ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

သံပရိုသီးမ်ားသည္ ကမာၻတစ္၀ွမ္းတြင္ လူမ်ားသေဘာက်ႀကိဳက္ႏွစ္သက္သည့္ အသီးတစ္မ်ိဳးျဖစ္ၿပီး မီးဖိုေခ်ာင္မ်ားတြင္ မရွိမျဖစ္လိုအပ္သည့္ အဓိကစားကုန္တစ္ခုလည္းျဖစ္ပါသည္။ သည့္အျပင္ သံပရိုသီးမ်ားသည္ အတြင္းရွိ အရည္သာမက အျပင္အခြံကိုပါ အက်ိဳးရွိရွိ အသံုးျပဳနိုင္သည့္ အသီးမ်ားထဲတြင္ တစ္ခုအပါအ၀င္ျဖစ္ပါသည္။

သံပရိုသီးအခြံမ်ားတြင္ ဗီတာမင္၊ သတၱဳဓာတ္ ႏွင့္ ဖိုက္ဘာဓာတ္တို႕ ႀကြယ္၀စြာ ပါ၀င္ပါသည္။ သံပရိုသီးအရည္ထက္ သံပရိုသီးအခြံတြင္ ဗီတာမင္စီ ႏွင့္ ေအ၊ ေဖာလိတ္၊ ကယ္လ္စီယမ္၊ မဂၢနီဆီယမ္ ႏွင့္ ပိုတက္စီယမ္ အစရွိသည့္ သတၱဳဓာတ္မ်ား ပိုမိုေပါင္းစပ္ပါ၀င္ပါသည္။

ထုိ႕ႀကာင့္ သံပရိုသီးအခြံမ်ားကို ပံုစံအမ်ိဳးမ်ိဳးျဖင့္ အသံုးျပဳႏိုင္ေႀကာင္း သိရွိေစရန္ စုေပါင္းေဖာ္ျပေပးလိုက္ရပါတယ္။

၁။ အေရျပားက်န္းမာေရးကို တိုးတက္ေစျခင္းskin health

သံပရိုသီးအခြံတြင္ ပါ၀င္သည့္ အက္စစ္ဓာတ္က အသားအေရ၏ ႀကည္လင္မႈ၊ ေတာက္ပမႈ ႏွင့္ ႏူးညံ့မႈတို႕ကို ျဖစ္ေပၚေစရန္ ကူညီေပးႏိုင္ပါသည္။ သည့္အျပင္ သံပရိုသီးအခြံမ်ားသည္ အေရျပားရွိဆဲလ္ေသမ်ားကို ဖယ္ရွားေပးႏိုင္ရံုသာမက ၀က္ျခံမ်ားကိုလည္း ေပ်ာက္ကင္းေစႏိုင္ပါသည္။

၂။ သံပရိုသီးအခြံျဖင့္ လက္ဖက္ရည္ႀကမ္းျပဳလုပ္ႏိုင္ျခင္းlemon teaသံပရိုသီးအရည္ကို ရယူၿပီးေနာက္ အခြံကိုလႊင့္ပစ္မည့္အစား အရသာရွိ၍ က်န္းမာေရးႏွင့္ညီညြတ္သည့္ အိမ္လုပ္လက္ဖက္ရည္ႀကမ္းကို ျပဳလုပ္ႏိုင္မွာျဖစ္ပါသည္။ ဗီတာမင္စီ ႏွင့္ ကိုယ္ခႏၶာအတြက္ေကာင္းမြန္သည့္ အာဟာရဓာတ္မ်ား ေပါင္းစပ္ပါ၀င္သည့္အတြက္ သံပရိုသီးအခြံမ်ားသည္ အစာေခ်ဖ်က္ျခင္း၊ ကိုယ္အေလးခ်ိန္ေလွ်ာ႕ခ်ျခင္း၊ ကိုယ္ခံအားကို တိုးျမွင့္ေပးျခင္း ႏွင့္ အျခားမေရမတြက္ႏိုင္ေသာ ေကာင္းက်ိဳးမ်ားကို ေပးစြမ္းႏိုင္ပါသည္။

