iMyanmarHouse.com - Best Property Website for Myanmar
×

႐ိုး႐ိုးေမြးထားသူမိခင္မ်ားအေနနဲ႔ ေအာက္ပါက်န္းမာေရးေစာင့္ေရွာက္မႈမ်ားကို သိထားသင့္ပါတယ္။

1. ေသြးေပါင္ခ်ိန္ႏွင့္ ေသြးခုန္ႏႈန္းစစ္ေဆးျခင္း

ကေလးေမြးထားတဲ့ ရက္ပိုင္းအတြင္းမွာ ေသြးေပါင္ခ်ိန္နဲ႔ ေသြးဖိအားကို ပံုမွန္စစ္ေဆးဖို႔ လိုပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေသြးေပါင္အတက္အက်ဟာ ေသြးသြန္ျခင္း ဒါမွမဟုတ္ ေသြးတုိးျခင္း စတဲ့ေရာဂါေတြကို ရွာေဖြရာမွာ အေထာက္အကူျပဳႏုိင္တာေၾကာင့္ ျဖစ္ပါတယ္။ မီးဖြားၿပီးေနာက္ ေသြးခုန္ႏႈန္းဆက္လက္ျမန္ေနပါက ဒါဟာ ေသြးကုန္ဆံုးေနျခင္း၊ ေသြးအားနည္းေနျခင္း၊ ဖ်ားျခင္း၊ ေသြးလန္႔ျခင္းတို႔ေၾကာင့္ ျဖစ္ႏိုင္ပါတယ္။

2. ေသြးလိုအပ္မႈအတြက္ ႀကိဳတင္ျပင္ဆင္ျခင္း

အမ်ိဳးသမီးအမ်ားစုအေနနဲ႔ ကေလးေမြးဖြားၿပီးေနာက္နဲ႔ ကေလးေမြးဖြားစဥ္မွာခ်က္ခ်င္းဆုိသလို ေသြး 500 မီလီလီတာဆံုး႐ႈံးတတ္ပါတယ္။ ဒါေၾကာင့္ ေသြးလိုတဲ့အခါေသြးသြင္းဖို႔အဆင္သင့္ရွိေအာင္ ႀကိဳတင္ျပင္ဆင္ထားရမွာျဖစ္ပါတယ္။ မီးဖြားၿပီးေနာက္ ေသြးသြန္ျခင္းျဖစ္ႏုိင္ေျခအျမင့္မားဆံုးျဖစ္တဲ့အတြက္ သင့္အားက်န္းမာေရးေစာင့္ေရွာက္ေပးသူမ်ားက သင့္သားအိမ္လမ္းေၾကာင္းမွာ ေသြးထြက္မႈပမာဏနဲ႔ သားအိမ္က်ံဳ႕ႏုိင္မႈအေျခအေနကို ေစာင့္ၾကည့္စစ္ေဆးေနမွာျဖစ္ပါတယ္။ ေနာက္ထပ္ ရက္သတၱပတ္ႏွစ္ပတ္အၾကာ ေသြးဆံုး႐ႈံးမႈနည္းနည္းစီဆက္လက္ ဆင္းေနမွာပါ။ အကယ္၍ သင့္အေနနဲ႔ ေသြးခဲႀကီးႀကီးမားမားဆင္းတယ္လို႔ သတိထားမိပါက က်န္းမာေရးေစာင့္ေရွာက္သူအား ခ်က္ခ်င္းအသိေပးသင့္ပါတယ္။

3. အက်ိအခၽြဲအေရာင္အားသတိျပဳျခင္း

သားအိမ္လမ္းေၾကာင္းမွ အက်ိအခၽြဲေတြဟာ ေသြးနဲ႔အတူစီးဆင္းလာၿပီး စစခ်င္းမွာ ၎အက်ိအခၽြဲေတြရဲ႕အေရာင္ဟာ အနီေရာင္ျဖစ္ေနမွာပါ။ တစ္ပတ္ေလာက္အၾကာမွာ ေသြးဆင္းမႈတျဖည္းျဖည္းရပ္သြားကာ အခၽြဲေတြရဲ႕အေရာင္ဟာအျဖဴေရာင္ ဒါမွမဟုတ္ အ၀ါေရာင္သမ္းသြားမွာျဖစ္ပါတယ္။ မီးဖြားၿပီးခ်ိန္မွာေသြးဆင္းလိုက္၊ ရပ္လိုက္ျဖစ္ႏုိင္ပါတယ္။ အကယ္၍ သင့္အေနနဲ႔ေသြးခဲနဲ႔အတူဒါမွမဟုတ္ ေသြးခဲမပါဘဲအနီရဲရဲအက်ိအခၽြဲေတြ႕ရွိပါက သင့္က်န္းမာေရးေစာင့္ေရွာက္သူအား အသိေပးသင့္ပါတယ္။

