AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

ကမၻာ့ က်န္းမာေရး အဖြဲ႕က ၁၉၉၄ ခုႏွစ္ ကမၻာ့ က်န္းမာေရးေန႔ ေဆာင္ပုဒ္ကုိ ”သြားႏွင့္ခံတြင္း ေရာဂါကင္း သင္၏ က်န္းမာျခင္း” ဆုိၿပီး ေရြးခ်ယ္ သတ္မွတ္ခဲ့သည္ကုိ မွတ္မိၾကလိမ့္မည္ဟုထင္သည္။ ထုိႏွစ္ကုိ ကမၻာ့ခံတြင္း က်န္းမာေရး ႏွစ္အျဖစ္ သတ္မွတ္ခဲ့သည္။

သြားႏွင့္ခံတြင္း က်န္းမာျခင္း ဆုိသည္မွာ ခံတြင္းထဲမွ သြားမ်ား၊ သြားဖုံးမ်ား၊ လွ်ာ၊ ေမး႐ုိးႏွင့္ ေမး႐ုိးဝန္းက်င္ရွိ ၾကြက္သားမ်ား၊ ေသြးေၾကာမ်ား၊ နာဗ့္ေၾကာမ်ား က်န္းမာေနၿပီး ပုံမွန္လႈပ္ရွား ေနျခင္းကုိ ဆုိလုိသည္။ ထုိ႔ျပင္ သြားမ်ားသည္ ညီညာလွပေနၿပီး သြားအံေခ်ာ္ျခင္း၊ သြားထပ္ျခင္း မရွိပါမွ လူမႈဆက္ဆံေရး နယ္ပယ္တြင္ ေအာင္ျမင္မွာျဖစ္သည္။

သြားႏွင့္ခံတြင္း ျပႆနာမ်ား ရွိေနပါလွ်င္ အဆုိပါ ပုဂၢိဳလ္၏ ကုိယ္ရည္ကုိယ္ေသြးကုိ ဆုိးက်ဳိးေပးႏိုင္သည္။ က်န္းမာစြာ ေနႏိုင္ရန္ လူတို႔သည္ သြားႏွင့္ခံတြင္း ပုံမွန္လုပ္ေဆာင္ ျဖစ္တဲ့အခါ ဝါးစားျခင္း၊ အရသာခံစားျခင္း၊ အစာကုိ ၿမိဳခ်ျခင္း၊ အစာကုိ ေၾကညက္ေအာင္ ျပဳလုပ္ေပးျခင္း၊ စကားေျပာျခင္း၊ ေတးသီခ်င္းဆုိျခင္း၊ နမ္း႐ႈပ္ျခင္း၊ အသက္႐ွဴျခင္း၊ မ်က္ႏွာအလွကုိ ေပၚလြင္ေစျခင္း၊ မိမိကုိယ္ကုိ ယုံၾကည္စိတ္ခ်မႈ ရွိျခင္းတုိ႔ျဖစ္သည္။

ကေလးမ်ား အျဖစ္အမ်ားဆုံး ေရာဂါတစ္ခုကုိ ေျပာပါဆုိလွ်င္ သြားပုိးစား ေရာဂါဟု ဆုိလွ်င္မွန္သည္။ သြားပုိးစား ေရာဂါ သည္ ပုိးေကာင္ ကေလးေတြက သြားေတြကုိ စားသြားျခင္း မဟုတ္ပါ။ သြားႀကိဳသြားၾကားႏွင့္ သြားမ်က္ႏွာျပင္ ေပၚတြင္ တြယ္ကပ္ေနေသာ သြားေခ်းလႊာ ထဲတြင္ရွိသည့္ အဏုၾကည့္ မွန္ဘီလူးျဖင့္ အဆ ေထာင္ခ်ီၿပီး ၾကည့္မွသာ ျမင္ႏုိင္ေသာ ဗက္တီးရီးယား ေကာင္ကေလးမ်ားႏွင့္ ခ်ဳိ၍ ေစးကပ္ေသာ အစားအစာတုိ႔ ထိေတြ႕ၿပီး ပိုးေပါက္ငယ္ ကေလးမ်ား ျဖစ္ေပၚေစ ကာ အခ်ိန္မီ မကုသပါက အေပါက္ပိုက်ယ္သြားၿပီး သြား၏ အတြင္းပိုင္းသို႔ သြားပိုးေရာက္သြားပါက သြားကိုက္ေဝဒနာ ခံစားရၿပီး သြားျမစ္ထိပ္တြင္ ျပည္တည္လာတတ္သည္။ ထိုအခါ မ်က္ႏွာေရာင္ျခင္း၊ ျပည္တည္နာျဖစ္ျခင္း၊ အ႐ိုးေဆြး ေရာဂါျဖစ္ျခင္း တုိ႔ကို ျဖစ္ေပၚေစသည္။

