ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ပင္​လယ္​ဓားျပ​ေလာက၌ ​ေအာင္​ျမင္​မႈ အရဆံုး​ေသာသူမွာ အမ်ိဳးသား မဟုတ္​ဘဲ စီခိုင္​ (Hsi Kai) ​ေခၚ (Ching Shih) ေခၚ က်န္႔ယိေစာင္ (1775-1884) အမည္​႐ွိ အမ်ိဳးသမီးသာ ျဖစ္​သည္​။ သူသည္​ ၁၈ ရာစု ကာလအတြင္​း ပင္​လယ္​ဓားျပ ​ေလာက၌ သမိုင္​းဝင္​သည္​့ တ႐ုတ္​အမ်ိဳးသမီး တစ္​ဦးပင္​ ျဖစ္​သည္​။

စီခိုင္​သည္​ ပင္​လယ္​ဓားျပ သ​ေဘၤာမ်ားစြာႏွင္​့ သ​ေဘၤာသား ​ေယာက်္​ားမ်ားစြာအား အမိန္​႔​ေပးႏိုင္​သူလည္​း ျဖစ္​သည္​။ စီခိုင္​၏ စိတ္​ကူးအရ သူမ အသက္​အရြယ္​ ႀကီးရင္​့လာခ်ိန္​၌ စု​ေဆာင္​းထားသည္​့၊ လုရာပါ တိုက္​ရာပါ ပစၥည္​းမ​်ားျဖင္​့ ဇိမ္​က်က်​ေနသြားမည္​ ျဖစ္​သည္​။ စီခိုင္​သည္​ တစ္​ခ်ိန္​က ပင္​လယ္​ဓားျပတို႔၏ အငယ္​အ​ေႏွာင္​းအျဖစ္​ ​ေနထိုင္​ခဲ့ရၿပီး ဘဝအ​ေျခအ​ေနအရ ဇိမ္​ခန္​းတြင္​ အလုပ္​လုပ္​ခဲ့ရသူ ျဖစ္​သည္​။

တစ္​​ေန႔တြင္​ နာမည္​ႀကီး ပင္​လယ္​ဓားျပ​ေခါင္​း​ေဆာင္​ ခ်င္​ရီ (Ching Yih) ႏွင္​့ ဇိမ္​ခန္​းတြင္​ ​ေတြ႔ဆံုခဲ့သည္​။ သည္​လိုႏွင္​့ စီခိုင္​သည္​ ခ်င္​ရီ၏ မယားငယ္​ ျဖစ္​လာခဲ့ရသည္​။

စီခိုင္​သည္​ ပင္​လယ္​ဓားျပဘဝ မ​ေရာက္​မီကတည္​းက ဉာဏ္​ရည္​ထက္​ျမက္​သူ၊ စကား​ေျပာ​ေကာင္​းသူ ျဖစ္​​ေသာ​ေၾကာင္​့ ပင္​လယ္​ဓားျပအဖြဲ႔ အခ်င္​းခ်င္​းအား စီးပြား​ေရးအရ ၾကားဝင္​​ေစ့ပ္​ ညႇိႏိႈင္​း​ေပးႏိုင္​သူ ျဖစ္​သည္​။ ၎ျပင္​ စည္​းရံုး​ေျပာဆိုႏိုင္​စြမ္​း ႐ွိျခင္​း​ေၾကာင္​့ ပင္​လယ္​ဓားျပ​ေခါင္​း​ေဆာင္​ ခ်င္​ရီႏွင္​့ လပ္​ထပ္​ၿပီး သူမအတြက္​ ႐ွယ္​ယာ ၅၀ ရာခိုင္​ႏႈန္​း ခံစားခြင္​့ ရယူႏိုင္​ခဲ့သည္​။

