ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

အေမရိကန္ႏိုင္ငံ Ohio ျပည္နယ္ Sidney မွ Douglas Wolaver ဆိုသူတေယာက္ဟာ ၂၀၁၃ ခုႏွစ္ ေဖေဖာ္၀ါရီလမွာ  အိမ္တအိမ္ကို ေဖာက္ထြင္း၀င္ေရာက္မွဳနဲ ့အဖမ္းခံခဲ ့ရပါတယ္။သူဟာ အိမ္ထဲကို ျပဴတင္းေပါက္ကေနခိုး၀င္ဖို ့လုပ္ရင္း သူ့ေဘာင္းဘီေနာက္အိပ္ကပ္ ထဲမွာ ထည့္ထားတဲ့ သူ့ဖုန္းကို ဖိမိကာ အေရးေပၚနံပါတ္ 911 ကိုေခၚမိသတဲ့။

ဒါေပမယ့္သူက မသိခဲ့ပါဘူး။ဖုန္း ေအာ္ပေရတာမွတဆင့္  ထိုဖုန္းကို ရဲက ေျခရာခံႏိုင္ခဲ့ပါတယ္။ခိုးေနတုန္း ဖင္နဲ ့ရဲကိုဖုန္းဆက္ေခၚမိတဲ့ Douglasကိုေတာ့ အဲဒီအိမ္ထဲမွာပဲ ခိုးေနတုန္းဖမ္းမိခဲ့ပါတယ္တဲ့။

နယူးဇီလန္ ကေထာင္ေဖာက္မွဳၾကီး

ဒီသူခိုးေတြကေတာ့ တံုးတယ္ေျပာရမလား၊ေတာ္တယ္ေျပာရမလား ပရိတ္သတ္ၾကီးပဲ ဖတ္ျပီးေျပာသြားေပး။New Zeland ႏိုင္ငံ New Plymouth အက်ဥ္းေထာင္မွာ ေထာင္ေဖာက္မွဳတစ္ခု ျဖစ္ခဲ့ ပါတယ္။ထူးဆန္းတာက ေထာင္ေဖာက္ျပီးထြက္ေျပးတာမဟုတ္ပါဘူးတဲ့။ ေထာင္ထဲကိုေဖာက္၀င္ျပီး ေထာင္အုပ္ခ်ဳပ္ေရး ရံုးခန္းထဲက လက္မ ၅၀ Plasma တီဗီြၾကီးကို ခိုးယူသြားတာပါတဲ့ဗ်ာ။အဲဒီ သူခိုးေတြကိုေတာ့ မမိခဲ့ဘူးတဲ့ခင္ဗ်ာ။

လက္ထိပ္မျဖဳတ္တတ္လို့ရဲစခန္းသြားျပီးအကူညီေတာင္းတဲ့ တရားခံ

တကၠဆက္ျပည္နယ္က မိုင္ကယ္လိုဂန္္ဆိုတဲ ့အမ်ဳိးသားတစ္ေယာက္ဟာ တေန့မွာေတာ့ လက္ထိပ္တစ္ခုနဲ ့ေဆာ့ရင္း ကိုယ့္ကိုကိုယ္ ခတ္မိၿပီး ျဖဳတ္မရျဖစ္ခဲ့တယ္တဲ့။သူဟာ လက္ထိပ္ကို ျပဳတ္ေအာင္ အမ်ဳိးမ်ဳိးၾကိဳးစားခဲ့ေပမယ့္ မရတဲ့အဆံုးမွာ ရဲစခန္းကို သြားျပီး အကူညီေတာင္းခဲ့ပါတယ္။အဲ့မွာ သူကံဆိုးေတာ့တာပါပဲ …သူဟာ ရဲဌာနက မူးယစ္ေဆးအမွဳနဲ ့တရားခံေျပးအျဖစ္ေၾကညာထားသူ တစ္ေယာက္ျဖစ္ေနတာပဲ။

ပိုဆိုးတာက သူဟာ သူ့နာမည္အရင္းကိုေျပာမိတာပါပဲ ။အဲဒီထက္ပိုျပီးဆိုးတာက သူ့ေဘာင္းဘီ အိပ္ထဲမွာပါလာတဲ့  ေဆးေျခာက္ထုပ္ တစ္ထုပ္နဲ့ မိခဲ့တာပဲျဖစ္ပါတယ္။

