ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

မသိေသးေသးတဲ့ မ်ိဳးဆက္သစ္ေတြ အတြက္ပါ။

လင္က်င့္၀တ္ ၅ ပါး

မထီမဲ့ကင္း
အပ္ႏွင္းဥစၥာ
မိစၦာမမွား
၀တ္စားဆင္ယင္
ျမတ္ႏိုးၾကင္
ငါးအင္ လင္က်င့္ရာ။

(၁) ဇနီးမယားအား မထီေလးစား မျပဳျခင္း၊
(၂) ဇနီးမယားအား ရွာေဖြရသမွ် ဥစၥာမ်ားကို အပ္ႏွံျခင္၊
(၃) မိမိ ဇနီးမယားမွ တစ္ပါး အျခားမိန္းမမ်ားႏွင့္ ေဖာက္ျပား က်ဴးလြန္မႈ မရွိျခင္း၊
(၄) ဇနီးမယားအား အခါအားေလ်ာ္စြာ အ၀တ္အစားအသစ္ အဆန္းမ်ား ဆင္ယင္ေပးျခင္း၊
(၅) ဇနီးမယားအား ျမတ္ႏိုးၾကင္နာစြာ ဆက္ဆံျခင္း။

အက်ယ္ထပ္ရွင္းရရင္ေတာ့

(၁) မိမိ ဇနီးမယားအား မထီေလးစား မျပဳျခင္း

ကိုယ့္ဇနီး ကို အမ်ားသူငါေရွ ့မွာ ေအာ္ေငါက္တာေတြ ၊ ဆဲဆိုတာေတြ ၊ အျပစ္မရွိ အျပစ္ရွာ အေၾကာင္းမရွိ အေၾကာင္းရွာျပီး လူအထင္ေသးမဲ့ ၊ သိမ္ငယ္ေစမဲ့ ကိစၥေတြ ေျပာဆုိတာမ်ိဳး ေရွာင္ၾကဥ္ျပီးေတာ့ ဇနီးမယားရဲ ့အျပဳအစု အယုအယ ေကာင္းေၾကာင္း ၊ ေတာ္ေၾကာင္း ၊ တတ္ၾကာင္း ၊ အနစ္နာခံ ၊ သည္းခံခြင့္လႊတ္တတ္ေၾကာင္း အစရွိတဲ့ ဇနီးမယား ဂုဏ္တက္ေစမဲ့ အေၾကာင္းကိစၥမ်ိဳးကို ႀကံဖန္ရွာေဖြျပီး အခါအခြင့္ သင့္တုိင္း ေျပာဆုိေပးတာကို ဆုိလိုပါတယ္။ ကိုယ့္မိန္းမကို ႏႈတ္၏ ေစာင္မျခင္းဆိုတဲ့ သေဘာပါပဲ။ မိမိ ဇနီးကို ကိုယ့္ရဲ ့ၾကင္နာမႈ ေတြ ၊ ေႏြးေထြးမႈေတြကို အမ်ားသူငါေရွ ့မွာ ထုတ္ေဖာ္ ျပသတာမ်ိဳးေပါ့။

(၂) မိမိ ဇနီးမယားအား ရွာေဖြရသမွ် ဥစၥာမ်ားကို အပ္ႏွံျခင္၊

လခစား ျဖစ္ရင္လည္း လခစားအေလ်ာက္ ၊ ကိုယ္ပိုင္စီးပြားေရး သမားဆုိရင္လည္း ကိုယ္ပိုင္စီးပြားေရးသမား အေလ်ာက္ ရလာတဲ့ လခ၊ အက်ိဳးအျမတ္ေတြကို စာရင္းဇယားႏွင့္တစ္ကြ မိန္းမကို ေပးအပ္ရပါမယ္။ ျပီးေတာ့မွ ဇနီးမယားဆီက မိမိ ကိုယ္ေရးကိုယ္တာ သံုးဖို ့စြဲဖုိ ့အတြက္ ဘယ္ေရြ ့ဘယ္မွ် လိုအပ္ေၾကာင္း ျဖစ္ႏိုင္ရင္ စာရင္းနဲ့ ျပန္ေတာင္းတာမ်ိဳး ကို ဆိုလိုပါတယ္။ အဲသလို စာရင္းဇယားနဲ ့ျပေတာ့ ဇနီးမယားကလည္း ၀င္ေငြ ဘယ္ေလာက္ ရွိသလဲ ၊ အသံုးစရိတ္ ဘယ္ေလာက္ရွိသလဲ ဆုိတာကို တြက္ခ်က္ႏိုင္ျပီးေတာ့ စုသင့္တာစု ၊ ရင္းႏွီးျမႈပ္ႏွံသင့္တာ ျမႈပ္ႏွံ ၊ ေပးကမ္းစရာ ရွိတာ ေပးကမ္း အစရွိတာေတြကို လုပ္ႏိုင္မွာပါ။