ကေလးသြားမ်ား လူႀကီးသြား လဲသည့္အခါ သူ႔အလိုလို က်ဳိးသြားမွာပဲဆိုၿပီး ဂ႐ုမစိုက္ဘဲ မေနသင့္ပါ။ ကေလး သြားမ်ား အခ်ိန္မတိုင္မီ ဆံုး႐ႈံးသြားပါက လူႀကီးသြားမ်ား ေပါက္ေသာအခါ သြားမညီမညာျဖစ္ျခင္း၊ သြားေပါက္ခ်ိန္ မမွန္ျခင္း တို႔ ျဖစ္ႏိုင္သည္။ ကေလးအရြယ္တြင္ လက္မစုပ္ျခင္း၊ ေရွ႕သြားမ်ားကို လွ်ာျဖင့္ ထိုးျခင္းတို႔ေၾကာင့္ ေရွ႕သြား ေခါျခင္းျဖစ္ၿပီး မ်က္ႏွာအလွကို ပ်က္ေစသည္။ လူႀကီးအရြယ္တြင္ သြားေရာဂါမ်ားေၾကာင့္ ကမၻာေပၚတြင္ ႐ုံးတက္ရက္ ပ်က္ကြက္မႈ မည္မွ်ရွိေၾကာင္းကို ကမၻာ့ဘဏ္၏ ၁၉၉၆ ခုႏွစ္ အစီရင္ ခံစာအရ သြားေရာဂါမ်ားေၾကာင့္ ၂ ရာခိုင္ႏႈန္း၊ တီဘီ ေရာဂါေၾကာင့္ ၁ ဒသမ ၅ ရာခိုင္ႏႈန္းႏွင့္ ေသြးအားနည္း ေရာဂါေၾကာင့္ ၁ ဒသမ ၅ ရာခိုင္ႏႈန္း ရွိေၾကာင္း ေတြ႕ရွိရ သည္။

သြားေရာဂါမ်ားျဖစ္ရျခင္း အဓိက အေၾကာင္းမွာ ခံတြင္း မသန္႔ရွင္း၍ ျဖစ္သည္။ သို႔ပါ၍ ယင္းေရာဂါကို ဘယ္လို ကာကြယ္ၾကမလဲ။ ေအာက္ပါနည္းမ်ားကို ေသခ်ာစြာ လိုက္နာျခင္းျဖင့္ ကာကြယ္ၾကပါစို႔။

၁။ သြားမ်ားကို တစ္ေန႔ႏွစ္ႀကိမ္ နံနက္စာ စားၿပီး တစ္ႀကိမ္၊ ညအိပ္ရာ မဝင္မီတစ္ႀကိမ္ တုိက္ပါ။

၂။ သြားပိုးစား ေရာဂါကို ထိေရာက္စြာ ကာကြယ္ေပးႏုိင္ေသာ ဖလို႐ိုက္ပါေသာ သြားတုိက္ေဆးျဖင့္ တုိက္ပါ။ (ဖလို ႐ိုက္ ၇ဝဝ-၁ဝဝဝ သန္း ရာခိုင္ႏႈန္း ပါဝင္ရပါမည္)

