iMyanmarHouse.com - Best Property Website for Myanmar
×

Norishige Kanai လုိ႔ အမည္ရတဲ့ အာကာသယာဥ္မွဴးဟာ International Space Station ႏိုင္ငံတကာအာကာသစခန္းမွာ သုံးပတ္ၾကာ တာဝန္ထမ္းေဆာင္ခ်ိန္အတြင္းမွာ အရပ္(၃)လက္မခြဲအထိ ရွည္ထြက္လာခဲ့ေၾကာင္း သိရပါတယ္။ သူဟာလက္ရွိအခ်ိန္မွာ အာကာသစခန္းထဲမွာ ရွိေနဆဲျဖစ္ၿပီး ဇြန္လမွာ ကမာၻေျမဆီ ျပန္ေရာက္ဖုိ႔ ရွိပါတယ္။

ကမာၻေျမကို ျပန္လာဖုိ႔ ႐ုရွအာကာသယာဥ္ Soyuz က ISS အထိ လာေရာက္ႀကိဳဆုိမွာျဖစ္ၿပီး သူ႕အတြက္ တပ္ဆင္ထားတဲ့ ခုံနဲ႔ အံဝင္ခြင္က် မရွိမွာကိုေတာင္ ေတြးပူေနတယ္လုိ႔ ဆုိပါတယ္။ Kanai ဟာ လာမယ့္ဇြန္လမွာ Soyuz နဲ႔အတူ ကမာၻေျမကို ျပန္လည္ေရာက္ရွိမွာပါ။

လက္ရွိ သူ႕အရပ္ ထြားက်ိဳင္းမႈႏႈန္းအရ လာေခၚမယ့္ အာကာသယာဥ္က ခုံနဲ႔ သူနဲ႔ အံဝင္ခြင္က် ျဖစ္ပါ့မလားလုိ႔ ေတြးပူးေနတာျဖစ္ပါတယ္။ တကယ္ေတာ့ အာကာသယာဥ္မႈတုိင္းဟာ ဆြဲအားမဲ့ေလဟာနယ္ထဲမွာ လအနည္းငယ္ေနထုိင္႐ုံနဲ႔ အရပ္ (၁)လက္မမွ (၂)လက္မၾကား ရွည္ထြက္ႏုိင္ပါတယ္။

သုိ႔ေပမယ့္ အသက္(၄၂)ႏွစ္အရြယ္ ဂ်ပန္အာကသယာဥ္မွဴး Kanai ကေတာ့ အရပ္(၃)လက္မခြဲအထိ ရွည္ထြက္ခဲ့ၿပီး၊ ပ်မ္းမွ်အရပ္ရွည္ႏႈန္းထက္ သိသိသာသာ ရွည္ထြက္ေနၿပီး၊ ဒါကလည္း အာကာသယာဥ္မွဴးေတြရဲ႕ သမုိင္းမွာ ထူးျခားတဲ့ မွတ္တမ္းတစ္ခုအျဖစ္ စာရင္းသြင္းခံရဖုိ႔ ရွိေနပါတယ္။

Kanai က အာကာသယာဥ္ထဲကေန ထုတ္လႊင့္မႈမွာ ” ကၽြန္ေတာ္တုိ႔ အရပ္ေတြကို တုိင္းထြာၾကည့္တဲ့အခါ သိပ္အံ့ၾသစရာေကာင္းတာက ကၽြန္ေတာ့္အရပ္ဟာ (၃)စင္တီမီတာအထိ ရွည္ထြက္လာတာပါဘဲ … သုံးပတ္အတြင္းမွာ သိသိသာသာ ႀကီးထြားလာတဲ့ သေဘာေပါ့ “လုိ႔ ေျပာခဲ့ပါတယ္။

Kanai ဟာ အာကာသစခန္းမွာ Diving medical officer အျဖစ္ Japan Maritime Self-Defence Force မွ ပထမဆုံး ေစလႊတ္ခံရတဲ့ ေဆးဘက္ဆုိင္ရာ အာကာသယာဥ္မွဴးျဖစ္ပါတယ္။ အရပ္(၃)လက္မေက်ာ္ ျမင့္မားလာျခင္းဟာ အာကာသယာဥ္တစ္စီးအတြက္ ဝန္ထုတ္ဝန္ပုိးတစ္ခု ျဖစ္လာႏုိင္တယ္လုိ႔လည္း ဆုိပါတယ္။ ဒါေပမယ့္ အာကာသယာဥ္မွဴဳးေတြ ကမာၻေျမကို ျပန္ေရာက္တဲ့အခါ သူတုိ႔ရဲ႕အရပ္ဟာ ပုံမွန္ျပန္ျဖစ္သြားတယ္လုိ႔ သိရပါတယ္။

source : mirror.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: millionlike

