ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×
ထိုင်းနိုင်ငံ ဘန်ကောက်မှာနေထိုင်တဲ့  Susuphanဆိုတဲ့ ၁၇နှစ်အရွယ်ကောင်မလေးဟာ သူမရဲ့ အမွှေးအမျှင်ကင်းတဲ့ မျက်နှာနဲ့  ချစ်ရတဲ့  ခင်ပွန်းရဲ့ ကြည်နူးဖွယ်ပုံတွေကို ဆိုရှယ်မီဒီယာပေါ်မှာ ပြသခဲ့ တာပါ။
Credit: hlataw
#Unicode Version#
ကမ္ဘာ့အမွှေးအထူဆုံးလို့ သတ်မှတ်ခံခဲ့ရတဲ့ ဆယ်ကျော်သက်မိန်းကလေးဟာ ချစ်ရတဲ့သူနဲ့လက်ထပ်လိုက်ပြီဆိုတဲ့သတင်းကိုဖော်ပြပြီးနောက် အခုဆိုရင် သူ့ရဲ့အမွှေးအမျှင်တွေကို ဖယ်ရှားဖို့ရွေးချယ်ခဲ့ပါတယ်။
ထိုင်းနိူင်ငံ ဘန်ကောက်မှာနေထိုင်တဲ့ Susuphanဆိုတဲ့၁၇နှစ်အရွယ်ကောင်မလေးဟာ သူမရဲ့အမွှေးအမျှင်ကင်းတဲ့မျက်နှာနဲ့ ချစ်ရတဲ့ ခင်ပွန်းရဲ့ကြည်နူးဖွယ်ပုံတွေကို ဆိုရှယ်မီဒီယာပေါ်မှာ ပြသခဲ့တာပါ။
သူမဟာ အလွန်ဖြစ်ခဲလှတဲ့မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ အမွှေးအမျှင်ရှည်လျားခြင်းကို အလွန်လျှင်မြန်စွာဖြစ်စေတဲ့ဝံပူလွေလက္ခဏာကို ခံစားခဲ့ရတာပါ။
Susuphanဟာ ၂၀၁၀ခုနှစ်ရဲ့ အမွှေးအမျှင်အရှည်ဆုံးသူအဖြစ် ဂရင်းနစ်စံချိန်ဝင်ခဲ့သူဖြစ်ပြီး သူမရဲ့မျက်နှာ၊နား၊လက်မောင်း၊ခြေထောက်နဲ့နောက်ကျောတွေအားလုံးဟာ အမွှေးအမျှင်တွေနဲ့ဖုံးနေခဲ့ တာပါ။
လေဆာနဲ့ကုသတာတောင်မှ သူ့အမွှေးအမျှင်တွေဟာ လုံးဝပြောင်စင်သွားခြင်းမရှိပါဘူး။
အခုတော့ သူမဟာ ပုံမှန်အမွှေးတွေကိုရိတ်သင်သွားမယ်လို့သူမရဲ့ဖခင်က မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
သူမရဲ့လူမူကွန်ယက်စာမျက်နှာမှာလည်း ရှင်ဟာကျွန်မဘဝရဲ့အချစ်ဦးဖြစ်ရုံမကပါဘူး ကျွန်မဘဝရဲ့အချစ်ပါ လို ရေးသားထားပြီးနာမည်ဖော်ပြထားခြင်းမရှိတဲ့ သူမရဲ့ခင်ပွန်းနဲ့ပျော်ရွှင်နေပုံပါပဲ။
Susuphanဟာ Ambrasလို့ခေါ်တဲ့အမွှေးအမျှင်နဲ့ပတ်သတ်တဲ့ရောဂါဝေဒနာခံစားရသူအနည်းစုထဲက တစ်ဦးအပါအဝင် ဖြစ်ကြောင်းအချက်အလက်တွေအရ သိရတာပါ။
ဒါပေမယ့် Susuphan တစ်ယောက်သူမရဲ့အခြေအနေကြောင့် Chubaccaကျောင်းမှာ တတ်ခဲ့ရတဲ့အချိန်တုန်းက ဝံပုလွေမလေးလို့အခေါ်ခံရပေမယ့် သူမရဲ့မိသားစုနဲ့သူငယ်ချင်းတွေက အမြဲတမ်းသူ့ရဲ့ နောက်ရှိပေးခဲ့တာပါ။
သူမဟာ ဂရင်းနစ်မှတ်တမ်းတင်ခံရတဲ့အချိန်ကလဲ ကျွန်မက တစ်ခြားသူတွေနဲ့ကွဲပြားခြားနားတယ်လျု့မခံစားရပါဘူး ကျောင်းမှာလည်း သူငယ်ချင်းတွေအများကြီးရှိပါတယ် အမွှေးတွေက ကျွန်မကို တစ်မူထူးစေတယ်လို့အရင်ကပြောခဲ့ပါတယ်။
ကျွန်မကိုမျောက်မျက်နှာလို့စကြတဲ့လူတွေရှိပေမယ့်လည်း သူတို့လည်းအဲ့ထက်ပိုပြီး ဘာမှမလုပ်ကြပါဘူး ကျွန်မအတွက်တော့ နေသားကြနေပါပြီ ။
ဒီလျုပဲ  အမြဲတမ်းရှိနေတဲ့အမွှေးတွေကြောင့် ကျွန်မဘယ်လိုမှ မခံစားရပါဘူး ဘယ်လိုမှ မခံစားရတာပါ။ကြာဦးမယ်လို့ထင်ရပေမယ့် တစ်နေ့မှာတော့ ကျွန်မကုသနိူင်မှပါ လို့သူမကပြောခဲ့ ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: hlataw
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top