iMyanmarHouse.com - Best Property Website for Myanmar
×

# Zawgyi ျဖင့္ဖတ္ရန္ #

ေျပတီဦး ကျပင္ဦးလြင္မွာ ဒါ႐ိုက္တာဝိုင္း၊ ခ်စ္သုေဝ တို႔နဲ႔႐ိုက္ေနတဲ့ ‘ေဘာ္ေဘာ္’ ဆိုတဲ့ ဗီဒီယုိဇာတ္ ကားမွာ ေတာ္ေတာ္ ဆိုးတဲ့ခပ္ ေျပာင္ေျပာင္ လူတစ္ေယာက္ အျဖစ္သ႐ုပ္ ေဆာင္ေနၿပီး အျပင္မွာ ခပ္ေျပာင္ေျပာင္ေန တတ္တဲ့ေျပတီဦးက ဇာတ္ကားထဲက လူထက္ ပိုေျပာင္တယ္ လို႔ေျပာပါတယ္။ လတ္ တေလာ အထက္ ျမန္မာျပည္ မွာထြက္ထားတဲ့ ‘မေျပာင္းလဲေသာ ဆက္ႏြယ္မႈ’ကားမွာ မုိးေဟကို က ေျပတီဦးအေမအျဖစ္ သ႐ုပ္ေဆာင္ထား သလို၊ ေျပတီဦးကမိုးေဟကို ကိုကန္ေတာ့တဲ့ အခန္းလည္း ပါတာမို႔ အဲဒီကား အေၾကာင္း ေမးေတာ့..

”အဲဒီကား ႐ိုက္တုန္းကေတာ့ မိုးေဟကို ကို ကြၽန္ေတာ့္ အေမ လုပ္ရ မယ္ေျပာေတာ့ မိုးေဟကို ေအာ္ေန တာေတာ့ အမွတ္တရပဲ” လို႔ ေျပာပါ တယ္။ ေျပတီဦး က ဇြန္လ၉ ရက္မွာ ေတာ့ ရန္ကုန္ကိုျပန္မွာ ျဖစ္ၿပီး၊ ဒါ႐ိုက္တာ ကိုေဇာ္ (အ႐ုဏ္ဦး) ၊ဒါ႐ိုက္တာေက်ာ္ေဇာလင္း တို႔နဲ႔ဗီဒီယို ၁ကားစီ ႐ိုက္ၿပီးစင္ကာပူ (သို႔မဟုတ္) ဘန္ေကာက္ကို သြားမယ္လို႔ သိရပါတယ္။ ခရီးစဥ္နဲ႔ ပတ္သက္ၿပီး ”ေရွာပင္းလည္းပါ တယ္။ ေဆးစစ္ဖို႔လည္း ပါတယ္။ အူဝဲေမြးေန႔တုန္းက လက္ေဆာင္ဝယ္ေပး မယ္ေျပာၿပီး
မဝယ္ေပးျဖစ္ေ သးတာ အဲဒီကတိရွိတာ ေၾကာင့္ဒီကေန ျပန္တာ နဲ႔ျပန္ဆပ္တဲ့ သေဘာေပါ့။ သမီးေတာ့မပါဘူး။ ငယ္ေသး လို႔ေလ။ လက္ေဆာင္ ကေျပာတဲ့အတိုင္း ၁ခုပဲျဖစ္မလား မသိေသးပါဘူး။ အေျခ အေနေပၚ မူတည္ တာ ေပါ့”လို႔ေျပာပါတယ္။