၁၈၀၇ ခုႏွစ္​၌ ခ်င္​ရီ ကြယ္​လြန္​​ေသာအခါ စီခိုင္​က ခင္​ပြန္​းျဖစ္​သူ၏ ပင္​လယ္​ဓားျပ​ေလွမ​်ား၊ သ​ေဘၤာ မ်ားအား အ​ေမြဆက္​ခံသူအျဖစ္​ ဆက္​လက္​ ထိန္​းခ်ဳပ္​ႏိုင္​ခဲ့သည္​။ စီခိုင္​သည္​ ပင္​လယ္​ဓားျပသ​ေဘၤာ တစ္​​ေထာင္​​ေက်ာ္​မွ အဖြဲ႔ဝင္​ ​ေယာက်္​ား၊ မိန္​းမ ၅ ေသာင္း​ေက်ာ္​အား ထိန္​းခ်ဳပ္​၍ အမိန္​႔​ေပး ​ေစခိုင္​းႏိုင္​ခဲ့သည္​။

စီခိုင္​သည္​ ပင္​လယ္​ဓားျပ ​ေလာက၏ အ႐ွင္​သခင္​မ ဘဝကိုပင္​ မ​ေက်နပ္​ႏိုင္​​ေသးဘဲ တစ္​ကမၻာလံုးအား ထိန္​းခ်ဳပ္​ႏိုင္​သည္​့ ၾသဇာအာဏာကိုပါ ပိုင္​ဆိုင္​ခ်င္လာသူ ျဖစ္​သည္​။ ထို႔​ေၾကာင္​့ ​ေတာင္​တ႐ုတ္​ပင္​လယ္​ ​ေဒသတစ္​ခုလံုးအား ၾသဇာလႊမ္​းမိုးထားႏိုင္​ရန္​ ပင္​လယ္​ကမ္​း​ေျခ ရြာမ်ားအား တိုက္​ခိုက္​သိမ္​းပိုက္​၍ ရြာသူရြာသားမ​်ားအား သူမ၏ လက္​​ေအာက္​သို႔ ဝင္​၍ ၾသဇာခံရန္​ အမိန္​႔​ေပးခဲ့သည္​။

၁၈၁၀ ခုႏွစ္​တြင္​ ၿဗိတိန္​၊ ​ေပၚတူဂီ၊ တ႐ုတ္​ တပ္​ဖြဲ႔မ​်ား ပူး​ေပါင္​း၍ စီခိုင္​၏ အင္​အားခိုင္​မာ ​ေတာင္​့တင္​း​ေသာ ပင္​လယ္​ဓားျပ တပ္​ဖြဲ႔မ​်ားအား အျမစ္​ျပတ္​ ​ေခ်မႈန္​းရန္​ ႀကိဳးစားခဲ့ၾကသည္​။ တ႐ုတ္​ဧကရာဇ္​ အ​ေနျဖင္​့လည္​း သူပုန္​မ်ားအား အထူးလြတ္​ၿငိမ္​းခ်မ္​းသာခြင္​့ျပဳ၍ ​ေနရပ္​သို႔ ျပန္​လာႏိုင္​ရန္​ စီစဥ္​​ေပးခဲ့သည္​။

စီခိုင္​သည္​ ကန္​တုန္ျပည္​နယ္​ အစိုးရ ဘုရင္​ခံခ်ဳပ္​ႏွင္​့ ​ေဆြး​ေႏြးခြင္​့ ရ႐ွိခဲ့သည္​။ စီခိုင္​၏ ညႇိႏိႈင္​း ​ေျပာၾကားခ်က္​တြင္​ သူမႏွင္​့ သူမအဖြဲ႔ဝင္​ ပင္​လယ္​ဓားျပအားလံုး သ​ေဘၤာမ်ား၊ လက္​နက္​မ်ား အားလံုးကို စြန္​႔လႊတ္​၍ အစိုးရသို႔ လႊဲ​ေျပာင္​း​ေပးမည္​။

သို႔​ေသာ္​လည္​း သူမႏွင္​့ အဖြဲ႔ဝင္​ ၁၇၀၀၀ (တစ္​​ေသာင္​းခုနစ္​​ေထာင္​) အတြက္​ ဘဝတစ္​သက္​တာ ​ေအးခ်မ္​းစြာျဖင္​့ ရပ္​တည္​ႏိုင္​ရန္​ ဝွက္​ထားသည္​့ ရတနာမ်ားအား တရားဝင္​ ခြင္​့ျပဳ​ေပးရမည္​ဟု ပါ႐ွိသည္​။