4. မိန္းမကိုယ္နာက်င္မႈအတြက္ ကုသျခင္း

ကေလးေမြးၿပီးေနာက္ မိန္းမကိုယ္ဟာ နီျမန္းနာက်င္ေနတတ္ပါတယ္။ ေရခဲကပ္ေပးျခင္း (သို႔) ၾကက္သီးေႏြးေရ (ေရေႏြးပူ မဟုတ္ပါ) ထဲ 10-15 မိနစ္ခန္႔ ထိုင္ေပးျခင္းျဖင့္ အနာက်က္ေစကာ နာက်င္မႈေလ်ာ့ပါးေစႏုိင္ပါတယ္။

5. အားအင္ျပန္လည္ျပည့္ၿဖိဳးေစရန္ေဆာင္ရြက္ျခင္း

မီးဖြားၿပီးေနာက္ ရက္သတၱပတ္အနည္းငယ္ၾကာ အားအင္ကုန္ခမ္းေနတတ္ပါတယ္။ ဒီလုိပင္ပန္းႏြမ္းလ်မႈေတြေၾကာင့္ သင့္အေနနဲ႔ စိတ္အားငယ္ျခင္း၊ စိတ္ဓာတ္က်ျခင္းတို႔ ခံစားရေစႏုိင္ပါတယ္။ ဒါေၾကာင့္သင့္စိတ္ျပန္လည္လန္းဆန္းလာေစဖို႔နဲ႔ ႏုိ႔ထြက္ေကာင္းေစဖို႔ ေကာင္းစြာအနားယူေပးသင့္ၿပီး သင့္ခင္ပြန္း၊ သူငယ္ခ်င္း၊ မိသားစု၀င္မ်ားရဲ႕ ျပဳစုယုယမႈကိုခံယူကာ အားအင္ျဖည့္တင္းသင့္ပါတယ္။ ဧည့္ေတြ႕ခ်ိန္ကိုသီးသန္႔ထားကာ ေကာင္းစြာအိပ္စက္အနားယူဖို႔ လိုအပ္ပါတယ္။

6. မီးဖြားၿပီးခ်ိန္တြင္ ခႏၶာကိုယ္လႈပ္ရွားမႈရွိေစရန္ လုပ္ေဆာင္ျခင္း

ခႏၶာကိုယ္လႈပ္ရွားမႈရွိေစျခင္းေၾကာင့္ ေသြးလည္ပတ္မႈေကာင္းေစၿပီး ဆီးအိမ္ဆုိင္ရာေရာဂါမ်ားျဖစ္ႏုိင္ေျခအႏၲရာယ္မွ ေလ်ာ့နည္းေစကာ ၀မ္းခ်ဳပ္ျခင္းနဲ႔ အျခားေသာက်န္းမာေရးျပႆနာေတြျဖစ္ျခင္းမွ ကာကြယ္ေပးႏုိင္ပါတယ္။

7. ေမြးဖြားၿပီးၿပီးခ်င္း သားအိမ္အေျခအေနအား ေစာင့္ၾကည့္ျခင္း

၀မ္းဗုိက္အရြယ္အစားဟာ မီးဖြားၿပီးတာနဲ႔ခ်က္ခ်င္းေလ်ာ့က်သြားမွာမဟုတ္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ကေလးေမြးၿပီးၿပီးခ်င္းမွာ သားအိမ္ကႀကီးမားေနဆဲေၾကာင့္ျဖစ္ပါတယ္။ အခ်ိန္နဲ႔အမွ် သားအိမ္ဟာ တျဖည္းျဖည္းက်ံဳ႕လာပါတယ္။ ဒီလိုသားအိမ္က်ံဳ႕ေနခ်ိန္မွာ နာက်င္ကိုက္ခဲမႈေ၀ဒနာကို ခံစားရႏုိင္ၿပီး ရက္အနည္းငယ္ၾကာမွသာ သက္သာႏုိင္ပါတယ္။ ရက္သတၱပတ္ေလးပတ္အၾကာမွာေတာ့ ကိုယ္၀န္မေဆာင္ခင္အခ်ိန္က သားအိမ္အရြယ္အစားသို႔ ျပန္လည္ေရာက္ရွိသြားမွာျဖစ္ပါတယ္။

