iMyanmarHouse.com - Best Property Website for Myanmar
×


ဓါတ်လိုက်ခံရသူ ဦးကြိုင်ဦး(ဘ)ဦးရဲဝင်း (၃၇)နှစ် ဈေးရောင်း (ခရေလမ်းနေ) ၊ ဦးအုန်းမြင့် (ဘ) ဦးမောင်တင်(၆၀)နှစ် ဆိုက်ကားနင်း (ပတ္တမြားလမ်းနေ)တို့မှာ သေဆုံးပြီး ၊ ဒေါ်ချို ချို လွင် (၄၀)နှစ် (ခရေလမ်းနေ)မှာ လှိုင်သာယာပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူ၍ သက်သာနေပါပြီ၊ မေတ္တာပါရမီလူမှုကူညီရေးအသင်း(လှိုင်သာယာ)မှ အချိန်နှင့် တပြေးညီ ကူညီပို့ဆောင်ပေးသော်လည်း နှစ်ယောက်မှာ စိတ်မကောင်းစွာ အသက်ဆုံးရှုံးသွားပါသည်။

Credit: thithtoolwin
#Unicode Version#
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရေဥက္ကံအုပ်စု သောင်ကြီးလေးရပ်ကွက် ခရေလမ်းထိပ်တွင် ဇန်နဝါရီလ ၈ ရက်နေ့ည ၇ နာရီ ၁၀ မိနစ်ခန့်က ဓါတ်တိုင်မှ ဓါတ်ကြိုးပျတ်ကြရာ အောက်တွင် သွားလာနေသူ လူ ၃ ဦးဓါတ်လိုက်ရာ ၂ ဦးသေဆုံးသွားကြောင်း သိရသည်။

ဓါတ်လိုက်ခံရသူ ဦးကြိုင်ဦး(ဘ)ဦးရဲဝင်း (၃၇)နှစ် ဈေးရောင်း (ခရေလမ်းနေ) ၊ ဦးအုန်းမြင့် (ဘ) ဦးမောင်တင်(၆၀)နှစ် ဆိုက်ကားနင်း (ပတ္တမြားလမ်းနေ)တို့မှာ သေဆုံးပြီး ၊ ဒေါ်ချိူ ချိူ လွင် (၄၀)နှစ် (ခရေလမ်းနေ)မှာ လှိုင်သာယာပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူ၍ သက်သာနေပါပြီ၊ မေတ္တာပါရမီလူမှုကူညီရေးအသင်း(လှိုင်သာယာ)မှ အချိန်နှင့် တပြေးညီ ကူညီပို့ဆောင်ပေးသော်လည်း နှစ်ယောက်မှာ စိတ်မကောင်းစွာ အသက်ဆုံးရှုံးသွားပါသည်။

 ဆေးရုံမှ ဦးကြိုင်ဦးအား ပီအာ (၀၁)ဖြင့်၎င်း ၊ ဦးအုန်းမြင့်အား ပီအာ (၀၂)ဖြင့်၎င်း စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: thithtoolwin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top