၃။ သြားတစ္ခါ တုိက္လွ်င္ ၂-၃ မိနစ္ၾကာေအာင္ တုိက္ပါ။

၄။ သြားမ်ားကို ကန္႔လန္႔ျဖတ္ မတိုက္ရပါ။

၅။ သြားအားလံုး၏ မ်က္ႏွာျပင္အားလံုးကို တုိက္ေပးပါ။

၆။ ကေလးမ်ားကို ကေလးသြားတိုက္ေဆး (ဖလို႐ိုက္ပါေသာ)ျဖင့္ တိုက္ေပးပါ။ သြားတုိက္ၿပီးပါက သြားတိုက္ ေဆးေတြ ခံတြင္းထဲတြင္ ကုန္ေအာင္ ပလုတ္မက်င္းပါႏွင့္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myawady

# Unicode Version ျဖင့္ ဖတ္ပါ #
ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ၁၉၉၄ ခုနှစ် ကမ္ဘာ့ ကျန်းမာရေးနေ့ ဆောင်ပုဒ်ကို ”သွားနှင့်ခံတွင်း ရောဂါကင်း သင်၏ ကျန်းမာခြင်း” ဆိုပြီး ရွေးချယ် သတ်မှတ်ခဲ့သည်ကို မှတ်မိကြလိမ့်မည်ဟုထင်သည်။ ထိုနှစ်ကို ကမ္ဘာ့ခံတွင်း ကျန်းမာရေး နှစ်အဖြစ် သတ်မှတ်ခဲ့သည်။

သွားနှင့်ခံတွင်း ကျန်းမာခြင်း ဆိုသည်မှာ ခံတွင်းထဲမှ သွားများ၊ သွားဖုံးများ၊ လျှာ၊ မေးရိုးနှင့် မေးရိုးဝန်းကျင်ရှိ ကြွက်သားများ၊ သွေးကြောများ၊ နာဗ့်ကြောများ ကျန်းမာနေပြီး ပုံမှန်လှုပ်ရှား နေခြင်းကို ဆိုလိုသည်။ ထို့ပြင် သွားများသည် ညီညာလှပနေပြီး သွားအံချော်ခြင်း၊ သွားထပ်ခြင်း မရှိပါမှ လူမှုဆက်ဆံရေး နယ်ပယ်တွင် အောင်မြင်မှာဖြစ်သည်။

သွားနှင့်ခံတွင်း ပြဿနာများ ရှိနေပါလျှင် အဆိုပါ ပုဂ္ဂိုလ်၏ ကိုယ်ရည်ကိုယ်သွေးကို ဆိုးကျိုးပေးနိုင်သည်။ ကျန်းမာစွာ နေနိုင်ရန် လူတို့သည် သွားနှင့်ခံတွင်း ပုံမှန်လုပ်ဆောင် ဖြစ်တဲ့အခါ ဝါးစားခြင်း၊ အရသာခံစားခြင်း၊ အစာကို မြိုချခြင်း၊ အစာကို ကြေညက်အောင် ပြုလုပ်ပေးခြင်း၊ စကားပြောခြင်း၊ တေးသီချင်းဆိုခြင်း၊ နမ်းရှုပ်ခြင်း၊ အသက်ရှူခြင်း၊ မျက်နှာအလှကို ပေါ်လွင်စေခြင်း၊ မိမိကိုယ်ကို ယုံကြည်စိတ်ချမှု ရှိခြင်းတို့ဖြစ်သည်။

ကလေးများ အဖြစ်အများဆုံး ရောဂါတစ်ခုကို ပြောပါဆိုလျှင် သွားပိုးစား ရောဂါဟု ဆိုလျှင်မှန်သည်။ သွားပိုးစား ရောဂါ သည် ပိုးကောင် ကလေးတွေက သွားတွေကို စားသွားခြင်း မဟုတ်ပါ။ သွားကြိုသွားကြားနှင့် သွားမျက်နှာပြင် ပေါ်တွင် တွယ်ကပ်နေသော သွားချေးလွှာ ထဲတွင်ရှိသည့် အဏုကြည့် မှန်ဘီလူးဖြင့် အဆ ထောင်ချီပြီး ကြည့်မှသာ မြင်နိုင်သော ဗက်တီးရီးယား ကောင်ကလေးများနှင့် ချို၍ စေးကပ်သော အစားအစာတို့ ထိတွေ့ပြီး ပိုးပေါက်ငယ် ကလေးများ ဖြစ်ပေါ်စေ ကာ အချိန်မီ မကုသပါက အပေါက်ပိုကျယ်သွားပြီး သွား၏ အတွင်းပိုင်းသို့ သွားပိုးရောက်သွားပါက သွားကိုက်ဝေဒနာ ခံစားရပြီး သွားမြစ်ထိပ်တွင် ပြည်တည်လာတတ်သည်။ ထိုအခါ မျက်နှာရောင်ခြင်း၊ ပြည်တည်နာဖြစ်ခြင်း၊ အရိုးဆွေး ရောဂါဖြစ်ခြင်း တို့ကို ဖြစ်ပေါ်စေသည်။

