iMyanmarHouse.com - Best Property Website for Myanmar
×

တိုက္ခန္းတဲြေတြနဲ႕ တစ္ျခားအိမ္ရာေတြမွာေနထုိင္ၾကသည့္ လူေတြဟာ သူတို႕ရဲ႕ တိုက္ခန္းေတြေရွ႕မွာ ဇြန္လကမွ ဖြင့္လစ္ထားတဲ႕ ဟုိတယ္တစ္ခုကို ပစ္တင္ေဝဘန္ေနၾကပါတယ္။ အေၾကာင္းကေတာ့ အဆိုပါ ဟုိတယ္က ဧည့္သည္ေတြဟာ သူတို႕အိမ္ေတြကေန ျမင္ေတြ႕ရေလာက္တဲ႕ ျမင္ကြင္းမ်ိဳးမွာ လိင္ဆက္ဆံေနၾကလုိ႕ပါတဲ့။

အသက္ ၆၈ ႏွစ္အရြယ္ရွိအဖြားအို လီယိုေနာ္ဖာနန္ဒက္ဇ္ ကေတာ့ အခုလုိေျပာပါတယ္။

“ေယာက်ၤားေတြနဲ႕ မိန္းမေတြက တပူးတြဲတြဲပဲကြဲ႕၊ မီးေလးေတာင္မမွိတ္ၾကဘူးေလ” ။

သူမရဲ႕ ေျမးေလးေတြဟာ သူမဆီကို မၾကာခဏလာလည္ၾကလုိ႕ အဆိုပါျမင္ကြင္းမ်ိဳးဟာ ကေလးေတြအတြက္မသင့္ေတာ္ပါဘူး။

အဆိုပါ ဟုိတယ္ကဧည့္သည္ေတြဟာ အိပ္ယာေပၚေတာင္ မအိပ္ဘဲ မတ္တပ္ရပ္ ၿပီး ဟုိဒင္းျပဳေနၾကလုိ႕ ျပဴတင္းေပါက္ေတြကေန လွမ္းျမင္ေနရတယ္လုိ႕ဆိုၾကပါတယ္။

အသက္ ၂၆ ႏွစ္အရြယ္ရွိ မယ္လိစာဆန္တို႕စ္ ကလဲ အခုလုိေျပာပါတယ္။
“ျပတင္းေပါက္ေပၚလက္တင္ၿပီး အခ်ိန္ျပည့္ လိင္ဆက္ဆံေနရတာကို ဒီကေန လွမ္းျမင္ေနရတယ္ေလ၊ က်မက အတြဲေခ်ာင္းတတ္တဲ႕သူမဟုတ္ပါဘူး၊ ဒါေပမယ့္ က်မမ်က္စိထဲမွာေတာ့ တစ္ပတ္ကို ၄ ႀကိမ္ေလာက္ ေတြ႕ေနရတာ”။

၂၈ ထပ္ရွိၿပီး အခန္းေပါင္း ၃၇၆ ခန္းရွိ အဆိုပါဟိုတယ္ကေတာ့ “အားလံုးအတြက္ ဇိမ္ပဲ” လုိ႕ ေၾကာ္ျငာထားေပမယ့္ ေစ်းႏွဳန္းကေတာ့ တစ္ညကို ၂၂၅ ေဒၚလာကေန စ ပါတယ္။ ညလံုးေပါက္ ကဲလုိ႕ရတဲ႕ ေခါင္မိုးေပၚကဘားတစ္ခုလဲပါရွိေၾကာင္းသိရပါတယ္။

ဟုိတယ္ရဲ႕ ေၾကာ္ျငာဗီဒီယိုထဲမွာေတာ့ “ဒီဟိုတယ္ဟာ အိပ္ဖုိ႕ေနရာတစ္ခုထက္ပိုပါတယ္၊ သင့္ရဲ႕ ႏွလံုးသားကို ျမန္ျမန္ပိုခုန္လာေအာင္လုပ္ေပးပါလိမ္႕မယ္”။

သုိ႕ေပမယ့္ ဟုိတယ္အနီးအနားက လူတစ္ခ်ိဳ႕ကေတာ့ အမ်ိဳးသားတစ္ေယာက္က ျပဴးတင္ေပါက္နားမွာ ကိုယ့္ဘာသာအာသာေျဖေနတာကိုျမင္ေတြ႕ခဲ႕ရေၾကာင္းေျပာပါတယ္။

အဖြားဖာနန္ဒက္ဇ္ရဲ႕ သမီးျဖစ္သူကေတာ့ သူမရဲ႕ မိခင္ျဖစ္သူအတြက္စိုးရိမ္မိေၾကာင္းေျပာပါတယ္။

