iMyanmarHouse.com - Best Property Website for Myanmar
×

"ေခြးေတြ ေၾကာင္ေတြက သရဲ၊ ၀ိဥာဥ္ေတြကို ျမင္ႏိုင္စြမ္းရွိတယ္ဆိုတာ ဟုတ္လား အဖိုး.."

"ေအး ..ဟုတ္တယ္ကြဲ…၊ ဒါေၾကာင့္ ညဘက္ ေခြးအူသံၾကားရင္ သားတို႕ကို အဖိုး အျပင္မထြက္ခိုင္းေတာ့တာေပါ့…"

"တစ္ခ်ိဳ႕ ကံနိမ့္တဲ့သူဆိုရင္ ေခြး၊ေၾကာင္ ေတြရဲ႕မ်က္ေခ်းကို မ်က္စိမွာသုတ္ရင္ ပရေလာကကိုေတာင္ ျမင္ႏိုင္စြမ္းရွိတယ္…."

ကၽြန္ေတာ္ငယ္စဥ္က အဖိုးေျပာျပခဲ့ေသာ အေၾကာင္းအရာေလးျဖစ္သည္။ အခု အရြယ္ေလးလည္း ေရာက္လာၿပီး စူးစမ္းလိုစိတ္ကလည္း ျပင္းျပလာတာေၾကာင့္ ကၽြန္ေတာ္ ဒီဟာကို စမ္းသပ္ဖို႕ အျမဲ စိတ္အား ထက္သန္ေနခဲ့ေတာ့သည္။ သရဲ၊ နာနာဘာ၀ေတြ ေပ်ာ္ျမဴးခ်ိန္က လျပည့္ႏွင့္ လကြယ္ည သန္းေခါင္ယံ ခိ်န္ျဖစ္သည္ဟု ၾကားဖူးသည္။ လျပည့္ည တစ္ညမွာ ေခြးတစ္ေကာင္ရဲ႕ မ်က္ေခ်းကို သုတ္ရင္ သရဲ တစ္ကယ္ ျမင္ႏိုင္ မျမင္ႏိုင္ ကို လက္ေတြ႕ အေကာင္အထည္ေဖာ္ စံုစမ္းဖို႕ ကၽြန္ေတာ္ ဆံုးျဖတ္ခ်က္ခ်လိုက္သည္။

ကၽြန္ေတာ့္ စံုစမ္းေရးကိစၥကို သူငယ္ခ်င္းေတြ ေျပာျပေတာ့ အကုန္လံုးစိတ္၀င္စားၾကၿပီး အဲ့ဒီလျပည့္ည မွာ သူတို႕ပါ လိုက္လံ ေလ့လာမည္ ျဖစ္ေၾကာင္း ေျပာျပသည္။ လူငယ္ေတြဆိုေတာ့လည္း ဒီလိုကိစၥ စိတ္မ၀င္စားတဲ့သူ ဘယ္ရွိပါ့မလဲေလ…..။

ဒီလိုနဲ႕ လျပည့္ည ေရာက္ေတာ့ ည ၁၁း၀၀ နာရီေလာက္ ရြာထိပ္က သခ်ိဳၤင္းကုန္းကို သူငယ္ခ်င္း ၄ ေယာက္ ထြက္ခဲ့ေတာ့သည္။ တျခားေနရာမွာ ဆို သရဲ မျမင္မွာ စိုးတာေၾကာင့္ သခ်ိဳၤင္းကုန္းထိကို စမ္းသပ္ရန္ ေရာက္လာခဲ့ျခင္းျဖစ္သည္။ လျပည့္ညမို႕ လေရာင္ထိန္ထိန္ ေအာက္မွာ အုတ္ဂူ ျဖဴျဖဴမ်ားက ညီညာစြာ ရွိေနၾကသည္။ တစ္ခ်က္ တစ္ခ်က္ ၾကားလိုက္ရေသာ ေခြးအူသံ ကလည္း ကၽြန္ေတာ့္ရဲ႕ သိခ်င္စိတ္ကို ပိုတိုးျမွင့္ေပးေနသလို စိတ္ေၾကာက္ကိုလည္း ျဖစ္ေပၚေစေနေတာ့သည္။

"ဟေရာင္ေတြ..တစ္ခုခုျဖစ္ရင္..ထြက္မေျပးၾကနဲ႕အံုးေနာ္…" ကိုယ့္သူငယ္ခ်င္းေတြကိုလည္း ေျပာထားရ ေသးသည္။ ဒီေကာင္ေတြက ေျပးေဟ့ဆို ထိပ္ဆံုးကခ်ည္းေနခဲ့တဲ့ ေကာင္ေတြေလ…။