စီခိုင္​သည္​ တ႐ုတ္​အစိုးရႏွင္​့ ​ေစ့စပ္​မႈ ​ေျပလည္​ၿပီး​ေနာက္​ပိုင္​း ​ေနာက္​ထပ္​ ႏွစ္​​ေပါင္​း ၃၀ ခန္​႔ ခ်မ္​းခ်မ္​းသာသာ ​ေနထိုင္​ၿပီး ၁၈၄၄ ခုနစ္ သူမအသက္ ၆၉ ႏွစ္ အရြယ္မွာ ကြယ္​လြန္​သြားခဲ့သည္​။ ​ေတာင္​တ႐ုတ္​ပင္​လယ္​ ​ေဒသအတြင္​း စီခိုင္​၏ တစ္​ခ်ိန္​က ပံုရိပ္​မ်ားအား ျပန္​လည္​ အမွတ္​ရ​ေနဆဲ ျဖစ္​သည္​။

စီခိုင္​သည္​ သူမ၏ ပင္လယ္ဓားျပအဖြဲ႔၀င္မ်ားအတြက္ စည္းကမ္းခ်က္မ်ားကုိ ထုတ္ထားသည္။ သူမ ခ်မွတ္​ထား​ေသာ စည္​းမ်ဥ္​းစည္​းကမ္​းမ်ားအား ခ်ိဳး​ေဖာက္​သူ မည္​သူကိုမဆို ျပင္​းထန္​ရက္​စက္​စြာ အျပစ္​​ေပးတတ္​သည္​။ အလြန္ျပင္းထန္သည့္ စည္းကမ္းခ်က္မ်ားမွ တခ်ဳိ႕ကို ေဖာ္ျပရေသာ္

၁။ မိမိထက္ ရာထူးႀကီးသူ တစ္စံုတစ္ေယာက္က အမိန္႔ေပးသည္ကို မနာခံသည္ရွိေသာ္ ေခါင္းျဖတ္သတ္ေစ။

၂။ မိမိတို႔၏ ရိကၡာအေထာက္အပံ့အတြက္ ရေစရန္ အလို႔ငွာ ျပည္သူပိုင္ေငြေၾကး (သို႔မဟုတ္) ႏိုင္ငံပိုင္ ေငြေၾကးႏွင့္ ရြာသူရြာသားမ်ားဆီကေန လုယက္ျခင္း ခိုးယူျခင္း မျပဳလုပ္ရ။

၃။ သိမ္းယူရရွိခဲ့သည့္ ပစၥည္းမ်ားကို အဖြဲ႕အစည္းကို ျပန္အပ္ႏွံရမည္ ျဖစ္ၿပီး သေဘၤာအရာရွိက ရရွိခဲ့သည့္ ပစၥည္းမ်ားကို စာရင္းအင္းႏွင့္တကြ ေရတပ္ဖြဲ႕ေခါင္းေဆာင္ ထံကို တင္ရမည္။ ေရတပ္ဖြဲ႕ ေခါင္းေဆာင္ကမွ တဆင့္ ဓားျမတိုက္ခိုက္ခဲ့သည့္ မူလအဖြဲ႕ဝင္ကို ၂၀% ခြဲေပးၿပီး က်န္ပစၥည္းမ်ားကို အမ်ားပိုင္ရန္ပံုေငြအျဖစ္ အဖြဲ႕အစည္းကို ျပန္အပ္ရမည္။

၄။ အဆိုပါ ရန္ပံုေငြမွာ တိုက္ခိုက္ရင္း ေသဆံုးသြားသည့္ အဖြဲ႕ဝင္မ်ား၏ မိသားစုမ်ားကို ေထာက္ပံ့ေပးရန္ သေဘၤာအုပ္ေခါင္းေဆာင္က ရန္ပံုေငြထဲမွ သံုးစြဲႏိုင္ၿပီး တိုက္ခိုက္ရာတြင္ ရံႈးနိမ့္ခဲ့သည့္ သေဘၤာမ်ားကိုလည္း ျပန္လည္ တည္ေဆာက္ႏိုင္ရန္ ျပန္ဖြဲ႕စည္းႏိုင္ရန္ ကူညီရာတြင္ အသံုးျပဳျခင္း ျဖစ္သည္။ ထို႔ေၾကာင့္ အလြဲသံုးစား လုပ္သူမ်ား ခိုးယူသူမ်ား ေခါင္းျဖတ္ေသဒဏ္ ေပးျခင္းခံရသည္။