(၃) မိမိ ဇနီးမယားမွ တစ္ပါး အျခားမိန္းမမ်ားႏွင့္ ေဖာက္ျပား က်ဴးလြန္မႈ မရွိျခင္း၊

တိတ္တိတ္ပုန္း အေျမွာင္မယား ထားတာေတြ၊ ကိုယ့္လက္ေအာက္က ၀န္ထမ္းေတြနဲ ့ ေဖာက္ျပားတာေတြ ၊ အျခားေသာ လင္ရွိမယားေတြနဲ ့ ေဖာက္ျပန္တာေတြ ၊ ျပည့္တန္ဆာေတြနဲ ့ သြားလာဆက္ဆံတာေတြ ကို ေရွာင္ၾကဥ္တာမ်ိဳးကို ဆုိလိုပါတယ္။ တစ္ခ်ိဳ ့ သေဘာထားၾကီးတဲ့ မိန္းမ ေတြကေတာ့ ကိုယ္၀န္ ရွိေနတဲ့ အခ်ိန္မွာေတာ့ ကိုယ့္ေယာက္်ား ကို ခ်ဳပ္ျခယ္တာမ်ိဳး မလုပ္ဘဲ ခြင့္လႊတ္ၾကတာလည္း ရွိပါတယ္။ ၂ ဦး ၂ဖက္ ၾကိဳတင္ ညွိႏိႈင္းထားၾကရင္ေတာ့ အဆင္ေျပမွာပါပဲ။

(၄) မိမိ ဇနီးမယားအား အခါအားေလ်ာ္စြာ အ၀တ္အစား အသစ္အဆန္းမ်ားအား ဆင္ယင္ေပးျခင္း၊

ကိုယ့္ဇနီးကို ခ်စ္သူမ်ားေန ့တို ့၊ ေမြးေန ့တို ့၊ မဂၤလာေဆာင္တဲ့ေန ့တို ့ အစရွိတဲ့ အမွတ္တရေန ့ ေတြမွာ အခ်ိန္သတ္သတ္ေပးျပီး အျပင္ေလွ်ာက္လည္တာေတြ၊ အမွတ္တယ ျဖစ္ေစမဲ့ ဖက္ရွင္ ဒီဇိုင္းေတြ ၊ အ၀တ္အထည္ဆန္းေတြ၊ sexy ျဖစ္တဲ့ lyngerie အ၀တ္အစားေတြ အဲဒီလို ေန ့ေတြမွာ ၀ယ္ေပးတာေတြ လုပ္ျခင္းအားျဖင့္ ဇနီးအေပၚမွာ အခ်စ္မပ်က္ေၾကာင္း ၊ မွတ္မွတ္ယယ ရွိေနေၾကာင္း ျပသတာမ်ိဳး ကို ဆုိလိုပါတယ္။

(၅) မိမိ ဇနီးမယားအား ျမတ္ႏိုးၾကင္နာစြာ ဆက္ဆံျခင္း။

ခ်စ္သူကေန ဇနီးမယား ျဖစ္လာခဲ့တဲ့ သူေတြဆုိရင္လည္း ကိုယ့္မိန္းမ ကို စခ်စ္ခဲ့တုန္းကလိုပဲ အၾကင္နာမ်က္လံုးေတြနဲ ့တစ္ယုတစ္ယ ေထြးေထြးေပြ ့ေပြ ့၊ ၾကင္ၾကင္နာနာ ဆက္ဆံတာမ်ိဳး ၊ မိဘေတြေၾကာင့္ မဂၤလာေဆာင္ခဲ့ရတဲ့ သူေတြဆိုရင္လည္း အရင္တုန္းက ဘယ္လိုပဲ ခ်စ္သူေတြ ရွိခဲ့ပါေစ.. လက္ရွိ ကိုယ့္ဇနီးကိုပဲ သစၥာရွိရွိ ၊ ျမတ္ျမတ္ႏိုးႏိုး ေပါင္းသင္းတာမ်ိဳးကို ဆုိလိုပါတယ္။ အခန္ ့မသင့္လို ့စကားမ်ား ရန္ျဖစ္ခဲ့ရင္ေတာင္ ငါ့ အရင္ရည္းစားက နင့္လို မဟုတ္ဘူး.. ငါ့အေပၚ ဘယ္ေလာက္ သည္းခံ ဂရုစိုက္တယ္ ဆိုတာေတြ ေျပာဆုိတာမ်ိဳး ေရွာင္ၾကဥ္သင့္သလို ငယ္က်ိဳးငယ္နာ ေဖာ္ျပီး ေျပာဆိုတာမ်ိဳး ကိုလည္း မျပဳသင့္ပါဘူး။