"ေအးပါ..မင္းသာ..သရဲ ျမင္ရင္ ေမ့လဲမသြားနဲ႕အံုး.. သရဲက ဘယ္လိုဘယ္ပံုဆိုတာ… ေသခ်ာေျပာျပ…"

"ေအးပါဟ…"

သခိ်ၤဳင္းကုန္းတြင္ရွိေနတတ္ေသာ ေခြးေလေခြးလြင့္ တစ္ေကာင္ကို အစာ ျပ မွ်ားၿပီး ေခၚလိုက္သည္။ ၿပီးေတာ့ ေခြးမ်က္လံုးႏွစ္ဘက္က ေခြးမ်က္ေခ်းကို အသာသုတ္ယူလိုက္သည္..။

"ဟေရာင္….ျဖစ္ပါ့မလား.. မလုပ္ရင္ မလုပ္ပါနဲ႕ေတာ့ကြာ…"

သူငယ္ခ်င္းတစ္ေယာက္က ေၾကာက္သံပါတဲ့ေလသံနဲ႕ေျပာသည္။

ကၽြန္ေတာ္ ဘာမွ မေျပာပဲ ကၽြန္ေတာ့္ မ်က္စိ ႏွစ္ဖက္ကို ေခြးမ်က္ေခ်း သုတ္လိုက္သည္….။ ၿပီးေတာ့………………………………………

"ဟေရာင္ေတြ…ငါဘာ သရဲမွ မေတြ႕ဘူးဟ…"

"ဟုတ္လား… ဟိုဟိုဒီဒီ ၾကည့္ၾကည့္ပါအံုး…."

"မေတြ႕ဘူးဟ… တစ္ကယ္မဟုတ္ဘူးနဲ႕တူပါတယ္ကြာ…."

"ေအး ပံုျပင္ေတြျဖစ္မွာပါကြာ..၊ ကဲ..မင္းသိရလို႕ ေက်နပ္ၿပီ မဟုတ္လား…ျပန္ရေအာင္.. ညနက္ေနၿပီ.."

သူငယ္ခ်င္းေတြကို ႏႈတ္ဆက္ၿပီး အိမ္ထဲ ျပန္၀င္ေတာ့ ည (၁း၀၀) နာရီထိုးေနၿပီ..။ ျခံတံခါးပိတ္… အေဖ..အေမ..မႏိုးေအာင္ သူခိုးေျခလွမ္းမ်ိဳးနဲ႕ အိမ္ထဲကို ျပန္၀င္ခုိက္….. ေတြ႕လိုက္ရတာက… ဧည့္ခန္းထဲမွာ ခန္႕ခန္႕ၾကီးထိုင္ၿပီး မ်က္လံုးျပဴးၾကီးနဲ႕ ကၽြန္ေတာ့္ကို ၾကည့္ေနေသာ အဖိုး…

"ဟာ…..အဖိုးးး…"

ကၽြန္ေတာ္ ပါးစပ္က ေရရြတ္မိသည္ထင္သည္။ မျဖစ္ႏိုင္ အဘိုးဆံုးသြားခဲ့တာ အခုဆုိ ၇ ႏွစ္ေတာင္ေက်ာ္ၿပီ..။ ကၽြန္ေတာ္ မ်က္လံုးမိတ္ၿပီး ျပန္ဖြင့္ၾကည့္လိုက္သည္။ မ်က္ေတာင္ မခတ္ပဲ မ်က္လံုးနီၾကီးနဲ႕ စူးစိုက္ၾကည့္ေနေသာ.. အဖိုးကို ထပ္ေတြ႕လိုက္ရသည္…။

"အားးးးးးးး…."

ကၽြန္ေတာ္ ေၾကာက္လန္႕စြာ မ်က္လံုးမိတ္ၿပီး အသံနက္ၾကီးျဖင့္ ေအာ္မိလိုက္သည္။ ကၽြန္ေတာ့္ အသံေၾကာင့္ အေဖနဲ႕ အေမ အိပ္ခန္းထဲက ထြက္လာၾကသည္။

"သား…ဘာျဖစ္လို႕လဲ…"

"အေမ….သား အဖိုးကိုေတြ႕ေနရတယ္…"

"ဘယ္မွာေတြ႕တာလဲ… ဘယ္တုန္းကေတြ႕တာလဲ.. သားျဖစ္လာတာလဲ…"

ကၽြန္ေတာ္ ျပန္ၾကည့္လိုက္သည္။ အဖိုးကေတာ့ ဧည့္ခန္းထဲမွာ ကၽြန္ေတာ့္ကို မ်က္ေတာင္တစ္ခ်က္မွ စိုက္ၾကည့္ ေနတာကို ထပ္ေတြ႕လိုက္ရသည္။

"အေမ…..အဖိုးကို သားေတြ႕ေနရေသးတယ္..ဧည့္ခန္းထဲမွာ..ထိုင္ၿပီး သားကို စိုက္ၾကည့္ေနတယ္.."