၅။ ဖမ္းဆီးရမိထားတဲ့ ဓားစာခံ မိန္းမတစ္ေယာက္ကိုု ပင္လယ္ဓါးျမက အလိုုမတူဘဲ မုုဒိမ္းက်င့္ေသာ္ အဆ္ုိပါ ပင္လယ္ဓားျမကိုု ေခါင္းျဖတ္သတ္ေစ။

၆။ ဖမ္းဆီးရမိထားတဲ့ ဓါးစာခံ မိန္းမတစ္ေယာက္က ပင္လယ္ဓါးျမတစ္ေယာက္နဲ႕ အလိုုတူ အလိုုပါ လိင္ဆက္ဆံေသာ္၊ ပင္လယ္ဓားျမက္ို ေခါင္းျဖတ္ပစ္ၿပီး မိန္းမကိုေတာ့ အေျမာက္ဆံကို ေျခေထာက္မွာ တြဲခ်ည္ေစၿပီး ပင္လယ္ထဲ ပစ္ခ်ကာ သတ္ပစ္ေစ။
စသည္တုိ႔ျဖစ္သည္။

စီခိုင္​၏ ပင္​လယ္​ဓားျပ​ေလွ၊ သ​ေဘၤာမ်ားတြင္​ တ႐ုတ္​ဝမ္​းျပား ရြက္​​ေလွသ​ေဘၤာ ၂၀၀ ​ေက်ာ္​ ပါဝင္​ၿပီး၊ သ​ေဘၤာတစ္​စင္​းစီ၌ အ​ေျမာက္​ ၂၀ မွ ၃၀ အထိ တပ္​ဆင္​ထားသည္​။ ၎ျပင္​ ကမ္​း႐ိုးတန္​းသြား ​ေရယာဥ္​ငယ္​​ေပါင္​း ၈၀၀ ​ေက်ာ္​ႏွင္​့ ျမစ္​ကူး​ေလွငယ္​ ဒါဇင္​​ေပါင္​းမ်ားစြာ ပါ႐ွိၾကသည္​။

အ​ေမရိကန္​ ​ေရတပ္​မွ တပ္​ဖြဲ႔ဝင္​ ငါး​ေသာင္​း​ေက်ာ္​အား အမိန္​႔​ေပး ​ေစခိုင္​း​ေနခ်ိန္​ အတြင္​းမွာပင္​ စီခိုင္​ကလည္​း သူ၏ ပင္​လယ္​ဓားျပ အဖြဲ႔ဝင္​ ငါး​ေသာင္​း​ေက်ာ္​အား တစ္​ၿပိဳင္​နက္​တည္​း အမိန္​႔​ေပးႏိုင္​ခဲ့သူ ျဖစ္​သည္​။

စီခိုင္​၏ ပင္​လယ္​ဓားျပ တပ္​ဖြဲ႔အား အ​ေမရိကန္​ တပ္​ဖြဲ႔ႏွင္​့ ႏိႈင္​းယွဥ္​ႏိုင္​ရံုမက စပိန္​​ေရတပ္​မ​ေတာ္​ႏွင္​့ပါ အန္​တုႏိႈင္​းယွဥ္​ႏိုင္​ခဲ့သည္​။ သူမ၏ အေၾကာင္းအား ဗီဒီယုိ ဇာတ္ကားေပါင္းမ်ားစြာ ရုိက္ကူးခဲ့ၿပီး ျဖစ္သည္။

#SwamHtet(天下第一)
သမုိင္းကေျပာေသာ အံ့ဖြယ္ဇာတ္လမ္း – ေအာင္လႈိင္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thutazone

# Unicode Version ဖြင့် ဖတ်ပါ #

ပင်လယ်ဓားပြလောက၌ အောင်မြင်မှု အရဆုံးသောသူမှာ အမျိုးသား မဟုတ်ဘဲ စီခိုင် (Hsi Kai) ခေါ် (Ching Shih) ခေါ် ကျန့်ယိစောင် (1775-1884) အမည်ရှိ အမျိုးသမီးသာ ဖြစ်သည်။ သူသည် ၁၈ ရာစု ကာလအတွင်း ပင်လယ်ဓားပြ လောက၌ သမိုင်းဝင်သည့် တရုတ်အမျိုးသမီး တစ်ဦးပင် ဖြစ်သည်။

