AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

မ​ေကြးတိုင္​း​ေဒသႀကီး သရက္​ခ႐ိုင္ ​မင္​းတုန္​းၿမိဳ႕နယ္ ​လင္​ဘန္​းအုပ္​စု သရက္​စမ္​း​ေက်းရြာတြင္​ ဇန္​နဝါရီ ၈ ရက္ ​ည ၇ နာရီခန္​႔အခ်ိန္​က ရာအိမ္​မွဴး​ေဟာင္​းအား ဆယ္​အိမ္​မွဴးအသစ္​က ဓားႏွင္​့ခုတ္​သတ္မႈ ျဖစ္ပြားခဲ့ေၾကာင္​း သတင္းရသည္။

ျဖစ္​စဥ္​မွာ​ ေသဆုံးသူဦးတင္​​ေထြး၊​ ဓားခုတ္​သူ​ ေမာင္​စိုး​ေနာင္ (​၂၄ႏွစ္​)ႏွင့္ အိမ္​နီးခ်င္​းျဖစ္​သူ ဦးဝမ္​း​ေမာင္​ (၃၆ႏွစ္)တို႔ သုံးဦး အရက္​အတူ​ေသာက္​ၾကရာတြင္ ရာအိမ္​မွဴးေဟာင္​း ဦးတင္ေထြးက “မင္​းကႏုပါ​ေသးတယ္​။ ခုမွဆယ္​အိမ္​မွဴးျဖစ္​တာ ၂ ရက္​ပဲ႐ွိပါ​ေသးတယ္​“ဟု ​ေျပာဆိုသည္ကို ေမာင္စိုးေနာင္က မ​ေက်နပ္၍ ဦး​ေခါင္​းကိုဓားမနွင့္ ခုတ္​သတ္​မိ​ေၾကာင္​း ရဲမွတ္တမ္းအရ သိရသည္​။
ေသဆုံးသူ ဦးတင္ေထြး၏ဇနီးသည္​မွာလည္း ေမြးကင္းစ တလသားအရြယ္က​ေလးကိုကာကြယ္​ရင္​း​ ေက်ာဘက္​လက္​ပ်ဥ္တြင္ ​ဓားဒဏ္​ရာ(မစိုးရိမ္ရ) တခ်က္​ရ႐ွိခဲ့ၿပီး ျမိဳ႕နယ္​​ေဆး႐ုံသို ႔​ပို႔​ေဆာင္​​ေပးခဲ့ရေၾကာင္ အုပ္​စုအုပ္​ခ်ဳပ္​​ေရးမွဴး ဦးျမင္​့စန္​း​က ေျပာသည္။

“ခ်က္​ခ်င္​းမိပါတယ္​။ စစ္​​ေဆးတုန္​းပါပဲ။ အမွန္​က​ေတာ့ အရက္​​ေၾကာင္​့ျဖစ္​ၾကတာပါ။အိမ္​​ေျခ ၂၀ ပဲ႐ွိတဲ့ရြာ​ေလးပါ။ အ႐ိႈခ်င္​းအမ်ားစု​ေနၾကတာ ႐ိုးၾကပါတယ္​”ဟု နယ္​​ေျမရဲကင္​းစခန္​းမွဴး ရဲအုပ္​သူရိန္​​ေအာင္​က​ေျပာသည္​။

အမႈကို မင္​းတုန္​းၿမိဳ႕မရဲစခန္​းက ရာဇသတ္​ႀကီးပုဒ္​မ ၃၀၂/၃၂၆ တို႔ျဖင့္ အမႈဖြင္​့ေဆာင္ရြက္လွ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ထန္းထန္း(မဲဇလီ)
Credit; News Watch

# Unicode Version ျဖင့္ ဖတ္ပါ #
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့နယ် လင်ဘန်းအုပ်စု သရက်စမ်းကျေးရွာတွင် ဇန်နဝါရီ ၈ ရက် ည ၇ နာရီခန့်အချိန်က ရာအိမ်မှူးဟောင်းအား ဆယ်အိမ်မှူးအသစ်က ဓားနှင့်ခုတ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရသည်။

ဖြစ်စဉ်မှာ သေဆုံးသူဦးတင်ထွေး၊ ဓားခုတ်သူ မောင်စိုးနောင် (၂၄နှစ်)နှင့် အိမ်နီးချင်းဖြစ်သူ ဦးဝမ်းမောင် (၃၆နှစ်)တို့ သုံးဦး အရက်အတူသောက်ကြရာတွင် ရာအိမ်မှူးဟောင်း ဦးတင်ထွေးက “မင်းကနုပါသေးတယ်။ ခုမှဆယ်အိမ်မှူးဖြစ်တာ ၂ ရက်ပဲရှိပါသေးတယ်“ဟု ပြောဆိုသည်ကို မောင်စိုးနောင်က မကျေနပ်၍ ဦးခေါင်းကိုဓားမနှင့် ခုတ်သတ်မိကြောင်း ရဲမှတ်တမ်းအရ သိရသည်။
သေဆုံးသူ ဦးတင်ထွေး၏ဇနီးသည်မှာလည်း မွေးကင်းစ တလသားအရွယ်ကလေးကိုကာကွယ်ရင်း ကျောဘက်လက်ပျဉ်တွင် ဓားဒဏ်ရာ(မစိုးရိမ်ရ) တချက်ရရှိခဲ့ပြီး မြို့နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင် အုပ်စုအုပ်ချုပ်ရေးမှူး ဦးမြင့်စန်းက ပြောသည်။

“ချက်ချင်းမိပါတယ်။ စစ်ဆေးတုန်းပါပဲ။ အမှန်ကတော့ အရက်ကြောင့်ဖြစ်ကြတာပါ။အိမ်ခြေ ၂၀ ပဲရှိတဲ့ရွာလေးပါ။ အရှိုချင်းအများစုနေကြတာ ရိုးကြပါတယ်”ဟု နယ်မြေရဲကင်းစခန်းမှူး ရဲအုပ်သူရိန်အောင်ကပြောသည်။

အမှုကို မင်းတုန်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ တို့ဖြင့် အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ထန်းထန်း(မဲဇလီ)
Credit; News Watch
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top