မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×
SOURCE@BUZZY
Credit: millionlike
# Unicode Version ဖြင့် ဖတ်ပါ #
မိန်းမကိုအချစ်တတ်ဆုံး အဘိုးအဖြစ်နာမည်ကြီးနေ။
တရုတ်နိုင်ငံ Henan မှာနေထိုင်တဲ့ အသက်(၆ဝ)အရွယ် ရွေ့ပြောင်းအလုပ်သမားတစ်ယောက် ပြီးခဲ့တဲ့အပတ်က နှင်းမုန်တိုင်းကြောင့် ဘတ်စ်ကားဂိတ်တွေအကုန်ပိတ်ထားချိန်တွင် ၂၄မိုင်( ၄ဝကီလိုမီတာ) ဝေးတဲ့နေရာကို လမ်းလျှောက်လာတယ်လို့ သိရပါတယ်။
Zhao Fangzi ဟာ Shanghaiက ဆောက်လုပ်ရေးတစ်ခုမှာ အလုပ်လုပ်နေပြီး လာမယ့်ပိတ်ရက်မှာ သူ့ရဲ့မွေးရပ်မြေအိမ်သို့ပြန်လာခဲ့တယ်။ ပြန်ဖို့က အရမ်းခက်ခဲနေခဲ့တယ်။ နှင်းမုန်တိုုင်းကြောင့် ဘတ်စ်ကားဂိတ်တွေ အကုန်ပိတ်ထားတယ်။
အိမ်ကိုပြန်မှဖြစ်မှာမို့လို့ သူ့မှာအခြားကားလည်း ငှားလို့မရတဲ့အဆုံး လမ်းလျှောက်သွားဖို့ပဲ ဆုံးဖြတ်လိုုက်တယ်။ အလွန်အေးစက်နေတဲ့ ရာသီဥတုကိုအံတုပြီး အိမ်ကိုရောက်အောင်ပြန်မယ်လို့ သူအားခဲသွားတယ်။ အံ့သြစရာအကောင်းဆုံးကတော့ သူ့ရဲ့ပစ္စည်းထုပ်တွေကိုအကုန်သယ်ပြီး မမောမပန်းပြန်သွားတာပါပဲ။
” အရမ်းမအေးပါဘူး.. ကျွန်တော်လမ်းလျှောက်နေရင်း အနွေးဓာတ်ကိုခံစားနေရတယ်” လို့ သူကပြောတယ်။ ပိုက်ဆံစုပြီး မိန်းမဖြစ်သူအတွက်လက်ဆောင်ဝယ်ထားတာမို့ သူအိမ်ပြန်မှဖြစ်မယ်လို့ ဆိုပါတယ်။
သူဟာ လူငယ်လေးတစ်ယောက်လည်း မဟုတ်တော့ပေမယ့် သူအလာကို စောင့်နေမယ့် မိန်းမဖြစ်သူကိုတွေးလိုက်တိုင်း ရင်ထဲနွေးသွားတာမို့ လမ်းလျှောက်နေရင်းနဲ့ ဒီအနွေးဓာတ်လေးကို သူနဲ့အတူသယ်ဆောင်သွားတယ်တဲ့။ တရုတ်နှစ်ကူးအမှီလည်း အိမ်ကိုပြန်ရောက်လို့ပါ။ မိန်းမကိုအချစ်တတ်ဆုံး အဘိုးအဖြစ် တရုတ်အင်တာနက်သုံးစွဲသူတွေကြားမှာတော့ နာမည်ကြီးနေခဲ့တယ်။
SOURCE@BUZZY
ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top