===============
မယားက်င့္၀တ္ ၅ ပါး

အိမ္တြင္းမႈလုပ္
သိမ္းထုပ္ေသခ်ာ
မိစၦာၾကဥ္ေရွာင္
ေလ်ာ္ေအာင္ျဖန္႔ခ်ိ
ပ်င္းရိမမူ
၀တ္ငါးဆူ အိမ္သူ က်င့္အပ္စြာ။

(၁) အိမ္မႈကိစၥမ်ားကို အဆင္ေျပေစရန္ စီမံခန္ ့ခြဲ ျပဳလုပ္ျခင္း၊
(၂) မိမိလင္ေယာက်္ား အပ္ႏွံလာေသာ ဥစၥာမ်ားကို စနစ္တက် သိမ္းဆည္း ထိန္းသိမ္းျခင္း၊
(၃) မိမိေယာက်္ားမွ တစ္ပါး အျခားေသာ ေယာက်္ားတို႔ႏွင့္ ကာမအမႈ ကိစၥတြင္ ေဖာက္ျပန္မႈ မရွိျခင္း၊
(၄) မိမိဘက္မွေဆြမ်ိဳး ၊ လင္သားဘက္မွ ေဆြမ်ိဳးတို႔၌ မွ်မွ် တတ ေပးကမ္းရျခင္း၊
(၅) လုပ္ငန္းကိစၥ အ၀၀၌ ပ်င္းရိျခင္းကင္း၍ ကၽြမ္းက်င္ရျခင္း။

(၁) အိမ္မႈ ကိစၥမ်ားကို အဆင္ေျပေစရန္ စီမံခန္ ့ခြဲ ျပဳလုပ္ျခင္း

ခင္ပြန္းသည္ အိပ္ရာက မထခင္ ခင္ပြန္းသည္အတြက္ နံနက္စာ စီစဥ္ေပးတာ ၊ ခင္ပြန္းသည္ ႏိုးလာရင္လည္း သြားတိုက္တံ ၊ မ်က္ႏွာသုတ္ပု၀ါ အစရွိတာေတြ အဆင္သင့္ ျပင္ဆင္ေပးထားတာ ၊ ႏွစ္ဖက္ မိဘေတြ ၊ ေဆြမ်ိဳးေတြ ကိုယ့္အိမ္မွာ ေကြ်းေမြး ေစာင့္ေရွာက္ထားရင္ သူတုိ ့ေတြအတြက္ မလစ္ဟင္းရေအာင္ ၊ အိမ္ကို ၾကည့္ခ်င္စဖြယ္ ၊ ေနျခင္စဖြယ္ ျဖစ္ေအာင္ ျပင္ဆင္တာေတြ၊ ယုိယြင္းပ်က္စီးေနတာေတြကို စြန္ ့ျပစ္တန္ စြန္ ့ျပစ္၊ ျပင္သင့္တာျပင္ ၊ ခင္ပြန္းသည္ ရွာသမွ် ေနာက္ေဖးမီးဖိုေခ်ာင္က မထြက္ရေအာင္ စီမံခန္ ့ခြဲတာ၊ အိမ္ေစ ရွိရင္လည္း မနက္ေစာေစာ အိပ္ရာမထျခင္ရင္ေတာင္မွ အဆင္သင့္ျဖစ္ေအာင္ အစီအစဥ္ေတြကို ၾကိဳတင္ေျပာျပျပီး အလုပ္ေတြကို သင့္ေလ်ာ္သလို စီမံ ခန္ ့ခဲြတာေတြကို ျပဳလုပ္ေစျခင္းပါပဲ။ ညအိပ္ရင္လည္း ခင္ပြန္းသည္ထက္ ေစာျပီး အိပ္တာမ်ိဳး မဟုတ္ဘဲ အတူတူျဖစ္ေစ ၊ ေနာက္က်ျပီးမွ ျဖစ္ေစ အိပ္ရာ၀င္တာမ်ိဳး လုပ္သင့္ပါတယ္။ ေနာက္က်မွ အိပ္ရာ၀င္တာကလည္း အိမ္တံခါးေတြ လံုျခံေအာင္ ပိတ္ရဲ ့လား အစရွိသျဖင့္ ခင္ပြန္းသည္ေတြ လစ္ဟင္းေနတဲ ့အရာေတြကို ေထာင့္ေစ့ေအာင္ ၾကည့္ရႈေစာင့္ေရွာက္ျခင္းပါပဲ။

