုယူပါ။ သံလွင်ဆီ၊ အုန်းဆီ၊ ကင်နိုလာဆီစသည့် အဆီတို့ကိုနွေးလာအောင် အပူပေးပါ။ သို့သော်သိပ်အပူကြီး မဖြစ်စေရ။ ထို့နောက်သင့်ဦးရေပြားကို အသာအယာနှိပ်ပေးပါ။ ရေချိုးရာတွင်ဆောင်းသော ဦးထုပ်ကိုဆောင်းပြီး တစ်နာရီလောက်ကြာမှ သင့်ဆံပင်ကို ခေါင်းလျှော်ပါ။

-သဘာဝအရည်များ

သင်သည်သင်၏ဦးရေပြားကို ကြက်သွန်ဖြူအရည်၊ ကြက်သွန်နီအရည် သို့မဟုတ် ဂျင်းအရည်တို့ဖြင့် ပွတ်တိုက်ပေးပါ။ သင့်ဦးခေါင်းကို သဘာဝအရည်ဖြင့်ပွတ်တိုက်ပြီး တစ်ညတာထားပြီးနောက် တစ်နေ့ နံနက်တွင် နှံ့နှံ့စပ်စပ်ခေါင်းလျှော်ပါ။

-ဦးခေါင်းကို နှိပ်ပေးပါ

သင့်ဦးခေါင်းအရေပြားကို နေ့စဉ် မိနစ်အနည်းကယ်နှိပ်ပေးခြင်းဖြင့် ဦးရေပြားရှိသွေးသွားလာမှုကို လှုံဆော်ပေးသည်။ ဦးခေါင်း၏ အရေပြားတွင် သွေးသွားလာမှုကောင်းမွန်ခြင်းက ဆံပင်အရင်းအမြစ် များကို လှုပ်ရှားစေသည်။ လာဗန်ဒါအဆီ သို့မဟုတ် အက်စင်ရှင်အဆီ၊ ဗာဒံစေ့အဆီ သို့မဟုတ် နှမ်းဆီအစက်အနည်းငယ်ကို အသုံးပြုပြီးနှိပ်ပေးခြင်းက ဦးရေပြားသွေးလှည့်ပတ်မှုကို တိုးတက် ကောင်းမွန်စေသည်။

-အင်တီအောက်ဆီးဒင့်

ပူနွေးသော လက်ဖက်စိမ်း (ရေတစ်ဖန်ခွက်တွင် လက်ဖက်စိမ်းနှစ်ထုပ်ကိုနှပ်ပါ) ကိုသင့်ဦးခေါင်းအရေ ပြားကိုလိမ်းပါ။ ၎င်းလက်ဖက်စိမ်းကို ဦးရေပြားတွင် တစ်နာရီခန့်ထားပြီးမှ ရေဖြင့်ဆေးကြောပါ။ လက် ဖက်စိမ်းတွင် အင်တီအောက်ဆီးဒင့်ပါဝင်သော ၎င်းဓာတ်ပစ္စည်းက ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပြီး ဆံပင်ပေါက်ဖွားမှုကို တိုးပွားစေသည်။

-တရားထိုင်ပါ

ယုံချင်ယုံမယုံချင်နေ။ အချိန်ကာလအများတွင် ဆံပင်ကျွတ်ခြင်း၏ အရင်းအမြစ်အကြောင်းရင်းမှာ စိတ်ဖိစီးမှုနှင့် စိတ်တင်းကျပ်မှုတို့ဖြစ်ကြသည်။ တရားထိုင်ခြင်းက ဟော်မုန်းဟန်ချက်ကို ညီအောင်ပြု လုပ်ပေးသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: စံတော်ချိန်သတင်းစာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top