ပဲခူးတုိင္းေဒသႀကီး ကၫြတ္ကြင္းၿမိဳ႕နယ္ ကင္ပြန္းၿခံဳ ေက်းရြာတြင္ တူးေျမာင္းအတြင္း ခ႐ုဆင္းေကာက္သည့္ မိန္းက ေလးငယ္ႏွစ္ဦး ေရနစ္ေသဆံုးမႈ ဇန္နဝါရီ ၂၈ ရက္ ေန႔လယ္က ျဖစ္ပြားခဲ့သည္။
အသက္ (၁၄)ႏွင့္ (၁၅)ႏွစ္ အရြယ္ မိန္းကေလးႏွစ္ဦးသည္ ဆီးသီးေကာက္ၿပီးအျပန္ ဟင္းစားရရန္ တူးေျမာင္းအတြင္း ခ႐ုဆင္းေကာက္ရာမွ ေရနစ္ေသဆံုးခဲ့ေၾကာင္း ကၫြတ္ကြင္း ရဲစခန္းမွ ရဲအုပ္စန္းဦးက ေျပာသည္။
‘‘ကေလးသံုးေယာက္ သြား ၾကတယ္လို႔သိရတယ္။ ေရထဲ မဆင္းတဲ့ (၁၂)ႏွစ္အရြယ္ကေလး က ရြာထဲလာေျပာလို႔ သိရတာပါ။ ျပင္ပဒဏ္ရာ မရွိပါဘူး။ ေရနစ္ ေသသြားတာပါ’’ဟု ၎က ေျပာၾကားသည္။
တစ္ဦးေရနစ္ေနစဥ္ ေနာက္ တစ္ဦးက ကယ္ဆယ္ရန္ႀကိဳးစား ရာမွ ႏွစ္ဦးစလံုး ေရနစ္ေသဆံုးခဲ့ ေၾကာင္း ရဲအရာရွိက ေျပာသည္။
၎တုိ႔ႏွစ္ဦးသည္ စီးပြားေရးမေျပလည္၍ ေက်ာင္းမတက္ႏုိင္ ေၾကာင္း ေဒသခံအမ်ိဳးသားတစ္ ဦးက ေျပာသည္။
‘‘ကေလးေတြက စီးပြားေရး အဆင္မေျပလုိ႔ ေက်ာင္းမတက္ ႏိုင္ဘူး။ တစ္ေယာက္ကေတာ့ အ လယ္တန္းအဆင့္ေအာင္ၿပီးၿပီ။ ဒီ မွာက ကေလးေတြကလည္း တစ္ ဖက္တစ္လမ္းကေန မိသားစုအ တြက္ ပိုက္ဆံရွာဖို႔နဲ႔ အိမ္ဟင္းစား ေလးရဖို႔ အလုပ္လုပ္ၾကတယ္’’ ဟု ၎က ေျပာသည္။
ေသဆံုးမႈကို ကၫြတ္ကြင္း ရဲစခန္းတြင္ ေသမႈေသခင္းဖြင့္ ကာ ဆက္လက္စစ္ေဆးေန သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7day
#Unicode Version#
ပဲခူးတိုင်းဒေသကြီး ကညွတ်ကွင်းမြို့နယ် ကင်ပွန်းခြုံ ကျေးရွာတွင် တူးမြောင်းအတွင်း ခရုဆင်းကောက်သည့် မိန်းက လေးငယ်နှစ်ဦး ရေနစ်သေဆုံးမှု ဇန်နဝါရီ ၂၈ ရက် နေ့လယ်က ဖြစ်ပွားခဲ့သည်။
အသက် (၁၄)နှင့် (၁၅)နှစ် အရွယ် မိန်းကလေးနှစ်ဦးသည် ဆီးသီးကောက်ပြီးအပြန် ဟင်းစားရရန် တူးမြောင်းအတွင်း ခရုဆင်းကောက်ရာမှ ရေနစ်သေဆုံးခဲ့ကြောင်း ကညွတ်ကွင်း ရဲစခန်းမှ ရဲအုပ်စန်းဦးက ပြောသည်။
‘‘ကလေးသုံးယောက် သွား ကြတယ်လို့သိရတယ်။ ရေထဲ မဆင်းတဲ့ (၁၂)နှစ်အရွယ်ကလေး က ရွာထဲလာပြောလို့ သိရတာပါ။ ပြင်ပဒဏ်ရာ မရှိပါဘူး။ ရေနစ် သေသွားတာပါ’’ဟု ၎င်းက ပြောကြားသည်။
တစ်ဦးရေနစ်နေစဉ် နောက် တစ်ဦးက ကယ်ဆယ်ရန်ကြိုးစား ရာမှ နှစ်ဦးစလုံး ရေနစ်သေဆုံးခဲ့ ကြောင်း ရဲအရာရှိက ပြောသည်။
၎င်းတို့နှစ်ဦးသည် စီးပွားရေးမပြေလည်၍ ကျောင်းမတက်နိုင် ကြောင်း ဒေသခံအမျိုးသားတစ် ဦးက ပြောသည်။
‘‘ကလေးတွေက စီးပွားရေး အဆင်မပြေလို့ ကျောင်းမတက် နိုင်ဘူး။ တစ်ယောက်ကတော့ အ လယ်တန်းအဆင့်အောင်ပြီးပြီ။ ဒီ မှာက ကလေးတွေကလည်း တစ် ဖက်တစ်လမ်းကနေ မိသားစုအ တွက် ပိုက်ဆံရှာဖို့နဲ့ အိမ်ဟင်းစား လေးရဖို့ အလုပ်လုပ်ကြတယ်’’ ဟု ၎င်းက ပြောသည်။
သေဆုံးမှုကို ကညွတ်ကွင်း ရဲစခန်းတွင် သေမှုသေခင်းဖွင့် ကာ ဆက်လက်စစ်ဆေးနေ သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7day
Home
»
»Unlabelled
» တူးေျမာင္းအတြင္း ခ႐ုဆင္းေကာက္သည့္ မိန္းကေလးႏွစ္ဦး ေရနစ္ေသဆံုး
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။