iMyanmarHouse.com - Best Property Website for Myanmar
×

စုအသက္ေမြး၀မ္းေက်ာင္းသိပၸံဖြင့္ပြဲသို႔ တက္ေရာက္လာသည့္ ဦးၿဖိဳးမင္းသိန္း (ဓာတ္ပံု − ေက်ာ္ဇင္သန္း)

အမ်ဳိးသားဒီမုိကေရစီ အဖဲြ႕ခ်ဳပ္ဥကၠ႒၊ ႏုိင္ငံေတာ္၏အ တုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္း စုၾကည္ႏုိင္ငံေတာ္သမၼတျဖစ္လာ ရန္ အဖဲြ႕ခ်ဳပ္အေနျဖင့္ ေမွ်ာ္လင့္ ဆဲျဖစ္သည္ဟု ရန္ကုန္တုိင္းေဒ သႀကီး၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း က ေျပာသည္။

ဇန္န၀ါရီ ၃၀ ရက္က ရန္ကုန္တုိင္းေဒသႀကီး လႈိင္သာ ယာၿမိဳ႕နယ္၌ အမ်ဳိးသားဒီမုိက ေရစီအဖဲြ႕ခ်ဳပ္က ဖြင့္လွစ္သည့္ စု အသက္ေမြး၀မ္းေက်ာင္းသိပၸံဖြင့္ ပဲြတြင္ ရန္ကုန္တုိင္း၀န္ႀကီးခ်ဳပ္က ေျပာၾကားျခင္းျဖစ္သည္။

‘‘တစ္ခ်ိန္က ကၽြန္ေတာ္တို႔ မွာ အိ္ပ္မက္ေတြရွိခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ အဖဲြ႕ခ်ဳပ္ဥကၠ႒ သမၼတ ျဖစ္လာမလားဆိုတဲ့ ကၽြန္ေတာ္တို႔ ရဲ႕ ေမွ်ာ္မွန္းခ်က္ေတြ ကၽြန္ေတာ္ တို႔မွာ ရွိေနဆဲပင္ျဖစ္ပါတယ္။ ဒီအတြက္ ႀကိဳးပမ္းၾကရဦးမွာပဲ ျဖစ္ပါတယ္။ ဒါဟာဖဲြ႕စည္းပုံ အေျခခံဥပေဒက ကန္႔သတ္ခ်က္ေတြ သာမရွိဘူးဆို အဖဲြ႕ခ်ဳပ္ဥကၠ႒ဟာ သမၼတျဖစ္ႏုိင္တဲ့ အခြင့္အလမ္း ရွိပါတယ္’’ဟု ဦးၿဖိဳးမင္းသိန္းက ေျပာသည္။

ေဒၚေအာင္ဆန္းစုၾကည္ သမၼတျဖစ္လာရန္ ေမွ်ာ္လင့္ခ်က္ အတြက္ အမ်ဳိးသားဒီမုိကေရစီ အဖဲြ႕ခ်ဳပ္အေနျဖင့္ ႀကိဳးပမ္း႐ုန္း ကန္မည္ျဖစ္ၿပီး လူထုႏွင့္ႀကိဳး ပမ္းမည္ဟု ၎ကဆုိသည္။

‘‘ကၽြန္ေတာ္တို႔ အမ်ဳိးသား ဒီမုိကေရစီအဖဲြ႕ခ်ဳပ္မွာ မွန္ကန္ တဲ့ ဦးေဆာင္မႈ၊ ေခါင္းေဆာင္မႈ လည္း ရွိေနၿပီ။ ရပ္တည္ႏုိင္တဲ့ စြမ္းအားေတြလည္း ရွိေနၿပီ။ လူ ထုအတြက္ ျပဳျပင္ေျပာင္းလဲမႈ ေတြ လုပ္ေပးဖို႔ အခ်ိန္အခါေကာင္း လည္း  ေရာက္ေနၿပီ။ အဖဲြ႕ခ်ဳပ္ ဟာ လူထုနဲ႔အတူ ႐ုန္းကန္ေနဦး မွာပဲ ျဖစ္ပါတယ္။ ဒီမိုကေရစီပန္း တုိင္ကိုေရာက္ဖို႔ ႀကိဳးပမ္းရဦးမွာ ျဖစ္ပါတယ္’’ဟု ၀န္ႀကီးခ်ဳပ္က ေျပာသည္။

ဒီခ်ဳပ္သည္ အစိုးရတစ္ရပ္ ဖဲြ႕စည္းႏုိင္ခဲ့ၿပီး လႊတ္ေတာ္တြင္ လည္း အခုိင္အမာထူေထာင္ထား ႏုိင္ၿပီျဖစ္ရာ ေဒၚေအာင္ဆန္းစု ၾကည္၏ လူထုအတြက္ ပညာေရး စနစ္ျပဳျပင္ ေျပာင္းလဲေရးေမွ်ာ္ လင့္ခ်က္ကို ေဆာင္ရြက္ႏုိင္မည့္ အခ်ိန္အခါေကာင္း ေရာက္လာ ၿပီျဖစ္ေၾကာင္း၊ စုအသက္ေမြး၀မ္း ေက်ာင္းသိပၸံကဲ့သို႔ ေက်ာင္းမ်ဳိးကို ထူေထာင္ေပးျခင္းသည္လည္း ျပဳျပင္ေျပာင္းလဲမႈတစ္ခုျဖစ္ေၾကာင္း ၎ကဆုိသည္။