“အေမဟာ အိပ္ေတာင္မအိပ္ႏိုင္ပါဘူး၊ အရမ္းအရမ္းကို စိတ္ပ်က္ေနပါတယ္၊ အေမ့မွာ ႏွလံုးနဲ႕ပတ္သက္တဲ႕ျပႆနာေတြရွိေနပါၿပီ”။

မည္သုိ႕ပင္ ျပစ္တင္ေဝဘန္တိုင္တန္းေနၾကပါေစ၊ ျမိဳ႕ေတာ္ဝန္အေနနဲ႕ ကေတာ့ ဘာမွလုပ္ေပးလုိ႕မရဘူးလုိ႕ဆိုပါတယ္။ စည္းကမ္းနဲ႕ဥပေဒအရာရွိတစ္ေယာက္ကေတာ့ အခုလုိေျပာပါတယ္။ “အားလံုးျခံဳၿပီးေမးခြန္းထုတ္ရမယ္ဆိုရင္ ဒါဟာ အျပင္က လူျမင္ကြင္းမွာျဖစ္ေနတာလားဆိုတာပါ၊ အိမ္ထဲမွာ ၊ သို႕မဟုတ္၊ ဟုိတယ္လုိမ်ိဳးေနရာတစ္ခုခုမွာျဖစ္ေနတယ္ဆိုရင္ လံုျခံဳမွဳရွိေနပါတယ္၊ အေရးယူလုိ႕မရပါဘူး”။ “အိမ္နီးနားခ်င္းေတြအေနနဲ႕ မ်က္လံုးမွိတ္ၿပီးအိပ္ေနရံု၊ ဒါမွမဟုတ္၊ တစ္ျခားတစ္ေနရာရာကို ၾကည့္ေနၿပီး မသိခ်င္ေယာင္ေဆာင္ေနတာက ပိုအဆင္ေျပပါလိမ့္မယ္”။

သို႕ေပမယ့္ အဖြားအို ဖာနန္ဒက္ဇ္ကေတာ့ ဟုိတယ္စီမံခန္႕ခြဲသူေတြအေနနဲ႕ ျပဴတင္းေပါက္ေတြကို ေဘးကလူေတြမျမင္ရေအာင္ အေရာင္တစ္ခုခုေျပာင္းသင့္တယ္လုိ႕ဆိုပါတယ္။

မည္သုိ႕ပင္ဆိုေစကာမူ အဆိုပါဟုိတယ္ကေတာ့ ေဝဘန္ေျပာဆိုမွဳေတြနဲ႕ပတ္သက္ၿပီး ဘာတစ္ခုမွ တုန္႕ျပန္ေျပာဆိုမွဳမရွိေသးပါဘူး။

Source>> NYPost

ဖိုးသူေတာ္ (www.phothutaw.com)
Credit: အင္ၾကင္ျဖဴ

# Unicode Version ျဖင့္ ဖတ္ပါ #
တိုက်ခန်းတွဲတွေနဲ့ တစ်ခြားအိမ်ရာတွေမှာနေထိုင်ကြသည့် လူတွေဟာ သူတို့ရဲ့ တိုက်ခန်းတွေရှေ့မှာ ဇွန်လကမှ ဖွင့်လစ်ထားတဲ့ ဟိုတယ်တစ်ခုကို ပစ်တင်ဝေဘန်နေကြပါတယ်။ အကြောင်းကတော့ အဆိုပါ ဟိုတယ်က ဧည့်သည်တွေဟာ သူတို့အိမ်တွေကနေ မြင်တွေ့ရလောက်တဲ့ မြင်ကွင်းမျိုးမှာ လိင်ဆက်ဆံနေကြလို့ပါတဲ့။

အသက် ၆၈ နှစ်အရွယ်ရှိအဖွားအို လီယိုနော်ဖာနန်ဒက်ဇ် ကတော့ အခုလိုပြောပါတယ်။

“ယောင်္ကျားတွေနဲ့ မိန်းမတွေက တပူးတွဲတွဲပဲကွဲ့၊ မီးလေးတောင်မမှိတ်ကြဘူးလေ” ။

သူမရဲ့ မြေးလေးတွေဟာ သူမဆီကို မကြာခဏလာလည်ကြလို့ အဆိုပါမြင်ကွင်းမျိုးဟာ ကလေးတွေအတွက်မသင့်တော်ပါဘူး။

