ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

1. အသက္အရြယ္ - ရင္သားကင္ဆာျဖစ္တဲ့ အမ်ိဳးသမီး 3 ေယာက္အနက္ 2 ေယာက္က အသက္ 55 ႏွစ္ႏွင့္အထက္ ျဖစ္ၾကပါတယ္။

2. မိသားစုရာဇဝင္ - အေမ၊ အစ္မ၊ သမီးေတြမွာ ရင္သားကင္ဆာရွိမယ္ဆိုရင္ သင့္မွာကင္ဆာျဖစ္ႏိုင္ေခ် 2 ဆ ပိုမ်ားပါတယ္။

3. လူမ်ိဳး - လူျဖဴအမ်ိဳးသမီးေတြက အာဖရိကန္-အေမရိကန္ အမ်ိဳးသမီးေတြထက္ျဖစ္ႏိုင္ေခ်ပိုမ်ားပါတယ္။ သို႔ေသာ္ လူမဲအမ်ိဳးသမီးေတြမွာ ကင္ဆာျဖစ္ရင္ပိုၿပီးႀကီးထြားတာျမန္တဲ့အတြက္ ျဖစ္လာတယ္ဆိုရင္ ေသႏႈန္း ပိုမ်ားပါတယ္။

4. ရင္သားတစ္သွ်ဴးသိပ္သည္းမႈမ်ားျခင္း

5. ယခင္က ရင္ဘတ္ကို ဓာတ္ေရာင္ျခည္ျဖင့္ကုသဖူးျခင္း

6. ရာသီလာသည့္အၾကိမ္ေရ ပံုမွန္ထက္ပိုမ်ားျခင္း ( အသက္ 12 ႏွစ္ေလာက္ကစလာၿပီး အသက္ 55 ႏွစ္ေက်ာ္မွ ေသြးဆံုးျခင္း)

7. ကိုယ္ဝန္မေဆာင္ဖူးျခင္း (သို႔)  အသက္ 30 ေက်ာ္မွ ပထမဆံုးအႀကိမ္ ကိုယ္ဝန္ေဆာင္ျခင္း

8. ကိုယ္ဝန္တားေဆးမ်ားေသာက္ျခင္း - ကိုယ္၀န္တားေဆးမ်ားေသာက္ေနခ်ိန္နဲ႔ ေဆးျဖတ္ၿပီး 10 ႏွစ္အထိ ရင္သားကင္ဆာျဖစ္ႏိုင္ေခ် ပိုမ်ားပါတယ္။ 10 ႏွစ္ေနာက္ပိုင္းမွာေတာ့ ပံုမွန္အေျခအေနကို ျပန္ေရာက္သြားပါၿပီ။

9. Diethylst (DES) ေဆးေသာက္ဖူးျခင္း - ကိုယ္ဝန္ပ်က္က်ျခင္းကို ကာကြယ္သည့္ေဆး

10. ေသြးဆံုးၿပီး ေဟာ္မုန္းကုထံုးမ်ား - ဒီကုထံုးေတြကိုေရွာင္ရွားမယ္ဆိုရင္ ရင္သားကင္ဆာျဖစ္ႏိုင္ေခ်ေလ်ာ့နည္းသြားပါမယ္။

11. ကေလးကို မိခင္ႏို႔မတိုက္ျခင္း

12. အဝလြန္ျခင္းႏွင့္ အဆီမ်ားေသာ အစားအစာမ်ားစားသံုးျခင္း

13. ေလ့က်င့္ခန္းမလုပ္ျခင္း

14. အရက္အလြန္အကၽြံေသာက္သံုးျခင္း - တစ္ပတ္လွ်င္ အရက္ 1-3 ခြက္ေလာက္ေသာက္သံုးျခင္း ကေတာင္ ရင္သားကင္ဆာျဖစ္ႏိုင္ေခ်မ်ားပါတယ္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Mya Myo Myo Swe

#Unicode Version#
1. အသက်အရွယ် - ရင်သားကင်ဆာဖြစ်တဲ့ အမျိုးသမီး 3 ယောက်အနက် 2 ယောက်က အသက် 55 နှစ်နှင့်အထက် ဖြစ်ကြပါတယ်။

2. မိသားစုရာဇဝင် - အမေ၊ အစ်မ၊ သမီးတွေမှာ ရင်သားကင်ဆာရှိမယ်ဆိုရင် သင့်မှာကင်ဆာဖြစ်နိုင်ချေ 2 ဆ ပိုများပါတယ်။

3. လူမျိုး - လူဖြူအမျိုးသမီးတွေက အာဖရိကန်-အမေရိကန် အမျိုးသမီးတွေထက်ဖြစ်နိုင်ချေပိုများပါတယ်။ သို့သော် လူမဲအမျိုးသမီးတွေမှာ ကင်ဆာဖြစ်ရင်ပိုပြီးကြီးထွားတာမြန်တဲ့အတွက် ဖြစ်လာတယ်ဆိုရင် သေနှုန်း ပိုများပါတယ်။

4. ရင်သားတစ်သျှူးသိပ်သည်းမှုများခြင်း

5. ယခင်က ရင်ဘတ်ကို ဓာတ်ရောင်ခြည်ဖြင့်ကုသဖူးခြင်း

6. ရာသီလာသည့်အကြိမ်ရေ ပုံမှန်ထက်ပိုများခြင်း ( အသက် 12 နှစ်လောက်ကစလာပြီး အသက် 55 နှစ်ကျော်မှ သွေးဆုံးခြင်း)

7. ကိုယ်ဝန်မဆောင်ဖူးခြင်း (သို့)  အသက် 30 ကျော်မှ ပထမဆုံးအကြိမ် ကိုယ်ဝန်ဆောင်ခြင်း

8. ကိုယ်ဝန်တားဆေးများသောက်ခြင်း - ကိုယ်ဝန်တားဆေးများသောက်နေချိန်နဲ့ ဆေးဖြတ်ပြီး 10 နှစ်အထိ ရင်သားကင်ဆာဖြစ်နိုင်ချေ ပိုများပါတယ်။ 10 နှစ်နောက်ပိုင်းမှာတော့ ပုံမှန်အခြေအနေကို ပြန်ရောက်သွားပါပြီ။

9. Diethylst (DES) ဆေးသောက်ဖူးခြင်း - ကိုယ်ဝန်ပျက်ကျခြင်းကို ကာကွယ်သည့်ဆေး

10. သွေးဆုံးပြီး ဟော်မုန်းကုထုံးများ - ဒီကုထုံးတွေကိုရှောင်ရှားမယ်ဆိုရင် ရင်သားကင်ဆာဖြစ်နိုင်ချေလျော့နည်းသွားပါမယ်။

11. ကလေးကို မိခင်နို့မတိုက်ခြင်း

12. အဝလွန်ခြင်းနှင့် အဆီများသော အစားအစာများစားသုံးခြင်း

13. လေ့ကျင့်ခန်းမလုပ်ခြင်း

14. အရက်အလွန်အကျွံသောက်သုံးခြင်း - တစ်ပတ်လျှင် အရက် 1-3 ခွက်လောက်သောက်သုံးခြင်း ကတောင် ရင်သားကင်ဆာဖြစ်နိုင်ချေများပါတယ်။

 ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Mya Myo Myo Swe
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top