AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

1) ပြင့္ပြင့္ လင္းလင္း ေျပာၾကမယ္

သူ႔ အျပဳအမူ ဟာ မိမိ ဘယ္လို ခံစားရေၾကာင္း ၊ သူ ဘယ္လို ေနထိုင္တာ ကိုယ္ သေဘာက်ေၾကာင္း ၊ ကိုယ့္မွာ ဘယ္လို အခက္အခဲ ရွိေၾကာင္း ၊ ဒီ ရက္ပိုင္း စိတ္ဓာတ္က် စရာ ဘာေတြရွိေၾကာင္း ပြင့္ပြင့္ လင္းလင္း ေျပာပါ ။ အရမ္းႀကီး စကားအပို ေတြ မ်ားၿပီး အျပစ္တင္ ေဝဖန္ ခိုင္းတာမဟုတ္ပါဘူး ။ ဝမ္းသာလၽွင္ သာေၾကာင္း ၊ ဝမ္းနည္းလၽွင္ နည္းေၾကာင္း စိတ္ထဲ ရွိသမၽွ ေျပာသင့္တာပါ ။

2) ေလးေလးစားစားဆက္ဆံပါ

ရည္းစားသက္တမ္း အခ်ိန္ၾကာလာတာနဲ႔ အမၽွ တစ္ဦးနဲ႔ တစ္ဦး အရင္းက ထက္ပိုမိုရင္းႏွီးလာတာ သဘာဝ ပါပဲ ။ အဲ့လိုရင္းႏွီး လာတာရဲ႕ ေနာက္ဆက္တြဲ ဆိုးက်ိဳးက တစ္ေယာက္ အေပၚ တစ္ေယာက္ ေလးစား တန္ဖိုးထားမႈ ေတြ ေလ်ာ့လာတာပါ ။ အသက္ကြာတဲ့ အတြဲ ေတြဆို ပိုသိသာပါတယ္ ။ ခ်စ္သူ က ကိုယ့္ထက္ငယ္ေပမယ့္ တြဲတာၾကာလာတဲ့ အခါ ကိုယ့္ကို ရြယ္တူ တန္းတူ လို ဆက္ဆံ ခံရတာက စိတ္ကသိကေအာက္ ျဖစ္ေစပါတယ္ ။

3) Appreciate လုပ္ဖို႔ မေမ့ပါ နဲ႔ ။

ခ်စ္သူ က ကိုယ့္ကို လက္ေဆာင္ ပစၥည္း တစ္ခုခု ေပးတဲ့ အခါ ၊ ကိုယ္သြားခ်င္တဲ့ ေနရာေလး လိုက္ပို႔ ေပးတဲ့ အခါ ၊ ကိုယ္စားခ်င္တဲ့ မုန္႔ ဝယ္ေကၽြးတဲ့အခါ ေက်းဇူးတင္ စကားေျပာဖို႔ မေမ့ပါနဲ႔ ။ အဲ့တာေတြ သူ မလုပ္ေပးျဖစ္ဘူးဆိုရင္ေတာင္ သူ ႔ အသက္ရွင္ တည္ရွိေနမႈ ကတင္ ကိုယ့္ အတြက္ မည္မၽွ အဓိပၸါယ္ရွိေၾကာင္း ၊ မိမိ ဘဝထဲ ဝင္ေရာက္ခဲ့သည့္ အတြက္ ေက်းဇူး တင္ေၾကာင္း ေျပာဆိုပါ ။

4) အတူတကြ အခ်ိန္ကုန္ဆုံးပါ

LDRS ေတြေတာ့ ခၽြင္းခ်က္ ေပါ့ေနာ္ ။ ဒါေပမယ့္ sms ပို႔တာ messenger မွာ စကားေျပာတာ ဖုန္းဆက္တာေတြထက္ တတ္ႏိုင္သမၽွ အျပင္မွာ ေတြ႕ပါ ။ အထူးသျဖင့္ social networks ေတြက သမီး ရည္းစား အခ်စ္ေရး ကို အထူး ျပႆ နာ တတ္ေစပါတယ္ ။ တတ္ႏိုင္သေလာက္ ၂ ေယာက္လုံး Facebook ေလ်ာ့သုံးပါ ၊ social network က အရႈပ္အရွင္း ေတြကိုလည္း အျပင္မွာ ေတြ႕ၾကတဲ့ အထိ မသယ္လာပါနဲ႔ ။

5) တစ္ဖက္လူကို ယုံၾကည္စိတ္ခ် ေၾကာင္းျပသပါ ။

( ဒါကေတာ့ အတြင္းစကားပါ ) တကယ္ ယုံတာ မယုံတာက ကိုယ့္ အပိုင္းပါ ၊ ဒါေပမယ့္ လူဆိုတာလည္း ကိုယ့္ကိုယ္ ယုံၾကည္တယ္ ၊ သေဘာထား ႀကီးေပးတယ္ဆို ရင္ "ေဩာ္ သူက ငါ့ကို နားလည္ေပးတာပဲ " ဆိုၿပီး ျဖစ္တတ္ၾကပါတယ္ ။ ဒါေၾကာင့္လည္း သေဘာထားႀကီးတဲ့ အမ်ဳိးသမီး ေတြကို လမ္းခြဲၿပီးရင္ ၊ ေဖာက္ျပန္ မိရင္ ေတာင္ ေတာ္ယုံ အမ်ဴိးသား က သတိရေနတတ္ၾကပါတယ္ ။