(၂) မိမိလင္ေယာက်္ား အပ္ႏွံလာေသာ ဥစၥာမ်ားကို စနစ္တက် သိမ္းဆည္း ထိန္းသိမ္းျခင္း၊

ခင္ပြန္းသည္ ရွာေဖြေပးလာတဲ ့ေငြေၾကး ဆိုရင္လည္း မေပ်ာက္ပ်က္ေအာင္ ၊ တုိးပြားလာေအာင္ ၊ လွဴသင့္တာ လွဴရေအာင္ အသံုးခ်တတ္ရပါမယ္။ ပစၥည္းဥစၥာေတြ ဆုိရင္လည္း ယိုယြင္းမႈ နည္းေအာင္၊ စနစ္တက် ရွိေနေအာင္၊ ေခတ္နဲ ့ လိုက္ေလ်ာညီေထြေအာင္ ၊ ခင္ပြန္းသည္ အၾကိဳက္လည္း ျဖစ္ ၊ ကုိယ့္အၾကိဳက္လည္း ျဖစ္မယ့္ ဟာေတြကို တုိင္တုိင္ပင္ပင္ စုေဆာင္းတာမ်ိဳး လုပ္တတ္တာမ်ိဳးေပါ့။

(၃) မိမိခင္ပြန္း မွတစ္ပါး အျခားေသာ ေယာက်္ားတို႔ႏွင့္ ကာမအမႈ တြင္ ေဖာက္ျပန္မႈ မရွိျခင္း၊

ဆိတ္ကြယ္ရာမွာ ျဖစ္ေစ ၊ မ်က္ေမွာက္မွာပဲ ျဖစ္ေစ ကိုယ့္ ခင္ပြန္းမွ တစ္ပါး တစ္ျခားသူေတြနဲ ့ ေဖာက္လြဲေဖာက္ျပန္ အက်င့္တန္တဲ့ ကိစၥေတြ ေရွာင္ၾကဥ္တာမ်ိဳး ဆိုလိုပါတယ္။

(၄) မိမိဘက္မွေဆြမ်ိဳး ၊ လင္သားဘက္မွ ေဆြမ်ိဳးတို႔၌ မွ်မွ် တတ ေပးကမ္းရျခင္း၊

ကိုယ့္ ဘက္မွ ေဆြမ်ိဳးသားခ်င္းေတြကို ၁ သိန္း ေထာက္ပံ့ရင္ ခင္ပြန္းဘက္က ေဆြမ်ိဳးသားခ်င္းေတြကိုလည္း ၁သိန္း ေထာက္ပ့ံတာမ်ိဳ း ၊ သီတင္းကြ်တ္ ၊ တန္ေဆာင္တုိင္ မွာ လူၾကီး မိဘေတြကို ကန္ေတာ့ရင္ ႏွစ္ဘက္ မိဘေတြ ၊ ေဆြမ်ိဳးစုေတြကို မွ်မွ်တတ ဆက္ဆံ ေပးကမ္း ေထာက္ပံ့ တာမ်ိဳး ျပဳလုပ္တာကို ဆုိလိုပါတယ္။

