AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

မကၠဆီကို လူေမွာင္ခိုသမားေတြလက္ထဲကို အသက္ ၁၂ႏွစ္အရြယ္မွာ တရားမဝင္ေရာက္သြားၿပီးတဲ႔ေနာက္ အဲ႔ဒီ႔ ေကာင္မေလး ဟာ ၄ႏွစ္တာအခ်ိန္အတြင္း အႀကိမ္ေပါင္း ခန္႔မွန္းေျခ ၄၃၂၀၀ မုဒိန္း အက်င္႔ခံခဲ႔ရတယ္လို႔ သတင္း ရရွိပါတယ္။အခုလို ထိတ္လန္႔ဖြယ္ လူကုန္ကူးမႈေတြကို သတိထားလာၾကေစဖို႔ ေမွ်ာ္လင္႔တဲ႔အေနနဲ႔ Karla Jacinto ဟာ သူ႔ရဲ႕ ေၾကကြဲဖြယ္ဇာတ္လမ္းကို ေဝငွခဲ႔ပါတယ္။ လူေမွာင္ခိုကူးမႈေတြက ကမာၻ႔အႏွံ႔က မေရမတြက္ႏုိင္တဲ႔ မိန္းကေလး ေတြရဲ႕ ဘဝကို ဖ်က္စီးေနတာပါ။Jacinto ဟာ သူ႔ မိခင္ ရဲ႕ လ်စ္လ်ဴရႈမႈကို အျမဲခံခဲ႔ရၿပီး ငယ္စဥ္ကတည္းက အလြဲသံုးစားလုပ္မႈကို ခံခဲ႔ရတယ္လို႔ သူကေျပာပါတယ္။

‘သမီး က ပံုမွန္မဟုတ္တဲ႔ မိသားစု ကေနလာတာပါ။ အသက္ ၅ႏွစ္ကတည္းက အမ်ိဳးတစ္ေယာက္ရဲ႕ လိင္ပိုင္းအလြဲသံုးစားလုပ္မႈကို ခံခဲ႔ရတယ္။” လို႔ သူက CNN ကိုေျပာျပခဲ႔ပါတယ္။

သူ အသက္ ၁၂ႏွစ္တုန္းက ေျမေအာက္ဘူတာရံုမွာ သူငယ္ခ်င္း ေတြကိုေစာင္႔ေနတုန္း လိင္ကုန္ကူးသမားတစ္ဦးကေန သူ႔ကိုပစ္မွတ္ထားခဲ႔ၿပီး စကားလံုးလွလွေတြသံုးကာ အရမ္းျမန္တဲ႔ကားတစ္စီးနဲ႔ ေခၚသြားတာကို ခံခဲ႔ရတယ္လို႔ ဆိုပါတယ္။ အဲ႔ဒီ႔လူႀကီးက အသံုးျပဳၿပီးသား ကား အေရာင္းသမား တစ္ဦးျဖစ္ၿပီး သူငယ္ငယ္တုန္းကလည္း အလြဲသံုးစားလုပ္ခံခဲ႔ရတယ္လို႔ ဆိုပါတယ္။ လူႀကီးက အရမ္းၾကင္နာဖို႔ေကာင္းၿပီး ဖုန္းနံပါတ္ေတြ အျပန္အလွန္ေပးခဲ႔မိၾကတယ္လို႔ သူက ေျပာပါတယ္။

“သူ သမီး ကိုစေခၚသြားတုန္းက သူ႔အသက္က ၂၂ႏွစ္ပဲ။ သူနဲ႔ သမီး ၃လေလာက္ေနတဲ႔အခ်ိန္အတြင္းမွာ ေကာင္းေကာင္းမြန္မြန္ဆက္ဆံပါတယ္။ သူ သမီးကိုခ်စ္ခဲ႔တယ္။ အဝတ္ေတြ၊ ဖိနပ္ေတြ၊ ပန္းေတြ၊ ေခ်ာကလက္ေတြ ဝယ္ေပးခဲ႔၊ ဂရုစိုက္ခဲ႔ၿပီး အရာရာက လွပခဲ႔တယ္။” လို႔ သူက ေျပာပါတယ္။
ေနာက္ေတာ႔ သူ႔ကို ျပည္႔တန္ဆာအျဖစ္ ခိုင္းေစခဲ႔ၿပီး တစ္ေန႔ကို ေဖာက္သည္ အေယာက္ ၃၀ႏႈန္းနဲ႔ ရက္ပ်က္မရွိဘူးလို႔ သိရပါတယ္။ သူဟာ အရိုက္ႏွက္ခံ၊ အထိုးခံ၊ ဆံပင္ဆြဲခံခဲ႔ရပါတယ္။ မီးပူနဲ႔ေတာင္ အကပ္ခံခဲ႔ရတယ္လို႔ ဆိုပါတယ္။
မကၠဆီကိုၿမိဳ႕ လူကုန္ကူးမႈတိုက္ဖ်က္ စစ္ဆင္ေရးမွာ သူဟာ ကယ္ဆယ္ခံခဲ႔ရၿပီး အဲ႔တုန္းက သူဟာ အသက္ ၁၆ႏွစ္ပါ။ အခု အသက္ ၂၃ႏွစ္အရြယ္မွာေတာ႔ အမ်ားျပည္သူ ပြဲေတြ၊ အစည္းအေဝးေတြမွာ သူ႔ရဲ႕ ရွင္သန္လြတ္ေျမာက္လာတဲ႔ အေၾကာင္းေတြကို ေဝငွလ်က္ရွိၿပီး လူကုန္ကူးမႈကို တိုက္ဖ်က္ေနတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin

