စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

ေလ့လာဆန္းစစ္ခ်က္ေတြအရ သည္းထိတ္ရင္ဖိုဇာတ္ကား၊ သရဲဇာတ္ကားေတြကို ၾကည့္တဲ့အခါမွာ ခႏၶာကိုယ္ တြင္းမွာ ျဖစ္ပ်က္ေနတဲ့ ျဖစ္စဥ္အမ်ားစုက က်န္းမာေရးအတြက္ အက်ိဳးသက္ေရာက္မႈေတြ ရွိေနပါတယ္။ ေကာင္း က်ိဳးလည္းရွိသလုိ၊ ဆိုးက်ိဳးေတြလည္း ရွိေနပါတယ္။ ကဲ..ဒီေတာ့ သည္းထိတ္ရင္ဖိုဇာတ္ကားေတြ ၾကည့္တဲ့အခါမွာ ခႏၶာကိုယ္တြင္း ျဖစ္ပ်က္သြားတဲ့ ထူးထူးျခားျခား ျဖစ္စဥ္မ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) စိတ္ဖိစီးမႈ ေလ်ာ့က်ေစတယ္

စိတ္ထဲမတင္မက်ျဖစ္ေနတာေတြ၊ စိတ္ဖိစီးမႈမ်ားေနတဲ့အခါမ်ိဳးမွာ သည္းထိတ္ရင္ဖိုဇာတ္ကားေတြကို ၾကည့္လိုက္ပါ။ ဇာတ္ကားထဲက ေၾကာက္စရာေကာင္းတဲ့ ဇာတ္ဝင္ခန္းေတြ၊ အခက္အခဲရင္ဆုိင္မႈ ေတြက သင့္ရဲ႕ အျပင္ေလာကက စိတ္မြန္းၾကပ္မႈ၊ စိတ္ဖိစီးမႈကို ေမ့ေပ်ာက္သြားေစပါတယ္တဲ့။

(၂) ဉာဏ္ရည္ဖြံ႔ၿဖိဳးတိုးတက္ေစပါတယ္

အထူူးသျဖင့္ သည္းထိတ္ရင္ဖုိဇာတ္ကားႀကိဳက္တတ္တဲ့ အမ်ိဳးသမီးမ်ားက သာမာန္လူေတြထက္ကို ပိုၿပီး ဉာဏ္ရည္ ဖြံ႔ၿဖိဳးတိုးတက္မႈ ရွိတယ္လို႔ ဆိုပါတယ္။ သည္းထိတ္ရင္ဖုိဇာတ္ကားၾကည့္တဲ့အခ်ိိန္မွာ ဉာဏ္ရည္ဖံ႔ြၿဖိဳးေစတဲ့ dopamine, serotonin, glutamate စတဲ့ဓာတ္မ်ားက ဦးေနွာက္တြင္းက ထုတ္လႊတ္ေပးတဲ့အတြက္ေၾကာင့္ပါ။

(၃) အခက္အခဲမ်ားကိုရင္ဆုိင္တတ္လာတယ္

အခက္အခဲမ်ားနဲ႔ ရင္ဆုိင္ႀကံဳေတြ႔လာရတဲ့ အခါမွာ ေတြေဝမေနဘဲ ထြက္ေပါက္ကို အလ်င္အျမန္ ရွာေဖြတတ္ လာပါတယ္။ သည္းထိတ္ရင္ဖိုဇာတ္ကားအခ်ိဳ႕မွာ အႏၱရာယ္တစ္ခုခု ႀကံဳေတြ႔တဲ့အခါ ဘယ္လိုလြတ္လမ္းရွာမလဲ၊ စိတ္တည္ၿငိမ္ေအာင္ဘယ္လိုလုပ္မလဲ ဆိုတာေတြကို ေတြ႔ျမင္ေနရတဲ့အတြက္ တကယ့္လက္ေတြ႔မွာ ႀကံဳေတြ႔ လာရတဲ့အခါမွာ စိတ္တုန္လႈပ္ေျခာက္ျခားမႈ ေလ်ာ့ပါးၿပီး ရင္ဆိုင္ရဲတဲ့စိတ္ကို ျဖစ္ေပၚေစပါတယ္။