(၅) လုပ္ငန္းကိစၥ အ၀၀၌ ပ်င္းရိျခင္းကင္း၍ ကၽြမ္းက်င္ရျခင္း။

အမႈကိစၥေပၚေပါက္လို ့ရွိရင္ ခင္ပြန္းသည္ကိုခ်ည္းပဲ အားကိုးမေနဘဲ ကိုယ္တုိင္ လုပ္တတ္ရင္ ကိုယ္တုိင္လုပ္ကိုင္တာမ်ိဳး၊ ကိုယ္တုိင္မလုပ္တတ္ရင္လည္း တတ္တဲ့သူ တစ္ေယာက္ေယာက္ကို ေငြေပးျပီး ခိုင္းေစတာမ်ိဳး ၊ ႏိုးႏိုးၾကားၾကား ေနထိုင္တတ္တာမ်ိဳးကို ဆုိလိုပါတယ္။
" ေမာင္ေရ .. သည္းေလး ဒီမွာ ကိုရီးယားကား ၾကည့္ေနလို ့ ့.. အမိႈက္ေလး သြန္ေပးပါ " ဆုိတာမ်ိဳး မလုပ္သင့္ဘူးေပါ့။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဓမၼ​ေရခ်မ္​းစင္​

#Unicode Version#
မသိသေးသေးတဲ့ မျိုးဆက်သစ်တွေ အတွက်ပါ။

လင်ကျင့်ဝတ် ၅ ပါး

မထီမဲ့ကင်း
အပ်နှင်းဥစ္စာ
မိစ္ဆာမမှား
ဝတ်စားဆင်ယင်
မြတ်နိုးကြင်
ငါးအင် လင်ကျင့်ရာ။

(၁) ဇနီးမယားအား မထီလေးစား မပြုခြင်း၊
(၂) ဇနီးမယားအား ရှာဖွေရသမျှ ဥစ္စာများကို အပ်နှံခြင်၊
(၃) မိမိ ဇနီးမယားမှ တစ်ပါး အခြားမိန်းမများနှင့် ဖောက်ပြား ကျူးလွန်မှု မရှိခြင်း၊
(၄) ဇနီးမယားအား အခါအားလျော်စွာ အဝတ်အစားအသစ် အဆန်းများ ဆင်ယင်ပေးခြင်း၊
(၅) ဇနီးမယားအား မြတ်နိုးကြင်နာစွာ ဆက်ဆံခြင်း။

အကျယ်ထပ်ရှင်းရရင်တော့

(၁) မိမိ ဇနီးမယားအား မထီလေးစား မပြုခြင်း

ကိုယ့်ဇနီး ကို အများသူငါရှေ့မှာ အော်ငေါက်တာတွေ ၊ ဆဲဆိုတာတွေ ၊ အပြစ်မရှိ အပြစ်ရှာ အကြောင်းမရှိ အကြောင်းရှာပြီး လူအထင်သေးမဲ့ ၊ သိမ်ငယ်စေမဲ့ ကိစ္စတွေ ပြောဆိုတာမျိုး ရှောင်ကြဉ်ပြီးတော့ ဇနီးမယားရဲ့အပြုအစု အယုအယ ကောင်းကြောင်း ၊ တော်ကြောင်း ၊ တတ်ကြာင်း ၊ အနစ်နာခံ ၊ သည်းခံခွင့်လွှတ်တတ်ကြောင်း အစရှိတဲ့ ဇနီးမယား ဂုဏ်တက်စေမဲ့ အကြောင်းကိစ္စမျိုးကို ကြံဖန်ရှာဖွေပြီး အခါအခွင့် သင့်တိုင်း ပြောဆိုပေးတာကို ဆိုလိုပါတယ်။ ကိုယ့်မိန်းမကို နှုတ်၏ စောင်မခြင်းဆိုတဲ့ သဘောပါပဲ။ မိမိ ဇနီးကို ကိုယ့်ရဲ့ကြင်နာမှု တွေ ၊ နွေးထွေးမှုတွေကို အများသူငါရှေ့မှာ ထုတ်ဖော် ပြသတာမျိုးပေါ့။