စီခိုင်သည် ပင်လယ်ဓားပြ သင်္ဘောများစွာနှင့် သင်္ဘောသား ယောကျ်ားများစွာအား အမိန့်ပေးနိုင်သူလည်း ဖြစ်သည်။ စီခိုင်၏ စိတ်ကူးအရ သူမ အသက်အရွယ် ကြီးရင့်လာချိန်၌ စုဆောင်းထားသည့်၊ လုရာပါ တိုက်ရာပါ ပစ္စည်းများဖြင့် ဇိမ်ကျကျနေသွားမည် ဖြစ်သည်။ စီခိုင်သည် တစ်ချိန်က ပင်လယ်ဓားပြတို့၏ အငယ်အနှောင်းအဖြစ် နေထိုင်ခဲ့ရပြီး ဘဝအခြေအနေအရ ဇိမ်ခန်းတွင် အလုပ်လုပ်ခဲ့ရသူ ဖြစ်သည်။

တစ်နေ့တွင် နာမည်ကြီး ပင်လယ်ဓားပြခေါင်းဆောင် ချင်ရီ (Ching Yih) နှင့် ဇိမ်ခန်းတွင် တွေ့ဆုံခဲ့သည်။ သည်လိုနှင့် စီခိုင်သည် ချင်ရီ၏ မယားငယ် ဖြစ်လာခဲ့ရသည်။

စီခိုင်သည် ပင်လယ်ဓားပြဘဝ မရောက်မီကတည်းက ဉာဏ်ရည်ထက်မြက်သူ၊ စကားပြောကောင်းသူ ဖြစ်သောကြောင့် ပင်လယ်ဓားပြအဖွဲ့ အချင်းချင်းအား စီးပွားရေးအရ ကြားဝင်စေ့ပ် ညှိနှိုင်းပေးနိုင်သူ ဖြစ်သည်။ ၎င်းပြင် စည်းရုံးပြောဆိုနိုင်စွမ်း ရှိခြင်းကြောင့် ပင်လယ်ဓားပြခေါင်းဆောင် ချင်ရီနှင့် လပ်ထပ်ပြီး သူမအတွက် ရှယ်ယာ ၅၀ ရာခိုင်နှုန်း ခံစားခွင့် ရယူနိုင်ခဲ့သည်။

၁၈၀၇ ခုနှစ်၌ ချင်ရီ ကွယ်လွန်သောအခါ စီခိုင်က ခင်ပွန်းဖြစ်သူ၏ ပင်လယ်ဓားပြလှေများ၊ သင်္ဘော များအား အမွေဆက်ခံသူအဖြစ် ဆက်လက် ထိန်းချုပ်နိုင်ခဲ့သည်။ စီခိုင်သည် ပင်လယ်ဓားပြသင်္ဘော တစ်ထောင်ကျော်မှ အဖွဲ့ဝင် ယောကျ်ား၊ မိန်းမ ၅ သောင်းကျော်အား ထိန်းချုပ်၍ အမိန့်ပေး စေခိုင်းနိုင်ခဲ့သည်။

စီခိုင်သည် ပင်လယ်ဓားပြ လောက၏ အရှင်သခင်မ ဘဝကိုပင် မကျေနပ်နိုင်သေးဘဲ တစ်ကမ္ဘာလုံးအား ထိန်းချုပ်နိုင်သည့် သြဇာအာဏာကိုပါ ပိုင်ဆိုင်ချင်လာသူ ဖြစ်သည်။ ထို့ကြောင့် တောင်တရုတ်ပင်လယ် ဒေသတစ်ခုလုံးအား သြဇာလွှမ်းမိုးထားနိုင်ရန် ပင်လယ်ကမ်းခြေ ရွာများအား တိုက်ခိုက်သိမ်းပိုက်၍ ရွာသူရွာသားများအား သူမ၏ လက်အောက်သို့ ဝင်၍ သြဇာခံရန် အမိန့်ပေးခဲ့သည်။

