န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

မဂၤလာပါေနာ္။ ခ်ိဳင္းၾကားအသားအေရေလး မည္းေနလို႔ စိတ္ညစ္ေနလား။ ခ်ိဳင္းၾကားအသားအေရ မည္းညစ္ေနတယ္ဆိုရင္ေတာ့ သင့္ကိုယ္သင္ ယံုၾကည္မႈ ရွိမွာမဟုတ္သလို အက်ၤ ီ လက္ျပတ္လည္း ဝတ္ရတာ အဆင္ေျပမွာမဟုတ္ပါဘူးေနာ္။ ဒါေၾကာင့္ ခ်ိဳင္းၾကားအသားအေရေလး ျဖဴဝင္းၿပီး သင့္ကိုယ္သင္ ယံုၾကည္မႈအျပည့္ရွိဖို႔အတြက္ နည္းလမ္းေကာင္းေတြကို မွ်ေဝေပးခ်င္ပါတယ္။

၁။ သခြားသီး

သခြားသီးဟာ မ်က္ကြင္းညိဳတာ၊ မ်က္အိတ္ေယာင္တာကို သက္သာေစရံုသာမက ခ်ိဳင္းၾကားအသားအေရကိုလည္း ျဖဴဝင္းေစပါတယ္။ ဒါ့ေၾကာင့္သခြားသီးကို ပါးပါးလွီးၿပီး ခ်ိဳင္းၾကားမွာ ကပ္ေပးလိုက္ပါ။ ၿပီးရင္ ၁၅ မိနစ္ေလာက္ထားၿပီး ေရေဆးခ်လိုက္ပါ။

၂။ အာလူး

အာလူးကလည္း သင့္ရဲ႕ မ်က္ကြင္းညိဳတာကိုသက္သာေစသလို ခ်ိဳင္းၾကားအသားအေရကိုလည္း ျဖဴဝင္းေစပါတယ္။ ဒါ့ေၾကာင့္ အာလူးစိမ္းကို ပါးပါးလွီးၿပီး ေသခ်ာေလး ႀကိတ္လိုက္ပါ။ ၿပီးရင္ ခ်ိဳင္းၾကားမွာလိမ္းေပးၿပီး ၁၅ မိနစ္ေလာက္ထားပါ။ အဲဒီေနာက္ ေရေဆးခ်လိုက္ပါ။

၃။ သၾကား

သၾကားကလည္း ဆဲလ္ေသေတြ၊ အညစ္အေၾကးေတြကို ဖယ္ရွားေစၿပီး ခ်ိဳင္းၾကားအသားအေရကို ျဖဴဝင္းေစပါတယ္။ သၾကားကို ပ်ားရည္နဲ႔ ေရာၿပီး ခ်ိဳင္းေအာက္မွာ လိမ္းေပးလိုက္ပါ။ ၿပီးသြားရင္ေတာ့ ၁၅ မိနစ္ေလာက္ထားၿပီး ေရေဆးခ်လိုက္ပါ။

၄။ ဒိန္ခ်ဥ္

ဒိန္ခ်ဥ္ကလည္း ခ်ိဳင္းၾကားက အမည္းစက္ေတြကို သက္သာေစႏိုင္ပါတယ္။ ခ်ိဳင္းၾကားအသားအေရအတြက္ ဒိန္ခ်ဥ္ကို ခ်ိဳင္းေအာက္မွာ လိမ္းေပးလိုက္ၿပီး ၁၅ မိနစ္ေလာက္ထားပါ။ ၿပီးရင္ ေရေဆးခ်လိုက္ပါ။

၅။ သေဘၤာသီး

သေဘၤာသီးကလည္း သင့္အသားအေရအတြက္ ေကာင္းမြန္ပါတယ္။ သေဘၤာသီးမွည့္ကို က်ိတ္လိုက္ၿပီး ႀကိဳင္းၾကားမွာ လိမ္းေပးလုိက္ပါ။ ၿပီးရင္ ၁၅ မိနစ္ေလာက္ထားၿပီး ေရေဆးခ်ပါ။