"မင္းဘယ္ေတြသြား…ဘာေတြလုပ္ခဲ့လဲ…အေဖ့ကို မွန္မွန္ေျပာစမ္းး.."

ကၽြန္ေတာ္ အေဖ့ကို ျဖစ္ေၾကာင္းကုန္စဥ္ ေျပာျပလိုက္သည္။

"ဟာ…ဒီကေလးေတာ့ ဒုကၡပါပဲ…လာလာ… ဘုရားဂုဏ္ေတာ္ကို ပါးစပ္က အဆက္မျပတ္ဆိုေန… ၿပီးရင္ ဘုရားေသာက္ေတာ္ေရ…ေသာက္လိုက္…"

ကၽြန္ေတာ္ မ်က္စိမွိတ္ထားလိုက္ၿပီး ပါးစပ္ကေန ဘုရားဂုဏ္ေတာ္ကို အဆက္မျပတ္ဆိုေနလိုက္ သည္။ ခဏေနေတာ့ အေမယူေပးတဲ့ ဘုရားေသာက္ေတာ္ေရ ေသာက္ၿပီး မ်က္လံုး ျပန္ဖြင့္ၾကည့္လိုက္သည္။ ဧည့္ခန္းထဲတြင္ ဘယ္သူမွ ရွိမေနေတာ့…။ ကၽြန္ေတာ္ မ်က္ႏွာသစ္ ဘုရားရွိ ခိုးၿပီး အိပ္ယာ၀င္ခဲ့ေလေတာ့သည္။

(မွတ္ခ်က္။   ။ မစမ္းသပ္သင့္ပါ…။ ေခြးမ်ားေၾကာင္မ်ားအား ခ်စ္ၿပီး တအားနမ္းတတ္ေသာသူမ်ား သတိထားပါ..။ သင္ကံနိမ့္ေသာ အခါႏွင့္ၾကံဳလွ်င္ ၄င္းတို႕၏ မ်က္ေခ်းသည္ ပရေလာကကို ျမင္ႏိုင္ စြမ္းသည္။ တစ္ခါတစ္ရံ ေခြး၊ေၾကာင္မ်ား သခင္မွန္းသိပါလ်က္နဲ႕ သင့္အား ထိုးေဟာင္ေနျခင္းသည္ သင့္ကို ေဟာင္ျခင္းမဟုတ္….. သင္မျမင္ႏိုင္ေသာ ပရေလာကသားအား ေဟာင္ျခင္း ျဖစ္ေလေတာ့ သည္။)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေအာင္ထြန္းဦး

# Unicode Version ျဖင့္ ဖတ္ပါ #
"ခွေးတွေ ကြောင်တွေက သရဲ၊ ဝိဉာဉ်တွေကို မြင်နိုင်စွမ်းရှိတယ်ဆိုတာ ဟုတ်လား အဖိုး.."

"အေး ..ဟုတ်တယ်ကွဲ…၊ ဒါကြောင့် ညဘက် ခွေးအူသံကြားရင် သားတို့ကို အဖိုး အပြင်မထွက်ခိုင်းတော့တာပေါ့…"

"တစ်ချို့ ကံနိမ့်တဲ့သူဆိုရင် ခွေး၊ကြောင် တွေရဲ့မျက်ချေးကို မျက်စိမှာသုတ်ရင် ပရလောကကိုတောင် မြင်နိုင်စွမ်းရှိတယ်…."

ကျွန်တော်ငယ်စဉ်က အဖိုးပြောပြခဲ့သော အကြောင်းအရာလေးဖြစ်သည်။ အခု အရွယ်လေးလည်း ရောက်လာပြီး စူးစမ်းလိုစိတ်ကလည်း ပြင်းပြလာတာကြောင့် ကျွန်တော် ဒီဟာကို စမ်းသပ်ဖို့ အမြဲ စိတ်အား ထက်သန်နေခဲ့တော့သည်။ သရဲ၊ နာနာဘာဝတွေ ပျော်မြူးချိန်က လပြည့်နှင့် လကွယ်ည သန်းခေါင်ယံ ချိန်ဖြစ်သည်ဟု ကြားဖူးသည်။ လပြည့်ည တစ်ညမှာ ခွေးတစ်ကောင်ရဲ့ မျက်ချေးကို သုတ်ရင် သရဲ တစ်ကယ် မြင်နိုင် မမြင်နိုင် ကို လက်တွေ့ အကောင်အထည်ဖော် စုံစမ်းဖို့ ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်သည်။

