AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

လူဆိုတာ တစ္ဦးတစ္ေယာက္တည္း ရွင္သန္မေနႏိုင္ပါဘူး။ ခ်စ္ခင္တဲ့သူေတြနဲ႔ ထိေတြ႔ဆက္ဆံေနမွ စိတ္ေရာကိုယ္ပါ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ အထီးက်န္မႈေတြကို ေဝးေဝးမွာထားႏိုင္မွာပါ။ လူသားေတြအတြက္ အထိအေတြ႔ဆိုတာက ဘာသာစကားတစ္ခုလို႔လဲ ေျပာလို႔ရပါေသးတယ္။ ပုခံုးေလးကို ပုတ္လိုက္တာ၊ ေႏြးေႏြးေထြးေထြးေလး ဖက္ေပးတာ၊ လက္ဆြဲႏႈတ္ဆက္ၾကတာ၊ ဒါေတြအားလံုးဟာ စကားလံုးေတြမလိုဘဲ တို႔ေတြအခ်င္းခ်င္း ဆက္သြယ္ၾကတဲ့ နည္းလမ္းေလးေတြေပါ့။

ဒီလိုလူသားခ်င္းအထိအေတြ႔ဟာ အေရးႀကီးတဲ့အရာတစ္ခုပါ။ လိင္ပိုင္းဆိုင္ရာ အထိအေတြ႔မွမဟုတ္ပါဘူး။ သူငယ္ခ်င္းအခ်င္းခ်င္း ေပြ႔ဖက္ၾကတာ၊ ေမေမ့ဆီကအနမ္း၊ အားေပးတဲ့ ပုခံုးေပၚကလက္တစ္ဖက္ ဒါေတြအားလံုးဟာ ေကာင္းေသာထိေတြ႔ျခင္းေတြခ်ည္းပါပဲ။

ဒီလိုထိေတြ႔မႈေတြကေန လူမႈဆက္ဆံေရးမဟုတ္တဲ့ တျခားေကာင္းက်ိဳးေတြလဲ ရွိပါေသးတယ္။ အဲဒါေတြက ဘာေတြလဲဆိုေတာ့ –

၁) ၾကမ္းတမ္းမႈ ေလွ်ာ့ခ်ေပးတယ္။ ကေလးဘဝမွ အထိအေတြ႔ အေပြ႔အဖက္ မခံရတဲ့ကေလးေတြဟာ အသက္ႀကီးလာရင္ ရုန္႔ရင္းၾကမ္းတမ္းသူျဖစ္ဖို႔ ပိုမ်ားပါတယ္။ ဒါေၾကာင့္ ကေလးငယ္ေတြကို ၾကင္ၾကင္နာနာ ေပြ႔ဖက္ခ်ီပိုးမႈေတြ လုပ္ေပးဖို႔လိုပါတယ္။

၂) ယံုၾကည္မႈတိုးေစတယ္။ သူငယ္ခ်င္း မိတ္ေဆြေတြၾကားမွာပဲျဖစ္ျဖစ္၊ စီးပြားေရးမွာပဲျဖစ္ျဖစ္၊ လူလူခ်င္းထိေတြ႔တဲ့အခါ oxytocin ထြက္လာၿပီး အခ်င္းခ်င္းႏွစ္လိုတဲ့စိတ္ကို ျဖစ္ေစပါတယ္။ ဒါဟာ လူႏွစ္ေယာက္ၾကားမွာ ယံုၾကည္မႈနဲ႔၊ ပိုမိုခိုင္မာတဲ့ဆက္ဆံေရးကို ျဖစ္ေပၚေစပါတယ္။