ဒါ႐ုိက္တာ ေမာင္မ်ဳိးမင္း ႐ိုက္တဲ့ ‘မိုင္တိုင္၂၆’ကားမွာေျပတီဦး သရဲအေျခာက္ခံရတဲ့ တကယ့္ အျဖစ္ အပ်က္ကို ထည့္႐ိုက္ထားတယ္လုိ႔ေျပာပါတယ္။ အဲဒါ ေလးျပန္ေျပာပါဦး ဆိုေတာ့”အဲဒီ အျဖစ္အပ်က္ က ႏွစ္ေတြ ေတာ္ေတာ္ၾကာၿပီ။၁ဝႏွစ္ ေလာက္ကို ရွိၿပီထင္ တယ္။ ဒါ႐ိုက္တာက ညိဳမင္းလြင္၊ မင္းသားက မင္းေမာ္ကြန္း၊ မင္းသမီးက အူဝဲကားနာမည္က ‘ရင္ကြဲ ဘီလူး’တဲ့။သူတို႔က ႐ြိဳင္ရယ္ပတ္ဗ်ဴးမွာတည္း ၾကတာ။ ညက်ေတာ့ ကြၽန္ေတာ္ရယ္၊ ညိဳမင္းလြင္ရယ္ ၊ေနလင္းရယ္ သုံးေယာက္ သူတို႔ဆီကို ဆိုင္ကယ္ တစ္စီးနဲ႔ သြားၾကတာ။အဲဒီမွာ စားၾက၊ေသာက္ၾက၊ သီခ်င္းဆိုၾကနဲ႔ေပါ့။ ၿပီးေတာ့ ဓာတ္ပုံ႐ိုက္ၾကေတာ့ မင္းေမာ္ကြန္းရယ္၊ သူ႕မိန္းမရယ္၊ အူဝဲ၊ ကြၽန္ေတာ္၊ညိဳမင္းလြင္၊ ေနလင္းတို႔ ၆ေယာက္ ဓာတ္ပုံ႐ိုက္ တာ ေဘးနားမွာ အေငြ႕ကလူ ပုံစံမ်ဳိးနဲ႔ တစ္ေယာက္က ပိုပိုေနတယ္။ၿပီးေတာ့ ပူေဖာင္းလို အလံုး ႀကီးေတြေပၚ ေပၚေနတယ္။ အဲဒါနဲ႔ အူဝဲက လည္း သူအိပ္ေတာ့မယ္။ မင္းေမာ္ကြန္းကလည္း သူလည္း အိပ္ေတာ့ မယ္ ဆိုၿပီး လစ္ေရာ၊ ၁ေယာက္ပိုေနေတာ့ အားလုံးမ်က္ႏွာေတြ ပ်က္ၿပီးျပန္ေျပးၾကေရာ။

အျပန္မွာ ညိဳမင္းလြင္က ေျပႀကီးရယ္ အေၾကာက္ေျပေအာင္ သီခ်င္းဆိုစမ္းပါ ဆိုတာနဲ႔ ကြၽန္ေတာ္လည္း ‘ဟိုေရွ႕က ခင္ပ်ဳိရယ္ ႐ုပ္အဆင္း က ေခ်ာလွတယ္ ေတာအရပ္မွာ မေနနဲ႕ကြယ္ၿမိဳ႕ ကိုလာ ေမာင္ေခၚမယ္’ လည္းဆိုေရာ ကြၽန္ တာ္တို႔ ေနာက္ကို စူပါမင္းလိုပဲ ဆံပင္ရွည္ ႀကီးနဲ႔ ၾကည့္ၿပီး ဆိုင္ကယ္ေဘးကေနလိုက္ လာတာ ၃ေယာက္စလုံးျမင္ တယ္။ အဲဒါနဲ႔ ဆိုင္ကယ္ မေမွာက္ေအာင္ အတင္းေမာင္းခိုင္းၿပီး ဟိုတယ္ ေရာက္မွပဲ လြတ္ေတာ့တယ္။ တအားခ်မ္း တဲ့ အခ်ိန္မွာ ၃ေယာက္ေဇာေခြၽးျပန္ခဲ့ရတဲ့ အျဖစ္ေပါ့ ဗ်ာ”လို႔ေျပာျပခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Popular News

# Unicode Version ျဖင့္ ဖတ္ပါ #

ပြေတီဦး ကပြင်ဦးလွင်မှာ ဒါရိုက်တာဝိုင်း၊ ချစ်သုဝေ တို့နဲ့ရိုက်နေတဲ့ ‘ဘော်ဘော်’ ဆိုတဲ့ ဗီဒီယိုဇာတ် ကားမှာ တော်တော် ဆိုးတဲ့ခပ် ပြောင်ပြောင် လူတစ်ယောက် အဖြစ်သရုပ် ဆောင်နေပြီး အပြင်မှာ ခပ်ပြောင်ပြောင်နေ တတ်တဲ့ပြေတီဦးက ဇာတ်ကားထဲက လူထက် ပိုပြောင်တယ် လို့ပြောပါတယ်။ လတ် တလော အထက် မြန်မာပြည် မှာထွက်ထားတဲ့ ‘မပြောင်းလဲသော ဆက်နွယ်မှု’ကားမှာ မိုးဟေကို က ပြေတီဦးအမေအဖြစ် သရုပ်ဆောင်ထား သလို၊ ပြေတီဦးကမိုးဟေကို ကိုကန်တော့တဲ့ အခန်းလည်း ပါတာမို့ အဲဒီကား အကြောင်း မေးတော့..

