မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

1. ပါးစပ္ျဖင့္ အသက္႐ွဴပါ

        ပူလြန္းတဲ့အစားအစာတစ္ခုခုကို စားမိလိုက္ပါက ခ်က္ခ်င္းေထြးထုတ္ၿပီး လွ်ာကိုအျပင္ထုတ္၍ ပါးစပ္ျဖင့္ အသက္႐ွဴပါ။ ထုိကဲ့သို႔ျပဳလုပ္ျခင္းျဖင့္ လွ်ာမ်က္ႏွာျပင္သည္ ေလေအးႏွင့္ထိေတြ႔လုိက္ရတဲ့အတြက္ နာက်င္ျခင္းမွ သက္သာသြားေစႏိုင္ပါတယ္။ ေနာက္ဆံုး ေနသာထုိင္သာရွိတဲ့အထိ ဆက္တိုက္လုပ္ေဆာင္ပါ။

2. အေအးတစ္ခုခုကို ေသာက္လိုက္ပါ

        လွ်ာအပူေလာင္သြားပါက ခ်က္ခ်င္းေအးတဲ့အရာတစ္ခုခုကို စားလုိက္ပါ။ အပူေလာင္သြားတဲ့လွ်ာရဲ႕ အပူခ်ိန္ကိုေလ်ာ့က်ေစ႐ံုသာမက ေရာင္ရမ္းျခင္းနဲ႔ တစ္သွ်ဴးပ်က္စီးျခင္းေတြကိုပါ သက္သာေစႏိုင္ပါတယ္။

          အေအးကို မၿမိဳခ်မီတတ္ႏိုင္သမွ် ပါးစပ္ထဲမွာၾကာၾကာငံုထားျခင္းျဖင့္ အပူေလာင္ျခင္းေဝဒနာကို သက္သာေစပါတယ္။

3. ေရၾကက္သီးေႏြးငံုေပးပါ။

          အေပၚက အခ်က္နဲ႔ေတာ့ ဆန္႔က်င္ဘက္ပါပဲ။ 2013 ခုႏွစ္မွာျပဳလုပ္တဲ့ ေလ့လာ စမ္းသပ္မႈေတြ အရ ေရၾကက္သီးေႏြးငံုေပးျခင္းဟာ အပူေလာင္တဲ့ဒဏ္ရာပိုမဆုိးေအာင္ ဟန္႔တားေပးႏိုင္တယ္လို႔ သိရပါတယ္။ ေသြးလည္ပတ္မႈပိုမိုေကာင္းမြန္ေစတာေၾကာင့္လည္း တစ္သွ်ဴးေတြပ်က္စီးျခင္းကို ေလွ်ာ့ခ်ႏုိင္ ပါတယ္။ ထုိ႔ျပင္ ဆားသည္ ပါးစပ္တြင္းနဲ႔ အနာနားတစ္ဝိုက္ပိုးဝင္ျခင္းကိုကာကြယ္ေပးႏုိင္တာေၾကာင့္ ဆားေရေႏြးက အေကာင္းဆံုးအိမ္သံုးေဆးၿမီးတိုတစ္ခုပဲျဖစ္ပါတယ္။

- ဆားလက္ဖက္ရည္ဇြန္တစ္ဝက္ကို ေရေႏြးတစ္ဖန္ခြက္ျဖင့္ေရာေမႊပါ။

- စကၠန္႔ 30 ခန္႔ ပါးစပ္ထဲတြင္ ငံုထားပါ။

- လွ်ာအနာက်က္သည္အထိ တစ္ေန႔လွ်င္ အႀကိမ္ေပါင္းမ်ားစြာျပဳလုပ္ပါ။

4. ပ်ားရည္

        ပ်ားရည္သည္လည္း လွ်ာအနာက်က္ေစဖုိ႔အေကာင္းဆံုး ေဆးတစ္လက္ျဖစ္ပါတယ္။ ပ်က္စီးသြားတဲ့အေရျပားကို ပုိးဝင္ျခင္းမွ ကာကြယ္ေပးႏုိင္တဲ့အျပင္ သဘာဝအေရာင္က်ေဆးအေနနဲ႔လည္း အသံုးျပဳႏုိင္ပါတယ္။

