iMyanmarHouse.com - Best Property Website for Myanmar
×

# Zawgyi ဖြင့်ဖတ်ရန် #


ဒေါ်အေးမြသိန်းသည် ၂၅.၉.၂၀၁၆ ရက်နေ့၊နံနက် ၁၀ နာရီခန့်အချိန်တွင် မြောက်ဦးမြို့၊အ.ထ.က(၂) သတ္တမတန်း(A)၌ အင်္ဂလိပ်စာသင်ကြားနေစဉ် တစ်ကျောင်းတည်းနေ ဆရာမဖြစ်သူ ဒေါ်နုနုနှင့် ၄င်း၏သမီးဆရာမ ဒေါ်မီမီကျော်တို့သည် စာသင်ခန်းသို့ ရောက်ရှိလာပြီး ကျောင်းသူ/ကျောင်းသားများရှေ့တွင် ဆရာမ ဒေါ်နုနုမှ ဆရာမ ဒေါ်အေးမြသိန်းကို ပါးရိုက်ခြင်း၊အသင့်ယူဆောင်လာသည့် ထီးဖြင့် ထီးကျိုးသည်အထိ ရိုက်နှက်ခဲ့ခြင်းကြောင့် အချင်းဖြစ်ပွားသူ ဆရာမနှစ်ဦးစလုံးကို အလယ်တန်းပြမှ မူလတန်းပြရာထူး လျှော့ထားပြီး ကျောင်းပြောင်းရွှေ့ ထားခဲ့ကြောင်း သိရသည်။


ဆရာမ ဒေါ်အေးမြသိန်းသည် ရခိုင်ပြည်နယ် ပညာရေးဌာနတွင် လုပ်သက်(၃၄)နှစ်ကျော် လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ပြီး နိုင်ငံတော်မှ ချီးမြင့်သည့် လုပ်သက်ဆုကြေး ပင်စင်လစာဖြင့် ခံစားရန် ရည်မှန်းထားခဲ့သော်လည်း အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့သည့်အတွက် စာသင်ခန်းတွင် စာသင်ကြားနေစဉ် အရိုက်ခံခဲ့ရခြင်း၊ အမှုမှန်မပေါ်သည့်အပြင် ရာထူးလျှော့ခံရခြင်း၊ပြောင်းရွှေ့ခံရခြင်း၊ ရာထူးမှ ထုတ်ပယ်သည်အထိ ပြစ်ဒဏ်ခံရသည့်အတွက် ၄င်း၏ဖြစ်စဉ်အား တရားမျှတစွာ ပြန်လည်စစ်ဆေးပေးပြီး မူလ အလယ်တန်းပြရာထူးအား ပြန်လည်တိုးမြှင့်ပေးပြီး ပင်စင်ယူနိုင်သည်အထိ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနအသီးသီးကို အသနားခံတင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

Credit: အောင်သူရိန်

# Unicode ဖြင့်ဖတ်ရန် #

အရိုက်ခံရသည့်အပြင် ရာထူးပါ လျှော့ချခံရသဖြင့် မတရားခံရသည်ဟုဆိုကာ ကျောင်းဆရာမတစ်ဦးဖြစ်သူ ဒေါ်အေးမြသိန်းက ဇန်နဝါရီလ ၁၃ ရက်တွင် ရန်ကုန်မြို့၊စီးတီးစတား ဟိုတယ်၌ နေ့လည် ၁ နာရီမှ ၃ နာရီအထိ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့သည်။

ဒေါ်အေးမြသိန်းသည် ၂၅.၉.၂၀၁၆ ရက်နေ့၊နံနက် ၁၀ နာရီခန့်အချိန်တွင် မြောက်ဦးမြို့၊အ.ထ.က(၂) သတ္တမတန်း(A)၌ အင်္ဂလိပ်စာသင်ကြားနေစဉ် တစ်ကျောင်းတည်းနေ ဆရာမဖြစ်သူ ဒေါ်နုနုနှင့် ၎င်း၏သမီးဆရာမ ဒေါ်မီမီကျော်တို့သည် စာသင်ခန်းသို့ ရောက်ရှိလာပြီး ကျောင်းသူ/ကျောင်းသားများရှေ့တွင် ဆရာမ ဒေါ်နုနုမှ ဆရာမ ဒေါ်အေးမြသိန်းကို ပါးရိုက်ခြင်း၊အသင့်ယူဆောင်လာသည့် ထီးဖြင့် ထီးကျိုးသည်အထိ ရိုက်နှက်ခဲ့ခြင်းကြောင့် အချင်းဖြစ်ပွားသူ ဆရာမနှစ်ဦးစလုံးကို အလယ်တန်းပြမှ မူလတန်းပြရာထူး လျှော့ထားပြီး ကျောင်းပြောင်းရွှေ့ ထားခဲ့ကြောင်း သိရသည်။

“ ကျွန်မက အရိုက်လည်းခံရတယ်။ ရာထူးလည်း လျှော့ခံရတယ်။ ကျွန်မကိုရိုက်တဲ့ ဆရာမကို အ.မ.က ဘုရားကြီးကျောင်းကိုရွှေ့တာ ပြောင်းရွှေ့ခံရတဲ့ကျောင်းကို မပြောင်းဘဲ မူလကျောင်းဖြစ်တဲ့ မြောက်ဦးမြို့ အ.ထ.က(၂) မှာဘဲ တာဝန်ထမ်းဆောင်ပြီး လစာထုတ်နေတယ်။ ကျွန်မကတော့ မြောက်ဦးမြို့နယ် အ.လ.က(ခွဲ) ကျောင်းမှာ မူလတန်းပြရာထူးနဲ့ ပြောင်းရတယ်။ နောက်ပြီး ၉.၁၀.၂၀၁၇ မှာ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး၊စစ်တွေမြို့က လက်ရှိရာထူးကနေ ကျွန်မကို ထုတ်ပယ်လိုက်တယ်။ ပညာရေးလောကမှာ ကျွန်မလိုမျိုး တခြားသူတွေပါ မတရားလုပ်ခံရမှာစိုးလို့ အခုလို ရန်ကုန်အထိလာပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်ခဲ့ရတာပါ ” ဟု ဒေါ်အေးမြသိန်းက ပြောသည်။

ဆရာမ ဒေါ်အေးမြသိန်းသည် ရခိုင်ပြည်နယ် ပညာရေးဌာနတွင် လုပ်သက်(၃၄)နှစ်ကျော် လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ပြီး နိုင်ငံတော်မှ ချီးမြင့်သည့် လုပ်သက်ဆုကြေး ပင်စင်လစာဖြင့် ခံစားရန် ရည်မှန်းထားခဲ့သော်လည်း အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့သည့်အတွက် စာသင်ခန်းတွင် စာသင်ကြားနေစဉ် အရိုက်ခံခဲ့ရခြင်း၊ အမှုမှန်မပေါ်သည့်အပြင် ရာထူးလျှော့ခံရခြင်း၊ပြောင်းရွှေ့ခံရခြင်း၊ ရာထူးမှ ထုတ်ပယ်သည်အထိ ပြစ်ဒဏ်ခံရသည့်အတွက် ၎င်း၏ဖြစ်စဉ်အား တရားမျှတစွာ ပြန်လည်စစ်ဆေးပေးပြီး မူလ အလယ်တန်းပြရာထူးအား ပြန်လည်တိုးမြှင့်ပေးပြီး ပင်စင်ယူနိုင်သည်အထိ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနအသီးသီးကို အသနားခံတင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: အောင်သူရိန်
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top