”အဲဒီကား ရိုက်တုန်းကတော့ မိုးဟေကို ကို ကျွန်တော့် အမေ လုပ်ရ မယ်ပြောတော့ မိုးဟေကို အော်နေ တာတော့ အမှတ်တရပဲ” လို့ ပြောပါ တယ်။ ပြေတီဦး က ဇွန်လ၉ ရက်မှာ တော့ ရန်ကုန်ကိုပြန်မှာ ဖြစ်ပြီး၊ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ၊ဒါရိုက်တာကျော်ဇောလင်း တို့နဲ့ဗီဒီယို ၁ကားစီ ရိုက်ပြီးစင်ကာပူ (သို့မဟုတ်) ဘန်ကောက်ကို သွားမယ်လို့ သိရပါတယ်။ ခရီးစဉ်နဲ့ ပတ်သက်ပြီး ”ရှောပင်းလည်းပါ တယ်။ ဆေးစစ်ဖို့လည်း ပါတယ်။ အူဝဲမွေးနေ့တုန်းက လက်ဆောင်ဝယ်ပေး မယ်ပြောပြီး
မဝယ်ပေးဖြစ်ေ သးတာ အဲဒီကတိရှိတာ ကြောင့်ဒီကနေ ပြန်တာ နဲ့ပြန်ဆပ်တဲ့ သဘောပေါ့။ သမီးတော့မပါဘူး။ ငယ်သေး လို့လေ။ လက်ဆောင် ကပြောတဲ့အတိုင်း ၁ခုပဲဖြစ်မလား မသိသေးပါဘူး။ အခြေ အနေပေါ် မူတည် တာ ပေါ့”လို့ပြောပါတယ်။

ဒါရိုက်တာ မောင်မျိုးမင်း ရိုက်တဲ့ ‘မိုင်တိုင်၂၆’ကားမှာပြေတီဦး သရဲအခြောက်ခံရတဲ့ တကယ့် အဖြစ် အပျက်ကို ထည့်ရိုက်ထားတယ်လို့ပြောပါတယ်။ အဲဒါ လေးပြန်ပြောပါဦး ဆိုတော့”အဲဒီ အဖြစ်အပျက် က နှစ်တွေ တော်တော်ကြာပြီ။၁ဝနှစ် လောက်ကို ရှိပြီထင် တယ်။ ဒါရိုက်တာက ညိုမင်းလွင်၊ မင်းသားက မင်းမော်ကွန်း၊ မင်းသမီးက အူဝဲကားနာမည်က ‘ရင်ကွဲ ဘီလူး’တဲ့။သူတို့က ရွိုင်ရယ်ပတ်ဗျူးမှာတည်း ကြတာ။ ညကျတော့ ကျွန်တော်ရယ်၊ ညိုမင်းလွင်ရယ် ၊နေလင်းရယ် သုံးယောက် သူတို့ဆီကို ဆိုင်ကယ် တစ်စီးနဲ့ သွားကြတာ။အဲဒီမှာ စားကြ၊သောက်ကြ၊ သီချင်းဆိုကြနဲ့ပေါ့။ ပြီးတော့ ဓာတ်ပုံရိုက်ကြတော့ မင်းမော်ကွန်းရယ်၊ သူ့မိန်းမရယ်၊ အူဝဲ၊ ကျွန်တော်၊ညိုမင်းလွင်၊ နေလင်းတို့ ၆ယောက် ဓာတ်ပုံရိုက် တာ ဘေးနားမှာ အငွေ့ကလူ ပုံစံမျိုးနဲ့ တစ်ယောက်က ပိုပိုနေတယ်။ပြီးတော့ ပူဖောင်းလို အလုံး ကြီးတွေပေါ် ပေါ်နေတယ်။ အဲဒါနဲ့ အူဝဲက လည်း သူအိပ်တော့မယ်။ မင်းမော်ကွန်းကလည်း သူလည်း အိပ်တော့ မယ် ဆိုပြီး လစ်ရော၊ ၁ယောက်ပိုနေတော့ အားလုံးမျက်နှာတွေ ပျက်ပြီးပြန်ပြေးကြရော။

အပြန်မှာ ညိုမင်းလွင်က ပြေကြီးရယ် အကြောက်ပြေအောင် သီချင်းဆိုစမ်းပါ ဆိုတာနဲ့ ကျွန်တော်လည်း ‘ဟိုရှေ့က ခင်ပျိုရယ် ရုပ်အဆင်း က ချောလှတယ် တောအရပ်မှာ မနေနဲ့ကွယ်မြို့ ကိုလာ မောင်ခေါ်မယ်’ လည်းဆိုရော ကျွန် တာ်တို့ နောက်ကို စူပါမင်းလိုပဲ ဆံပင်ရှည် ကြီးနဲ့ ကြည့်ပြီး ဆိုင်ကယ်ဘေးကနေလိုက် လာတာ ၃ယောက်စလုံးမြင် တယ်။ အဲဒါနဲ့ ဆိုင်ကယ် မမှောက်အောင် အတင်းမောင်းခိုင်းပြီး ဟိုတယ် ရောက်မှပဲ လွတ်တော့တယ်။ တအားချမ်း တဲ့ အချိန်မှာ ၃ယောက်ဇောချွေးပြန်ခဲ့ရတဲ့ အဖြစ်ပေါ့ ဗျာ”လို့ပြောပြခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Popular News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top