အဆိုပါ ဟိုတယ်ကဧည့်သည်တွေဟာ အိပ်ယာပေါ်တောင် မအိပ်ဘဲ မတ်တပ်ရပ် ပြီး ဟိုဒင်းပြုနေကြလို့ ပြူတင်းပေါက်တွေကနေ လှမ်းမြင်နေရတယ်လို့ဆိုကြပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိ မယ်လိစာဆန်တို့စ် ကလဲ အခုလိုပြောပါတယ်။
“ပြတင်းပေါက်ပေါ်လက်တင်ပြီး အချိန်ပြည့် လိင်ဆက်ဆံနေရတာကို ဒီကနေ လှမ်းမြင်နေရတယ်လေ၊ ကျမက အတွဲချောင်းတတ်တဲ့သူမဟုတ်ပါဘူး၊ ဒါပေမယ့် ကျမမျက်စိထဲမှာတော့ တစ်ပတ်ကို ၄ ကြိမ်လောက် တွေ့နေရတာ”။

၂၈ ထပ်ရှိပြီး အခန်းပေါင်း ၃၇၆ ခန်းရှိ အဆိုပါဟိုတယ်ကတော့ “အားလုံးအတွက် ဇိမ်ပဲ” လို့ ကြော်ငြာထားပေမယ့် ဈေးနှုန်းကတော့ တစ်ညကို ၂၂၅ ဒေါ်လာကနေ စ ပါတယ်။ ညလုံးပေါက် ကဲလို့ရတဲ့ ခေါင်မိုးပေါ်ကဘားတစ်ခုလဲပါရှိကြောင်းသိရပါတယ်။

ဟိုတယ်ရဲ့ ကြော်ငြာဗီဒီယိုထဲမှာတော့ “ဒီဟိုတယ်ဟာ အိပ်ဖို့နေရာတစ်ခုထက်ပိုပါတယ်၊ သင့်ရဲ့ နှလုံးသားကို မြန်မြန်ပိုခုန်လာအောင်လုပ်ပေးပါလိမ့်မယ်”။

သို့ပေမယ့် ဟိုတယ်အနီးအနားက လူတစ်ချို့ကတော့ အမျိုးသားတစ်ယောက်က ပြူးတင်ပေါက်နားမှာ ကိုယ့်ဘာသာအာသာဖြေနေတာကိုမြင်တွေ့ခဲ့ရကြောင်းပြောပါတယ်။

အဖွားဖာနန်ဒက်ဇ်ရဲ့ သမီးဖြစ်သူကတော့ သူမရဲ့ မိခင်ဖြစ်သူအတွက်စိုးရိမ်မိကြောင်းပြောပါတယ်။

“အမေဟာ အိပ်တောင်မအိပ်နိုင်ပါဘူး၊ အရမ်းအရမ်းကို စိတ်ပျက်နေပါတယ်၊ အမေ့မှာ နှလုံးနဲ့ပတ်သက်တဲ့ပြဿနာတွေရှိနေပါပြီ”။

မည်သို့ပင် ပြစ်တင်ဝေဘန်တိုင်တန်းနေကြပါစေ၊ မြို့တော်ဝန်အနေနဲ့ ကတော့ ဘာမှလုပ်ပေးလို့မရဘူးလို့ဆိုပါတယ်။ စည်းကမ်းနဲ့ဥပဒေအရာရှိတစ်ယောက်ကတော့ အခုလိုပြောပါတယ်။ “အားလုံးခြုံပြီးမေးခွန်းထုတ်ရမယ်ဆိုရင် ဒါဟာ အပြင်က လူမြင်ကွင်းမှာဖြစ်နေတာလားဆိုတာပါ၊ အိမ်ထဲမှာ ၊ သို့မဟုတ်၊ ဟိုတယ်လိုမျိုးနေရာတစ်ခုခုမှာဖြစ်နေတယ်ဆိုရင် လုံခြုံမှုရှိနေပါတယ်၊ အရေးယူလို့မရပါဘူး”။ “အိမ်နီးနားချင်းတွေအနေနဲ့ မျက်လုံးမှိတ်ပြီးအိပ်နေရုံ၊ ဒါမှမဟုတ်၊ တစ်ခြားတစ်နေရာရာကို ကြည့်နေပြီး မသိချင်ယောင်ဆောင်နေတာက ပိုအဆင်ပြေပါလိမ့်မယ်”။

သို့ပေမယ့် အဖွားအို ဖာနန်ဒက်ဇ်ကတော့ ဟိုတယ်စီမံခန့်ခွဲသူတွေအနေနဲ့ ပြူတင်းပေါက်တွေကို ဘေးကလူတွေမမြင်ရအောင် အရောင်တစ်ခုခုပြောင်းသင့်တယ်လို့ဆိုပါတယ်။

မည်သို့ပင်ဆိုစေကာမူ အဆိုပါဟိုတယ်ကတော့ ဝေဘန်ပြောဆိုမှုတွေနဲ့ပတ်သက်ပြီး ဘာတစ်ခုမှ တုန့်ပြန်ပြောဆိုမှုမရှိသေးပါဘူး။

Source>> NYPost

ဖိုးသူတော် (www.phothutaw.com)
Credit: အင်ကြင်ဖြူ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top