တစ္ခုခ်င္းဆီကို ေန႕တိုင္းလုပ္ေပးႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mystyle
#Unicode Version#
မင်္ဂလာပါနော်။ ချိုင်းကြားအသားအရေလေး မည်းနေလို့ စိတ်ညစ်နေလား။ ချိုင်းကြားအသားအရေ မည်းညစ်နေတယ်ဆိုရင်တော့ သင့်ကိုယ်သင် ယုံကြည်မှု ရှိမှာမဟုတ်သလို အင်္ကျ ီ လက်ပြတ်လည်း ဝတ်ရတာ အဆင်ပြေမှာမဟုတ်ပါဘူးနော်။ ဒါကြောင့် ချိုင်းကြားအသားအရေလေး ဖြူဝင်းပြီး သင့်ကိုယ်သင် ယုံကြည်မှုအပြည့်ရှိဖို့အတွက် နည်းလမ်းကောင်းတွေကို မျှဝေပေးချင်ပါတယ်။

၁။ သခွားသီး

သခွားသီးဟာ မျက်ကွင်းညိုတာ၊ မျက်အိတ်ယောင်တာကို သက်သာစေရုံသာမက ချိုင်းကြားအသားအရေကိုလည်း ဖြူဝင်းစေပါတယ်။ ဒါ့ကြောင့်သခွားသီးကို ပါးပါးလှီးပြီး ချိုင်းကြားမှာ ကပ်ပေးလိုက်ပါ။ ပြီးရင် ၁၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။

၂။ အာလူး

အာလူးကလည်း သင့်ရဲ့ မျက်ကွင်းညိုတာကိုသက်သာစေသလို ချိုင်းကြားအသားအရေကိုလည်း ဖြူဝင်းစေပါတယ်။ ဒါ့ကြောင့် အာလူးစိမ်းကို ပါးပါးလှီးပြီး သေချာလေး ကြိတ်လိုက်ပါ။ ပြီးရင် ချိုင်းကြားမှာလိမ်းပေးပြီး ၁၅ မိနစ်လောက်ထားပါ။ အဲဒီနောက် ရေဆေးချလိုက်ပါ။

၃။ သကြား

သကြားကလည်း ဆဲလ်သေတွေ၊ အညစ်အကြေးတွေကို ဖယ်ရှားစေပြီး ချိုင်းကြားအသားအရေကို ဖြူဝင်းစေပါတယ်။ သကြားကို ပျားရည်နဲ့ ရောပြီး ချိုင်းအောက်မှာ လိမ်းပေးလိုက်ပါ။ ပြီးသွားရင်တော့ ၁၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။

၄။ ဒိန်ချဉ်

ဒိန်ချဉ်ကလည်း ချိုင်းကြားက အမည်းစက်တွေကို သက်သာစေနိုင်ပါတယ်။ ချိုင်းကြားအသားအရေအတွက် ဒိန်ချဉ်ကို ချိုင်းအောက်မှာ လိမ်းပေးလိုက်ပြီး ၁၅ မိနစ်လောက်ထားပါ။ ပြီးရင် ရေဆေးချလိုက်ပါ။

၅။ သင်္ဘောသီး

သင်္ဘောသီးကလည်း သင့်အသားအရေအတွက် ကောင်းမွန်ပါတယ်။ သင်္ဘောသီးမှည့်ကို ကျိတ်လိုက်ပြီး ကြိုင်းကြားမှာ လိမ်းပေးလိုက်ပါ။ ပြီးရင် ၁၅ မိနစ်လောက်ထားပြီး ရေဆေးချပါ။

တစ်ခုချင်းဆီကို နေ့တိုင်းလုပ်ပေးနိုင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: mystyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top