Source>>dreamindemon.com,gizmodo.com;theeagle.com;and FB

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ingyinphyu

# Unicode Version ျဖင့္ ဖတ္ပါ #
အမေရိကန်နိုင်ငံ Ohio ပြည်နယ် Sidney မှ Douglas Wolaver ဆိုသူတယောက်ဟာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှာ  အိမ်တအိမ်ကို ဖောက်ထွင်းဝင်ရောက်မှုနဲ့အဖမ်းခံခဲ့ရပါတယ်။သူဟာ အိမ်ထဲကို ပြူတင်းပေါက်ကနေခိုးဝင်ဖို့လုပ်ရင်း သူ့ဘောင်းဘီနောက်အိပ်ကပ် ထဲမှာ ထည့်ထားတဲ့ သူ့ဖုန်းကို ဖိမိကာ အရေးပေါ်နံပါတ် 911 ကိုခေါ်မိသတဲ့။

ဒါပေမယ့်သူက မသိခဲ့ပါဘူး။ဖုန်း အော်ပရေတာမှတဆင့်  ထိုဖုန်းကို ရဲက ခြေရာခံနိုင်ခဲ့ပါတယ်။ခိုးနေတုန်း ဖင်နဲ့ရဲကိုဖုန်းဆက်ခေါ်မိတဲ့ Douglasကိုတော့ အဲဒီအိမ်ထဲမှာပဲ ခိုးနေတုန်းဖမ်းမိခဲ့ပါတယ်တဲ့။

နယူးဇီလန် ကထောင်ဖောက်မှုကြီး

ဒီသူခိုးတွေကတော့ တုံးတယ်ပြောရမလား၊တော်တယ်ပြောရမလား ပရိတ်သတ်ကြီးပဲ ဖတ်ပြီးပြောသွားပေး။New Zeland နိုင်ငံ New Plymouth အကျဉ်းထောင်မှာ ထောင်ဖောက်မှုတစ်ခု ဖြစ်ခဲ့ ပါတယ်။ထူးဆန်းတာက ထောင်ဖောက်ပြီးထွက်ပြေးတာမဟုတ်ပါဘူးတဲ့။ ထောင်ထဲကိုဖောက်ဝင်ပြီး ထောင်အုပ်ချုပ်ရေး ရုံးခန်းထဲက လက်မ ၅၀ Plasma တီဗွီကြီးကို ခိုးယူသွားတာပါတဲ့ဗျာ။အဲဒီ သူခိုးတွေကိုတော့ မမိခဲ့ဘူးတဲ့ခင်ဗျာ။

လက်ထိပ်မဖြုတ်တတ်လို့ရဲစခန်းသွားပြီးအကူညီတောင်းတဲ့ တရားခံ

တက္ကဆက်ပြည်နယ်က မိုင်ကယ်လိုဂန်ဆိုတဲ့အမျိုးသားတစ်ယောက်ဟာ တနေ့မှာတော့ လက်ထိပ်တစ်ခုနဲ့ဆော့ရင်း ကိုယ့်ကိုကိုယ် ခတ်မိပြီး ဖြုတ်မရဖြစ်ခဲ့တယ်တဲ့။သူဟာ လက်ထိပ်ကို ပြုတ်အောင် အမျိုးမျိုးကြိုးစားခဲ့ပေမယ့် မရတဲ့အဆုံးမှာ ရဲစခန်းကို သွားပြီး အကူညီတောင်းခဲ့ပါတယ်။အဲ့မှာ သူကံဆိုးတော့တာပါပဲ …သူဟာ ရဲဌာနက မူးယစ်ဆေးအမှုနဲ့တရားခံပြေးအဖြစ်ကြေညာထားသူ တစ်ယောက်ဖြစ်နေတာပဲ။

ပိုဆိုးတာက သူဟာ သူ့နာမည်အရင်းကိုပြောမိတာပါပဲ ။အဲဒီထက်ပိုပြီးဆိုးတာက သူ့ဘောင်းဘီ အိပ်ထဲမှာပါလာတဲ့  ဆေးခြောက်ထုပ် တစ်ထုပ်နဲ့ မိခဲ့တာပဲဖြစ်ပါတယ်။

Source>>dreamindemon.com,gizmodo.com;theeagle.com;and FB

ဖိုးသူတော် (www.phothutaw.com)
Credit: ingyinphyu
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top