၃) အဖြဲအစည္းစိတ္ဓာတ္ ျဖစ္ေစပါတယ္။ အလုပ္ထဲမွာဆို မိသားစုလိုခင္မင္တဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြက ပိုၿပီးဟန္ခ်က္ညီညီနဲ႔ အလုပ္လုပ္ႏိုင္တာမို႔ ေအာင္ျမင္မႈပိုရပါတယ္။ လူသားအခ်င္းခ်င္း ထိေတြ႔မႈကေန ခင္မင္မႈေတြ၊ ယံုၾကည္မႈေတြနဲ႔၊ အဖြဲ႕အစည္းစိတ္ဓာတ္ကို ပိုခိုင္မာေအာင္ တည္ေဆာက္ေပးႏိုင္ပါတယ္။

၄) ေရာဂါေတြကို ကာကြယ္ေပးတယ္။ University of North Carolina ကျပဳလုပ္ခဲ့တဲ့ သုေတသနတစ္ခုအရ အဖက္မၾကာမၾကာခံရသူဟာ ႏွလံုးခုန္ႏႈန္း ပံုမွန္ျဖစ္ၿပီး၊ ေသြးဖိအားလဲ ေကာင္းမြန္တယ္လို႔ သိရပါတယ္။ ေပြ႔ဖက္မႈဟာ ကိုယ္ခံအားေကာင္းေစၿပီး၊ ေသြးျဖဴဥထုတ္လုပ္မႈကို ညွိေပးတာေၾကာင့္ ေရာဂါေတြျဖစ္ျခင္းကေန ကာကြယ္ေပးႏိုင္တာပါတဲ့။

၅) စိတ္ေပ်ာ္ရႊင္မႈရေစပါတယ္။ အလုပ္လုပ္တဲ့အရြယ္ လူႀကီးေတြက လူသားအခ်င္းခ်င္း ထိေတြ႔မႈကို ပိုလိုအပ္ပါတယ္။ အလုပ္ထဲပိေနၿပီး အထီးက်န္၊ မေပ်ာ္မရႊင္ျဖစ္မႈကို ခ်စ္သူခင္သူေတြနဲ႔ ထိေတြ႔ရာကေန ကုစားႏိုင္ပါတယ္။ အထီးက်န္မႈကေနၿပီး စိတ္က်ေရာဂါလို အႏၱရာယ္မ်ားတဲ့ စိတ္ေရာဂါအထိပါ ျဖစ္လာႏိုင္တာမို႔ မျဖစ္ခင္မွာ ခ်စ္ရတဲ့သူကို ေပြ႔ဖက္ျခင္းအားျဖင့္ ႀကိဳတင္ကာကြယ္ႏိုင္ပါတယ္။

ဒီေလာက္ေကာင္းက်ိဳးေတြမ်ားတဲ့ လူသားခ်င္းအထိအေတြ႔ကို လုပ္ဖို႔ရွက္မေနပါနဲ႔။ အဲမရွက္နဲ႔ဆိုလို႔ သူစိမ္းေတြေတာ့ လိုက္ဖက္မေနနဲ႔ေပါ့ေနာ္။ ေတာ္ေနၾကာ ဆြဲစိခံရမယ္။ ဘာလုပ္ရမလဲဆိုေတာ့ ဒီေန႔ပဲ အိမ္က်ရင္ ေမ့ေမ့ကို တဝႀကီးဖက္လိုက္ပါ။ ေမေမ့ပါးကိုလဲ ဘယ္ျပန္ညာျပန္နမ္းလိုက္ပါဦး။ ေဖေဖ့ကိုလဲ ပုခံုးေလးကို နွိပ္ေပးရင္း ခ်စ္တဲ့အေၾကာင္း ေျပာျပလိုက္ပါ။ ေမာင္ႏွမေတြ၊ သူငယ္ခ်င္းေတြ အခ်င္းခ်င္းၾကားမွာလဲ နပမ္းသတ္တမ္းေဆာ့ဖို႔၊ ေပြ႔ဖက္ဖို႔၊ လက္ေတြကို ေႏြးေထြးစြာဆုပ္ကိုင္ေပးဖို႔ ဘယ္ေတာ့မွေနာက္မက်ပါဘူးလို႔ သတိေပးခ်င္ပါတယ္။