8. ရက္သတၱပတ္အနည္းငယ္အတြင္း သားအိမ္ေခါင္းက်ဥ္းလာျခင္း

မီးဖြားၿပီးေနာက္မွာ သားအိမ္ေခါင္းဟာ လက္ႏွစ္ေခ်ာင္းစာခန္႔က်ယ္သြားမွာျဖစ္ၿပီး ရက္သတၱပတ္အနည္းငယ္အတြင္းမွာ တျဖည္းျဖည္းက်ဥ္းလာတာနဲ႔အတူ အသားပါထူလာမွာျဖစ္ပါတယ္။ ဒါေပမယ့္ ကေလးမေမြးမီအခ်ိန္က သားအိမ္ေခါင္းအရြယ္အစားေလာက္က်ဥ္းသြားမွာမဟုတ္ပါဘူး။

9. ဆီးသြားရာတြင္ ခက္ခဲျခင္း

ေမြးဖြားစဥ္မွာ မိခင္ကိုယ္တိုင္အားစိုက္ေမြးထားျခင္းေၾကာင့္ ဆီးအိမ္မွာဆီးမရွိေတာ့ျခင္း၊ ဆီးဆိမ့္ထြက္ေနျခင္း စတဲ့ဆီးအိမ္ျပႆနာနဲ႔ပတ္သက္ၿပီး ခံစားရႏုိင္ပါတယ္။ ဆီးသြားတဲ့အခါ ဆီးအကုန္သြားဖို႔ အခက္အခဲရွိလာႏုိင္ပါတယ္။ မည္သုိ႔ပင္ျဖစ္ေနေစကာမူမီးဖြားၿပီးေနာက္ ဆီးသြားေပးဖို႔အေရးႀကီးပါတယ္။ ယင္းကဲ့သို႔ ဆီးသြားေပးမွသာ သင့္ရဲ႕ဆီးအိမ္ႂကြက္သားကို ျပန္လည္ထိန္းေပးႏုိင္မွာျဖစ္ပါတယ္။ ဒါ့အျပင္ သင့္ဆီးအိမ္မွာဖိအားသက္ေရာက္မႈမရွိေစဖို႔ နာရီအနည္းငယ္ၾကာတိုင္းဆီးသြားေပးသင့္ပါတယ္။ အကယ္၍ ဆီးသြားရခက္ခဲေနပါက ေရမ်ားမ်ားေသာက္ေပးျခင္း၊ ဆီးသြားတဲ့ေနရာကို ေရၾကက္သီးေႏြးျဖင့္ေဆးေပးျခင္းတုိ႔ လုပ္ေဆာင္သင့္ပါတယ္။ ရက္သတၱပတ္ႏွစ္ပတ္မွ ရွစ္ပတ္အၾကာမွာ ဆီးသြားႏႈန္းျပန္လည္ေကာင္းမြန္လာမွာျဖစ္ပါတယ္။

10. ဗုိက္သားေပ်ာ့တြဲျခင္းႏွင့္ ဗုိက္ေၾကာျပတ္ရာမ်ားျဖစ္ေပၚျခင္း

ကိုယ္၀န္ေဆာင္စဥ္ကာလအတြင္းမွာ ၀မ္းဗိုက္ႂကြက္သားေတြကိုဆြဲဆန္႔ထားရျခင္းေၾကာင့္ မီးဖြားၿပီးခ်ိန္မွာ ၀မ္းဗိုက္သားမ်ားေပ်ာ့အိက်လာကာ ဗုိက္ေၾကာျပတ္ရာမ်ား ပိုမိုထင္ရွားစြာေပၚလာမွာျဖစ္ပါတယ္။