၁၈၁၀ ခုနှစ်တွင် ဗြိတိန်၊ ပေါ်တူဂီ၊ တရုတ် တပ်ဖွဲ့များ ပူးပေါင်း၍ စီခိုင်၏ အင်အားခိုင်မာ တောင့်တင်းသော ပင်လယ်ဓားပြ တပ်ဖွဲ့များအား အမြစ်ပြတ် ချေမှုန်းရန် ကြိုးစားခဲ့ကြသည်။ တရုတ်ဧကရာဇ် အနေဖြင့်လည်း သူပုန်များအား အထူးလွတ်ငြိမ်းချမ်းသာခွင့်ပြု၍ နေရပ်သို့ ပြန်လာနိုင်ရန် စီစဉ်ပေးခဲ့သည်။

စီခိုင်သည် ကန်တုန်ပြည်နယ် အစိုးရ ဘုရင်ခံချုပ်နှင့် ဆွေးနွေးခွင့် ရရှိခဲ့သည်။ စီခိုင်၏ ညှိနှိုင်း ပြောကြားချက်တွင် သူမနှင့် သူမအဖွဲ့ဝင် ပင်လယ်ဓားပြအားလုံး သင်္ဘောများ၊ လက်နက်များ အားလုံးကို စွန့်လွှတ်၍ အစိုးရသို့ လွှဲပြောင်းပေးမည်။

သို့သော်လည်း သူမနှင့် အဖွဲ့ဝင် ၁၇၀၀၀ (တစ်သောင်းခုနစ်ထောင်) အတွက် ဘဝတစ်သက်တာ အေးချမ်းစွာဖြင့် ရပ်တည်နိုင်ရန် ဝှက်ထားသည့် ရတနာများအား တရားဝင် ခွင့်ပြုပေးရမည်ဟု ပါရှိသည်။

စီခိုင်သည် တရုတ်အစိုးရနှင့် စေ့စပ်မှု ပြေလည်ပြီးနောက်ပိုင်း နောက်ထပ် နှစ်ပေါင်း ၃၀ ခန့် ချမ်းချမ်းသာသာ နေထိုင်ပြီး ၁၈၄၄ ခုနစ် သူမအသက် ၆၉ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့သည်။ တောင်တရုတ်ပင်လယ် ဒေသအတွင်း စီခိုင်၏ တစ်ချိန်က ပုံရိပ်များအား ပြန်လည် အမှတ်ရနေဆဲ ဖြစ်သည်။

စီခိုင်သည် သူမ၏ ပင်လယ်ဓားပြအဖွဲ့ဝင်များအတွက် စည်းကမ်းချက်များကို ထုတ်ထားသည်။ သူမ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအား ချိုးဖောက်သူ မည်သူကိုမဆို ပြင်းထန်ရက်စက်စွာ အပြစ်ပေးတတ်သည်။ အလွန်ပြင်းထန်သည့် စည်းကမ်းချက်များမှ တချို့ကို ဖော်ပြရသော်

၁။ မိမိထက် ရာထူးကြီးသူ တစ်စုံတစ်ယောက်က အမိန့်ပေးသည်ကို မနာခံသည်ရှိသော် ခေါင်းဖြတ်သတ်စေ။

၂။ မိမိတို့၏ ရိက္ခာအထောက်အပံ့အတွက် ရစေရန် အလို့ငှာ ပြည်သူပိုင်ငွေကြေး (သို့မဟုတ်) နိုင်ငံပိုင် ငွေကြေးနှင့် ရွာသူရွာသားများဆီကနေ လုယက်ခြင်း ခိုးယူခြင်း မပြုလုပ်ရ။

၃။ သိမ်းယူရရှိခဲ့သည့် ပစ္စည်းများကို အဖွဲ့အစည်းကို ပြန်အပ်နှံရမည် ဖြစ်ပြီး သင်္ဘောအရာရှိက ရရှိခဲ့သည့် ပစ္စည်းများကို စာရင်းအင်းနှင့်တကွ ရေတပ်ဖွဲ့ခေါင်းဆောင် ထံကို တင်ရမည်။ ရေတပ်ဖွဲ့ ခေါင်းဆောင်ကမှ တဆင့် ဓားမြတိုက်ခိုက်ခဲ့သည့် မူလအဖွဲ့ဝင်ကို ၂၀% ခွဲပေးပြီး ကျန်ပစ္စည်းများကို အများပိုင်ရန်ပုံငွေအဖြစ် အဖွဲ့အစည်းကို ပြန်အပ်ရမည်။

