×

# ZawGyiျဖင့္ဖတ္ရန္ #

ရွမ္းျပည္နယ္ေတာင္ပိုင္း ေညာင္ေရႊၿမိဳ႕နယ္ အင္းေလးေဖာင္ေတာ္ဦးဘုရားအနီးမွာ ဒီကေန႔ မြန္းလြဲပိုင္းက ေလွခ်င္းတိုက္မႈျဖစ္ပြားခဲ့ပါတယ္။

အနီးရွိ ေလွတစ္စီးကမထြက္ခြာေသးဘဲရပ္ထားခ်ိန္မွာ ႏိုင္ငံျခားသားေတြတင္လာတဲ့ ေလွတစ္စီးကမွားၿပီးျဖတ္လာလို႔ တိုက္မိတာျဖစ္ၿပီး ထိခိုက္ဒဏ္ရာရသူမရွိ၊ ဆံုး႐ႈံးမႈေတြမရွိဘူးလို႔ ေဖာင္ေတာင္ဦးဘုရားတည္ရွိရာ တာေလးေက်းရြာအုပ္ခ်ဳပ္ေရးမႉး ဦးစိုးေရႊက ဒီဗြီဘီကို ေျပာပါတယ္။

“တိုး(ကမၻာလွည့္ခရီးသည္)ပါတဲ့ စက္ေလွကအထြက္မွာ လမ္းျဖတ္မွားသြားလို႔ တိုက္မိတာ။ ကုလားထိုင္ေတြ ဘာေတြပါေတာ့ မထိန္းႏိုင္ဘဲ ေမွာက္သြားတာေပါ့။ ေလွ ဆိုတာမ်ိဳးက မထြက္ေသးေပမယ့္ ေလတိုက္ရင္ ေရထဲမွာ ေရႊ႔လ်ားမႈ ရွိတယ္ေလ။ ကားနဲ႔ မတူဘူးေပါ့။ တဘက္က ေလွက ထြက္လာတုန္း ရပ္ထားတဲ့ ေလွကေရြ႕ေနေတာ့ တိုက္မိတဲ့ သေဘာပါဘဲ။”

တိုက္မိတဲ့ေလွႏွစ္စီးမွာ တစီးက ကမၻာလွည့္ခရီးသည္ ေလးဦး ပါလာၿပီး ေနာက္တစီးမွာ လူႏွစ္ဦးပါလာေၾကာင္း၊ တိုက္ခဲ့ၿပီး ပ်က္စီးဆံုး႐ႈံးမႈ၊ ဒဏ္ရာရတာေတြမရွိလို႔ ဘာမွ အမႈအခင္းမျဖစ္ခဲ့ဘူးလို႔ အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။

ဓာတ္ပံု – စိုင္းစိုးဟန္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin

# Unicodeဖွင့ျဖတျရနျ  #
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဖောင်တော်ဦးဘုရားအနီးမှာ ဒီကနေ့ မွန်းလွဲပိုင်းက လှေချင်းတိုက်မှုဖြစ်ပွားခဲ့ပါတယ်။

အနီးရှိ လှေတစ်စီးကမထွက်ခွာသေးဘဲရပ်ထားချိန်မှာ နိုင်ငံခြားသားတွေတင်လာတဲ့ လှေတစ်စီးကမှားပြီးဖြတ်လာလို့ တိုက်မိတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူမရှိ၊ ဆုံးရှုံးမှုတွေမရှိဘူးလို့ ဖောင်တောင်ဦးဘုရားတည်ရှိရာ တာလေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးရွှေက ဒီဗွီဘီကို ပြောပါတယ်။

“တိုး(ကမ္ဘာလှည့်ခရီးသည်)ပါတဲ့ စက်လှေကအထွက်မှာ လမ်းဖြတ်မှားသွားလို့ တိုက်မိတာ။ ကုလားထိုင်တွေ ဘာတွေပါတော့ မထိန်းနိုင်ဘဲ မှောက်သွားတာပေါ့။ လှေ ဆိုတာမျိုးက မထွက်သေးပေမယ့် လေတိုက်ရင် ရေထဲမှာ ရွှေ့လျားမှု ရှိတယ်လေ။ ကားနဲ့ မတူဘူးပေါ့။ တဘက်က လှေက ထွက်လာတုန်း ရပ်ထားတဲ့ လှေကရွေ့နေတော့ တိုက်မိတဲ့ သဘောပါဘဲ။”

တိုက်မိတဲ့လှေနှစ်စီးမှာ တစီးက ကမ္ဘာလှည့်ခရီးသည် လေးဦး ပါလာပြီး နောက်တစီးမှာ လူနှစ်ဦးပါလာကြောင်း၊ တိုက်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု၊ ဒဏ်ရာရတာတွေမရှိလို့ ဘာမှ အမှုအခင်းမဖြစ်ခဲ့ဘူးလို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဓာတ်ပုံ – စိုင်းစိုးဟန်

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top