11. ေခၽြးထြက္ျခင္း

ကေလးေမြးၿပီးေနာက္မွာ ေဟာ္မုန္းေျပာင္းလဲျခင္း၊ သာမန္အားျဖင့္ ေသြးဆံုး႐ႈံးသြားျခင္းတုိ႔ေၾကာင့္ အထူးသျဖင့္ညဘက္ေတြမွာ ေခၽြးထြက္လြန္တတ္ပါတယ္။ ဖ်ားနာျခင္းမရွိပါက ေခၽြးထြက္ျခင္းက စိုးရိမ္ပူပန္စရာကိစၥတစ္ရပ္မဟုတ္ပါဘူး။

12. မီးဖြားၿပီးေနာက္ အမ်ိဳးသားႏွင့္အတူေနျခင္း

ရက္သတၱပတ္ 6 ပတ္ၾကာခ်ိန္မွာေတာ့ အမ်ိဳးသားနဲ႔အတူေနလို႔ ရပါၿပီ။ ဒါေပမယ့္ သားဖြားမီးယပ္ဆရာ၀န္နဲ႔တိုင္ပင္ၿပီး သေႏၶတားနည္းတစ္ခုခုကို အသံုးျပဳထားဖို႔လိုပါတယ္။

13. မီးဖြားၿပီးေနာက္ မီးယပ္ေသြးေပၚျခင္း
ကေလးကို ႏို႔တိုက္ေကၽြးျခင္းမရွိပါက ရက္သတၱတပတ္ 6 ပတ္မွ 8 ပတ္အၾကား ရာသီျပန္လာႏုိင္ၿပီး ႏို႔ခ်ိဳတိုက္ေကၽြးပါက 2 လ မွ 18 လအတြင္း မည္သည့္အခ်ိန္မွာမဆို မီးယပ္ေသြးေပၚႏုိင္ပါတယ္။ ႏို႔တိုက္ေကၽြးေနသူအမ်ိဳးသမီးမ်ားအေနနဲ႔ သားဥေႂကြျခင္းမၾကာခဏျဖစ္ေပၚႏုိင္ေျခနည္းေပမယ့္ ကိုယ္၀န္ရႏုိင္ေျခအခြင့္အလမ္းမ်ားေနဆဲျဖစ္ပါတယ္။

14. ရက္သတၱပတ္ေျခာက္ပတ္အတြင္း က်န္းမာေရးစစ္ေဆးျခင္း

 မီးဖြားၿပီးေနာက္ 4 ပတ္မွ 6 ပတ္အတြင္း က်န္းမာေရးေစာင့္ေရွာက္သူမ်ားက ေအာက္ပါအခ်က္ေတြကိုစစ္ေဆးမွာျဖစ္ပါတယ္။

1.ေသြးေပါင္

2.ကုိယ္အေလးခ်ိန္

3.သားအိမ္အရြယ္အစား၊ ပံုသ႑ာန္၊ တည္ေနရာ

4. သားအိမ္ေခါင္းႏွင့္ မိန္းမကိုယ္အေျခအေန

5.ခြဲစိတ္ရာဒါမွမဟုတ္ စအုိစပ္အားစစ္ေဆးျခင္း

6. ရင္သားအေျခအေန စတာေတြကိုစစ္ေဆးေပးၿပီး လိုအပ္တာေတြကိုညႊန္ၾကားေပးမွာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: CMS (drmyanmar)

# Unicode Version ဖြင့် ဖတ်ပါ #

ရိုးရိုးမွေးထားသူမိခင်များအနေနဲ့ အောက်ပါကျန်းမာရေးစောင့်ရှောက်မှုများကို သိထားသင့်ပါတယ်။

1. သွေးပေါင်ချိန်နှင့် သွေးခုန်နှုန်းစစ်ဆေးခြင်း

ကလေးမွေးထားတဲ့ ရက်ပိုင်းအတွင်းမှာ သွေးပေါင်ချိန်နဲ့ သွေးဖိအားကို ပုံမှန်စစ်ဆေးဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သွေးပေါင်အတက်အကျဟာ သွေးသွန်ခြင်း ဒါမှမဟုတ် သွေးတိုးခြင်း စတဲ့ရောဂါတွေကို ရှာဖွေရာမှာ အထောက်အကူပြုနိုင်တာကြောင့် ဖြစ်ပါတယ်။ မီးဖွားပြီးနောက် သွေးခုန်နှုန်းဆက်လက်မြန်နေပါက ဒါဟာ သွေးကုန်ဆုံးနေခြင်း၊ သွေးအားနည်းနေခြင်း၊ ဖျားခြင်း၊ သွေးလန့်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။