၄။ အဆိုပါ ရန်ပုံငွေမှာ တိုက်ခိုက်ရင်း သေဆုံးသွားသည့် အဖွဲ့ဝင်များ၏ မိသားစုများကို ထောက်ပံ့ပေးရန် သင်္ဘောအုပ်ခေါင်းဆောင်က ရန်ပုံငွေထဲမှ သုံးစွဲနိုင်ပြီး တိုက်ခိုက်ရာတွင် ရှုံးနိမ့်ခဲ့သည့် သင်္ဘောများကိုလည်း ပြန်လည် တည်ဆောက်နိုင်ရန် ပြန်ဖွဲ့စည်းနိုင်ရန် ကူညီရာတွင် အသုံးပြုခြင်း ဖြစ်သည်။ ထို့ကြောင့် အလွဲသုံးစား လုပ်သူများ ခိုးယူသူများ ခေါင်းဖြတ်သေဒဏ် ပေးခြင်းခံရသည်။

၅။ ဖမ်းဆီးရမိထားတဲ့ ဓားစာခံ မိန်းမတစ်ယောက်ကိုု ပင်လယ်ဓါးမြက အလိုုမတူဘဲ မုုဒိမ်းကျင့်သော် အဆိုပါ ပင်လယ်ဓားမြကိုု ခေါင်းဖြတ်သတ်စေ။

၆။ ဖမ်းဆီးရမိထားတဲ့ ဓါးစာခံ မိန်းမတစ်ယောက်က ပင်လယ်ဓါးမြတစ်ယောက်နဲ့ အလိုုတူ အလိုုပါ လိင်ဆက်ဆံသော်၊ ပင်လယ်ဓားမြကို ခေါင်းဖြတ်ပစ်ပြီး မိန်းမကိုတော့ အမြောက်ဆံကို ခြေထောက်မှာ တွဲချည်စေပြီး ပင်လယ်ထဲ ပစ်ချကာ သတ်ပစ်စေ။
စသည်တို့ဖြစ်သည်။

စီခိုင်၏ ပင်လယ်ဓားပြလှေ၊ သင်္ဘောများတွင် တရုတ်ဝမ်းပြား ရွက်လှေသင်္ဘော ၂၀၀ ကျော် ပါဝင်ပြီး၊ သင်္ဘောတစ်စင်းစီ၌ အမြောက် ၂၀ မှ ၃၀ အထိ တပ်ဆင်ထားသည်။ ၎င်းပြင် ကမ်းရိုးတန်းသွား ရေယာဉ်ငယ်ပေါင်း ၈၀၀ ကျော်နှင့် မြစ်ကူးလှေငယ် ဒါဇင်ပေါင်းများစွာ ပါရှိကြသည်။

အမေရိကန် ရေတပ်မှ တပ်ဖွဲ့ဝင် ငါးသောင်းကျော်အား အမိန့်ပေး စေခိုင်းနေချိန် အတွင်းမှာပင် စီခိုင်ကလည်း သူ၏ ပင်လယ်ဓားပြ အဖွဲ့ဝင် ငါးသောင်းကျော်အား တစ်ပြိုင်နက်တည်း အမိန့်ပေးနိုင်ခဲ့သူ ဖြစ်သည်။

စီခိုင်၏ ပင်လယ်ဓားပြ တပ်ဖွဲ့အား အမေရိကန် တပ်ဖွဲ့နှင့် နှိုင်းယှဉ်နိုင်ရုံမက စပိန်ရေတပ်မတော်နှင့်ပါ အန်တုနှိုင်းယှဉ်နိုင်ခဲ့သည်။ သူမ၏ အကြောင်းအား ဗီဒီယို ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီး ဖြစ်သည်။

#SwamHtet(天下第一)
သမိုင်းကပြောသော အံ့ဖွယ်ဇာတ်လမ်း – အောင်လှိုင်

ဖိုးသူတော် (www.phothutaw.com)
Credit: thutazone

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top