(၄) ေသြးပ်စ္ေစပါတယ္

သည္းထိတ္ရင္ဖိုဇာတ္ကား၊ သရဲဇာတ္ကားေတြကို ၾကည့္တဲ့အခါ ေၾကာက္ရြံ႕တုန္လႈပ္စိတ္ေၾကာင့္ ေသြးပ်စ္သြားၿပီး ခႏၶာကိုယ္အတြက္ ေဘးဥပါဒ္ျဖစ္ေစပါတယ္။ အထူးသျဖင့္ အသက္၂၅ႏွစ္နဲ႔ ၃၀ႏွစ္ ဝန္းက်င္ေတြမွာ အျဖစ္မ်ား ပါတယ္။ ဒရာမာဇာတ္ကားၾကည့္သူနဲ႔ သည္းထိတ္ရင္ဖိုဇာတ္ကားၾကည့္သူ အုပ္စုႏွစ္စုကို ေလ့လာဆန္းစစ္မႈ ျပဳလုပ္ၾကည့္တဲ့အခါမွာ သည္းထိတ္ရင္ဖိုဇာတ္ကားၾကည့့္သူမ်ားက ပိုၿပိးေသြးပ်စ္ၾကတယ္လုိ႔ ဆိုပါတယ္။

(၅) စိတ္ပူပန္ေစပါတယ္

ႏွလံုးအားနည္းသူမ်ားနဲ႔ စိတ္အားငယ္တတ္သူေတြကေတာ့ သည္းထိတ္ရင္ဖိုဇာတ္ကားမ်ားကို လံုးဝမၾကည့္ သင့္ပါဘူး။ စိတ္ပူပန္ေစၿပီး အလိုလိုေၾကာက္ရြံ႕ေနတတ္ပါတယ္။ ႏွလံုးအားနည္းသူကလည္း heart attack ျဖစ္ႏုိင္သလို၊ စိတ္အားငယ္တတ္သူေတြကလည္း ဆိုက္ကိုျဖစ္ၿပီး စိတ္ပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းမႈမ်ိဳး ႀကံဳေတြ႔ ရႏုိင္ပါတယ္။

(၆) ကယ္လိုရီေလာင္ကၽြမ္းေစပါတယ္

ေလ့လာဆန္းစစ္ခ်က္ေတြအရ စိတ္ေျခာက္ျခားေစတဲ့ သည္းထိတ္ရင္ဖိုဇာတ္ကားေတြကို ၾကည့္ရႈျခင္းက ကယ္လို ရီေလာင္ကၽြမ္းေစတယ္လို႔ ဆိုပါတယ္။ ဇာတ္ကားတစ္ကား မိနစ္ ၉၀စာေလာက္ ၾကည့္ရႈမယ္ဆိုရင္ ခႏၶာကိုယ္ တြင္းက ၁၁၃ကယ္လိုရီေလာင္ကၽြမ္းသြားတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform

# Unicode Version ျဖင့္ ဖတ္ပါ #
လေ့လာဆန်းစစ်ချက်တွေအရ သည်းထိတ်ရင်ဖိုဇာတ်ကား၊ သရဲဇာတ်ကားတွေကို ကြည့်တဲ့အခါမှာ ခန္ဓာကိုယ် တွင်းမှာ ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်အများစုက ကျန်းမာရေးအတွက် အကျိုးသက်ရောက်မှုတွေ ရှိနေပါတယ်။ ကောင်း ကျိုးလည်းရှိသလို၊ ဆိုးကျိုးတွေလည်း ရှိနေပါတယ်။ ကဲ..ဒီတော့ သည်းထိတ်ရင်ဖိုဇာတ်ကားတွေ ကြည့်တဲ့အခါမှာ ခန္ဓာကိုယ်တွင်း ဖြစ်ပျက်သွားတဲ့ ထူးထူးခြားခြား ဖြစ်စဉ်များကို ဖော်ပြပေးလိုက်ပါတယ်။

(၁) စိတ်ဖိစီးမှု လျော့ကျစေတယ်

စိတ်ထဲမတင်မကျဖြစ်နေတာတွေ၊ စိတ်ဖိစီးမှုများနေတဲ့အခါမျိုးမှာ သည်းထိတ်ရင်ဖိုဇာတ်ကားတွေကို ကြည့်လိုက်ပါ။ ဇာတ်ကားထဲက ကြောက်စရာကောင်းတဲ့ ဇာတ်ဝင်ခန်းတွေ၊ အခက်အခဲရင်ဆိုင်မှု တွေက သင့်ရဲ့ အပြင်လောကက စိတ်မွန်းကြပ်မှု၊ စိတ်ဖိစီးမှုကို မေ့ပျောက်သွားစေပါတယ်တဲ့။

