ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ဇန္နဝါရီ ၁၈ ရက္ နံနက္ပိုင္းက ျဖစ္သည္။ အသက္(၂၂)ႏွစ္အ ရြယ္ မ်ိဳးမင္းဦးေခၚ ဝက္ႀကီးတစ္ ေယာက္ ၎ေနထိုင္ရာ သန္လ်င္ၿမိဳ႕နယ္ ေအးေမတၱာရပ္ကြက္ စက္ပစ္ကြင္းေက်ာင္းလမ္းထိပ္ရွိ ကြမ္းယာဆိုင္သို႔ ေရာက္ရွိလာသည္။

ထူးထူးျခားျခား မ်က္ရည္အ ရႊဲသားျဖင့္ ေရာက္ရွိလာသည့္ ဝက္ႀကီးကို ကြမ္းယာဆိုင္ရွင္ မဇင္မာ ႏွင့္ခင္ပြန္းက အက်ိဳးအေၾကာင္း ေမးျမန္းေသာ္လည္း ‘‘ကြၽန္ေတာ့္ ကို ေဖ့စ္ဘြတ္ခ္ဖြင့္ေပးပါလား’’ ဟူေသာ စကားကိုသာ ေျပာရွာ သည္။

‘‘ငါတို႔ မအားေသးဘူး။ ေနာက္မွ ျပန္လာခဲ့လို႔ေျပာေတာ့ ျပန္သြားတယ္။ ခဏေနေတာ့ ျပန္ လာတယ္။ မအားလို႔ ေနာက္မွ ျပန္လာလို႔ ျပန္ေျပာေတာ့ ထပ္ျပန္သြားတယ္’’ ဟု မဇင္မာက ေျပာ သည္။

ႏွစ္ႀကိမ္တိုင္တိုင္ ေရႊ႕ဆုိင္းခံရသည့္ ဝက္ႀကီးတစ္ေယာက္သံုးႀကိမ္ေျမာက္ျပန္လာျခင္း မရွိေတာ့ေပ။ ညေနမွာေတာ့ ဝက္ႀကီးအစားသတင္း တစ္ခုသာ ေရာက္လာသည္။ ဝက္ႀကီး ႀကိဳးဆြဲခ် ေသဆံုးသည္ဆိုသည့္ သတင္းျဖစ္သည္။


ပိုလီယိုကဲ့သို႔ ေမြးရာပါ ကိုယ္လက္အဂၤါမသန္စြမ္းသူ ဝက္ႀကီး၏ နာေရးသည္ ဆိုရွယ္မီဒီယာ၏ တန္ခိုးေၾကာင့္ အလြန္စည္ကား ေနသည္။ ခုနစ္ႏွစ္ခန္႔အရြယ္ကစတင္၍ ရန္ကုန္ေတာင္ပိုင္း ခ႐ိုင္တစ္ခြင္ ၿပဲၿပဲစင္ေအာင္ ေစ်းဗန္းေခါင္း ေပၚရြက္ကာ သြားလာေနခဲ့ျခင္းေၾကာင့္ ဝက္ႀကီးကို လူတိုင္းက သိသည္။
နာေရး လိုက္ပါပို႔ေဆာင္ သည့္ လူဦးေရ ၁၀၀ ခန္႔ရွိၿပီး ၎ တို႔သည္ ဝက္ႀကီး၏ဘက္ေတာ္ သားမ်ားျဖစ္သည္။ ေဖ့စ္ဘြတ္ခ္ က ဝက္ႀကီးကို သတ္လိုက္ျခင္းျဖစ္ ေၾကာင္း ၎ကို ခ်စ္ခင္သူမ်ားက ေျပာၾကသည္။

ဇန္နဝါရီ ၁၆ ရက္ နံနက္ အထိ ဝက္ႀကီးသည္ သာမန္ဗန္း ရြက္ေစ်းသည္သာ ျဖစ္သည္။ ညေနအေရာက္မွာေတာ့ ဝက္ႀကီး သည္ ဖရဲသီးဗန္းကို တမင္တကာ ေမွာက္သူအျဖစ္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာတြင္ ထင္ရွားေက်ာ္ၾကားလာသည္။

လမ္းေပၚတြင္ ဖိတ္စဥ္ေန ေသာ ဖရဲသီးမ်ားကို ေဘာင္းဘီ တိုတိုဝတ္ဆင္ထားသည့္ ဝက္ႀကီး တစ္ေယာက္ လိုက္လံေကာက္ယူ ေနသည့္ ဗီဒီယိုဖိုင္အျပင္ သနားတတ္သူမ်ားက ေငြေပးေနသည့္ဗီဒီယိုဖိုင္ႏွင့္ ဝက္ႀကီးတစ္ေယာက္ ဖရဲသီးမ်ားကို ေက်ာခိုင္းသြားသည့္ ဗီဒီယိုသံုးဖိုင္ေၾကာင့္ ျဖစ္သည္။
လိမ္လည္လွည့္ျဖား၍ ေငြ ရွာေနသည္ဟုု မလိုလားေသာ လူထုက ဝက္ႀကီးကို Comment မ်ား၊ Post မ်ားျဖင့္ ေဖ့စ္ဘြတ္ခ္ ေပၚတြင္ အျပင္းအထန္ ထိုးႏွက္ ေတာ့သည္။ ရန္ကုန္ၿမိဳ႕အႏွံ႔ ဖရဲ သီးဗန္းေမွာက္ေနသည့္ ဝက္ႀကီး ၏ ဓာတ္ပံုကို ရွာေဖြစုေဆာင္းကာ သက္ေသႏွင့္တကြ ဆဲေရးတိုင္း ထြာၾကသည္။

ဝက္ႀကီး သတင္းကို ေဖ့စ္ ဘြတ္ခ္ေပၚသို႔ စတင္ေဖာ္ျပသူက ဗီဒီယိုဖိုင္မ်ားႏွင့္အတူ ‘ရန္ကုန္ၿမိဳ႕နယ္တစ္ဝိုက္မွာ ဒီလိုလုပ္စားတဲ့လူကို ေတြ႕ရင္တိုင္လိုက္ ၾကပါ။ သာေကတၿမိဳ႕မရဲစခန္းကို ေတာ့ တိုင္ထားလိုက္ၿပီ’ ဟူေသာစာသားမ်ားကို ေရးသားတင္ခဲ့ သည္။ မူရင္းဗီဒီယိုဖိုင္ မဟုတ္ဘဲ ထပ္ဆင့္မွ်ေဝသည့္ ဗီဒီယိုဖိုင္ကို ပင္ ဝင္ေရာက္ၾကည့္႐ႈသူ ေျခာက္ ေသာင္းခန္႔ရွိသည္အထိ ၎၏ ဖရဲသီးဗန္းေမွာက္မႈက နာမည္ ေက်ာ္ၾကားသြားသည္။