(၂) မိမိ ဇနီးမယားအား ရှာဖွေရသမျှ ဥစ္စာများကို အပ်နှံခြင်၊

လခစား ဖြစ်ရင်လည်း လခစားအလျောက် ၊ ကိုယ်ပိုင်စီးပွားရေး သမားဆိုရင်လည်း ကိုယ်ပိုင်စီးပွားရေးသမား အလျောက် ရလာတဲ့ လခ၊ အကျိုးအမြတ်တွေကို စာရင်းဇယားနှင့်တစ်ကွ မိန်းမကို ပေးအပ်ရပါမယ်။ ပြီးတော့မှ ဇနီးမယားဆီက မိမိ ကိုယ်ရေးကိုယ်တာ သုံးဖို့စွဲဖို့အတွက် ဘယ်ရွေ့ဘယ်မျှ လိုအပ်ကြောင်း ဖြစ်နိုင်ရင် စာရင်းနဲ့ ပြန်တောင်းတာမျိုး ကို ဆိုလိုပါတယ်။ အဲသလို စာရင်းဇယားနဲ့ပြတော့ ဇနီးမယားကလည်း ဝင်ငွေ ဘယ်လောက် ရှိသလဲ ၊ အသုံးစရိတ် ဘယ်လောက်ရှိသလဲ ဆိုတာကို တွက်ချက်နိုင်ပြီးတော့ စုသင့်တာစု ၊ ရင်းနှီးမြှုပ်နှံသင့်တာ မြှုပ်နှံ ၊ ပေးကမ်းစရာ ရှိတာ ပေးကမ်း အစရှိတာတွေကို လုပ်နိုင်မှာပါ။

(၃) မိမိ ဇနီးမယားမှ တစ်ပါး အခြားမိန်းမများနှင့် ဖောက်ပြား ကျူးလွန်မှု မရှိခြင်း၊

တိတ်တိတ်ပုန်း အမြှောင်မယား ထားတာတွေ၊ ကိုယ့်လက်အောက်က ဝန်ထမ်းတွေနဲ့ ဖောက်ပြားတာတွေ ၊ အခြားသော လင်ရှိမယားတွေနဲ့ ဖောက်ပြန်တာတွေ ၊ ပြည့်တန်ဆာတွေနဲ့ သွားလာဆက်ဆံတာတွေ ကို ရှောင်ကြဉ်တာမျိုးကို ဆိုလိုပါတယ်။ တစ်ချို့ သဘောထားကြီးတဲ့ မိန်းမ တွေကတော့ ကိုယ်ဝန် ရှိနေတဲ့ အချိန်မှာတော့ ကိုယ့်ယောက်ျား ကို ချုပ်ခြယ်တာမျိုး မလုပ်ဘဲ ခွင့်လွှတ်ကြတာလည်း ရှိပါတယ်။ ၂ ဦး ၂ဖက် ကြိုတင် ညှိနှိုင်းထားကြရင်တော့ အဆင်ပြေမှာပါပဲ။

(၄) မိမိ ဇနီးမယားအား အခါအားလျော်စွာ အဝတ်အစား အသစ်အဆန်းများအား ဆင်ယင်ပေးခြင်း၊

ကိုယ့်ဇနီးကို ချစ်သူများနေ့တို့၊ မွေးနေ့တို့၊ မင်္ဂလာဆောင်တဲ့နေ့တို့ အစရှိတဲ့ အမှတ်တရနေ့ တွေမှာ အချိန်သတ်သတ်ပေးပြီး အပြင်လျှောက်လည်တာတွေ၊ အမှတ်တယ ဖြစ်စေမဲ့ ဖက်ရှင် ဒီဇိုင်းတွေ ၊ အဝတ်အထည်ဆန်းတွေ၊ sexy ဖြစ်တဲ့ lyngerie အဝတ်အစားတွေ အဲဒီလို နေ့တွေမှာ ဝယ်ပေးတာတွေ လုပ်ခြင်းအားဖြင့် ဇနီးအပေါ်မှာ အချစ်မပျက်ကြောင်း ၊ မှတ်မှတ်ယယ ရှိနေကြောင်း ပြသတာမျိုး ကို ဆိုလိုပါတယ်။

(၅) မိမိ ဇနီးမယားအား မြတ်နိုးကြင်နာစွာ ဆက်ဆံခြင်း။

ချစ်သူကနေ ဇနီးမယား ဖြစ်လာခဲ့တဲ့ သူတွေဆိုရင်လည်း ကိုယ့်မိန်းမ ကို စချစ်ခဲ့တုန်းကလိုပဲ အကြင်နာမျက်လုံးတွေနဲ့တစ်ယုတစ်ယ ထွေးထွေးပွေ့ပွေ့၊ ကြင်ကြင်နာနာ ဆက်ဆံတာမျိုး ၊ မိဘတွေကြောင့် မင်္ဂလာဆောင်ခဲ့ရတဲ့ သူတွေဆိုရင်လည်း အရင်တုန်းက ဘယ်လိုပဲ ချစ်သူတွေ ရှိခဲ့ပါစေ.. လက်ရှိ ကိုယ့်ဇနီးကိုပဲ သစ္စာရှိရှိ ၊ မြတ်မြတ်နိုးနိုး ပေါင်းသင်းတာမျိုးကို ဆိုလိုပါတယ်။ အခန့်မသင့်လို့စကားများ ရန်ဖြစ်ခဲ့ရင်တောင် ငါ့ အရင်ရည်းစားက နင့်လို မဟုတ်ဘူး.. ငါ့အပေါ် ဘယ်လောက် သည်းခံ ဂရုစိုက်တယ် ဆိုတာတွေ ပြောဆိုတာမျိုး ရှောင်ကြဉ်သင့်သလို ငယ်ကျိုးငယ်နာ ဖော်ပြီး ပြောဆိုတာမျိုး ကိုလည်း မပြုသင့်ပါဘူး။

