iMyanmarHouse.com - Best Property Website for Myanmar
×

တခ်ိဳ႕အမ်ိဳးသားေတြဟာ သုက္ေကာင္ထြက္ႏႈန္း ေတာ္ေတာ္ေလးနည္းၾကပါတယ္။ ဒီလိုအမ်ိဳးသားအဖို႔ သေႏၶေအာင္နည္းပညာ နဲ႔ ကေလးအေဖျဖစ္ႏိုင္ပါၿပီ။

သုက္ေကာင္ရည္ထြက္ႏႈန္း သုညျဖစ္ေနတဲ႔ သူေတြေတာင္ ဖန္ျပြန္သေႏၶသားနည္းပညာနဲ႔ ကေလးအေဖျဖစ္ႏိုင္မယ္႔ မနာမက်င္ စမ္းသပ္စစ္ေဆးမႈတစ္ရပ္ကို သိပၸံပညာ႐ွင္ေတြက ဖန္တီးခဲ႔ပါတယ္။Biomarker လို႔ေခၚတဲ႔ မ်ိဳးေစ႔ဗီဇ(၂)မ်ိဳးကို သုက္ေကာင္ထဲမွာ႐ွာေဖြတဲ႔ နည္းစနစ္ကို ေလ႔လာေတြ႔႐ွိခဲ႔တာပါ။ အဲ႔ဒီ႔ မ်ိဳးေစ႔ဗီဇကို ၾကည္႔ၿပီး သေႏၶေအာင္ႏိုင္တဲ႔ သုက္ေကာင္ ထုတ္ယူလို႔ ေအာင္ျမင္ႏိုင္၊ မျမင္ႏိုင္ကို မခြဲစိပ္ခင္မွာပဲ သိ႐ွိႏိုင္ပါၿပီ။

တခ်ိဳ႕အမ်ိဳးသားေတြကေတာ႔ ဘယ္ေတာ႔မွ ကေလးအေဖအရင္း ျဖစ္ႏိုင္စြမ္းမ႐ွိတဲ႔အတြက္ လွဴထားတဲ႔သုက္ေကာင္ကို သံုးဖို႔လိုအပ္ပါတယ္။ သေႏၶျပန္လည္ေအာင္ဖို႔ အလားအလာ႐ွိတဲ႔ သုက္ေကာင္ကိုရဖို႔ဆိုရင္ လက္႐ွိနည္းစနစ္ေတြအရေတာ႔ ခြဲစိပ္ကုသဖို႔လိုပါတယ္။ ခြဲစိပ္စရာမလိုဘဲ မနာမက်င္နဲ႔ကုသႏိုင္မယ္ဆိုေတာ႔ သေႏၶမေအာင္ႏိုင္တဲ႔ အမ်ိဳးသားမ်ားအတြက္ေတာ႔ ၀မ္းသားစရာသတင္းတစ္ရပ္ပါပဲ။ ေဆး႐ံု၊ေဆးခန္းေတြမွာ ကုသႏိုင္ဖို႔အတြက္ေတာ႔ တစ္ႏွစ္ေလာက္ၾကာဦးမယ္လို႔ သိရပါတယ္။

သေႏၶမေအာင္တဲ႔ကိစၥမွာ အမ်ိဳးသားဘက္က သေႏၶမေအာင္တာဟာ ၅၀ရာခိုင္ႏႈန္း႐ွိပါတယ္။ သုက္ထြက္ႏႈန္း သုညျဖစ္ေနတဲ႔ အမ်ိဳးသားေတြကို သေႏၶေအာင္ကုထံုးနဲ႔သာ ကုသမယ္ဆိုရင္ ကေလးအေဖအရင္း ျဖစ္ႏိုင္စြမ္း႐ွိပါတယ္။ သူ႔ကိုယ္ထဲမွာ ခြဲစိပ္ၿပီးထုတ္လို႔ရမယ္႔ ပံုမွန္ျဖစ္တဲ႔သုက္ေကာင္ ႐ွိခဲ႔မယ္ဆိုရင္ေပါ႔ေလ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin

#Unicode Version#
တချို့အမျိုးသားတွေဟာ သုက်ကောင်ထွက်နှုန်း တော်တော်လေးနည်းကြပါတယ်။ ဒီလိုအမျိုးသားအဖို့ သန္ဓေအောင်နည်းပညာ နဲ့ ကလေးအဖေဖြစ်နိုင်ပါပြီ။

သုက်ကောင်ရည်ထွက်နှုန်း သုညဖြစ်နေတဲ့ သူတွေတောင် ဖန်ပြွန်သန္ဓေသားနည်းပညာနဲ့ ကလေးအဖေဖြစ်နိုင်မယ့် မနာမကျင် စမ်းသပ်စစ်ဆေးမှုတစ်ရပ်ကို သိပ္ပံပညာရှင်တွေက ဖန်တီးခဲ့ပါတယ်။Biomarker လို့ခေါ်တဲ့ မျိုးစေ့ဗီဇ(၂)မျိုးကို သုက်ကောင်ထဲမှာရှာဖွေတဲ့ နည်းစနစ်ကို လေ့လာတွေ့ရှိခဲ့တာပါ။ အဲ့ဒီ့ မျိုးစေ့ဗီဇကို ကြည့်ပြီး သန္ဓေအောင်နိုင်တဲ့ သုက်ကောင် ထုတ်ယူလို့ အောင်မြင်နိုင်၊ မမြင်နိုင်ကို မခွဲစိပ်ခင်မှာပဲ သိရှိနိုင်ပါပြီ။

တချို့အမျိုးသားတွေကတော့ ဘယ်တော့မှ ကလေးအဖေအရင်း ဖြစ်နိုင်စွမ်းမရှိတဲ့အတွက် လှူထားတဲ့သုက်ကောင်ကို သုံးဖို့လိုအပ်ပါတယ်။ သန္ဓေပြန်လည်အောင်ဖို့ အလားအလာရှိတဲ့ သုက်ကောင်ကိုရဖို့ဆိုရင် လက်ရှိနည်းစနစ်တွေအရတော့ ခွဲစိပ်ကုသဖို့လိုပါတယ်။ ခွဲစိပ်စရာမလိုဘဲ မနာမကျင်နဲ့ကုသနိုင်မယ်ဆိုတော့ သန္ဓေမအောင်နိုင်တဲ့ အမျိုးသားများအတွက်တော့ ဝမ်းသားစရာသတင်းတစ်ရပ်ပါပဲ။ ဆေးရုံ၊ဆေးခန်းတွေမှာ ကုသနိုင်ဖို့အတွက်တော့ တစ်နှစ်လောက်ကြာဦးမယ်လို့ သိရပါတယ်။

သန္ဓေမအောင်တဲ့ကိစ္စမှာ အမျိုးသားဘက်က သန္ဓေမအောင်တာဟာ ၅၀ရာခိုင်နှုန်းရှိပါတယ်။ သုက်ထွက်နှုန်း သုညဖြစ်နေတဲ့ အမျိုးသားတွေကို သန္ဓေအောင်ကုထုံးနဲ့သာ ကုသမယ်ဆိုရင် ကလေးအဖေအရင်း ဖြစ်နိုင်စွမ်းရှိပါတယ်။ သူ့ကိုယ်ထဲမှာ ခွဲစိပ်ပြီးထုတ်လို့ရမယ့် ပုံမှန်ဖြစ်တဲ့သုက်ကောင် ရှိခဲ့မယ်ဆိုရင်ပေါ့လေ။


ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top