ဝက္ႀကီးသည္ ဟြာေဝးစမတ္ ဖုန္းကို ကိုင္ထားေသာ္လည္း အ တန္းပညာသင္ၾကားခဲ့ရျခင္းမရွိ၍ ေဖ့စ္ဘြတ္ခ္ေပၚမွ ဖရဲသီးဗန္းကိစၥ သိရွိႏိုင္မည္မဟုတ္ေပ။ ၎၏ ဖရဲသီးဗန္းကိစၥ ေဖ့စ္ဘြတ္ခ္ေပၚ ေရာက္ရွိေနသည္ကို ဆိုင္ကယ္ ကယ္ရီဂိတ္မွ အသိမိတ္ေဆြမ်ားက ေျပာျပျခင္းေၾကာင့္ ဇန္နဝါရီ၁၇ ရက္ ညေနတြင္သိရွိခဲ့ေၾကာင္း ၎ကဇနီးကို ျပန္လည္ေျပာျပခဲ့ သည္။

အဆုိပါညတြင္ ဝက္ႀကီးအ ေနျဖင့္ ထူးျခားမႈမရွိခဲ့ေၾကာင္း၊ ဇန္ နဝါရီ ၁၈ ရက္ နံနက္တြင္ ၎ သည္ ငိုိယုိကာ ေၾကာက္စိတ္လြန္ကဲေနေၾကာင္း ဇနီးကေျပာသည္။

‘‘ငါ အဖမ္းခံရမွာေၾကာက္ တယ္။ ငါမ်က္ႏွာမျပရဲဘူး။ ရွက္ တယ္ဆိုၿပီး ငိုေနလို႔ သနပ္ခါးေခၚ လူးေပးလိုက္ေသးတယ္’’ဟု ဇနီး  မမိုးမိုးက ေျပာသည္။ ေသဆံုးမည့္ ေန႔ရက္တြင္ ဝက္ႀကီးအေနျဖင့္ ဖရဲသီးလိုက္လံေရာင္းခ်ျခင္း မရွိ ခဲ့ေပ။ ဝက္ႀကီးသည္ ေသဆံုးမည့္ နံနက္က ရပ္ကြက္အတြင္းေနထုိင္ သူ ငါးဦးထက္မက ေဖ့စ္ဘြတ္ခ္အေကာင့္ဖြင့္ေပးရန္ ေတာင္းဆိုခဲ့သည္။

‘‘ဝက္ႀကီးလမ္းထဲဝင္ခါနီး မွာ ေဖ့စ္ဘြတ္ခ္အေကာင့္ ဖြင့္တတ္ လား ေမးသြားေသးတယ္။ ေအး ဖြင့္တတ္တယ္ေျပာေတာ့။ အား သြင္းၿပီး ျပန္လာခဲ့မယ္ ေျပာသြား ေသးတယ္’’ဟု ၎၏အိမ္ႏွင့္ အနီးဆံုးကြမ္းယာဆိုင္ရွိ အမည္မ ေဖာ္္လိုသူကေျပာသည္။

ေန႔လယ္ ၂ နာရီခန္႔တြင္ ရပ္ ကြက္အတြင္း ဖရဲသီးသြားေရာက္ ေရာင္းခ်ရန္ ဝက္ႀကီးက ဇနီးကို ျပင္ဆင္ေပးခဲ့သည္။

‘‘သူတစ္ေယာက္တည္းဆိုင္ မွာ အိပ္ေနေသးတယ္။ ေန႔လယ္ ၂ နာရီေလာက္ၾကာေတာ့ အိမ္ သာ တက္ဦးမယ္ဆိုၿပီးေတာ့ ဆိုင္ၾကည့္ခိုင္းလို႔ ၾကည့္ေနတာ။ ေနာက္ ၄၅ မိနစ္ေလာက္ၾကာ ေတာ့ ဝက္ႀကီးေသတယ္ၾကားတာ ပဲ’’ ဟု ဝက္ႀကီး၏ ဖရဲသီးဆိုင္ ေဘးတြင္ ကပ္လ်က္ေနထိုင္သူ မအိအိသိမ့္က ေျပာသည္။

ဝက္ႀကီးေသဆံုးစဥ္ ေနအိမ္ေရွ႕တံခါးသည္ ပိတ္လ်က္ အေန အထား ျဖစ္သည္။ ၎ေသဆံုးေနသည္ကို အိမ္အနီးေဆာ့ကစားေနေသာ အိမ္နီးခ်င္းကေလးငယ္ တစ္ဦးက စတင္ေတြ႕ရွိၿပီး မိခင္ကို ေျပာျပရာမွတစ္ဆင့္ သိရွိခဲ့သည္။

ဝက္ႀကီးသည္ ဓနိမိုးအိမ္မွ ေရေမာ္တာ ပိုက္လံုးခန္႔သာရွိ ေသာ ဝါးလံုးႏွင့္ ခ်ည္ေႏွာင္ထား ေသာ ကေလးပုခက္္ႀကိဳးကို အသံုး ျပဳ၍ ႀကိဳးဆြဲခ်ေသဆံုးေနျခင္း ျဖစ္ေၾကာင္း မ်က္ျမင္သက္ေသ မ်ားက ေျပာသည္။

မွတ္တမ္း ဓာတ္ပံုမ်ားအရ ဝက္ႀကီးသည္ အျမင့္တစ္ေနရာမွ ႀကိဳးဆြဲခ်ေသဆံုးေနျခင္း မဟုတ္ ဘဲ ပုခက္ႀကိဳးျဖင့္ လည္ပင္းကို ရစ္ပတ္ကာ ဝါးၾကမ္းခင္းတြင္ တေစာင္းအေနအထား ထုိင္၍ ေသဆံုးေနျခင္းျဖစ္သည္။

ႀကိဳးဆြဲခ် ေသဆံုးရာတြင္ Partial Hanging ဟုေခၚဆိုေသာ ထိုင္လ်က္ေသဆံုးျခင္းႏွင့္ Total Hanging  ဟုေခၚေသာ ေျခ ေထာက္ႏွင့္ ေျမျပင္လြတ္၍ လွ်ာ ထြက္ေသဆံုးျခင္းဟူ၍ ႏွစ္မ်ိဳးရွိ ေၾကာင္း သန္လ်င္ၿမိဳ႕နယ္မွ အ မည္မေဖာ္လိုသူ ဆရာဝန္က ေျပာ သည္။

‘‘သူမ်ားပေယာဂေၾကာင့္ မ ဟုတ္ဘူး။ ဒဏ္ရာဒဏ္ခ်က္မရွိ ဘူး။ ေသမႈေသခင္းပါ။ သူ႕ကိုယ္ သူ သတ္ေသတာပါ။ လည္ပင္း ႐ိုးေလးက ဒူးေလးၫႊတ္ခ်လိုက္ ရင္ကို ေသပါတယ္။ ေလႁပြန္ပိတ္ ၿပီး ေသတာေပါ့။ ဒါေတြက ဆရာ ဝန္ရဲ႕ စစ္ေဆးခ်က္ထြက္လာရင္ ေတာ့ အတည္ျဖစ္မွာပါ’’ ဟု သန္ လ်င္ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိက ေျပာသည္။