အခ်င္းခ်င္းၾကားမွာ အခ်စ္ေတြမွ်ေဝျခင္းအားျဖင့္ ပိုလွပတဲ့ လူသားကမၻာႀကီးကို ဖန္တီးရေအာင္လား ေယာင္းတို႔ေရ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Khine (For Her Myanmar)

# Unicode Version ျဖင့္ ဖတ္ပါ #
လူဆိုတာ တစ်ဦးတစ်ယောက်တည်း ရှင်သန်မနေနိုင်ပါဘူး။ ချစ်ခင်တဲ့သူတွေနဲ့ ထိတွေ့ဆက်ဆံနေမှ စိတ်ရောကိုယ်ပါ ပျော်ပျော်ရွှင်ရွှင်နဲ့ အထီးကျန်မှုတွေကို ဝေးဝေးမှာထားနိုင်မှာပါ။ လူသားတွေအတွက် အထိအတွေ့ဆိုတာက ဘာသာစကားတစ်ခုလို့လဲ ပြောလို့ရပါသေးတယ်။ ပုခုံးလေးကို ပုတ်လိုက်တာ၊ နွေးနွေးထွေးထွေးလေး ဖက်ပေးတာ၊ လက်ဆွဲနှုတ်ဆက်ကြတာ၊ ဒါတွေအားလုံးဟာ စကားလုံးတွေမလိုဘဲ တို့တွေအချင်းချင်း ဆက်သွယ်ကြတဲ့ နည်းလမ်းလေးတွေပေါ့။

ဒီလိုလူသားချင်းအထိအတွေ့ဟာ အရေးကြီးတဲ့အရာတစ်ခုပါ။ လိင်ပိုင်းဆိုင်ရာ အထိအတွေ့မှမဟုတ်ပါဘူး။ သူငယ်ချင်းအချင်းချင်း ပွေ့ဖက်ကြတာ၊ မေမေ့ဆီကအနမ်း၊ အားပေးတဲ့ ပုခုံးပေါ်ကလက်တစ်ဖက် ဒါတွေအားလုံးဟာ ကောင်းသောထိတွေ့ခြင်းတွေချည်းပါပဲ။

ဒီလိုထိတွေ့မှုတွေကနေ လူမှုဆက်ဆံရေးမဟုတ်တဲ့ တခြားကောင်းကျိုးတွေလဲ ရှိပါသေးတယ်။ အဲဒါတွေက ဘာတွေလဲဆိုတော့ –

၁) ကြမ်းတမ်းမှု လျှော့ချပေးတယ်။ ကလေးဘဝမှ အထိအတွေ့ အပွေ့အဖက် မခံရတဲ့ကလေးတွေဟာ အသက်ကြီးလာရင် ရုန့်ရင်းကြမ်းတမ်းသူဖြစ်ဖို့ ပိုများပါတယ်။ ဒါကြောင့် ကလေးငယ်တွေကို ကြင်ကြင်နာနာ ပွေ့ဖက်ချီပိုးမှုတွေ လုပ်ပေးဖို့လိုပါတယ်။

၂) ယုံကြည်မှုတိုးစေတယ်။ သူငယ်ချင်း မိတ်ဆွေတွေကြားမှာပဲဖြစ်ဖြစ်၊ စီးပွားရေးမှာပဲဖြစ်ဖြစ်၊ လူလူချင်းထိတွေ့တဲ့အခါ oxytocin ထွက်လာပြီး အချင်းချင်းနှစ်လိုတဲ့စိတ်ကို ဖြစ်စေပါတယ်။ ဒါဟာ လူနှစ်ယောက်ကြားမှာ ယုံကြည်မှုနဲ့၊ ပိုမိုခိုင်မာတဲ့ဆက်ဆံရေးကို ဖြစ်ပေါ်စေပါတယ်။

