၂၀၂၀ ခုႏွစ္တြင္ သိန္း ၂၇၀၀ မျဖစ္လွ်င္ ေငြျပန္အမ္းမည့္ Sanchaung Garden ကြန္ဒိုအေရာင္းျပပြဲ
×

ရထားနဲ႔တုိက္မိလုဆဲဆဲျဖစ္ေနတဲ့ ကားထဲက သတိလစ္ေနတဲ့ ယာဥ္ေမာင္းကုိ ရဲအရာရွိတစ္ဦးက ဆြဲထုတ္ၿပီး အသက္ကယ္ႏုိင္ခဲ့ပါတယ္။ အေမရိကန္ႏုိင္ငံ အရီဇုိးနားျပည္နယ္ ျပည္သူ႔လုံၿခံဳေရးဌာနမွ တာဝန္ထမ္းေဆာင္တဲ့ ကင္းလွည့္ ရဲအရာရွိ ဟင္နရီဟာ ကားေမာင္းၿပီး အိမ္ျပန္လာတုန္း နယူးမကၠဆီကုိျပည္နယ္ မက္ကင္ေလးစီရင္စု ရထားလမ္းေပၚက ကားတစ္စီးကုိ ေတြ႕ရွိခဲ့တာပါ။ နယူးမကၠဆီကုိျပည္နယ္ဆုိတာ အရီဇုိးနားျပည္နယ္နဲ႔ ကပ္လ်က္တည္ရွိတာပါ။

ဟင္နရီက ကားနားကုိ ခ်ဥ္းကပ္သြားခ်ိန္မွာ ယာဥ္ေမာငး္ထုိင္ခုံမွာ သတိလစ္ေနတဲ့ အသက္ ၅၆ ႏွစ္အရြယ္ ကစားသမား ဆမ္ပဆန္ကုိ ေတြ႕ရွိခဲ့ပါတယ္။ ဟင္နရီက ကားထဲကုိဝင္ၿပီး ဆမ္ပဆန္ရဲ႕ ထုိင္ခုံခါးပတ္ကုိ ျဖဳတ္ေနတုန္း ရထားကလည္း အနီးနားက လမ္းေကြ႔ကုိ ေရာက္ေနပါၿပီ။ အဲဒီအခ်ိန္မွာ သတိျပန္လည္လာတဲ့ ဆမ္ပဆန္က ဟင္နရီကုိ အေၾကာက္အကန္လုပ္ခဲ့ေပမယ့္ ခႏၶာကုိယ္ အေလးခ်ိန္
ေပါင္ ၃၀၀ ရွိတဲ့ ဆမ္ပဆန္ကုိ ဟင္နရီက ရထားလမ္းကေန ၂၅ ေပ အကြာအထိ ဆြဲေခၚႏုိင္ခဲ့ပါတယ္။

စကၠန္႔ပုိင္းအၾကာမွာပဲ ဆမ္ပဆန္ရဲ႕ကားကုိ ရထားက ဝင္တုိက္မိခဲ့ၿပီးေပ ၁၅၀ အကြာအထိ လြင့္စင္သြားခဲ့ပါတယ္။ ဒီေနာက္မွာေတာ့ ဆမ္ပဆန္က သူ႔အသက္ကုိ ကယ္ေပးခဲ့တဲ့အတြက္ ေက်းဇူးတင္ စကားဆုိခဲ့တယ္လုိ႔ ဟင္နရီက ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: PTH

# Unicode Version ျဖင့္ ဖတ္ရန္ #
ရထားနဲ့တိုက်မိလုဆဲဆဲဖြစ်နေတဲ့ ကားထဲက သတိလစ်နေတဲ့ ယာဉ်မောင်းကို ရဲအရာရှိတစ်ဦးက ဆွဲထုတ်ပြီး
အသက်ကယ်နိုင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် ပြည်သူ့လုံခြုံရေးဌာနမှ တာဝန်ထမ်းဆောင်တဲ့ ကင်းလှည့် ရဲအရာရှိ
ဟင်နရီဟာ ကားမောင်းပြီး အိမ်ပြန်လာတုန်း နယူးမက္ကဆီကိုပြည်နယ် မက်ကင်လေးစီရင်စု ရထားလမ်းပေါ်က ကားတစ်စီးကို တွေ့ရှိခဲ့တာပါ။ နယူးမက္ကဆီကိုပြည်နယ်ဆိုတာ အရီဇိုးနားပြည်နယ်နဲ့ ကပ်လျက်တည်ရှိတာပါ။

ဟင်နရီက ကားနားကို ချဉ်းကပ်သွားချိန်မှာ ယာဉ်မောင်းထိုင်ခုံမှာ သတိလစ်နေတဲ့ အသက် ၅၆ နှစ်အရွယ် ကစားသမား ဆမ်ပဆန်ကို တွေ့ရှိခဲ့ပါတယ်။ ဟင်နရီက ကားထဲကိုဝင်ပြီး ဆမ်ပဆန်ရဲ့ ထိုင်ခုံခါးပတ်ကို ဖြုတ်နေတုန်း ရထားကလည်း အနီးနားက လမ်းကွေ့ကို
ရောက်နေပါပြီ။ အဲဒီအချိန်မှာ သတိပြန်လည်လာတဲ့ ဆမ်ပဆန်က ဟင်နရီကို အကြောက်အကန်လုပ်ခဲ့ပေမယ့် ခန္ဓာကိုယ် အလေးချိန်
ပေါင် ၃၀၀ ရှိတဲ့ ဆမ်ပဆန်ကို ဟင်နရီက ရထားလမ်းကနေ ၂၅ ပေ အကွာအထိ ဆွဲခေါ်နိုင်ခဲ့ပါတယ်။

စက္ကန့်ပိုင်းအကြာမှာပဲ ဆမ်ပဆန်ရဲ့ကားကို ရထားက ဝင်တိုက်မိခဲ့ပြီးပေ ၁၅၀ အကွာအထိ လွင့်စင်သွားခဲ့ပါတယ်။ ဒီနောက်မှာတော့
ဆမ်ပဆန်က သူ့အသက်ကို ကယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင် စကားဆိုခဲ့တယ်လို့ ဟင်နရီက ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: PTH
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top