ဝက္ႀကီးသည္ လူခ်စ္လူခင္ ေပါသူျဖစ္ေၾကာင္း၊ အၿငိဳးအေတး ေၾကာင့္ အသတ္ခံရျခင္း မျဖစ္ႏိုင္ ေၾကာင္း ပတ္ဝန္းက်င္တြင္ ေန ထုိင္သူမ်ားက ေျပာသည္။

‘‘ေငြေရး ေၾကးေရးနဲ႔လည္း စိတ္ညစ္စရာ မရွိပါဘူး။ ဘုရားပြဲ (က်ိဳက္ေခါက္) မွာေတာင္ ေစ်း ေရာင္းဖို႔ ေျပာေနၾကတာပါ’’ ဟု ဇနီးက ေျပာသည္။

၀က္ႀကီး ေသဆံုးၿပီ ဟူေသာ သတင္းမ်ား ေဖ့စ္ဘြတ္ခ္စာ မ်က္ႏွာေပၚတြင္ ျပန္လည္ထြက္ ေပၚလာသည့္အခါ မူရင္း ဗီဒီယို ဖို္င္တင္ဆက္သူသည္ ၎အေန ျဖင့္ စိတ္မေကာင္းျဖစ္မိေၾကာင္း၊မိသားစုကုိ တာဝန္ယူေပးမည္ျဖစ္ ေၾကာင္း ပို႔စ္တစ္ခုေရးသား၍ အ သံုးျပဳေနသည့္ အေကာင့္ကိုDeactivate (ပိတ္သိမ္း) ခဲ့သည္။

ထို႔ေနာက္ ေဖ့စ္ဘြတ္ခ္အသံုးျပဳသူမ်ား၏ ေဒါသမ်ားဦးတည္ ခ်က္ေျပာင္းလဲသြားသည္။ ဖရဲသီးဗန္းကို ဟန္ေဆာင္ေမွာက္၍ ဝင္ေငြရွာေနသည္ဟူေသာ ဝက္ႀကီးဆီ မဟုတ္ေတာ့ဘဲ ၎အေၾကာင္းဗီဒီယိုဖိုင္တင္ခဲ့သူဆီသာ ျဖစ္သည္။

ဝက္ႀကီးမေသဆံုးမီက ေဖ့စ္ ဘြတ္ခ္အသံုးျပဳသူမ်ားက ‘သနား စရာ တစ္စက္မွမရွိ’ ေၾကာင္း စာသားမ်ားျဖင့္ အမ်ားဆံုးမွတ္ ခ်က္ေပးခဲ့ေသာ္လည္း ေသဆံုး သြားခဲ့သည့္အခါ ‘အရွက္ျဖင့္လူ လုပ္သူ’ ျဖစ္ေၾကာင္း မွတ္ခ်က္ အမ်ားဆံုးေပးခဲ့သည္။

ဝက္ႀကီးမေသဆံုးမီ ႏွစ္ရက္ အလိုက တင္ဆက္သည့္ ဗီဒီယို ဖိုင္ႏွင့္ စာသားမ်ားကို Screenshot မ်ားႏွင့္အတူ သက္ေသျပ၍ မူရင္းတင္ဆက္သူကို ဆဲေရးတိုင္း ထြာၾကသည္။
ဖရဲသီးေရာင္းသူ၏ ေနာက္ ေၾကာင္းကို မသိဘဲ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာေပၚသို႔ သတင္းအခ်က္ အလက္ တင္ဆက္ျခင္းသည္ မျဖစ္သင့္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စား လွယ္ ဦးေနဘုန္းလတ္က ေျပာ သည္။

‘‘တင္ဆက္သူအေနနဲ႔က တ ျခားလူေတြအလိမ္မခံရေအာင္ ေစတနာနဲ႔ တင္တယ္ဆိုရင္ေတာင္ ဒီကေလးမွာ ပိုလီယိုလိုမ်ိဳး ေရာဂါရွိတယ္ဆိုတဲ့ အခ်က္အလက္မ်ိဳး မျပည့္စံုဘဲ တင္တာကိုေတာ့ သတိထားေစခ်င္တယ္’’ ဟု ၎ကေျပာသည္။

ဝက္ႀကီးအေနျဖင့္ ပိုလီယိုကဲ့ သို႔ ေမြးရာပါကိုယ္လက္အဂၤါ မသန္စြမ္းသူျဖစ္ေၾကာင္း၊ ထို႔အ ျပင္ ဝက္႐ူးျပန္သေဘာျဖင့္ မၾကာ ခဏ မူးေဝတတ္သူျဖစ္ေၾကာင္း ဖခင္ဦးမ်ိဳးၫြန္႔က ေျပာသည္။
၎သည္ စကားကို ပီသစြာ ေျပာႏိုင္ျခင္းမရွိသည့္အျပင္ အစားအစာမ်ားကို ပါးစပ္ထဲထည့္ရာတြင္လည္း သာမန္လူကဲ့သို႔မ ဟုတ္ဘဲ အခက္အခဲရွိေၾကာင္း အိမ္နီးခ်င္းမ်ားကေျပာသည္။

ေမြးရာပါသူငယ္နာအ ေၾကာတင္ မသန္စြမ္းသူမ်ားသည္ ဉာဏ္ရည္မစြမ္းမႈကိုပါ ပူးတြဲခံစားရေၾကာင္း မသန္စြမ္းသူအခြင့္အေရး လိုက္လံေဆာင္ရြက္ ေနသူ ဦးရဲဝင္းက ေျပာသည္။

‘‘မၾကာခဏဆိုသလို သူတို႔ လက္ဆစ္ေလးေတြ ေခါက္ေခါက္ သြားတတ္တယ္။ သာမန္လူေတြ ထက္ ပိုမိုခံစားလြယ္တယ္။ ေပ်ာ္ ရင္အရမ္းေပ်ာ္တတ္တယ္။ ေၾကာက္ရင္လည္း အရမ္းေၾကာက္တဲ့လူေတြပါ’’ ဟု ၎ကေျပာ သည္။

ဝက္ႀကီး၏ ဖရဲသီးဗန္းသည္ တမင္ေမွာက္ျခင္း မဟုတ္ဘဲ ငယ္ စဥ္ကတည္းက လက္တစ္ဖက္မ သန္သျဖင့္ ခဏခဏေမွာက္ေန သည္ကို ျမင္ေတြ႕ေနက်ျဖစ္ ေၾကာင္း နာေရးလိုက္ပါပို႔ေဆာင္ သည့္ ေက်ာက္တန္းၿမိဳ႕ေန ကိုမင္းသူက ေျပာသည္။