- ပ်ားရည္လက္ဖက္ရည္တစ္ဇြန္းကို လွ်ာေပၚမွာသုတ္လိမ္းပါ။

- မၿမိဳခ်မီတတ္ႏုိင္သေလာက္ ၾကာေအာင္လွ်ာေပၚတြင္ငံုထားပါ။

- တစ္ေန႔လွ်င္ 2-3 ႀကိမ္ခန္႔ ျပဳလုပ္ပါ။

          သတိျပဳရန္မွာ ပ်ားရည္သည္ ကေလးမ်ားအတြက္ အဆိပ္ျဖစ္ေစတဲ့ ပိုးတစ္မ်ိဳး ေပါက္ပြားေစႏုိင္တာေၾကာင့္ တစ္ႏွစ္ေအာက္ကေလးမ်ားကို မတိုက္ေကၽြးသင့္ပါ။

5. ရွားေစာင္းလက္ပတ္

        ရွားေစာင္းလက္ပတ္သည္ လွ်ာေပၚရွိ ပ်က္စီးသြားတဲ့ဆဲလ္ေတြကို ျပန္လည္ေကာင္းမြန္ေစ႐ံုသာမက အနာက်က္ေစရန္ႏွင့္ ေရာင္ရမ္းနာက်င္ျခင္းသက္သာေစရန္လည္း အေထာက္အကူျပဳပါတယ္။

- ရွားေစာင္းလက္ပတ္အရြက္မွ အႏွစ္မ်ားကိုျခစ္ယူ၍ လွ်ာအပူထားတဲ့ေနရာေပၚသို႔ တင္ေပးပါ။ တစ္ေန႔လွ်င္ အႀကိမ္မ်ားစြာျပဳလုပ္ႏိုင္ပါတယ္။

- ရွားေစာင္းလက္ပတ္အႏွစ္ကို ေရခဲတံုးေလးမ်ားျပဳလုပ္၍လည္း ငံုေပးႏိုင္ပါတယ္။

6. ဒိန္ခ်ဥ္

        ဒိန္ခ်ဥ္သည္လည္း လွ်ာအပူေလာင္ျခင္းမွ ခ်က္ခ်င္းသက္သာေစတဲ့ ေဆးၿမီးတိုတစ္လက္ျဖစ္ပါတယ္။ ဒိန္ခ်ဥ္ရဲ႕ေအးျမေစတဲ့ သဘာဝဓာတ္ျဖင့္ အပူေလာင္ထားတဲ့ဒဏ္ရာမွ အပူေငြ႔ေတြကို စုပ္ယူေပးႏိုင္တာေၾကာင့္ အနာကိုသက္သာေစတဲ့အျပင္ ေနလုိ႔ေကာင္းပါတယ္။

- ႐ိုး႐ိုးဒိန္ခ်ဥ္ေအးခြက္တစ္ဝက္ကိုယူပါ။

- ဒိန္ခ်ဥ္အနည္းငယ္ကို လွ်ာေပၚတြင္တင္၍ စကၠန္႔အနည္းငယ္ၾကာေအာင္ ထားပါ။

- ဒိန္ခ်ဥ္ခြက္တစ္ဝက္ကုန္သည္အထိ ထုိနည္းအတိုင္း စားသံုးပါ။

- ေန႔စဥ္မၾကာခဏျပဳလုပ္ေပးပါ။

7. သၾကား

         သၾကားသည္ အပူေလာင္ဒဏ္ရာေၾကာင့္ မသက္မသာျဖစ္ျခင္းကို ေကာင္းစြာ ကုစားႏုိင္တဲ့ ေဆးေကာင္းတစ္လက္ျဖစ္ပါတယ္။ ထုိ႔ျပင္ သၾကားသည္ အရသာခံအာ႐ံုကိုလည္း ပိုမိုေကာင္းမြန္ေစပါတယ္။

- လွ်ာေပၚသို႔ သၾကားလက္ဖက္ရည္ဇြန္းတစ္ဇြန္းကိုတင္ပါ။

- အာေခါင္ျဖင့္ ထိကပ္၍ သၾကားမ်ားကို ေပ်ာ္ေအာင္ျပဳလုပ္ပါ။

- လိုအပ္မယ္ထင္သေလာက္ မၾကာခဏ လုပ္ေဆာင္ပါ။

          သတိျပဳရန္မွာ ဤနည္းလမ္းသည္ ဆီးခ်ိဳေရာဂါရွိသူမ်ားႏွင့္ မသင့္ေတာ္ပါ။

8. ပူစီနံ

        ပူစီနံမွာ ပ႐ုတ္ဓာတ္ပါဝင္တာေၾကာင့္ အေအးကိုခံစားလြယ္တဲ့ အာ႐ံုေၾကာေတြကိုလႈံ႔ေဆာ္၍ အပူေလာင္တဲ့ေနရာကို ထံုေစကာ ေရာင္ရမ္းျခင္းကိုေလ်ာ့က်ေစႏုိင္ပါတယ္။ ထုိ႔ျပင္ ဘက္တီးရီးယားပိုးေတြကို ကာကြယ္ေပးႏုိင္တဲ့ အစြမ္းသတၱိရွိတဲ့ ေဆးဖက္ဝင္အပင္တစ္မ်ိဳးလည္းျဖစ္ပါတယ္။