2. သွေးလိုအပ်မှုအတွက် ကြိုတင်ပြင်ဆင်ခြင်း

အမျိုးသမီးအများစုအနေနဲ့ ကလေးမွေးဖွားပြီးနောက်နဲ့ ကလေးမွေးဖွားစဉ်မှာချက်ချင်းဆိုသလို သွေး 500 မီလီလီတာဆုံးရှုံးတတ်ပါတယ်။ ဒါကြောင့် သွေးလိုတဲ့အခါသွေးသွင်းဖို့အဆင်သင့်ရှိအောင် ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပါတယ်။ မီးဖွားပြီးနောက် သွေးသွန်ခြင်းဖြစ်နိုင်ခြေအမြင့်မားဆုံးဖြစ်တဲ့အတွက် သင့်အားကျန်းမာရေးစောင့်ရှောက်ပေးသူများက သင့်သားအိမ်လမ်းကြောင်းမှာ သွေးထွက်မှုပမာဏနဲ့ သားအိမ်ကျုံ့နိုင်မှုအခြေအနေကို စောင့်ကြည့်စစ်ဆေးနေမှာဖြစ်ပါတယ်။ နောက်ထပ် ရက်သတ္တပတ်နှစ်ပတ်အကြာ သွေးဆုံးရှုံးမှုနည်းနည်းစီဆက်လက် ဆင်းနေမှာပါ။ အကယ်၍ သင့်အနေနဲ့ သွေးခဲကြီးကြီးမားမားဆင်းတယ်လို့ သတိထားမိပါက ကျန်းမာရေးစောင့်ရှောက်သူအား ချက်ချင်းအသိပေးသင့်ပါတယ်။

3. အကျိအချွဲအရောင်အားသတိပြုခြင်း

သားအိမ်လမ်းကြောင်းမှ အကျိအချွဲတွေဟာ သွေးနဲ့အတူစီးဆင်းလာပြီး စစချင်းမှာ ၎င်းအကျိအချွဲတွေရဲ့အရောင်ဟာ အနီရောင်ဖြစ်နေမှာပါ။ တစ်ပတ်လောက်အကြာမှာ သွေးဆင်းမှုတဖြည်းဖြည်းရပ်သွားကာ အချွဲတွေရဲ့အရောင်ဟာအဖြူရောင် ဒါမှမဟုတ် အဝါရောင်သမ်းသွားမှာဖြစ်ပါတယ်။ မီးဖွားပြီးချိန်မှာသွေးဆင်းလိုက်၊ ရပ်လိုက်ဖြစ်နိုင်ပါတယ်။ အကယ်၍ သင့်အနေနဲ့သွေးခဲနဲ့အတူဒါမှမဟုတ် သွေးခဲမပါဘဲအနီရဲရဲအကျိအချွဲတွေ့ရှိပါက သင့်ကျန်းမာရေးစောင့်ရှောက်သူအား အသိပေးသင့်ပါတယ်။

4. မိန်းမကိုယ်နာကျင်မှုအတွက် ကုသခြင်း

ကလေးမွေးပြီးနောက် မိန်းမကိုယ်ဟာ နီမြန်းနာကျင်နေတတ်ပါတယ်။ ရေခဲကပ်ပေးခြင်း (သို့) ကြက်သီးနွေးရေ (ရေနွေးပူ မဟုတ်ပါ) ထဲ 10-15 မိနစ်ခန့် ထိုင်ပေးခြင်းဖြင့် အနာကျက်စေကာ နာကျင်မှုလျော့ပါးစေနိုင်ပါတယ်။

5. အားအင်ပြန်လည်ပြည့်ဖြိုးစေရန်ဆောင်ရွက်ခြင်း

မီးဖွားပြီးနောက် ရက်သတ္တပတ်အနည်းငယ်ကြာ အားအင်ကုန်ခမ်းနေတတ်ပါတယ်။ ဒီလိုပင်ပန်းနွမ်းလျမှုတွေကြောင့် သင့်အနေနဲ့ စိတ်အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ ခံစားရစေနိုင်ပါတယ်။ ဒါကြောင့်သင့်စိတ်ပြန်လည်လန်းဆန်းလာစေဖို့နဲ့ နို့ထွက်ကောင်းစေဖို့ ကောင်းစွာအနားယူပေးသင့်ပြီး သင့်ခင်ပွန်း၊ သူငယ်ချင်း၊ မိသားစုဝင်များရဲ့ ပြုစုယုယမှုကိုခံယူကာ အားအင်ဖြည့်တင်းသင့်ပါတယ်။ ဧည့်တွေ့ချိန်ကိုသီးသန့်ထားကာ ကောင်းစွာအိပ်စက်အနားယူဖို့ လိုအပ်ပါတယ်။