၎သည္ ရန္ကုန္ၿမိဳ႕သို႔ သြား၍ ဖရဲသီးဗန္းေမွာက္ကာ ေငြေၾကးလိမ္လည္ ရယူေနသူ မဟုတ္ေၾကာင္း၊ ရပ္ကြက္အတြင္း ၌လည္း ကိုယ္အဂၤါမသန္စြမ္းသ ျဖင့္ တစ္ခါတစ္ရံ ဖရဲသီးဗန္း ေမွာက္ေလ့ေမွာက္ထရွိေၾကာင္း ဇနီးမမိုးမိုးက ေျပာသည္။

‘‘ေစ်းဗန္းေခါင္းေပၚရြက္ၿပီးေရာင္းစားတာသူမ်ားပစၥည္း မ လိမ္ခ်င္ မခိုးခ်င္လို႔ ေရာင္းစားတာေလ။ အလကားေနေမွာက္ရ ေအာင္ ဖရဲသီးက ေက်ာက္ခဲေတြ နဲ႔ ရင္းထားတာလည္း မဟုတ္ဘူး’’ ဟု ၎ကေျပာသည္။

စာမဖတ္တတ္သည့္ ဝက္ ႀကီးသည္ ေဖ့စ္ဘြတ္ခ္ေပၚ၌ ေဖာ္ ျပထားသည့္ ၎၏သတင္းကို ျပန္ လည္ေျပာျပသူမ်ားေၾကာင့္ သိ ခဲ့ၿပီး အေၾကာက္တရားႏွင့္ အရွက္ တရားေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ အဆံုးစီရင္ျခင္းျဖစ္ေၾကာင္း မိသားစုဝင္မ်ားက ေျပာသည္။

ဝက္ႀကီးမိသားစုဝင္မ်ားႏွင့္ ၎ကို စာနာေထာက္ခံသူမ်ားက ေဖ့စ္ဘြတ္ခ္တြင္ တင္ခဲ့သည့္ ဗီဒီယိုဖိုင္ေၾကာင့္ ဝက္ႀကီးေသဆံုး ရေၾကာင္း တစ္ထစ္ခ်ယံုၾကည္ ထားေသာ္လည္း အမည္မေဖာ္လို သူ ရဲတပ္ဖြဲ႕ဝင္တစ္ဦးက ကာယ ကံရွင္ကိုယ္တိုင္ ေဖ့စ္ဘြတ္ခ္ပို႔စ္ ေၾကာင့္ အရွက္ရသျဖင့္ေသဆံုး ျခင္းျဖစ္ေၾကာင္း စာေရးသားခဲ့ ျခင္းရွိမွသာ အတည္ျပဳႏိုင္မည္ဟု ဆိုသည္။

တရားလႊတ္ေတာ္ေရွ႕ေန ဦး ေက်ာ္ၿငိမ္းကမူ ဝက္ႀကီးသည္ အ လိုအေလ်ာက္သာမန္ေသဆံုးမႈ မဟုတ္သျဖင့္ ရာဇဝတ္မႈေျမာက္ ေၾကာင္း ေျပာသည္။

‘‘ဘယ္သူ႔ေၾကာင့္ေသတာ လဲ၊ ဘယ္လိုလႈံ႔ေဆာ္မႈေၾကာင့္ ေသတာလဲ။ ဒါကရာဇဝတ္မႈပါ။ ဆိုက္ဘာ ရာဇဝတ္မႈျဖစ္လား၊ မျဖစ္လားဆိုတာထက္ ဒါသည္ စိုးရိမ္ဖြယ္ကိစၥတစ္ခုျဖစ္တယ္ဆို တာ ျပည္သူကိုေတာ့ အသိေပးရ မယ္’’ ဟု ၎ကေျပာသည္။

ဝက္ႀကီးေသဆံုးမႈသည္ Cyberbulling ေၾကာင့္ လူတစ္ ေယာက္ ကိုယ့္ကိုယ္ကိုယ္ သတ္ ေသႏိုင္သည္ကို မီးေမာင္းထိုးျပ ျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ကြန္ပ်ဴတာပညာရွင္အသင္း အမႈ ေဆာင္ ဦးေဇာ္သူရိန္ထြန္းက ေျပာ သည္။

ဝက္ႀကီးအေနျဖင့္ အရွက္ လြန္၍ ႀကိဳးဆြဲခ်ေသဆံုးပါက ေဖ့စ္ဘြတ္ခ္၏ သတင္းပ်ံ႕ႏွံမႈႏွင့္ သေဘာသဘာဝကို နားလည္မႈ မရွိျခင္းေၾကာင့္ျဖစ္ေၾကာင္း နည္း ပညာဆိုင္ရာ အရပ္ဘက္အဖြဲ႕အ စည္း MIDO မွ မရတနာက ေျပာ သည္။‘‘သူ႔ပတ္ဝန္းက်င္ကပါ ေဖ့စ္ ဘြတ္ခ္ေပၚမွာ ျမင္ရတာေတြကို အရမ္း အေလးအနက္ထားေန သလားလို႔ ေတြးမိတယ္’’ ဟု ၎ က ေျပာသည္။ ထို႔ေၾကာင့္ ဒစ္ဂ်စ္ တယ္ဆိုင္ရာ စာတတ္ေျမာက္မႈ ႏႈန္း နိမ့္ပါးေနသည့္ ျပႆနာကို ေျဖရွင္းသင့္ေၾကာင္း မရတနာက အႀကံျပဳသည္။
မိသားစုဝင္မ်ား၏ ေျပာစ ကားအရ ဝက္ႀကီး၏ ဝင္ေငြသည္ ေန႔စဥ္ က်ပ္တစ္ေသာင္းခန္႔ရွိၿပီး အစ္ကို၏ ဇနီးႏွင့္လသားအရြယ္ တူမတစ္ေယာက္ကို ေနအိမ္တြင္ေခၚ၍ ေကြၽးေမြးေစာင့္ေရွာက္ ထားသူျဖစ္သည္။

ထို႔အျပင္ သူသည္ ဖခင္အ ျပင္ ၁၀ တန္း တက္ေနသည့္ ညီမတစ္ဦးႏွင့္ ထမလံုေက်းရြာတြင္ ေနထိုင္သည့္ အဘြားကိုလည္း ေငြေၾကးေထာက္ပံ့ေပးေနသူ ျဖစ္သည္။ လက္ရွိအခ်ိန္တြင္ ဝက္ႀကီး ၏ အမႈကို ေသမႈေသခင္းဖြင့္ထား ေၾကာင္း၊ ဆရာဝန္၏ မွတ္ခ်က္ ျပန္လည္ ထြက္ရွိလာသည့္အခါ မိမိကိုယ္ကိုယ္ သတ္ေသျခင္းျဖစ္ သည္ဟု တရားသူႀကီးက ယူဆ သည့္အခါ အမႈပိတ္သိမ္းမည္ျဖစ္ ေၾကာင္း သန္လ်င္ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိက ေျပာသည္။