#Unicode version#
မက္ကဆီကို လူမှောင်ခိုသမားတွေလက်ထဲကို အသက် ၁၂နှစ်အရွယ်မှာ တရားမဝင်ရောက်သွားပြီးတဲ့နောက် အဲ့ဒီ့ ကောင်မလေး ဟာ ၄နှစ်တာအချိန်အတွင်း အကြိမ်ပေါင်း ခန့်မှန်းခြေ ၄၃၂၀၀ မုဒိန်း အကျင့်ခံခဲ့ရတယ်လို့ သတင်း ရရှိပါတယ်။အခုလို ထိတ်လန့်ဖွယ် လူကုန်ကူးမှုတွေကို သတိထားလာကြစေဖို့ မျှော်လင့်တဲ့အနေနဲ့ Karla Jacinto ဟာ သူ့ရဲ့ ကြေကွဲဖွယ်ဇာတ်လမ်းကို ဝေငှခဲ့ပါတယ်။ လူမှောင်ခိုကူးမှုတွေက ကမ္ဘာ့အနှံ့က မရေမတွက်နိုင်တဲ့ မိန်းကလေး တွေရဲ့ ဘဝကို ဖျက်စီးနေတာပါ။Jacinto ဟာ သူ့ မိခင် ရဲ့ လျစ်လျူရှုမှုကို အမြဲခံခဲ့ရပြီး ငယ်စဉ်ကတည်းက အလွဲသုံးစားလုပ်မှုကို ခံခဲ့ရတယ်လို့ သူကပြောပါတယ်။

‘သမီး က ပုံမှန်မဟုတ်တဲ့ မိသားစု ကနေလာတာပါ။ အသက် ၅နှစ်ကတည်းက အမျိုးတစ်ယောက်ရဲ့ လိင်ပိုင်းအလွဲသုံးစားလုပ်မှုကို ခံခဲ့ရတယ်။” လို့ သူက CNN ကိုပြောပြခဲ့ပါတယ်။

သူ အသက် ၁၂နှစ်တုန်းက မြေအောက်ဘူတာရုံမှာ သူငယ်ချင်း တွေကိုစောင့်နေတုန်း လိင်ကုန်ကူးသမားတစ်ဦးကနေ သူ့ကိုပစ်မှတ်ထားခဲ့ပြီး စကားလုံးလှလှတွေသုံးကာ အရမ်းမြန်တဲ့ကားတစ်စီးနဲ့ ခေါ်သွားတာကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။ အဲ့ဒီ့လူကြီးက အသုံးပြုပြီးသား ကား အရောင်းသမား တစ်ဦးဖြစ်ပြီး သူငယ်ငယ်တုန်းကလည်း အလွဲသုံးစားလုပ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ လူကြီးက အရမ်းကြင်နာဖို့ကောင်းပြီး ဖုန်းနံပါတ်တွေ အပြန်အလှန်ပေးခဲ့မိကြတယ်လို့ သူက ပြောပါတယ်။

“သူ သမီး ကိုစခေါ်သွားတုန်းက သူ့အသက်က ၂၂နှစ်ပဲ။ သူနဲ့ သမီး ၃လလောက်နေတဲ့အချိန်အတွင်းမှာ ကောင်းကောင်းမွန်မွန်ဆက်ဆံပါတယ်။ သူ သမီးကိုချစ်ခဲ့တယ်။ အဝတ်တွေ၊ ဖိနပ်တွေ၊ ပန်းတွေ၊ ချောကလက်တွေ ဝယ်ပေးခဲ့၊ ဂရုစိုက်ခဲ့ပြီး အရာရာက လှပခဲ့တယ်။” လို့ သူက ပြောပါတယ်။
နောက်တော့ သူ့ကို ပြည့်တန်ဆာအဖြစ် ခိုင်းစေခဲ့ပြီး တစ်နေ့ကို ဖောက်သည် အယောက် ၃၀နှုန်းနဲ့ ရက်ပျက်မရှိဘူးလို့ သိရပါတယ်။ သူဟာ အရိုက်နှက်ခံ၊ အထိုးခံ၊ ဆံပင်ဆွဲခံခဲ့ရပါတယ်။ မီးပူနဲ့တောင် အကပ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
မက္ကဆီကိုမြို့ လူကုန်ကူးမှုတိုက်ဖျက် စစ်ဆင်ရေးမှာ သူဟာ ကယ်ဆယ်ခံခဲ့ရပြီး အဲ့တုန်းက သူဟာ အသက် ၁၆နှစ်ပါ။ အခု အသက် ၂၃နှစ်အရွယ်မှာတော့ အများပြည်သူ ပွဲတွေ၊ အစည်းအဝေးတွေမှာ သူ့ရဲ့ ရှင်သန်လွတ်မြောက်လာတဲ့ အကြောင်းတွေကို ဝေငှလျက်ရှိပြီး လူကုန်ကူးမှုကို တိုက်ဖျက်နေတယ်လို့ သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top