6. မီးဖွားပြီးချိန်တွင် ခန္ဓာကိုယ်လှုပ်ရှားမှုရှိစေရန် လုပ်ဆောင်ခြင်း

ခန္ဓာကိုယ်လှုပ်ရှားမှုရှိစေခြင်းကြောင့် သွေးလည်ပတ်မှုကောင်းစေပြီး ဆီးအိမ်ဆိုင်ရာရောဂါများဖြစ်နိုင်ခြေအန္တရာယ်မှ လျော့နည်းစေကာ ဝမ်းချုပ်ခြင်းနဲ့ အခြားသောကျန်းမာရေးပြဿနာတွေဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

7. မွေးဖွားပြီးပြီးချင်း သားအိမ်အခြေအနေအား စောင့်ကြည့်ခြင်း

ဝမ်းဗိုက်အရွယ်အစားဟာ မီးဖွားပြီးတာနဲ့ချက်ချင်းလျော့ကျသွားမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကလေးမွေးပြီးပြီးချင်းမှာ သားအိမ်ကကြီးမားနေဆဲကြောင့်ဖြစ်ပါတယ်။ အချိန်နဲ့အမျှ သားအိမ်ဟာ တဖြည်းဖြည်းကျုံ့လာပါတယ်။ ဒီလိုသားအိမ်ကျုံ့နေချိန်မှာ နာကျင်ကိုက်ခဲမှုဝေဒနာကို ခံစားရနိုင်ပြီး ရက်အနည်းငယ်ကြာမှသာ သက်သာနိုင်ပါတယ်။ ရက်သတ္တပတ်လေးပတ်အကြာမှာတော့ ကိုယ်ဝန်မဆောင်ခင်အချိန်က သားအိမ်အရွယ်အစားသို့ ပြန်လည်ရောက်ရှိသွားမှာဖြစ်ပါတယ်။

8. ရက်သတ္တပတ်အနည်းငယ်အတွင်း သားအိမ်ခေါင်းကျဉ်းလာခြင်း

မီးဖွားပြီးနောက်မှာ သားအိမ်ခေါင်းဟာ လက်နှစ်ချောင်းစာခန့်ကျယ်သွားမှာဖြစ်ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ တဖြည်းဖြည်းကျဉ်းလာတာနဲ့အတူ အသားပါထူလာမှာဖြစ်ပါတယ်။ ဒါပေမယ့် ကလေးမမွေးမီအချိန်က သားအိမ်ခေါင်းအရွယ်အစားလောက်ကျဉ်းသွားမှာမဟုတ်ပါဘူး။

9. ဆီးသွားရာတွင် ခက်ခဲခြင်း

မွေးဖွားစဉ်မှာ မိခင်ကိုယ်တိုင်အားစိုက်မွေးထားခြင်းကြောင့် ဆီးအိမ်မှာဆီးမရှိတော့ခြင်း၊ ဆီးဆိမ့်ထွက်နေခြင်း စတဲ့ဆီးအိမ်ပြဿနာနဲ့ပတ်သက်ပြီး ခံစားရနိုင်ပါတယ်။ ဆီးသွားတဲ့အခါ ဆီးအကုန်သွားဖို့ အခက်အခဲရှိလာနိုင်ပါတယ်။ မည်သို့ပင်ဖြစ်နေစေကာမူမီးဖွားပြီးနောက် ဆီးသွားပေးဖို့အရေးကြီးပါတယ်။ ယင်းကဲ့သို့ ဆီးသွားပေးမှသာ သင့်ရဲ့ဆီးအိမ်ကြွက်သားကို ပြန်လည်ထိန်းပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် သင့်ဆီးအိမ်မှာဖိအားသက်ရောက်မှုမရှိစေဖို့ နာရီအနည်းငယ်ကြာတိုင်းဆီးသွားပေးသင့်ပါတယ်။ အကယ်၍ ဆီးသွားရခက်ခဲနေပါက ရေများများသောက်ပေးခြင်း၊ ဆီးသွားတဲ့နေရာကို ရေကြက်သီးနွေးဖြင့်ဆေးပေးခြင်းတို့ လုပ်ဆောင်သင့်ပါတယ်။ ရက်သတ္တပတ်နှစ်ပတ်မှ ရှစ်ပတ်အကြာမှာ ဆီးသွားနှုန်းပြန်လည်ကောင်းမွန်လာမှာဖြစ်ပါတယ်။