ဝက္ႀကီး ေသဆံုးခဲ့သျဖင့္ သူေခါင္းရြက္ ေရာင္းခ်ခဲ့ေသာ ဖရဲသီးဗန္းေလးသည္ စက္ပစ္ကြင္း ေက်ာင္းလမ္းေဘးရွိ ဖရဲသီးဆိုင္ တြင္ အနားယူေနၿပီျဖစ္သည္။ သို႔ ေသာ္ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာ၌ ဝက္ႀကီး၏ ဖရဲသီးဗန္းသည္ ယေန႔ အထိေမွာက္ေနဆဲျဖစ္သည္။ အ ေကာင္းျမင္၍ ဖရဲသီးဗန္းကို ေမွာက္သူမ်ားရွိသလို အဆိုုးျမင္ စိတ္ျဖင့္ ဖရဲသီးဗန္း ေမွာက္ေန သူမ်ားလည္းရွိသည္။
ဇန္နဝါရီ ၂၀ ရက္တြင္မူ သန္လ်င္အမိုးနီသုသာန္၌ ဝက္ႀကီးကို သၿဂႋဳဟ္ခဲ့သည္။။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily.

# Unicode Version ျဖင့္ ဖတ္ပါ #
ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက ဖြစ်သည်။ အသက်(၂၂)နှစ်အ ရွယ် မျိုးမင်းဦးခေါ် ဝက်ကြီးတစ် ယောက် ၎င်းနေထိုင်ရာ သန်လျင်မြို့နယ် အေးမေတ္တာရပ်ကွက် စက်ပစ်ကွင်းကျောင်းလမ်းထိပ်ရှိ ကွမ်းယာဆိုင်သို့ ရောက်ရှိလာသည်။

ထူးထူးခြားခြား မျက်ရည်အ ရွှဲသားဖြင့် ရောက်ရှိလာသည့် ဝက်ကြီးကို ကွမ်းယာဆိုင်ရှင် မဇင်မာ နှင့်ခင်ပွန်းက အကျိုးအကြောင်း မေးမြန်းသော်လည်း ‘‘ကျွန်တော့် ကို ဖေ့စ်ဘွတ်ခ်ဖွင့်ပေးပါလား’’ ဟူသော စကားကိုသာ ပြောရှာ သည်။

‘‘ငါတို့ မအားသေးဘူး။ နောက်မှ ပြန်လာခဲ့လို့ပြောတော့ ပြန်သွားတယ်။ ခဏနေတော့ ပြန် လာတယ်။ မအားလို့ နောက်မှ ပြန်လာလို့ ပြန်ပြောတော့ ထပ်ပြန်သွားတယ်’’ ဟု မဇင်မာက ပြော သည်။

နှစ်ကြိမ်တိုင်တိုင် ရွှေ့ဆိုင်းခံရသည့် ဝက်ကြီးတစ်ယောက်သုံးကြိမ်မြောက်ပြန်လာခြင်း မရှိတော့ပေ။ ညနေမှာတော့ ဝက်ကြီးအစားသတင်း တစ်ခုသာ ရောက်လာသည်။ ဝက်ကြီး ကြိုးဆွဲချ သေဆုံးသည်ဆိုသည့် သတင်းဖြစ်သည်။



    ပိုလီယိုကဲ့သို့ မွေးရာပါ ကိုယ်လက်အင်္ဂါမသန်စွမ်းသူ ဝက်ကြီး၏ နာရေးသည် ဆိုရှယ်မီဒီယာ၏ တန်ခိုးကြောင့် အလွန်စည်ကား နေသည်။ ခုနစ်နှစ်ခန့်အရွယ်ကစတင်၍ ရန်ကုန်တောင်ပိုင်း ခရိုင်တစ်ခွင် ပြဲပြဲစင်အောင် ဈေးဗန်းခေါင်း ပေါ်ရွက်ကာ သွားလာနေခဲ့ခြင်းကြောင့် ဝက်ကြီးကို လူတိုင်းက သိသည်။

နာရေး လိုက်ပါပို့ဆောင် သည့် လူဦးရေ ၁၀၀ ခန့်ရှိပြီး ၎င်း တို့သည် ဝက်ကြီး၏ဘက်တော် သားများဖြစ်သည်။ ဖေ့စ်ဘွတ်ခ် က ဝက်ကြီးကို သတ်လိုက်ခြင်းဖြစ် ကြောင်း ၎င်းကို ချစ်ခင်သူများက ပြောကြသည်။

ဇန်နဝါရီ ၁၆ ရက် နံနက် အထိ ဝက်ကြီးသည် သာမန်ဗန်း ရွက်ဈေးသည်သာ ဖြစ်သည်။ ညနေအရောက်မှာတော့ ဝက်ကြီး သည် ဖရဲသီးဗန်းကို တမင်တကာ မှောက်သူအဖြစ် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ထင်ရှားကျော်ကြားလာသည်။

လမ်းပေါ်တွင် ဖိတ်စဉ်နေ သော ဖရဲသီးများကို ဘောင်းဘီ တိုတိုဝတ်ဆင်ထားသည့် ဝက်ကြီး တစ်ယောက် လိုက်လံကောက်ယူ နေသည့် ဗီဒီယိုဖိုင်အပြင် သနားတတ်သူများက ငွေပေးနေသည့်ဗီဒီယိုဖိုင်နှင့် ဝက်ကြီးတစ်ယောက် ဖရဲသီးများကို ကျောခိုင်းသွားသည့် ဗီဒီယိုသုံးဖိုင်ကြောင့် ဖြစ်သည်။

လိမ်လည်လှည့်ဖြား၍ ငွေ ရှာနေသည်ဟုု မလိုလားသော လူထုက ဝက်ကြီးကို Comment များ၊ Post များဖြင့် ဖေ့စ်ဘွတ်ခ် ပေါ်တွင် အပြင်းအထန် ထိုးနှက် တော့သည်။ ရန်ကုန်မြို့အနှံ့ ဖရဲ သီးဗန်းမှောက်နေသည့် ဝက်ကြီး ၏ ဓာတ်ပုံကို ရှာဖွေစုဆောင်းကာ သက်သေနှင့်တကွ ဆဲရေးတိုင်း ထွာကြသည်။