- လွ်ာအပူေလာင္ထားတဲ့ေနရာကို ပူစီနံသြားတုိက္ေဆး အနည္းငယ္လိမ္းေပး၍ သြားတိုက္ေဆးေျခာက္သြားသည္အထိ လွ်ာကိုအျပင္ထုတ္ထားပါ။ ထုိ႔ေနာက္တြင္ ေရေအးျဖင့္ ေဆးေပးပါ။ တစ္ေန႔လွ်င္ 2-3 ႀကိမ္ခန္႔ျပဳလုပ္ႏိုင္ပါတယ္။

- ပူစီနံလက္ဖက္ရည္ကို ေခရခဲေသတၱာထဲတြင္ထည့္ထားၿပီးေနာက္ ေအးလာပါက ေျဖးေဆးစြာ ေသာက္သံုးပါ။

- ပူစီနံ ပီကယ္ကိုလည္း မၾကာခဏစားေပးႏုိင္ပါတယ္။

9. ဗီတာမင္ E

        ဗီတာမင္ E အဆီသည္ အပူေလာင္ဒဏ္ရာေၾကာင့္ မသက္မသာျဖစ္ျခင္းကို ခ်က္ခ်င္းေကာင္းမြန္ေစႏုိင္ ပါတယ္။ ထုိ႔ျပင္ လွ်ာတစ္သွ်ဴးမ်ားအသစ္ျဖစ္ေပၚျခင္းကို အကူအညီေပးတာေၾကာင့္ အနာက်က္ျခင္းျဖစ္စဥ္ကို ပိုမိုလ်င္ျမန္ေစပါတယ္။

- ဗီတာမင္ E ေဆးလံုးကို ဖြင့္လုိက္ပါ။

- ေဆးရည္မ်ားကို လွ်ာမ်က္ႏွာျပင္သို႔ေလာင္းခ်ပါ။

- အပူေလာင္ထားတဲ့ေနရာအကုန္လံုးကို ေရာက္ေစရန္ လက္ေခ်ာင္းေလမ်ားျဖင့္ ျဖန္႔ေပးပါ

- ေန႔စဥ္ မၾကာခဏျပဳလုပ္ႏိုင္ပါတယ္။

အျခားသိမွတ္ဖြယ္ရာမ်ား

- ပူေႏြးေသာ (သို႔) ပူလြန္းေသာအရည္မ်ားသည္ အပူေလာင္ဒဏ္ရာကို ပိုဆိုးႏိုင္တာေၾကာင့္ ေရွာင္က်ဥ္ သင့္ပါတယ္။

- အက္ဆစ္ဓာတ္ပါတဲ့ အစားအစာမ်ား (ဥပမာ - ခရမ္းခ်ဥ္သီး၊ အခ်ဥ္ဓာတ္ပါတဲ့ အသီးမ်ား) ကို ေရွာင္က်ဥ္သင့္ပါတယ္။

- အာလူးေၾကာ္ (သုိ႔) ေျမပဲေလွာ္ စတဲ့အေၾကာ္အေလွာ္မ်ားကို ေရွာင္က်ဥ္ပါ။

- အစပ္ပါဝင္တဲ့ အစားအစာေတြဟာ လွ်ာအပူေလာင္ျခင္းကို ပို၍မသက္မသာျဖစ္ေစႏုိင္တာေၾကာင့္ ေရွာင္က်ဥ္ သင့္ပါတယ္။

- ေရေအးေသာက္ျခင္းျဖင့္ လွ်ာႏွင့္ပါးစပ္ကို စိုးစြတ္ေအာင္ျပဳလုပ္ပါ။

- တံေတြးထြက္ျခင္းကို လႈံ႔ေဆာ္ရန္ သၾကားလံုးစားျခင္း၊ ပီေကဝါးျခင္းမ်ား ျပဳလုပ္ႏိုင္ပါတယ္။