ကျွန်တော့် စုံစမ်းရေးကိစ္စကို သူငယ်ချင်းတွေ ပြောပြတော့ အကုန်လုံးစိတ်ဝင်စားကြပြီး အဲ့ဒီလပြည့်ည မှာ သူတို့ပါ လိုက်လံ လေ့လာမည် ဖြစ်ကြောင်း ပြောပြသည်။ လူငယ်တွေဆိုတော့လည်း ဒီလိုကိစ္စ စိတ်မဝင်စားတဲ့သူ ဘယ်ရှိပါ့မလဲလေ…..။

ဒီလိုနဲ့ လပြည့်ည ရောက်တော့ ည ၁၁း၀၀ နာရီလောက် ရွာထိပ်က သချိုၤင်းကုန်းကို သူငယ်ချင်း ၄ ယောက် ထွက်ခဲ့တော့သည်။ တခြားနေရာမှာ ဆို သရဲ မမြင်မှာ စိုးတာကြောင့် သချိုၤင်းကုန်းထိကို စမ်းသပ်ရန် ရောက်လာခဲ့ခြင်းဖြစ်သည်။ လပြည့်ညမို့ လရောင်ထိန်ထိန် အောက်မှာ အုတ်ဂူ ဖြူဖြူများက ညီညာစွာ ရှိနေကြသည်။ တစ်ချက် တစ်ချက် ကြားလိုက်ရသော ခွေးအူသံ ကလည်း ကျွန်တော့်ရဲ့ သိချင်စိတ်ကို ပိုတိုးမြှင့်ပေးနေသလို စိတ်ကြောက်ကိုလည်း ဖြစ်ပေါ်စေနေတော့သည်။

"ဟရောင်တွေ..တစ်ခုခုဖြစ်ရင်..ထွက်မပြေးကြနဲ့အုံးနော်…" ကိုယ့်သူငယ်ချင်းတွေကိုလည်း ပြောထားရ သေးသည်။ ဒီကောင်တွေက ပြေးဟေ့ဆို ထိပ်ဆုံးကချည်းနေခဲ့တဲ့ ကောင်တွေလေ…။

"အေးပါ..မင်းသာ..သရဲ မြင်ရင် မေ့လဲမသွားနဲ့အုံး.. သရဲက ဘယ်လိုဘယ်ပုံဆိုတာ… သေချာပြောပြ…"

"အေးပါဟ…"

သခိၤျုင်းကုန်းတွင်ရှိနေတတ်သော ခွေးလေခွေးလွင့် တစ်ကောင်ကို အစာ ပြ မျှားပြီး ခေါ်လိုက်သည်။ ပြီးတော့ ခွေးမျက်လုံးနှစ်ဘက်က ခွေးမျက်ချေးကို အသာသုတ်ယူလိုက်သည်..။

"ဟရောင်….ဖြစ်ပါ့မလား.. မလုပ်ရင် မလုပ်ပါနဲ့တော့ကွာ…"

သူငယ်ချင်းတစ်ယောက်က ကြောက်သံပါတဲ့လေသံနဲ့ပြောသည်။

ကျွန်တော် ဘာမှ မပြောပဲ ကျွန်တော့် မျက်စိ နှစ်ဖက်ကို ခွေးမျက်ချေး သုတ်လိုက်သည်….။ ပြီးတော့………………………………………

"ဟရောင်တွေ…ငါဘာ သရဲမှ မတွေ့ဘူးဟ…"

"ဟုတ်လား… ဟိုဟိုဒီဒီ ကြည့်ကြည့်ပါအုံး…."

"မတွေ့ဘူးဟ… တစ်ကယ်မဟုတ်ဘူးနဲ့တူပါတယ်ကွာ…."

"အေး ပုံပြင်တွေဖြစ်မှာပါကွာ..၊ ကဲ..မင်းသိရလို့ ကျေနပ်ပြီ မဟုတ်လား…ပြန်ရအောင်.. ညနက်နေပြီ.."