ဝက်ကြီး သတင်းကို ဖေ့စ် ဘွတ်ခ်ပေါ်သို့ စတင်ဖော်ပြသူက ဗီဒီယိုဖိုင်များနှင့်အတူ ‘ရန်ကုန်မြို့နယ်တစ်ဝိုက်မှာ ဒီလိုလုပ်စားတဲ့လူကို တွေ့ရင်တိုင်လိုက် ကြပါ။ သာကေတမြို့မရဲစခန်းကို တော့ တိုင်ထားလိုက်ပြီ’ ဟူသောစာသားများကို ရေးသားတင်ခဲ့ သည်။ မူရင်းဗီဒီယိုဖိုင် မဟုတ်ဘဲ ထပ်ဆင့်မျှဝေသည့် ဗီဒီယိုဖိုင်ကို ပင် ဝင်ရောက်ကြည့်ရှုသူ ခြောက် သောင်းခန့်ရှိသည်အထိ ၎င်း၏ ဖရဲသီးဗန်းမှောက်မှုက နာမည် ကျော်ကြားသွားသည်။

ဝက်ကြီးသည် ဟွာဝေးစမတ် ဖုန်းကို ကိုင်ထားသော်လည်း အ တန်းပညာသင်ကြားခဲ့ရခြင်းမရှိ၍ ဖေ့စ်ဘွတ်ခ်ပေါ်မှ ဖရဲသီးဗန်းကိစ္စ သိရှိနိုင်မည်မဟုတ်ပေ။ ၎င်း၏ ဖရဲသီးဗန်းကိစ္စ ဖေ့စ်ဘွတ်ခ်ပေါ် ရောက်ရှိနေသည်ကို ဆိုင်ကယ် ကယ်ရီဂိတ်မှ အသိမိတ်ဆွေများက ပြောပြခြင်းကြောင့် ဇန်နဝါရီ၁၇ ရက် ညနေတွင်သိရှိခဲ့ကြောင်း ၎င်းကဇနီးကို ပြန်လည်ပြောပြခဲ့ သည်။

အဆိုပါညတွင် ဝက်ကြီးအ နေဖြင့် ထူးခြားမှုမရှိခဲ့ကြောင်း၊ ဇန် နဝါရီ ၁၈ ရက် နံနက်တွင် ၎င်း သည် ငိုယိုကာ ကြောက်စိတ်လွန်ကဲနေကြောင်း ဇနီးကပြောသည်။

‘‘ငါ အဖမ်းခံရမှာကြောက် တယ်။ ငါမျက်နှာမပြရဲဘူး။ ရှက် တယ်ဆိုပြီး ငိုနေလို့ သနပ်ခါးခေါ် လူးပေးလိုက်သေးတယ်’’ဟု ဇနီး  မမိုးမိုးက ပြောသည်။ သေဆုံးမည့် နေ့ရက်တွင် ဝက်ကြီးအနေဖြင့် ဖရဲသီးလိုက်လံရောင်းချခြင်း မရှိ ခဲ့ပေ။ ဝက်ကြီးသည် သေဆုံးမည့် နံနက်က ရပ်ကွက်အတွင်းနေထိုင် သူ ငါးဦးထက်မက ဖေ့စ်ဘွတ်ခ်အကောင့်ဖွင့်ပေးရန် တောင်းဆိုခဲ့သည်။

‘‘ဝက်ကြီးလမ်းထဲဝင်ခါနီး မှာ ဖေ့စ်ဘွတ်ခ်အကောင့် ဖွင့်တတ် လား မေးသွားသေးတယ်။ အေး ဖွင့်တတ်တယ်ပြောတော့။ အား သွင်းပြီး ပြန်လာခဲ့မယ် ပြောသွား သေးတယ်’’ဟု ၎င်း၏အိမ်နှင့် အနီးဆုံးကွမ်းယာဆိုင်ရှိ အမည်မ ဖော်လိုသူကပြောသည်။

နေ့လယ် ၂ နာရီခန့်တွင် ရပ် ကွက်အတွင်း ဖရဲသီးသွားရောက် ရောင်းချရန် ဝက်ကြီးက ဇနီးကို ပြင်ဆင်ပေးခဲ့သည်။

‘‘သူတစ်ယောက်တည်းဆိုင် မှာ အိပ်နေသေးတယ်။ နေ့လယ် ၂ နာရီလောက်ကြာတော့ အိမ် သာ တက်ဦးမယ်ဆိုပြီးတော့ ဆိုင်ကြည့်ခိုင်းလို့ ကြည့်နေတာ။ နောက် ၄၅ မိနစ်လောက်ကြာ တော့ ဝက်ကြီးသေတယ်ကြားတာ ပဲ’’ ဟု ဝက်ကြီး၏ ဖရဲသီးဆိုင် ဘေးတွင် ကပ်လျက်နေထိုင်သူ မအိအိသိမ့်က ပြောသည်။

ဝက်ကြီးသေဆုံးစဉ် နေအိမ်ရှေ့တံခါးသည် ပိတ်လျက် အနေ အထား ဖြစ်သည်။ ၎င်းသေဆုံးနေသည်ကို အိမ်အနီးဆော့ကစားနေသော အိမ်နီးချင်းကလေးငယ် တစ်ဦးက စတင်တွေ့ရှိပြီး မိခင်ကို ပြောပြရာမှတစ်ဆင့် သိရှိခဲ့သည်။

ဝက်ကြီးသည် ဓနိမိုးအိမ်မှ ရေမော်တာ ပိုက်လုံးခန့်သာရှိ သော ဝါးလုံးနှင့် ချည်နှောင်ထား သော ကလေးပုခက်ကြိုးကို အသုံး ပြု၍ ကြိုးဆွဲချသေဆုံးနေခြင်း ဖြစ်ကြောင်း မျက်မြင်သက်သေ များက ပြောသည်။

မှတ်တမ်း ဓာတ်ပုံများအရ ဝက်ကြီးသည် အမြင့်တစ်နေရာမှ ကြိုးဆွဲချသေဆုံးနေခြင်း မဟုတ် ဘဲ ပုခက်ကြိုးဖြင့် လည်ပင်းကို ရစ်ပတ်ကာ ဝါးကြမ်းခင်းတွင် တစောင်းအနေအထား ထိုင်၍ သေဆုံးနေခြင်းဖြစ်သည်။

ကြိုးဆွဲချ သေဆုံးရာတွင် Partial Hanging ဟုခေါ်ဆိုသော ထိုင်လျက်သေဆုံးခြင်းနှင့် Total Hanging  ဟုခေါ်သော ခြေ ထောက်နှင့် မြေပြင်လွတ်၍ လျှာ ထွက်သေဆုံးခြင်းဟူ၍ နှစ်မျိုးရှိ ကြောင်း သန်လျင်မြို့နယ်မှ အ မည်မဖော်လိုသူ ဆရာဝန်က ပြော သည်။