- ခံတြင္း အတြင္းရွိနံရံမ်ားကို ေနမထိထုိင္မသာျဖစ္ေအာင္ ျပဳလုပ္ႏိုင္တဲ့အရက္ႏွင့္ အရက္ပါဝင္တဲ့အရည္မ်ား အားလံုးကို ေရွာင္က်ဥ္ပါ။

- ခံတြင္းက်န္းမာေရးကို ဂ႐ုစိုက္ပါ။

- အစားအစာမ်ားကို မစားမေသာက္မီ အပူခ်ိန္ကို အရင္သိေအာင္ျပဳလုပ္ပါ။

- အကယ္၍ မိမိအေျခအေနက သက္သာေကာင္းမြန္မႈမရွိပါက ဆရာဝန္ထံခ်က္ခ်င္းသြားေရာက္ျပသသင့္ ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Thinzar Wynn (drmyanmar)

# Unicode Version ျဖင့္ ဖတ္ပါ #
1. ပါးစပ်ဖြင့် အသက်ရှူပါ

        ပူလွန်းတဲ့အစားအစာတစ်ခုခုကို စားမိလိုက်ပါက ချက်ချင်းထွေးထုတ်ပြီး လျှာကိုအပြင်ထုတ်၍ ပါးစပ်ဖြင့် အသက်ရှူပါ။ ထိုကဲ့သို့ပြုလုပ်ခြင်းဖြင့် လျှာမျက်နှာပြင်သည် လေအေးနှင့်ထိတွေ့လိုက်ရတဲ့အတွက် နာကျင်ခြင်းမှ သက်သာသွားစေနိုင်ပါတယ်။ နောက်ဆုံး နေသာထိုင်သာရှိတဲ့အထိ ဆက်တိုက်လုပ်ဆောင်ပါ။

2. အအေးတစ်ခုခုကို သောက်လိုက်ပါ

        လျှာအပူလောင်သွားပါက ချက်ချင်းအေးတဲ့အရာတစ်ခုခုကို စားလိုက်ပါ။ အပူလောင်သွားတဲ့လျှာရဲ့ အပူချိန်ကိုလျော့ကျစေရုံသာမက ရောင်ရမ်းခြင်းနဲ့ တစ်သျှူးပျက်စီးခြင်းတွေကိုပါ သက်သာစေနိုင်ပါတယ်။

          အအေးကို မမြိုချမီတတ်နိုင်သမျှ ပါးစပ်ထဲမှာကြာကြာငုံထားခြင်းဖြင့် အပူလောင်ခြင်းဝေဒနာကို သက်သာစေပါတယ်။

3. ရေကြက်သီးနွေးငုံပေးပါ။

          အပေါ်က အချက်နဲ့တော့ ဆန့်ကျင်ဘက်ပါပဲ။ 2013 ခုနှစ်မှာပြုလုပ်တဲ့ လေ့လာ စမ်းသပ်မှုတွေ အရ ရေကြက်သီးနွေးငုံပေးခြင်းဟာ အပူလောင်တဲ့ဒဏ်ရာပိုမဆိုးအောင် ဟန့်တားပေးနိုင်တယ်လို့ သိရပါတယ်။ သွေးလည်ပတ်မှုပိုမိုကောင်းမွန်စေတာကြောင့်လည်း တစ်သျှူးတွေပျက်စီးခြင်းကို လျှော့ချနိုင် ပါတယ်။ ထို့ပြင် ဆားသည် ပါးစပ်တွင်းနဲ့ အနာနားတစ်ဝိုက်ပိုးဝင်ခြင်းကိုကာကွယ်ပေးနိုင်တာကြောင့် ဆားရေနွေးက အကောင်းဆုံးအိမ်သုံးဆေးမြီးတိုတစ်ခုပဲဖြစ်ပါတယ်။

- ဆားလက်ဖက်ရည်ဇွန်တစ်ဝက်ကို ရေနွေးတစ်ဖန်ခွက်ဖြင့်ရောမွှေပါ။

- စက္ကန့် 30 ခန့် ပါးစပ်ထဲတွင် ငုံထားပါ။

- လျှာအနာကျက်သည်အထိ တစ်နေ့လျှင် အကြိမ်ပေါင်းများစွာပြုလုပ်ပါ။

4. ပျားရည်

        ပျားရည်သည်လည်း လျှာအနာကျက်စေဖို့အကောင်းဆုံး ဆေးတစ်လက်ဖြစ်ပါတယ်။ ပျက်စီးသွားတဲ့အရေပြားကို ပိုးဝင်ခြင်းမှ ကာကွယ်ပေးနိုင်တဲ့အပြင် သဘာဝအရောင်ကျဆေးအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။

