ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

သာေကတၿမိဳ႕နယ္၊ ၁၀/ေျမာက္ ရပ္ကြက္ရွိ တိုက္ခန္းတစ္ခုတြင္ ဇန္နဝါရီလ ၉ ရက္ နံနက္ ၄ နာရီခြဲခန္႔က ဇနီးျဖစ္သူႏွင့္ အိမ္ ေထာင္ေရးကိစၥ စကားမ်ား ရန္ျဖစ္ၿပီး အသက္ ၃၆ ႏွစ္အ႐ြယ္ သေဘၤာသားတစ္ဦး ႀကိဳးဆြဲခ် အဆံုးစီရင္သြားေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႔ထံမွ စံုစမ္းသိရသည္။

လူတစ္ဦး ႀကိဳးဆြဲခ်ေသဆံုးေနေၾကာင္း သတင္းအရ သာေကတ နယ္ေျမရဲစခန္းမွ ရဲတပ္ဖြဲ႔ဝင္မ်ားက သြားေရာက္စစ္ေဆးရာ ျပည္ပ သေဘၤာသား လုပ္ကိုင္ေနသူ အသက္ ၃၆ ႏွစ္အ႐ြယ္ အမ်ိဳးသားသည္ ယင္းေန႔က ဇနီးျဖစ္သူႏွင့္ အိမ္ေထာင္ေရးကိစၥ စကားမ်ား ရန္ျဖစ္ကာ အရက္ အလြန္အကၽြံ ေသာက္သံုးၿပီး ေနအိမ္ ေနာက္ေဖး စတိုခန္းအတြင္းရွိ ျမားတန္းေပၚတြင္ ႀကိဳးဆြဲခ် အဆံုးစီရင္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ၎၏႐ုပ္အေလာင္းကို ရန္ကုန္ ျပည္သူ႔ေဆး႐ံုႀကီးသို႔ ပို႔ေဆာင္ၿပီး ဓမၼတာအတိုင္း ေသဆံုးျခင္း ဟုတ္၊ မဟုတ္ သိရွိႏိုင္ရန္ သာေကတနယ္ေျမ ရဲစခန္းက ေသမႈ ေသခင္း အမွတ္စဥ္ ၁/၁၈ ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း ယင္းရဲတပ္ဖြဲ႔ထံမွ သိရသည္။

“မိန္းမနဲ႔ လူမႈေရးကိစၥ စကားမ်ား ရန္ျဖစ္တာ၊ သေဘၤာသားလို႔ပဲ သိရတယ္။ ဘယ္ကုမၸဏီကလဲ ဆိုတာေတာ့ မသိရေသးဘူး၊ အိမ္ေထာင္ေရးကိစၥ အဆင္မေျပေတာ့ အရက္ေတြ ဆက္တိုက္ေသာက္ၿပီး ႀကိဳးဆြဲခ်ေသသြားတာပါ။ ျပင္ပဒဏ္ရာ မေတြ႔ရပါဘူး”ဟု ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႔မွ ရဲအရာရွိတစ္ဦးက ရွင္းျပသည္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္း ၂၀၁၇ ခုႏွစ္၌ ေသမႈေသခင္းေပါင္း ၂၆ မ်ိဳးတြင္ ႀကိဳးဆြဲခ်ေသဆံုးသူ ၁၇၆ ဦးရွိၿပီး ယင္းႀကိဳးဆြဲခ်ေသဆံုးသူမ်ားတြင္ စိတ္ဆင္းရဲ၍ အရက္အလြန္အကၽြံ ေသာက္သံုးကာ ႀကိဳးဆြဲခ်အဆံုးစီရင္မႈ မ်ားျပားေၾကာင္း၊ ယင္းေသမႈေသခင္းမ်ားတြင္ မိမိကိုယ္ကိုယ္ ဓားႏွင့္ထိုးေသဆံုးမႈ ၃ မႈ၊ အရက္ အမူးလြန္ ေသဆံုးမႈ ၁၈၆ မႈ၊ ေဆးမွားေသာက္၊ ေဆးသံုး ေသဆံုးမႈ ၃ မႈရွိခဲ့ၿပီး မိမိကိုယ္ကိုယ္ ေသနတ္ပစ္အဆံုးစီရင္မႈမရွိေၾကာင္း ရဲတပ္ဖြဲ႔ထံမွ စံုစမ္းသိရသည္။      

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thevoice

#Unicode Version#
သာကေတမြို့နယ်၊ ၁၀/မြောက် ရပ်ကွက်ရှိ တိုက်ခန်းတစ်ခုတွင် ဇန်နဝါရီလ ၉ ရက် နံနက် ၄ နာရီခွဲခန့်က ဇနီးဖြစ်သူနှင့် အိမ်ထောင်ရေးကိစ္စ စကားများ ရန်ဖြစ်ပြီး အသက် ၃၆ နှစ်အရွယ် သင်္ဘောသားတစ်ဦး ကြိုးဆွဲချ အဆုံးစီရင်သွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

လူတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း သတင်းအရ သာကေတ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ပြည်ပ သင်္ဘောသား လုပ်ကိုင်နေသူ အသက် ၃၆ နှစ်အရွယ် အမျိုးသားသည် ယင်းနေ့က ဇနီးဖြစ်သူနှင့် အိမ်ထောင်ရေးကိစ္စ စကားများ ရန်ဖြစ်ကာ အရက် အလွန်အကျွံ သောက်သုံးပြီး နေအိမ် နောက်ဖေး စတိုခန်းအတွင်းရှိ မြားတန်းပေါ်တွင် ကြိုးဆွဲချ အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း၏ရုပ်အလောင်းကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် သိရှိနိုင်ရန် သာကေတနယ်မြေ ရဲစခန်းက သေမှု သေခင်း အမှတ်စဉ် ၁/၁၈ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“မိန်းမနဲ့ လူမှုရေးကိစ္စ စကားများ ရန်ဖြစ်တာ၊ သင်္ဘောသားလို့ပဲ သိရတယ်။ ဘယ်ကုမ္ပဏီကလဲ ဆိုတာတော့ မသိရသေးဘူး၊ အိမ်ထောင်ရေးကိစ္စ အဆင်မပြေတော့ အရက်တွေ ဆက်တိုက်သောက်ပြီး ကြိုးဆွဲချသေသွားတာပါ။ ပြင်ပဒဏ်ရာ မတွေ့ရပါဘူး”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ်၌ သေမှုသေခင်းပေါင်း ၂၆ မျိုးတွင် ကြိုးဆွဲချသေဆုံးသူ ၁၇၆ ဦးရှိပြီး ယင်းကြိုးဆွဲချသေဆုံးသူများတွင် စိတ်ဆင်းရဲ၍ အရက်အလွန်အကျွံ သောက်သုံးကာ ကြိုးဆွဲချအဆုံးစီရင်မှု များပြားကြောင်း၊ ယင်းသေမှုသေခင်းများတွင် မိမိကိုယ်ကိုယ် ဓားနှင့်ထိုးသေဆုံးမှု ၃ မှု၊ အရက် အမူးလွန် သေဆုံးမှု ၁၈၆ မှု၊ ဆေးမှားသောက်၊ ဆေးသုံး သေဆုံးမှု ၃ မှုရှိခဲ့ပြီး မိမိကိုယ်ကိုယ် သေနတ်ပစ်အဆုံးစီရင်မှုမရှိကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။      


ဖိုးသူတော် (www.phothutaw.com)
Credit: thevoice
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top