ကလေးသွားများ လူကြီးသွား လဲသည့်အခါ သူ့အလိုလို ကျိုးသွားမှာပဲဆိုပြီး ဂရုမစိုက်ဘဲ မနေသင့်ပါ။ ကလေး သွားများ အချိန်မတိုင်မီ ဆုံးရှုံးသွားပါက လူကြီးသွားများ ပေါက်သောအခါ သွားမညီမညာဖြစ်ခြင်း၊ သွားပေါက်ချိန် မမှန်ခြင်း တို့ ဖြစ်နိုင်သည်။ ကလေးအရွယ်တွင် လက်မစုပ်ခြင်း၊ ရှေ့သွားများကို လျှာဖြင့် ထိုးခြင်းတို့ကြောင့် ရှေ့သွား ခေါခြင်းဖြစ်ပြီး မျက်နှာအလှကို ပျက်စေသည်။ လူကြီးအရွယ်တွင် သွားရောဂါများကြောင့် ကမ္ဘာပေါ်တွင် ရုံးတက်ရက် ပျက်ကွက်မှု မည်မျှရှိကြောင်းကို ကမ္ဘာ့ဘဏ်၏ ၁၉၉၆ ခုနှစ် အစီရင် ခံစာအရ သွားရောဂါများကြောင့် ၂ ရာခိုင်နှုန်း၊ တီဘီ ရောဂါကြောင့် ၁ ဒသမ ၅ ရာခိုင်နှုန်းနှင့် သွေးအားနည်း ရောဂါကြောင့် ၁ ဒသမ ၅ ရာခိုင်နှုန်း ရှိကြောင်း တွေ့ရှိရ သည်။

သွားရောဂါများဖြစ်ရခြင်း အဓိက အကြောင်းမှာ ခံတွင်း မသန့်ရှင်း၍ ဖြစ်သည်။ သို့ပါ၍ ယင်းရောဂါကို ဘယ်လို ကာကွယ်ကြမလဲ။ အောက်ပါနည်းများကို သေချာစွာ လိုက်နာခြင်းဖြင့် ကာကွယ်ကြပါစို့။

၁။ သွားများကို တစ်နေ့နှစ်ကြိမ် နံနက်စာ စားပြီး တစ်ကြိမ်၊ ညအိပ်ရာ မဝင်မီတစ်ကြိမ် တိုက်ပါ။

၂။ သွားပိုးစား ရောဂါကို ထိရောက်စွာ ကာကွယ်ပေးနိုင်သော ဖလိုရိုက်ပါသော သွားတိုက်ဆေးဖြင့် တိုက်ပါ။ (ဖလို ရိုက် ၇ဝဝ-၁ဝဝဝ သန်း ရာခိုင်နှုန်း ပါဝင်ရပါမည်)

၃။ သွားတစ်ခါ တိုက်လျှင် ၂-၃ မိနစ်ကြာအောင် တိုက်ပါ။

၄။ သွားများကို ကန့်လန့်ဖြတ် မတိုက်ရပါ။

၅။ သွားအားလုံး၏ မျက်နှာပြင်အားလုံးကို တိုက်ပေးပါ။

၆။ ကလေးများကို ကလေးသွားတိုက်ဆေး (ဖလိုရိုက်ပါသော)ဖြင့် တိုက်ပေးပါ။ သွားတိုက်ပြီးပါက သွားတိုက် ဆေးတွေ ခံတွင်းထဲတွင် ကုန်အောင် ပလုတ်မကျင်းပါနှင့်။

ဖိုးသူတော် (www.phothutaw.com)
Credit: Myawady
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top