၃။ ပုရြက္ဆိတ္မ်ား၏ရန္မွ ကင္းေ၀းေစျခင္းant free

ေနာက္တစ္မ်ိဳးအေနျဖင့္ သံပရိုသီးအခြံကိုအသံုးျပဳကာ ပုရြက္ဆိတ္မ်ားကို ဖယ္ရွားႏိုင္မွာျဖစ္ပါသည္။ သံပရိုသီးအခြံ၏ ခ်ိဳေမြးစူးရွေသာ အနံ႕သည္ ပုရြက္ဆိတ္မ်ားကို ဟန္႕တားႏိုင္သည့္အတြက္ အိမ္ရွိမီးဖိုေခ်ာင္ႏွင့္ အျခားေနရာမ်ားတြင္ ထားရွိပါက ပုရြက္ဆိတ္မ်ား ၀င္ေရာက္မႈကို တားဆီးႏိုင္ပါသည္။

၄။ သန္႕စင္ေဆးတစ္ခုအျဖစ္လည္း အသံုးျပဳႏို္င္ျခင္း

သံပရိုသီးအခြံမ်ားတြင္ အက္စစ္ဓာတ္ပါ၀င္သည့္အတြက္ အဆီမ်ား၊ ပိုးတက္ေနသည့္ေနရာ၊ အရာပစၥည္းမ်ားကို အသစ္အတိုင္းျဖစ္သြားေအာင္ လုပ္ေဆာင္ေပးႏိုင္ပါသည္။ ျပတင္းေပါက္မ်ား၊ မွန္မ်ား၊ ေရပိုက္ေခါင္းမ်ား ႏွင့္ အျခားအိမ္ရွိမ်က္ႏွာျပင္မ်ားကို သန္႕ရွင္းေရးလုပ္ရာတြင္ ထိေရာက္စြာ အသံုးျပဳႏိုင္မွာျဖစ္ပါသည္။

၅။ အ၀ါေရာင္သမ္းေနသည့္ လက္သည္း ႏွင့္ သြားမ်ားကို ျဖဴေဖြးလာေစျခင္းyellow nail and teeth

အ၀ါေရာင္သို႕ေျပာင္းလဲသြားသည့္ လက္သည္းမ်ားကို ျပန္လည္ျဖဴေဖြးလာေစရန္အတြက္ သံပရုိသီးအခြံသည္ အေကာင္းဆံုးေသာ နည္းလမ္းတစ္ခုပင္ျဖစ္ပါသည္။ လက္သည္းမ်ားကို ျပန္လည္ျဖဴေဖြးလာေစရံုသာမက အလြယ္တကူမက်ိဳးပဲ့ႏိုင္ေအာင္လည္း ကူညီေပးမွာျဖစ္ပါသည္။ လက္သည္းမ်ားအျပင္ ကြမ္းစားျခင္း၊ ေဆးလိပ္ေသာက္ျခင္းေႀကာင့္ အေရာင္ေျပာင္းလာသည့္ သြားမ်ားကိုပါ နဂိုမူလအတိုင္း ျပန္လည္ျဖဴေဖြးလာေစဖို႕ လုပ္ေဆာင္ေပးႏိုင္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mystyle

#Unicode Version#
သံပရိုသီးများသည် ကမ္ဘာတစ်ဝှမ်းတွင် လူများသဘောကျကြိုက်နှစ်သက်သည့် အသီးတစ်မျိုးဖြစ်ပြီး မီးဖိုချောင်များတွင် မရှိမဖြစ်လိုအပ်သည့် အဓိကစားကုန်တစ်ခုလည်းဖြစ်ပါသည်။ သည့်အပြင် သံပရိုသီးများသည် အတွင်းရှိ အရည်သာမက အပြင်အခွံကိုပါ အကျိုးရှိရှိ အသုံးပြုနိုင်သည့် အသီးများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။

သံပရိုသီးအခွံများတွင် ဗီတာမင်၊ သတ္တုဓာတ် နှင့် ဖိုက်ဘာဓာတ်တို့ ကြွယ်ဝစွာ ပါဝင်ပါသည်။ သံပရိုသီးအရည်ထက် သံပရိုသီးအခွံတွင် ဗီတာမင်စီ နှင့် အေ၊ ဖောလိတ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ် နှင့် ပိုတက်စီယမ် အစရှိသည့် သတ္တုဓာတ်များ ပိုမိုပေါင်းစပ်ပါဝင်ပါသည်။

ထို့ကြာင့် သံပရိုသီးအခွံများကို ပုံစံအမျိုးမျိုးဖြင့် အသုံးပြုနိုင်ကြောင်း သိရှိစေရန် စုပေါင်းဖော်ပြပေးလိုက်ရပါတယ်။