10. ဗိုက်သားပျော့တွဲခြင်းနှင့် ဗိုက်ကြောပြတ်ရာများဖြစ်ပေါ်ခြင်း

ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်းမှာ ဝမ်းဗိုက်ကြွက်သားတွေကိုဆွဲဆန့်ထားရခြင်းကြောင့် မီးဖွားပြီးချိန်မှာ ဝမ်းဗိုက်သားများပျော့အိကျလာကာ ဗိုက်ကြောပြတ်ရာများ ပိုမိုထင်ရှားစွာပေါ်လာမှာဖြစ်ပါတယ်။

11. ချွေးထွက်ခြင်း

ကလေးမွေးပြီးနောက်မှာ ဟော်မုန်းပြောင်းလဲခြင်း၊ သာမန်အားဖြင့် သွေးဆုံးရှုံးသွားခြင်းတို့ကြောင့် အထူးသဖြင့်ညဘက်တွေမှာ ချွေးထွက်လွန်တတ်ပါတယ်။ ဖျားနာခြင်းမရှိပါက ချွေးထွက်ခြင်းက စိုးရိမ်ပူပန်စရာကိစ္စတစ်ရပ်မဟုတ်ပါဘူး။

12. မီးဖွားပြီးနောက် အမျိုးသားနှင့်အတူနေခြင်း

ရက်သတ္တပတ် 6 ပတ်ကြာချိန်မှာတော့ အမျိုးသားနဲ့အတူနေလို့ ရပါပြီ။ ဒါပေမယ့် သားဖွားမီးယပ်ဆရာဝန်နဲ့တိုင်ပင်ပြီး သန္ဓေတားနည်းတစ်ခုခုကို အသုံးပြုထားဖို့လိုပါတယ်။

13. မီးဖွားပြီးနောက် မီးယပ်သွေးပေါ်ခြင်း
ကလေးကို နို့တိုက်ကျွေးခြင်းမရှိပါက ရက်သတ္တတပတ် 6 ပတ်မှ 8 ပတ်အကြား ရာသီပြန်လာနိုင်ပြီး နို့ချိုတိုက်ကျွေးပါက 2 လ မှ 18 လအတွင်း မည်သည့်အချိန်မှာမဆို မီးယပ်သွေးပေါ်နိုင်ပါတယ်။ နို့တိုက်ကျွေးနေသူအမျိုးသမီးများအနေနဲ့ သားဥကြွေခြင်းမကြာခဏဖြစ်ပေါ်နိုင်ခြေနည်းပေမယ့် ကိုယ်ဝန်ရနိုင်ခြေအခွင့်အလမ်းများနေဆဲဖြစ်ပါတယ်။

14. ရက်သတ္တပတ်ခြောက်ပတ်အတွင်း ကျန်းမာရေးစစ်ဆေးခြင်း

 မီးဖွားပြီးနောက် 4 ပတ်မှ 6 ပတ်အတွင်း ကျန်းမာရေးစောင့်ရှောက်သူများက အောက်ပါအချက်တွေကိုစစ်ဆေးမှာဖြစ်ပါတယ်။

1.သွေးပေါင်

2.ကိုယ်အလေးချိန်

3.သားအိမ်အရွယ်အစား၊ ပုံသဏ္ဍာန်၊ တည်နေရာ

4. သားအိမ်ခေါင်းနှင့် မိန်းမကိုယ်အခြေအနေ

5.ခွဲစိတ်ရာဒါမှမဟုတ် စအိုစပ်အားစစ်ဆေးခြင်း

6. ရင်သားအခြေအနေ စတာတွေကိုစစ်ဆေးပေးပြီး လိုအပ်တာတွေကိုညွှန်ကြားပေးမှာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: CMS (drmyanmar)

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top