ခ်စ္သူ ၂ ဦး ၾကားမွာ အဓိက က ခ်စ္ေနဖို႔ ဆိုေပမယ့္ ဒီလို သိတတ္စရာ ေလးေတြလည္း လိုအပ္ေသးလို႔ ကိုယ္သိေစခ်င္ တဲ့ လူကို mention ေခၚၿပီး ဖတ္ရႉ့ခိုင္းလိုက္ပါဦး ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: {ေဝယံလင္းစိုး}

#Unicode Version#
1) ပွင့်ပွင့် လင်းလင်း ပြောကြမယ်

သူ့ အပြုအမူ ဟာ မိမိ ဘယ်လို ခံစားရကြောင်း ၊ သူ ဘယ်လို နေထိုင်တာ ကိုယ် သဘောကျကြောင်း ၊ ကိုယ့်မှာ ဘယ်လို အခက်အခဲ ရှိကြောင်း ၊ ဒီ ရက်ပိုင်း စိတ်ဓာတ်ကျ စရာ ဘာတွေရှိကြောင်း ပွင့်ပွင့် လင်းလင်း ပြောပါ ။ အရမ်းကြီး စကားအပို တွေ များပြီး အပြစ်တင် ဝေဖန် ခိုင်းတာမဟုတ်ပါဘူး ။ ဝမ်းသာလျှင် သာကြောင်း ၊ ဝမ်းနည်းလျှင် နည်းကြောင်း စိတ်ထဲ ရှိသမျှ ပြောသင့်တာပါ ။

2) လေးလေးစားစားဆက်ဆံပါ

ရည်းစားသက်တမ်း အချိန်ကြာလာတာနဲ့ အမျှ တစ်ဦးနဲ့ တစ်ဦး အရင်းက ထက်ပိုမိုရင်းနှီးလာတာ သဘာဝ ပါပဲ ။ အဲ့လိုရင်းနှီး လာတာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးက တစ်ယောက် အပေါ် တစ်ယောက် လေးစား တန်ဖိုးထားမှု တွေ လျော့လာတာပါ ။ အသက်ကွာတဲ့ အတွဲ တွေဆို ပိုသိသာပါတယ် ။ ချစ်သူ က ကိုယ့်ထက်ငယ်ပေမယ့် တွဲတာကြာလာတဲ့ အခါ ကိုယ့်ကို ရွယ်တူ တန်းတူ လို ဆက်ဆံ ခံရတာက စိတ်ကသိကအောက် ဖြစ်စေပါတယ် ။

3) Appreciate လုပ်ဖို့ မမေ့ပါ နဲ့ ။

ချစ်သူ က ကိုယ့်ကို လက်ဆောင် ပစ္စည်း တစ်ခုခု ပေးတဲ့ အခါ ၊ ကိုယ်သွားချင်တဲ့ နေရာလေး လိုက်ပို့ ပေးတဲ့ အခါ ၊ ကိုယ်စားချင်တဲ့ မုန့် ဝယ်ကျွေးတဲ့အခါ ကျေးဇူးတင် စကားပြောဖို့ မမေ့ပါနဲ့ ။ အဲ့တာတွေ သူ မလုပ်ပေးဖြစ်ဘူးဆိုရင်တောင် သူ့ အသက်ရှင် တည်ရှိနေမှု ကတင် ကိုယ့် အတွက် မည်မျှ အဓိပ္ပါယ်ရှိကြောင်း ၊ မိမိ ဘဝထဲ ဝင်ရောက်ခဲ့သည့် အတွက် ကျေးဇူး တင်ကြောင်း ပြောဆိုပါ ။

4) အတူတကွ အချိန်ကုန်ဆုံးပါ

LDRS တွေတော့ ချွင်းချက် ပေါ့နော် ။ ဒါပေမယ့် sms ပို့တာ messenger မှာ စကားပြောတာ ဖုန်းဆက်တာတွေထက် တတ်နိုင်သမျှ အပြင်မှာ တွေ့ပါ ။ အထူးသဖြင့် social networks တွေက သမီး ရည်းစား အချစ်ရေး ကို အထူး ပြဿ နာ တတ်စေပါတယ် ။ တတ်နိုင်သလောက် ၂ ယောက်လုံး Facebook လျော့သုံးပါ ၊ social network က အရှုပ်အရှင်း တွေကိုလည်း အပြင်မှာ တွေ့ကြတဲ့ အထိ မသယ်လာပါနဲ့ ။

5) တစ်ဖက်လူကို ယုံကြည်စိတ်ချ ကြောင်းပြသပါ ။

( ဒါကတော့ အတွင်းစကားပါ ) တကယ် ယုံတာ မယုံတာက ကိုယ့် အပိုင်းပါ ၊ ဒါပေမယ့် လူဆိုတာလည်း ကိုယ့်ကိုယ် ယုံကြည်တယ် ၊ သဘောထား ကြီးပေးတယ်ဆို ရင် "ေဩာ် သူက ငါ့ကို နားလည်ပေးတာပဲ " ဆိုပြီး ဖြစ်တတ်ကြပါတယ် ။ ဒါကြောင့်လည်း သဘောထားကြီးတဲ့ အမျိုးသမီး တွေကို လမ်းခွဲပြီးရင် ၊ ဖောက်ပြန် မိရင် တောင် တော်ယုံ အမျိူးသား က သတိရနေတတ်ကြပါတယ် ။

ချစ်သူ ၂ ဦး ကြားမှာ အဓိက က ချစ်နေဖို့ ဆိုပေမယ့် ဒီလို သိတတ်စရာ လေးတွေလည်း လိုအပ်သေးလို့ ကိုယ်သိစေချင် တဲ့ လူကို mention ခေါ်ပြီး ဖတ်ရှူ့ခိုင်းလိုက်ပါဦး ။
ဖိုးသူတော် (www.phothutaw.com)
Credit: {ဝေယံလင်းစိုး}
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top