သူငယ်ချင်းတွေကို နှုတ်ဆက်ပြီး အိမ်ထဲ ပြန်ဝင်တော့ ည (၁း၀၀) နာရီထိုးနေပြီ..။ ခြံတံခါးပိတ်… အဖေ..အမေ..မနိုးအောင် သူခိုးခြေလှမ်းမျိုးနဲ့ အိမ်ထဲကို ပြန်ဝင်ခိုက်….. တွေ့လိုက်ရတာက… ဧည့်ခန်းထဲမှာ ခန့်ခန့်ကြီးထိုင်ပြီး မျက်လုံးပြူးကြီးနဲ့ ကျွန်တော့်ကို ကြည့်နေသော အဖိုး…

"ဟာ…..အဖိုးးး…"

ကျွန်တော် ပါးစပ်က ရေရွတ်မိသည်ထင်သည်။ မဖြစ်နိုင် အဘိုးဆုံးသွားခဲ့တာ အခုဆို ၇ နှစ်တောင်ကျော်ပြီ..။ ကျွန်တော် မျက်လုံးမိတ်ပြီး ပြန်ဖွင့်ကြည့်လိုက်သည်။ မျက်တောင် မခတ်ပဲ မျက်လုံးနီကြီးနဲ့ စူးစိုက်ကြည့်နေသော.. အဖိုးကို ထပ်တွေ့လိုက်ရသည်…။

"အားးးးးးးး…."

ကျွန်တော် ကြောက်လန့်စွာ မျက်လုံးမိတ်ပြီး အသံနက်ကြီးဖြင့် အော်မိလိုက်သည်။ ကျွန်တော့် အသံကြောင့် အဖေနဲ့ အမေ အိပ်ခန်းထဲက ထွက်လာကြသည်။

"သား…ဘာဖြစ်လို့လဲ…"

"အမေ….သား အဖိုးကိုတွေ့နေရတယ်…"

"ဘယ်မှာတွေ့တာလဲ… ဘယ်တုန်းကတွေ့တာလဲ.. သားဖြစ်လာတာလဲ…"

ကျွန်တော် ပြန်ကြည့်လိုက်သည်။ အဖိုးကတော့ ဧည့်ခန်းထဲမှာ ကျွန်တော့်ကို မျက်တောင်တစ်ချက်မှ စိုက်ကြည့် နေတာကို ထပ်တွေ့လိုက်ရသည်။

"အမေ…..အဖိုးကို သားတွေ့နေရသေးတယ်..ဧည့်ခန်းထဲမှာ..ထိုင်ပြီး သားကို စိုက်ကြည့်နေတယ်.."

"မင်းဘယ်တွေသွား…ဘာတွေလုပ်ခဲ့လဲ…အဖေ့ကို မှန်မှန်ပြောစမ်းး.."

ကျွန်တော် အဖေ့ကို ဖြစ်ကြောင်းကုန်စဉ် ပြောပြလိုက်သည်။

"ဟာ…ဒီကလေးတော့ ဒုက္ခပါပဲ…လာလာ… ဘုရားဂုဏ်တော်ကို ပါးစပ်က အဆက်မပြတ်ဆိုနေ… ပြီးရင် ဘုရားသောက်တော်ရေ…သောက်လိုက်…"

ကျွန်တော် မျက်စိမှိတ်ထားလိုက်ပြီး ပါးစပ်ကနေ ဘုရားဂုဏ်တော်ကို အဆက်မပြတ်ဆိုနေလိုက် သည်။ ခဏနေတော့ အမေယူပေးတဲ့ ဘုရားသောက်တော်ရေ သောက်ပြီး မျက်လုံး ပြန်ဖွင့်ကြည့်လိုက်သည်။ ဧည့်ခန်းထဲတွင် ဘယ်သူမှ ရှိမနေတော့…။ ကျွန်တော် မျက်နှာသစ် ဘုရားရှိ ခိုးပြီး အိပ်ယာဝင်ခဲ့လေတော့သည်။

(မှတ်ချက်။   ။ မစမ်းသပ်သင့်ပါ…။ ခွေးများကြောင်များအား ချစ်ပြီး တအားနမ်းတတ်သောသူများ သတိထားပါ..။ သင်ကံနိမ့်သော အခါနှင့်ကြုံလျှင် ၎င်းတို့၏ မျက်ချေးသည် ပရလောကကို မြင်နိုင် စွမ်းသည်။ တစ်ခါတစ်ရံ ခွေး၊ကြောင်များ သခင်မှန်းသိပါလျက်နဲ့ သင့်အား ထိုးဟောင်နေခြင်းသည် သင့်ကို ဟောင်ခြင်းမဟုတ်….. သင်မမြင်နိုင်သော ပရလောကသားအား ဟောင်ခြင်း ဖြစ်လေတော့ သည်။)

ဖိုးသူတော် (www.phothutaw.com)
Credit: အောင်ထွန်းဦး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top