- ပျားရည်လက်ဖက်ရည်တစ်ဇွန်းကို လျှာပေါ်မှာသုတ်လိမ်းပါ။

- မမြိုချမီတတ်နိုင်သလောက် ကြာအောင်လျှာပေါ်တွင်ငုံထားပါ။

- တစ်နေ့လျှင် 2-3 ကြိမ်ခန့် ပြုလုပ်ပါ။

          သတိပြုရန်မှာ ပျားရည်သည် ကလေးများအတွက် အဆိပ်ဖြစ်စေတဲ့ ပိုးတစ်မျိုး ပေါက်ပွားစေနိုင်တာကြောင့် တစ်နှစ်အောက်ကလေးများကို မတိုက်ကျွေးသင့်ပါ။

5. ရှားစောင်းလက်ပတ်

        ရှားစောင်းလက်ပတ်သည် လျှာပေါ်ရှိ ပျက်စီးသွားတဲ့ဆဲလ်တွေကို ပြန်လည်ကောင်းမွန်စေရုံသာမက အနာကျက်စေရန်နှင့် ရောင်ရမ်းနာကျင်ခြင်းသက်သာစေရန်လည်း အထောက်အကူပြုပါတယ်။

- ရှားစောင်းလက်ပတ်အရွက်မှ အနှစ်များကိုခြစ်ယူ၍ လျှာအပူထားတဲ့နေရာပေါ်သို့ တင်ပေးပါ။ တစ်နေ့လျှင် အကြိမ်များစွာပြုလုပ်နိုင်ပါတယ်။

- ရှားစောင်းလက်ပတ်အနှစ်ကို ရေခဲတုံးလေးများပြုလုပ်၍လည်း ငုံပေးနိုင်ပါတယ်။

6. ဒိန်ချဉ်

        ဒိန်ချဉ်သည်လည်း လျှာအပူလောင်ခြင်းမှ ချက်ချင်းသက်သာစေတဲ့ ဆေးမြီးတိုတစ်လက်ဖြစ်ပါတယ်။ ဒိန်ချဉ်ရဲ့အေးမြစေတဲ့ သဘာဝဓာတ်ဖြင့် အပူလောင်ထားတဲ့ဒဏ်ရာမှ အပူငွေ့တွေကို စုပ်ယူပေးနိုင်တာကြောင့် အနာကိုသက်သာစေတဲ့အပြင် နေလို့ကောင်းပါတယ်။

- ရိုးရိုးဒိန်ချဉ်အေးခွက်တစ်ဝက်ကိုယူပါ။

- ဒိန်ချဉ်အနည်းငယ်ကို လျှာပေါ်တွင်တင်၍ စက္ကန့်အနည်းငယ်ကြာအောင် ထားပါ။

- ဒိန်ချဉ်ခွက်တစ်ဝက်ကုန်သည်အထိ ထိုနည်းအတိုင်း စားသုံးပါ။

- နေ့စဉ်မကြာခဏပြုလုပ်ပေးပါ။

7. သကြား

         သကြားသည် အပူလောင်ဒဏ်ရာကြောင့် မသက်မသာဖြစ်ခြင်းကို ကောင်းစွာ ကုစားနိုင်တဲ့ ဆေးကောင်းတစ်လက်ဖြစ်ပါတယ်။ ထို့ပြင် သကြားသည် အရသာခံအာရုံကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။

- လျှာပေါ်သို့ သကြားလက်ဖက်ရည်ဇွန်းတစ်ဇွန်းကိုတင်ပါ။

- အာခေါင်ဖြင့် ထိကပ်၍ သကြားများကို ပျော်အောင်ပြုလုပ်ပါ။

- လိုအပ်မယ်ထင်သလောက် မကြာခဏ လုပ်ဆောင်ပါ။

          သတိပြုရန်မှာ ဤနည်းလမ်းသည် ဆီးချိုရောဂါရှိသူများနှင့် မသင့်တော်ပါ။

8. ပူစီနံ

        ပူစီနံမှာ ပရုတ်ဓာတ်ပါဝင်တာကြောင့် အအေးကိုခံစားလွယ်တဲ့ အာရုံကြောတွေကိုလှုံ့ဆော်၍ အပူလောင်တဲ့နေရာကို ထုံစေကာ ရောင်ရမ်းခြင်းကိုလျော့ကျစေနိုင်ပါတယ်။ ထို့ပြင် ဘက်တီးရီးယားပိုးတွေကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိတဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးလည်းဖြစ်ပါတယ်။