# Unicode Version ျဖင့္ ဖတ္ပါ #
Norishige Kanai လို့ အမည်ရတဲ့ အာကာသယာဉ်မှူးဟာ International Space Station နိုင်ငံတကာအာကာသစခန်းမှာ သုံးပတ်ကြာ တာဝန်ထမ်းဆောင်ချိန်အတွင်းမှာ အရပ်(၃)လက်မခွဲအထိ ရှည်ထွက်လာခဲ့ကြောင်း သိရပါတယ်။ သူဟာလက်ရှိအချိန်မှာ အာကာသစခန်းထဲမှာ ရှိနေဆဲဖြစ်ပြီး ဇွန်လမှာ ကမ္ဘာမြေဆီ ပြန်ရောက်ဖို့ ရှိပါတယ်။

ကမ္ဘာမြေကို ပြန်လာဖို့ ရုရှအာကာသယာဉ် Soyuz က ISS အထိ လာရောက်ကြိုဆိုမှာဖြစ်ပြီး သူ့အတွက် တပ်ဆင်ထားတဲ့ ခုံနဲ့ အံဝင်ခွင်ကျ မရှိမှာကိုတောင် တွေးပူနေတယ်လို့ ဆိုပါတယ်။ Kanai ဟာ လာမယ့်ဇွန်လမှာ Soyuz နဲ့အတူ ကမ္ဘာမြေကို ပြန်လည်ရောက်ရှိမှာပါ။

လက်ရှိ သူ့အရပ် ထွားကျိုင်းမှုနှုန်းအရ လာခေါ်မယ့် အာကာသယာဉ်က ခုံနဲ့ သူနဲ့ အံဝင်ခွင်ကျ ဖြစ်ပါ့မလားလို့ တွေးပူးနေတာဖြစ်ပါတယ်။ တကယ်တော့ အာကာသယာဉ်မှုတိုင်းဟာ ဆွဲအားမဲ့လေဟာနယ်ထဲမှာ လအနည်းငယ်နေထိုင်ရုံနဲ့ အရပ် (၁)လက်မမှ (၂)လက်မကြား ရှည်ထွက်နိုင်ပါတယ်။

သို့ပေမယ့် အသက်(၄၂)နှစ်အရွယ် ဂျပန်အာကသယာဉ်မှူး Kanai ကတော့ အရပ်(၃)လက်မခွဲအထိ ရှည်ထွက်ခဲ့ပြီး၊ ပျမ်းမျှအရပ်ရှည်နှုန်းထက် သိသိသာသာ ရှည်ထွက်နေပြီး၊ ဒါကလည်း အာကာသယာဉ်မှူးတွေရဲ့ သမိုင်းမှာ ထူးခြားတဲ့ မှတ်တမ်းတစ်ခုအဖြစ် စာရင်းသွင်းခံရဖို့ ရှိနေပါတယ်။

Kanai က အာကာသယာဉ်ထဲကနေ ထုတ်လွှင့်မှုမှာ ” ကျွန်တော်တို့ အရပ်တွေကို တိုင်းထွာကြည့်တဲ့အခါ သိပ်အံ့သြစရာကောင်းတာက ကျွန်တော့်အရပ်ဟာ (၃)စင်တီမီတာအထိ ရှည်ထွက်လာတာပါဘဲ … သုံးပတ်အတွင်းမှာ သိသိသာသာ ကြီးထွားလာတဲ့ သဘောပေါ့ “လို့ ပြောခဲ့ပါတယ်။

Kanai ဟာ အာကာသစခန်းမှာ Diving medical officer အဖြစ် Japan Maritime Self-Defence Force မှ ပထမဆုံး စေလွှတ်ခံရတဲ့ ဆေးဘက်ဆိုင်ရာ အာကာသယာဉ်မှူးဖြစ်ပါတယ်။ အရပ်(၃)လက်မကျော် မြင့်မားလာခြင်းဟာ အာကာသယာဉ်တစ်စီးအတွက် ဝန်ထုတ်ဝန်ပိုးတစ်ခု ဖြစ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် အာကာသယာဉ်မှူုးတွေ ကမ္ဘာမြေကို ပြန်ရောက်တဲ့အခါ သူတို့ရဲ့အရပ်ဟာ ပုံမှန်ပြန်ဖြစ်သွားတယ်လို့ သိရပါတယ်။

source : mirror.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top