‘‘သူများပယောဂကြောင့် မ ဟုတ်ဘူး။ ဒဏ်ရာဒဏ်ချက်မရှိ ဘူး။ သေမှုသေခင်းပါ။ သူ့ကိုယ် သူ သတ်သေတာပါ။ လည်ပင်း ရိုးလေးက ဒူးလေးညွှတ်ချလိုက် ရင်ကို သေပါတယ်။ လေပြွန်ပိတ် ပြီး သေတာပေါ့။ ဒါတွေက ဆရာ ဝန်ရဲ့ စစ်ဆေးချက်ထွက်လာရင် တော့ အတည်ဖြစ်မှာပါ’’ ဟု သန် လျင်မြို့မရဲစခန်းမှ ရဲအရာရှိက ပြောသည်။

ဝက်ကြီးသည် လူချစ်လူခင် ပေါသူဖြစ်ကြောင်း၊ အငြိုးအတေး ကြောင့် အသတ်ခံရခြင်း မဖြစ်နိုင် ကြောင်း ပတ်ဝန်းကျင်တွင် နေ ထိုင်သူများက ပြောသည်။

‘‘ငွေရေး ကြေးရေးနဲ့လည်း စိတ်ညစ်စရာ မရှိပါဘူး။ ဘုရားပွဲ (ကျိုက်ခေါက်) မှာတောင် ဈေး ရောင်းဖို့ ပြောနေကြတာပါ’’ ဟု ဇနီးက ပြောသည်။

ဝက်ကြီး သေဆုံးပြီ ဟူသော သတင်းများ ဖေ့စ်ဘွတ်ခ်စာ မျက်နှာပေါ်တွင် ပြန်လည်ထွက် ပေါ်လာသည့်အခါ မူရင်း ဗီဒီယို ဖိုင်တင်ဆက်သူသည် ၎င်းအနေ ဖြင့် စိတ်မကောင်းဖြစ်မိကြောင်း၊မိသားစုကို တာဝန်ယူပေးမည်ဖြစ် ကြောင်း ပို့စ်တစ်ခုရေးသား၍ အ သုံးပြုနေသည့် အကောင့်ကိုDeactivate (ပိတ်သိမ်း) ခဲ့သည်။

ထို့နောက် ဖေ့စ်ဘွတ်ခ်အသုံးပြုသူများ၏ ဒေါသများဦးတည် ချက်ပြောင်းလဲသွားသည်။ ဖရဲသီးဗန်းကို ဟန်ဆောင်မှောက်၍ ဝင်ငွေရှာနေသည်ဟူသော ဝက်ကြီးဆီ မဟုတ်တော့ဘဲ ၎င်းအကြောင်းဗီဒီယိုဖိုင်တင်ခဲ့သူဆီသာ ဖြစ်သည်။

ဝက်ကြီးမသေဆုံးမီက ဖေ့စ် ဘွတ်ခ်အသုံးပြုသူများက ‘သနား စရာ တစ်စက်မှမရှိ’ ကြောင်း စာသားများဖြင့် အများဆုံးမှတ် ချက်ပေးခဲ့သော်လည်း သေဆုံး သွားခဲ့သည့်အခါ ‘အရှက်ဖြင့်လူ လုပ်သူ’ ဖြစ်ကြောင်း မှတ်ချက် အများဆုံးပေးခဲ့သည်။

ဝက်ကြီးမသေဆုံးမီ နှစ်ရက် အလိုက တင်ဆက်သည့် ဗီဒီယို ဖိုင်နှင့် စာသားများကို Screenshot များနှင့်အတူ သက်သေပြ၍ မူရင်းတင်ဆက်သူကို ဆဲရေးတိုင်း ထွာကြသည်။

ဖရဲသီးရောင်းသူ၏ နောက် ကြောင်းကို မသိဘဲ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်သို့ သတင်းအချက် အလက် တင်ဆက်ခြင်းသည် မဖြစ်သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးနေဘုန်းလတ်က ပြော သည်။

‘‘တင်ဆက်သူအနေနဲ့က တ ခြားလူတွေအလိမ်မခံရအောင် စေတနာနဲ့ တင်တယ်ဆိုရင်တောင် ဒီကလေးမှာ ပိုလီယိုလိုမျိုး ရောဂါရှိတယ်ဆိုတဲ့ အချက်အလက်မျိုး မပြည့်စုံဘဲ တင်တာကိုတော့ သတိထားစေချင်တယ်’’ ဟု ၎င်းကပြောသည်။

ဝက်ကြီးအနေဖြင့် ပိုလီယိုကဲ့ သို့ မွေးရာပါကိုယ်လက်အင်္ဂါ မသန်စွမ်းသူဖြစ်ကြောင်း၊ ထို့အ ပြင် ဝက်ရူးပြန်သဘောဖြင့် မကြာ ခဏ မူးဝေတတ်သူဖြစ်ကြောင်း ဖခင်ဦးမျိုးညွန့်က ပြောသည်။

၎င်းသည် စကားကို ပီသစွာ ပြောနိုင်ခြင်းမရှိသည့်အပြင် အစားအစာများကို ပါးစပ်ထဲထည့်ရာတွင်လည်း သာမန်လူကဲ့သို့မ ဟုတ်ဘဲ အခက်အခဲရှိကြောင်း အိမ်နီးချင်းများကပြောသည်။

မွေးရာပါသူငယ်နာအ ကြောတင် မသန်စွမ်းသူများသည် ဉာဏ်ရည်မစွမ်းမှုကိုပါ ပူးတွဲခံစားရကြောင်း မသန်စွမ်းသူအခွင့်အရေး လိုက်လံဆောင်ရွက် နေသူ ဦးရဲဝင်းက ပြောသည်။

‘‘မကြာခဏဆိုသလို သူတို့ လက်ဆစ်လေးတွေ ခေါက်ခေါက် သွားတတ်တယ်။ သာမန်လူတွေ ထက် ပိုမိုခံစားလွယ်တယ်။ ပျော် ရင်အရမ်းပျော်တတ်တယ်။ ကြောက်ရင်လည်း အရမ်းကြောက်တဲ့လူတွေပါ’’ ဟု ၎င်းကပြော သည်။

ဝက်ကြီး၏ ဖရဲသီးဗန်းသည် တမင်မှောက်ခြင်း မဟုတ်ဘဲ ငယ် စဉ်ကတည်းက လက်တစ်ဖက်မ သန်သဖြင့် ခဏခဏမှောက်နေ သည်ကို မြင်တွေ့နေကျဖြစ် ကြောင်း နာရေးလိုက်ပါပို့ဆောင် သည့် ကျောက်တန်းမြို့နေ ကိုမင်းသူက ပြောသည်။

၎င်းသည် ရန်ကုန်မြို့သို့ သွား၍ ဖရဲသီးဗန်းမှောက်ကာ ငွေကြေးလိမ်လည် ရယူနေသူ မဟုတ်ကြောင်း၊ ရပ်ကွက်အတွင်း ၌လည်း ကိုယ်အင်္ဂါမသန်စွမ်းသ ဖြင့် တစ်ခါတစ်ရံ ဖရဲသီးဗန်း မှောက်လေ့မှောက်ထရှိကြောင်း ဇနီးမမိုးမိုးက ပြောသည်။