===============
မယားကျင့်ဝတ် ၅ ပါး

အိမ်တွင်းမှုလုပ်
သိမ်းထုပ်သေချာ
မိစ္ဆာကြဉ်ရှောင်
လျော်အောင်ဖြန့်ချိ
ပျင်းရိမမူ
ဝတ်ငါးဆူ အိမ်သူ ကျင့်အပ်စွာ။

(၁) အိမ်မှုကိစ္စများကို အဆင်ပြေစေရန် စီမံခန့်ခွဲ ပြုလုပ်ခြင်း၊
(၂) မိမိလင်ယောကျ်ား အပ်နှံလာသော ဥစ္စာများကို စနစ်တကျ သိမ်းဆည်း ထိန်းသိမ်းခြင်း၊
(၃) မိမိယောကျ်ားမှ တစ်ပါး အခြားသော ယောကျ်ားတို့နှင့် ကာမအမှု ကိစ္စတွင် ဖောက်ပြန်မှု မရှိခြင်း၊
(၄) မိမိဘက်မှဆွေမျိုး ၊ လင်သားဘက်မှ ဆွေမျိုးတို့၌ မျှမျှ တတ ပေးကမ်းရခြင်း၊
(၅) လုပ်ငန်းကိစ္စ အ၀၀၌ ပျင်းရိခြင်းကင်း၍ ကျွမ်းကျင်ရခြင်း။

(၁) အိမ်မှု ကိစ္စများကို အဆင်ပြေစေရန် စီမံခန့်ခွဲ ပြုလုပ်ခြင်း

ခင်ပွန်းသည် အိပ်ရာက မထခင် ခင်ပွန်းသည်အတွက် နံနက်စာ စီစဉ်ပေးတာ ၊ ခင်ပွန်းသည် နိုးလာရင်လည်း သွားတိုက်တံ ၊ မျက်နှာသုတ်ပုဝါ အစရှိတာတွေ အဆင်သင့် ပြင်ဆင်ပေးထားတာ ၊ နှစ်ဖက် မိဘတွေ ၊ ဆွေမျိုးတွေ ကိုယ့်အိမ်မှာ ကျွေးမွေး စောင့်ရှောက်ထားရင် သူတို့တွေအတွက် မလစ်ဟင်းရအောင် ၊ အိမ်ကို ကြည့်ချင်စဖွယ် ၊ နေခြင်စဖွယ် ဖြစ်အောင် ပြင်ဆင်တာတွေ၊ ယိုယွင်းပျက်စီးနေတာတွေကို စွန့်ပြစ်တန် စွန့်ပြစ်၊ ပြင်သင့်တာပြင် ၊ ခင်ပွန်းသည် ရှာသမျှ နောက်ဖေးမီးဖိုချောင်က မထွက်ရအောင် စီမံခန့်ခွဲတာ၊ အိမ်စေ ရှိရင်လည်း မနက်စောစော အိပ်ရာမထခြင်ရင်တောင်မှ အဆင်သင့်ဖြစ်အောင် အစီအစဉ်တွေကို ကြိုတင်ပြောပြပြီး အလုပ်တွေကို သင့်လျော်သလို စီမံ ခန့်ခွဲတာတွေကို ပြုလုပ်စေခြင်းပါပဲ။ ညအိပ်ရင်လည်း ခင်ပွန်းသည်ထက် စောပြီး အိပ်တာမျိုး မဟုတ်ဘဲ အတူတူဖြစ်စေ ၊ နောက်ကျပြီးမှ ဖြစ်စေ အိပ်ရာဝင်တာမျိုး လုပ်သင့်ပါတယ်။ နောက်ကျမှ အိပ်ရာဝင်တာကလည်း အိမ်တံခါးတွေ လုံခြံအောင် ပိတ်ရဲ့လား အစရှိသဖြင့် ခင်ပွန်းသည်တွေ လစ်ဟင်းနေတဲ့အရာတွေကို ထောင့်စေ့အောင် ကြည့်ရှုစောင့်ရှောက်ခြင်းပါပဲ။