- လျှာအပူလောင်ထားတဲ့နေရာကို ပူစီနံသွားတိုက်ဆေး အနည်းငယ်လိမ်းပေး၍ သွားတိုက်ဆေးခြောက်သွားသည်အထိ လျှာကိုအပြင်ထုတ်ထားပါ။ ထို့နောက်တွင် ရေအေးဖြင့် ဆေးပေးပါ။ တစ်နေ့လျှင် 2-3 ကြိမ်ခန့်ပြုလုပ်နိုင်ပါတယ်။

- ပူစီနံလက်ဖက်ရည်ကို ခေရခဲသေတ္တာထဲတွင်ထည့်ထားပြီးနောက် အေးလာပါက ဖြေးဆေးစွာ သောက်သုံးပါ။

- ပူစီနံ ပီကယ်ကိုလည်း မကြာခဏစားပေးနိုင်ပါတယ်။

9. ဗီတာမင် E

        ဗီတာမင် E အဆီသည် အပူလောင်ဒဏ်ရာကြောင့် မသက်မသာဖြစ်ခြင်းကို ချက်ချင်းကောင်းမွန်စေနိုင် ပါတယ်။ ထို့ပြင် လျှာတစ်သျှူးများအသစ်ဖြစ်ပေါ်ခြင်းကို အကူအညီပေးတာကြောင့် အနာကျက်ခြင်းဖြစ်စဉ်ကို ပိုမိုလျင်မြန်စေပါတယ်။

- ဗီတာမင် E ဆေးလုံးကို ဖွင့်လိုက်ပါ။

- ဆေးရည်များကို လျှာမျက်နှာပြင်သို့လောင်းချပါ။

- အပူလောင်ထားတဲ့နေရာအကုန်လုံးကို ရောက်စေရန် လက်ချောင်းလေများဖြင့် ဖြန့်ပေးပါ

- နေ့စဉ် မကြာခဏပြုလုပ်နိုင်ပါတယ်။

အခြားသိမှတ်ဖွယ်ရာများ

- ပူနွေးသော (သို့) ပူလွန်းသောအရည်များသည် အပူလောင်ဒဏ်ရာကို ပိုဆိုးနိုင်တာကြောင့် ရှောင်ကျဉ် သင့်ပါတယ်။

- အက်ဆစ်ဓာတ်ပါတဲ့ အစားအစာများ (ဥပမာ - ခရမ်းချဉ်သီး၊ အချဉ်ဓာတ်ပါတဲ့ အသီးများ) ကို ရှောင်ကျဉ်သင့်ပါတယ်။

- အာလူးကြော် (သို့) မြေပဲလှော် စတဲ့အကြော်အလှော်များကို ရှောင်ကျဉ်ပါ။

- အစပ်ပါဝင်တဲ့ အစားအစာတွေဟာ လျှာအပူလောင်ခြင်းကို ပို၍မသက်မသာဖြစ်စေနိုင်တာကြောင့် ရှောင်ကျဉ် သင့်ပါတယ်။

- ရေအေးသောက်ခြင်းဖြင့် လျှာနှင့်ပါးစပ်ကို စိုးစွတ်အောင်ပြုလုပ်ပါ။

- တံတွေးထွက်ခြင်းကို လှုံ့ဆော်ရန် သကြားလုံးစားခြင်း၊ ပီကေဝါးခြင်းများ ပြုလုပ်နိုင်ပါတယ်။

- ခံတွင်း အတွင်းရှိနံရံများကို နေမထိထိုင်မသာဖြစ်အောင် ပြုလုပ်နိုင်တဲ့အရက်နှင့် အရက်ပါဝင်တဲ့အရည်များ အားလုံးကို ရှောင်ကျဉ်ပါ။

- ခံတွင်းကျန်းမာရေးကို ဂရုစိုက်ပါ။

- အစားအစာများကို မစားမသောက်မီ အပူချိန်ကို အရင်သိအောင်ပြုလုပ်ပါ။

- အကယ်၍ မိမိအခြေအနေက သက်သာကောင်းမွန်မှုမရှိပါက ဆရာဝန်ထံချက်ချင်းသွားရောက်ပြသသင့် ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Thinzar Wynn (drmyanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top