(၂) ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေပါတယ်

အထူူးသဖြင့် သည်းထိတ်ရင်ဖိုဇာတ်ကားကြိုက်တတ်တဲ့ အမျိုးသမီးများက သာမာန်လူတွေထက်ကို ပိုပြီး ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်မှု ရှိတယ်လို့ ဆိုပါတယ်။ သည်းထိတ်ရင်ဖိုဇာတ်ကားကြည့်တဲ့အချိန်မှာ ဉာဏ်ရည်ဖံ့ွဖြိုးစေတဲ့ dopamine, serotonin, glutamate စတဲ့ဓာတ်များက ဦးနှောက်တွင်းက ထုတ်လွှတ်ပေးတဲ့အတွက်ကြောင့်ပါ။

(၃) အခက်အခဲများကိုရင်ဆိုင်တတ်လာတယ်

အခက်အခဲများနဲ့ ရင်ဆိုင်ကြုံတွေ့လာရတဲ့ အခါမှာ တွေဝေမနေဘဲ ထွက်ပေါက်ကို အလျင်အမြန် ရှာဖွေတတ် လာပါတယ်။ သည်းထိတ်ရင်ဖိုဇာတ်ကားအချို့မှာ အန္တရာယ်တစ်ခုခု ကြုံတွေ့တဲ့အခါ ဘယ်လိုလွတ်လမ်းရှာမလဲ၊ စိတ်တည်ငြိမ်အောင်ဘယ်လိုလုပ်မလဲ ဆိုတာတွေကို တွေ့မြင်နေရတဲ့အတွက် တကယ့်လက်တွေ့မှာ ကြုံတွေ့ လာရတဲ့အခါမှာ စိတ်တုန်လှုပ်ခြောက်ခြားမှု လျော့ပါးပြီး ရင်ဆိုင်ရဲတဲ့စိတ်ကို ဖြစ်ပေါ်စေပါတယ်။

(၄) သွေးပျစ်စေပါတယ်

သည်းထိတ်ရင်ဖိုဇာတ်ကား၊ သရဲဇာတ်ကားတွေကို ကြည့်တဲ့အခါ ကြောက်ရွံ့တုန်လှုပ်စိတ်ကြောင့် သွေးပျစ်သွားပြီး ခန္ဓာကိုယ်အတွက် ဘေးဥပါဒ်ဖြစ်စေပါတယ်။ အထူးသဖြင့် အသက်၂၅နှစ်နဲ့ ၃၀နှစ် ဝန်းကျင်တွေမှာ အဖြစ်များ ပါတယ်။ ဒရာမာဇာတ်ကားကြည့်သူနဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားကြည့်သူ အုပ်စုနှစ်စုကို လေ့လာဆန်းစစ်မှု ပြုလုပ်ကြည့်တဲ့အခါမှာ သည်းထိတ်ရင်ဖိုဇာတ်ကားကြည့်သူများက ပိုပြိးသွေးပျစ်ကြတယ်လို့ ဆိုပါတယ်။

(၅) စိတ်ပူပန်စေပါတယ်

နှလုံးအားနည်းသူများနဲ့ စိတ်အားငယ်တတ်သူတွေကတော့ သည်းထိတ်ရင်ဖိုဇာတ်ကားများကို လုံးဝမကြည့် သင့်ပါဘူး။ စိတ်ပူပန်စေပြီး အလိုလိုကြောက်ရွံ့နေတတ်ပါတယ်။ နှလုံးအားနည်းသူကလည်း heart attack ဖြစ်နိုင်သလို၊ စိတ်အားငယ်တတ်သူတွေကလည်း ဆိုက်ကိုဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုမျိုး ကြုံတွေ့ ရနိုင်ပါတယ်။

(၆) ကယ်လိုရီလောင်ကျွမ်းစေပါတယ်

လေ့လာဆန်းစစ်ချက်တွေအရ စိတ်ခြောက်ခြားစေတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားတွေကို ကြည့်ရှုခြင်းက ကယ်လို ရီလောင်ကျွမ်းစေတယ်လို့ ဆိုပါတယ်။ ဇာတ်ကားတစ်ကား မိနစ် ၉၀စာလောက် ကြည့်ရှုမယ်ဆိုရင် ခန္ဓာကိုယ် တွင်းက ၁၁၃ကယ်လိုရီလောင်ကျွမ်းသွားတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top