‘‘ဈေးဗန်းခေါင်းပေါ်ရွက်ပြီးရောင်းစားတာသူများပစ္စည်း မ လိမ်ချင် မခိုးချင်လို့ ရောင်းစားတာလေ။ အလကားနေမှောက်ရ အောင် ဖရဲသီးက ကျောက်ခဲတွေ နဲ့ ရင်းထားတာလည်း မဟုတ်ဘူး’’ ဟု ၎င်းကပြောသည်။

စာမဖတ်တတ်သည့် ဝက် ကြီးသည် ဖေ့စ်ဘွတ်ခ်ပေါ်၌ ဖော် ပြထားသည့် ၎င်း၏သတင်းကို ပြန် လည်ပြောပြသူများကြောင့် သိ ခဲ့ပြီး အကြောက်တရားနှင့် အရှက် တရားကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

ဝက်ကြီးမိသားစုဝင်များနှင့် ၎င်းကို စာနာထောက်ခံသူများက ဖေ့စ်ဘွတ်ခ်တွင် တင်ခဲ့သည့် ဗီဒီယိုဖိုင်ကြောင့် ဝက်ကြီးသေဆုံး ရကြောင်း တစ်ထစ်ချယုံကြည် ထားသော်လည်း အမည်မဖော်လို သူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ကာယ ကံရှင်ကိုယ်တိုင် ဖေ့စ်ဘွတ်ခ်ပို့စ် ကြောင့် အရှက်ရသဖြင့်သေဆုံး ခြင်းဖြစ်ကြောင်း စာရေးသားခဲ့ ခြင်းရှိမှသာ အတည်ပြုနိုင်မည်ဟု ဆိုသည်။

တရားလွှတ်တော်ရှေ့နေ ဦး ကျော်ငြိမ်းကမူ ဝက်ကြီးသည် အ လိုအလျောက်သာမန်သေဆုံးမှု မဟုတ်သဖြင့် ရာဇဝတ်မှုမြောက် ကြောင်း ပြောသည်။

‘‘ဘယ်သူ့ကြောင့်သေတာ လဲ၊ ဘယ်လိုလှုံ့ဆော်မှုကြောင့် သေတာလဲ။ ဒါကရာဇဝတ်မှုပါ။ ဆိုက်ဘာ ရာဇဝတ်မှုဖြစ်လား၊ မဖြစ်လားဆိုတာထက် ဒါသည် စိုးရိမ်ဖွယ်ကိစ္စတစ်ခုဖြစ်တယ်ဆို တာ ပြည်သူကိုတော့ အသိပေးရ မယ်’’ ဟု ၎င်းကပြောသည်။

ဝက်ကြီးသေဆုံးမှုသည် Cyberbulling ကြောင့် လူတစ် ယောက် ကိုယ့်ကိုယ်ကိုယ် သတ် သေနိုင်သည်ကို မီးမောင်းထိုးပြ ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း အမှု ဆောင် ဦးဇော်သူရိန်ထွန်းက ပြော သည်။

ဝက်ကြီးအနေဖြင့် အရှက် လွန်၍ ကြိုးဆွဲချသေဆုံးပါက ဖေ့စ်ဘွတ်ခ်၏ သတင်းပျံ့နှံမှုနှင့် သဘောသဘာဝကို နားလည်မှု မရှိခြင်းကြောင့်ဖြစ်ကြောင်း နည်း ပညာဆိုင်ရာ အရပ်ဘက်အဖွဲ့အ စည်း MIDO မှ မရတနာက ပြော သည်။‘‘သူ့ပတ်ဝန်းကျင်ကပါ ဖေ့စ် ဘွတ်ခ်ပေါ်မှာ မြင်ရတာတွေကို အရမ်း အလေးအနက်ထားနေ သလားလို့ တွေးမိတယ်’’ ဟု ၎င်း က ပြောသည်။ ထို့ကြောင့် ဒစ်ဂျစ် တယ်ဆိုင်ရာ စာတတ်မြောက်မှု နှုန်း နိမ့်ပါးနေသည့် ပြဿနာကို ဖြေရှင်းသင့်ကြောင်း မရတနာက အကြံပြုသည်။

မိသားစုဝင်များ၏ ပြောစ ကားအရ ဝက်ကြီး၏ ဝင်ငွေသည် နေ့စဉ် ကျပ်တစ်သောင်းခန့်ရှိပြီး အစ်ကို၏ ဇနီးနှင့်လသားအရွယ် တူမတစ်ယောက်ကို နေအိမ်တွင်ခေါ်၍ ကျွေးမွေးစောင့်ရှောက် ထားသူဖြစ်သည်။

ထို့အပြင် သူသည် ဖခင်အ ပြင် ၁၀ တန်း တက်နေသည့် ညီမတစ်ဦးနှင့် ထမလုံကျေးရွာတွင် နေထိုင်သည့် အဘွားကိုလည်း ငွေကြေးထောက်ပံ့ပေးနေသူ ဖြစ်သည်။ လက်ရှိအချိန်တွင် ဝက်ကြီး ၏ အမှုကို သေမှုသေခင်းဖွင့်ထား ကြောင်း၊ ဆရာဝန်၏ မှတ်ချက် ပြန်လည် ထွက်ရှိလာသည့်အခါ မိမိကိုယ်ကိုယ် သတ်သေခြင်းဖြစ် သည်ဟု တရားသူကြီးက ယူဆ သည့်အခါ အမှုပိတ်သိမ်းမည်ဖြစ် ကြောင်း သန်လျင်မြို့မရဲစခန်းမှ ရဲအရာရှိက ပြောသည်။

ဝက်ကြီး သေဆုံးခဲ့သဖြင့် သူခေါင်းရွက် ရောင်းချခဲ့သော ဖရဲသီးဗန်းလေးသည် စက်ပစ်ကွင်း ကျောင်းလမ်းဘေးရှိ ဖရဲသီးဆိုင် တွင် အနားယူနေပြီဖြစ်သည်။ သို့ သော် ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ဝက်ကြီး၏ ဖရဲသီးဗန်းသည် ယနေ့ အထိမှောက်နေဆဲဖြစ်သည်။ အ ကောင်းမြင်၍ ဖရဲသီးဗန်းကို မှောက်သူများရှိသလို အဆိုုးမြင် စိတ်ဖြင့် ဖရဲသီးဗန်း မှောက်နေ သူများလည်းရှိသည်။

ဇန်နဝါရီ ၂၀ ရက်တွင်မူ သန်လျင်အမိုးနီသုသာန်၌ ဝက်ကြီးကို သင်္ဂြိုဟ်ခဲ့သည်။။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily.
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top