လူထု၏ အင္အားျဖင့္ အာ ဏာရွင္စနစ္ကိုေတာ္လွန္ၿပီး အစိုးရဖဲြ႕စည္းႏုိင္ခဲ့ျခင္းျဖစ္ရာ ေဒၚ ေအာင္ဆန္းစုၾကည္ သမၼတျဖစ္ လာေရး ေမွ်ာ္လင့္ခ်က္အတြက္ လည္း လူထုႏွင့္အတူ ႐ုန္းကန္ႀကိဳး ပမ္းရန္ေမွ်ာ္လင့္ေၾကာင္း ၀န္ႀကီး ခ်ဳပ္က ေျပာၾကားခဲ့သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
စုအသက်မွေးဝမ်းကျောင်းသိပ္ပံဖွင့်ပွဲသို့ တက်ရောက်လာသည့် ဦးဖြိုးမင်းသိန်း (ဓာတ်ပုံ − ကျော်ဇင်သန်း)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နိုင်ငံတော်သမ္မတဖြစ်လာ ရန် အဖွဲ့ချုပ်အနေဖြင့် မျှော်လင့် ဆဲဖြစ်သည်ဟု ရန်ကုန်တိုင်းဒေ သကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။

ဇန်နဝါရီ ၃၀ ရက်က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာ ယာမြို့နယ်၌ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်က ဖွင့်လှစ်သည့် စု အသက်မွေးဝမ်းကျောင်းသိပ္ပံဖွင့် ပွဲတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောကြားခြင်းဖြစ်သည်။

‘‘တစ်ချိန်က ကျွန်တော်တို့ မှာ အိပ်မက်တွေရှိခဲ့ပါတယ်။ ကျွန်တော်တို့ အဖွဲ့ချုပ်ဥက္ကဋ္ဌ သမ္မတ ဖြစ်လာမလားဆိုတဲ့ ကျွန်တော်တို့ ရဲ့ မျှော်မှန်းချက်တွေ ကျွန်တော် တို့မှာ ရှိနေဆဲပင်ဖြစ်ပါတယ်။ ဒီအတွက် ကြိုးပမ်းကြရဦးမှာပဲ ဖြစ်ပါတယ်။ ဒါဟာဖွဲ့စည်းပုံ အခြေခံဥပဒေက ကန့်သတ်ချက်တွေ သာမရှိဘူးဆို အဖွဲ့ချုပ်ဥက္ကဋ္ဌဟာ သမ္မတဖြစ်နိုင်တဲ့ အခွင့်အလမ်း ရှိပါတယ်’’ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာရန် မျှော်လင့်ချက် အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ကြိုးပမ်းရုန်း ကန်မည်ဖြစ်ပြီး လူထုနှင့်ကြိုး ပမ်းမည်ဟု ၎င်းကဆိုသည်။

‘‘ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ မှန်ကန် တဲ့ ဦးဆောင်မှု၊ ခေါင်းဆောင်မှု လည်း ရှိနေပြီ။ ရပ်တည်နိုင်တဲ့ စွမ်းအားတွေလည်း ရှိနေပြီ။ လူ ထုအတွက် ပြုပြင်ပြောင်းလဲမှု တွေ လုပ်ပေးဖို့ အချိန်အခါကောင်း လည်း  ရောက်နေပြီ။ အဖွဲ့ချုပ် ဟာ လူထုနဲ့အတူ ရုန်းကန်နေဦး မှာပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီပန်း တိုင်ကိုရောက်ဖို့ ကြိုးပမ်းရဦးမှာ ဖြစ်ပါတယ်’’ဟု ဝန်ကြီးချုပ်က ပြောသည်။

ဒီချုပ်သည် အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ခဲ့ပြီး လွှတ်တော်တွင် လည်း အခိုင်အမာထူထောင်ထား နိုင်ပြီဖြစ်ရာ ဒေါ်အောင်ဆန်းစု ကြည်၏ လူထုအတွက် ပညာရေး စနစ်ပြုပြင် ပြောင်းလဲရေးမျှော် လင့်ချက်ကို ဆောင်ရွက်နိုင်မည့် အချိန်အခါကောင်း ရောက်လာ ပြီဖြစ်ကြောင်း၊ စုအသက်မွေးဝမ်း ကျောင်းသိပ္ပံကဲ့သို့ ကျောင်းမျိုးကို ထူထောင်ပေးခြင်းသည်လည်း ပြုပြင်ပြောင်းလဲမှုတစ်ခုဖြစ်ကြောင်း ၎င်းကဆိုသည်။

လူထု၏ အင်အားဖြင့် အာ ဏာရှင်စနစ်ကိုတော်လှန်ပြီး အစိုးရဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်ရာ ဒေါ် အောင်ဆန်းစုကြည် သမ္မတဖြစ် လာရေး မျှော်လင့်ချက်အတွက် လည်း လူထုနှင့်အတူ ရုန်းကန်ကြိုး ပမ်းရန်မျှော်လင့်ကြောင်း ဝန်ကြီး ချုပ်က ပြောကြားခဲ့သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top