၁။ အရေပြားကျန်းမာရေးကို တိုးတက်စေခြင်းskin health

သံပရိုသီးအခွံတွင် ပါဝင်သည့် အက်စစ်ဓာတ်က အသားအရေ၏ ကြည်လင်မှု၊ တောက်ပမှု နှင့် နူးညံ့မှုတို့ကို ဖြစ်ပေါ်စေရန် ကူညီပေးနိုင်ပါသည်။ သည့်အပြင် သံပရိုသီးအခွံများသည် အရေပြားရှိဆဲလ်သေများကို ဖယ်ရှားပေးနိုင်ရုံသာမက ဝက်ခြံများကိုလည်း ပျောက်ကင်းစေနိုင်ပါသည်။

၂။ သံပရိုသီးအခွံဖြင့် လက်ဖက်ရည်ကြမ်းပြုလုပ်နိုင်ခြင်းlemon teaသံပရိုသီးအရည်ကို ရယူပြီးနောက် အခွံကိုလွှင့်ပစ်မည့်အစား အရသာရှိ၍ ကျန်းမာရေးနှင့်ညီညွတ်သည့် အိမ်လုပ်လက်ဖက်ရည်ကြမ်းကို ပြုလုပ်နိုင်မှာဖြစ်ပါသည်။ ဗီတာမင်စီ နှင့် ကိုယ်ခန္ဓာအတွက်ကောင်းမွန်သည့် အာဟာရဓာတ်များ ပေါင်းစပ်ပါဝင်သည့်အတွက် သံပရိုသီးအခွံများသည် အစာချေဖျက်ခြင်း၊ ကိုယ်အလေးချိန်လျှော့ချခြင်း၊ ကိုယ်ခံအားကို တိုးမြှင့်ပေးခြင်း နှင့် အခြားမရေမတွက်နိုင်သော ကောင်းကျိုးများကို ပေးစွမ်းနိုင်ပါသည်။

၃။ ပုရွက်ဆိတ်များ၏ရန်မှ ကင်းဝေးစေခြင်းant free

နောက်တစ်မျိုးအနေဖြင့် သံပရိုသီးအခွံကိုအသုံးပြုကာ ပုရွက်ဆိတ်များကို ဖယ်ရှားနိုင်မှာဖြစ်ပါသည်။ သံပရိုသီးအခွံ၏ ချိုမွေးစူးရှသော အနံ့သည် ပုရွက်ဆိတ်များကို ဟန့်တားနိုင်သည့်အတွက် အိမ်ရှိမီးဖိုချောင်နှင့် အခြားနေရာများတွင် ထားရှိပါက ပုရွက်ဆိတ်များ ဝင်ရောက်မှုကို တားဆီးနိုင်ပါသည်။

၄။ သန့်စင်ဆေးတစ်ခုအဖြစ်လည်း အသုံးပြုနိုင်ခြင်း

သံပရိုသီးအခွံများတွင် အက်စစ်ဓာတ်ပါဝင်သည့်အတွက် အဆီများ၊ ပိုးတက်နေသည့်နေရာ၊ အရာပစ္စည်းများကို အသစ်အတိုင်းဖြစ်သွားအောင် လုပ်ဆောင်ပေးနိုင်ပါသည်။ ပြတင်းပေါက်များ၊ မှန်များ၊ ရေပိုက်ခေါင်းများ နှင့် အခြားအိမ်ရှိမျက်နှာပြင်များကို သန့်ရှင်းရေးလုပ်ရာတွင် ထိရောက်စွာ အသုံးပြုနိုင်မှာဖြစ်ပါသည်။

၅။ အဝါရောင်သမ်းနေသည့် လက်သည်း နှင့် သွားများကို ဖြူဖွေးလာစေခြင်းyellow nail and teeth

အဝါရောင်သို့ပြောင်းလဲသွားသည့် လက်သည်းများကို ပြန်လည်ဖြူဖွေးလာစေရန်အတွက် သံပရိုသီးအခွံသည် အကောင်းဆုံးသော နည်းလမ်းတစ်ခုပင်ဖြစ်ပါသည်။ လက်သည်းများကို ပြန်လည်ဖြူဖွေးလာစေရုံသာမက အလွယ်တကူမကျိုးပဲ့နိုင်အောင်လည်း ကူညီပေးမှာဖြစ်ပါသည်။ လက်သည်းများအပြင် ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်းကြောင့် အရောင်ပြောင်းလာသည့် သွားများကိုပါ နဂိုမူလအတိုင်း ပြန်လည်ဖြူဖွေးလာစေဖို့ လုပ်ဆောင်ပေးနိုင်ပါသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: Mystyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top