၃) အဖွဲအစည်းစိတ်ဓာတ် ဖြစ်စေပါတယ်။ အလုပ်ထဲမှာဆို မိသားစုလိုခင်မင်တဲ့ လုပ်ဖော်ကိုင်ဖက်တွေက ပိုပြီးဟန်ချက်ညီညီနဲ့ အလုပ်လုပ်နိုင်တာမို့ အောင်မြင်မှုပိုရပါတယ်။ လူသားအချင်းချင်း ထိတွေ့မှုကနေ ခင်မင်မှုတွေ၊ ယုံကြည်မှုတွေနဲ့၊ အဖွဲ့အစည်းစိတ်ဓာတ်ကို ပိုခိုင်မာအောင် တည်ဆောက်ပေးနိုင်ပါတယ်။

၄) ရောဂါတွေကို ကာကွယ်ပေးတယ်။ University of North Carolina ကပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ အဖက်မကြာမကြာခံရသူဟာ နှလုံးခုန်နှုန်း ပုံမှန်ဖြစ်ပြီး၊ သွေးဖိအားလဲ ကောင်းမွန်တယ်လို့ သိရပါတယ်။ ပွေ့ဖက်မှုဟာ ကိုယ်ခံအားကောင်းစေပြီး၊ သွေးဖြူဥထုတ်လုပ်မှုကို ညှိပေးတာကြောင့် ရောဂါတွေဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်တာပါတဲ့။

၅) စိတ်ပျော်ရွှင်မှုရစေပါတယ်။ အလုပ်လုပ်တဲ့အရွယ် လူကြီးတွေက လူသားအချင်းချင်း ထိတွေ့မှုကို ပိုလိုအပ်ပါတယ်။ အလုပ်ထဲပိနေပြီး အထီးကျန်၊ မပျော်မရွှင်ဖြစ်မှုကို ချစ်သူခင်သူတွေနဲ့ ထိတွေ့ရာကနေ ကုစားနိုင်ပါတယ်။ အထီးကျန်မှုကနေပြီး စိတ်ကျရောဂါလို အန္တရာယ်များတဲ့ စိတ်ရောဂါအထိပါ ဖြစ်လာနိုင်တာမို့ မဖြစ်ခင်မှာ ချစ်ရတဲ့သူကို ပွေ့ဖက်ခြင်းအားဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။

ဒီလောက်ကောင်းကျိုးတွေများတဲ့ လူသားချင်းအထိအတွေ့ကို လုပ်ဖို့ရှက်မနေပါနဲ့။ အဲမရှက်နဲ့ဆိုလို့ သူစိမ်းတွေတော့ လိုက်ဖက်မနေနဲ့ပေါ့နော်။ တော်နေကြာ ဆွဲစိခံရမယ်။ ဘာလုပ်ရမလဲဆိုတော့ ဒီနေ့ပဲ အိမ်ကျရင် မေ့မေ့ကို တဝကြီးဖက်လိုက်ပါ။ မေမေ့ပါးကိုလဲ ဘယ်ပြန်ညာပြန်နမ်းလိုက်ပါဦး။ ဖေဖေ့ကိုလဲ ပုခုံးလေးကို နှိပ်ပေးရင်း ချစ်တဲ့အကြောင်း ပြောပြလိုက်ပါ။ မောင်နှမတွေ၊ သူငယ်ချင်းတွေ အချင်းချင်းကြားမှာလဲ နပမ်းသတ်တမ်းဆော့ဖို့၊ ပွေ့ဖက်ဖို့၊ လက်တွေကို နွေးထွေးစွာဆုပ်ကိုင်ပေးဖို့ ဘယ်တော့မှနောက်မကျပါဘူးလို့ သတိပေးချင်ပါတယ်။

အချင်းချင်းကြားမှာ အချစ်တွေမျှဝေခြင်းအားဖြင့် ပိုလှပတဲ့ လူသားကမ္ဘာကြီးကို ဖန်တီးရအောင်လား ယောင်းတို့ရေ။

ဖိုးသူတော် (www.phothutaw.com)
Credit:  Khine (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top