(၂) မိမိလင်ယောကျ်ား အပ်နှံလာသော ဥစ္စာများကို စနစ်တကျ သိမ်းဆည်း ထိန်းသိမ်းခြင်း၊

ခင်ပွန်းသည် ရှာဖွေပေးလာတဲ့ငွေကြေး ဆိုရင်လည်း မပျောက်ပျက်အောင် ၊ တိုးပွားလာအောင် ၊ လှူသင့်တာ လှူရအောင် အသုံးချတတ်ရပါမယ်။ ပစ္စည်းဥစ္စာတွေ ဆိုရင်လည်း ယိုယွင်းမှု နည်းအောင်၊ စနစ်တကျ ရှိနေအောင်၊ ခေတ်နဲ့ လိုက်လျောညီထွေအောင် ၊ ခင်ပွန်းသည် အကြိုက်လည်း ဖြစ် ၊ ကိုယ့်အကြိုက်လည်း ဖြစ်မယ့် ဟာတွေကို တိုင်တိုင်ပင်ပင် စုဆောင်းတာမျိုး လုပ်တတ်တာမျိုးပေါ့။

(၃) မိမိခင်ပွန်း မှတစ်ပါး အခြားသော ယောကျ်ားတို့နှင့် ကာမအမှု တွင် ဖောက်ပြန်မှု မရှိခြင်း၊

ဆိတ်ကွယ်ရာမှာ ဖြစ်စေ ၊ မျက်မှောက်မှာပဲ ဖြစ်စေ ကိုယ့် ခင်ပွန်းမှ တစ်ပါး တစ်ခြားသူတွေနဲ့ ဖောက်လွဲဖောက်ပြန် အကျင့်တန်တဲ့ ကိစ္စတွေ ရှောင်ကြဉ်တာမျိုး ဆိုလိုပါတယ်။

(၄) မိမိဘက်မှဆွေမျိုး ၊ လင်သားဘက်မှ ဆွေမျိုးတို့၌ မျှမျှ တတ ပေးကမ်းရခြင်း၊

ကိုယ့် ဘက်မှ ဆွေမျိုးသားချင်းတွေကို ၁ သိန်း ထောက်ပံ့ရင် ခင်ပွန်းဘက်က ဆွေမျိုးသားချင်းတွေကိုလည်း ၁သိန်း ထောက်ပံ့တာမျို း ၊ သီတင်းကျွတ် ၊ တန်ဆောင်တိုင် မှာ လူကြီး မိဘတွေကို ကန်တော့ရင် နှစ်ဘက် မိဘတွေ ၊ ဆွေမျိုးစုတွေကို မျှမျှတတ ဆက်ဆံ ပေးကမ်း ထောက်ပံ့ တာမျိုး ပြုလုပ်တာကို ဆိုလိုပါတယ်။

(၅) လုပ်ငန်းကိစ္စ အ၀၀၌ ပျင်းရိခြင်းကင်း၍ ကျွမ်းကျင်ရခြင်း။

အမှုကိစ္စပေါ်ပေါက်လို့ရှိရင် ခင်ပွန်းသည်ကိုချည်းပဲ အားကိုးမနေဘဲ ကိုယ်တိုင် လုပ်တတ်ရင် ကိုယ်တိုင်လုပ်ကိုင်တာမျိုး၊ ကိုယ်တိုင်မလုပ်တတ်ရင်လည်း တတ်တဲ့သူ တစ်ယောက်ယောက်ကို ငွေပေးပြီး ခိုင်းစေတာမျိုး ၊ နိုးနိုးကြားကြား နေထိုင်တတ်တာမျိုးကို ဆိုလိုပါတယ်။
" မောင်ရေ .. သည်းလေး ဒီမှာ ကိုရီးယားကား ကြည့်နေလို့.. အမှိုက်လေး သွန်ပေးပါ " ဆိုတာမျိုး မလုပ်သင့်ဘူးပေါ့။


ဖိုးသူတော် (www.phothutaw.com)
Credit: ဓမ္မရေချမ်းစင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top